သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြလူထု ကိုဗစ္ေၾကာင့္ အက်ပ္႐ိုက္တဲ့ၾကား စိုးရိမ္မႈပြား


ရန္ကုန္ၿမိဳ႕က Quarantine စင္တာတခုမွာ COVID-19 စစ္ေဆးဖို႔ Swab နမူနာယူေနတဲ့ျမင္ကြင္း။ (ေမ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကပ္ေရာဂါကူးစက္မႈ ပိုတိုးလာေနတဲ့ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ရဲ႕ ဒီကေန႔ ေနာက္ဆံုးအေျခအေနနဲ႔ ေဒသခံလူထု ရင္ဆိုင္ေနရတာေတြကို မဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္တြင္း အထူးသျဖင့္ စစ္ေတြၿမိဳ႕မွာ ျပည္ပအသြားအလာမရွိဘဲ ျပည္တြင္းကူးစက္မႈအျဖစ္ လူထုၾကား ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈက အထူးျမန္ဆန္လ်က္ရွိေနၿပီး ဒီကေန႔ စေနေန႔မနက္ပိုင္းအထိ ထုတ္ျပန္ခ်က္စာရင္းအရ ၅ ရက္အတြင္းမွာကို ဓာတ္ခြဲအတည္ျပဳလူနာ ၄၅ ဦးအထိ စမ္းသပ္ေတြ႔ရွိခဲ့လို႔ ကူးစက္မႈ အျမန္ဆံုးထိန္းခ်ဳပ္ႏုိင္ေအာင္ ေဆာင္ရြက္ေနပါတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ဒီကေန႔ ၾသဂုတ္လ ၂၂ ရက္ေန႔ ရက္စြဲနဲ႔ သတင္းထုတ္ျပန္ပါတယ္။

အထူးသျဖင့္ ဒီ စစ္ေတြမွာ ျဖစ္ေပၚေနတဲ့ ဗိုင္းရပ္စ္ပိုးက မ်ိဳးဗီဇေျပာင္းလဲတဲ့ အမ်ိဳးအစား ျဖစ္ႏုိင္တာေၾကာင့္ ေဆးသုေတသန ဦးစီးဌာနကေန ဗိုင္းရပ္စ္ပိုးရဲ႕ မ်ိဳးဗီဇကို စစ္ေဆးေဖာ္ထုတ္ဖို႔ ႀကိဳးစားေနသလို စစ္ေတြၿမိဳ႕တြင္း ကူးစက္မႈကို အျမန္ဆံုး ထိန္းခ်ဳပ္ႏုိင္ေအာင္နဲ႔ စစ္ေတြကေနတဆင့္ တျခားေဒသေတြကို ကူးစက္ျပန္႔ပြားမႈ မရွိေအာင္ အထူးအေလးထား ေဆာင္ရြက္ေနလို႔ ျပည္သူေတြဘက္ကလည္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ညႊန္ၾကားခ်က္ ပန္ၾကားခ်က္ေတြကို မပ်က္မကြက္ လုိက္နာေပးၾကဖို႔ ဒီကေန႔ထုတ္ျပန္ခ်က္ထဲ က်န္းမာေရးဝန္ႀကီးက လူထုကို တိုက္တြန္း သတိေပးပါတယ္။

စစ္ေတြလူထုၾကားမွာေတာ့ ဒီ့ထက္ပို ဆိုးရြားတဲ့ အေျခအေန ဆိုက္ေရာက္လာမွာကို အေတာ္ေလး စိုးရိမ္လာေနၾကတယ္လို႔ စစ္ေတြၿမိဳ႕ ၿမိဳ႕မိၿမိဳ႕ဖတဦးျဖစ္တဲ့ ဦးေမာင္သာစိန္က အခုလိုေျပာျပပါတယ္။

“ၿမိဳ႕ထဲမွာေတာ့ မေန႔ကတည္းကစၿပီး Lock Down ခ်လိုက္ၿပီေလ။ ေနာက္ အဲ့လို Lock Down ခ်ၿပီးေတာ့ မေန႔ညကတည္းကစၿပီး ည ၈ နာရီကစၿပီး ညမထြက္ရအမိန္႔ ထုတ္ျပန္လိုက္တယ္။ လူေတြက ထြက္တာေတာင္မွ သိပ္မရွိဘူး။ ဒီေန႔မနက္ကလည္း ေနာက္ထပ္ ၁၆ ေယာက္ ထပ္ေတြ႔တဲ့ အေနအထား ျဖစ္တဲ့အတြက္ေၾကာင့္ တၿမိဳ႕လံုးက လူေတြက တုန္လႈပ္ေနၾကတယ္ေပါ့။ ေစ်းကလည္း မနက္ ၆ နာရီကေန ေန႔လယ္ ၁ နာရီအထိပဲ ဖြင့္ေပးထားတယ္။

“ေနာက္ၿပီးေတာ့ စစ္ေတြကေန ရန္ကုန္ကိုသြားတဲ့ ကားေတြကိုလည္း ေညာင္က်ိဳးစခန္းကေန မသြားခုိင္းဘဲ ျပန္လႊတ္တယ္ ဆုိတာကလည္း အဲ့ဒါေတြက သိပ္သဘာဝက်တယ္လို႔ က်ေနာ္တို႔မထင္ဘူး။ မတရား သက္သက္လုပ္တယ္လို႔ လူေတြက ခံစားေနရတယ္။ လူေတြက ေပါက္ကြဲမယ့္ အေနအထား ျဖစ္ေနပါတယ္။ ကားလမ္းေတြ ပိတ္လိုက္တာက ေနာက္ၾကာလာရင္ အခက္အခဲ ရွိလာမယ့္သေဘာ ရွိတယ္။ ၿပီးေတာ့ က်ေနာ္တို႔ဆီကထြက္တဲ့ သား ငါး ပုဇြန္ေတြကိုလည္း အဲဒီ ေညာင္က်ိဳးစခန္းကေန ျပန္လွည့္လာေနၾကရတဲ့သေဘာ ရွိတယ္။ ဆိုေတာ့ ေဒသကထြက္တဲ့ သဘာဝ ေရာင္းဝယ္ေဖာက္ကားေနတဲ့ အေနအထားေတြကလည္း ပ်က္ျပားသြားတဲ့ အေနအထား ျဖစ္ေနတယ္။ ၾကာရွည္သြားမယ္ဆိုရင္ လူထု ေန႔စဥ္စားေရးေသာက္ေရးေတြ အတြက္လည္း အေတာ္ေလးကို ခက္ခဲလာႏုိင္တယ္ေပါ့။”

စစ္ေတြၿမိဳ႕တြင္း COVID-19 ကူးစက္မႈကာကြယ္ေရး လုပ္ေဆာင္ထားတဲ့ အေျခအေနေတြကို စစ္ေတြၿမိဳ႕ကို ေရာက္ရွိေနတဲ့ အေနာက္တံခါးေဒသ ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ ေခါင္းေဆာင္ ဦးေအာင္ေဌးက ေျပာျပပါတယ္။

“ဒီၿမိဳ႕ထဲမွာ ပိုးေတြ႔တဲ့ လူနာေတြရဲ႕ အိမ္ေတြ အဲဒီ လူနာေတြရွိတဲ့ လမ္းေတြကို ေတာက္ေလွ်ာက္ Lock Down ခ်ထားတာေတြ႔တယ္။ အဲဒီလမ္းေတြကို အဝင္အထြက္ေတြ ကန္႔သတ္ထားတယ္ေပါ့။ ၿပီးေတာ့ အဲဒီလမ္းေတြ အဝ ဟိုဘက္ဒီဘက္ အစအဆံုးေတြမွာ Security Guards ေတြ လံုၿခံဳေရးေတြ ခ်ထားတယ္။ ျပည္သူ႔ရဲေတြက ေစာင့္ေရွာက္ေနတာ ရွိပါတယ္။ စစ္ေတြၿမိဳ႕ထဲက ၅ ရပ္ကြက္ေပါ့၊ လူနာေတြေတြ႔တဲ့ေနရာေတြ အကုန္လံုး Lock Down ခ်ထားတယ္။ စစ္ေတြတၿမိဳ႕လံုးကေတာ့ လူေတြအကုန္လံုးက အထိတ္တလန္႔နဲ႔ စိုးရိမ္မႈေတြ ရွိေနၾကတာေပါ့။

“ၿပီးေတာ့ ညမထြက္ရအမိန္႔ကိုလည္း ေထြအုပ္ကေန ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးအမိန္႔နဲ႔ ထုတ္လိုက္တာရွိတယ္။ ည ၉ နာရီကေန မနက္ ၄ နာရီအထိ အျပင္မထြက္ရ အမိန္႔ကိုလည္း ထုတ္ထားတယ္။ တၿမိဳ႕နယ္လံုး ဟိုကိုမသြားရ ဒီကိုမသြားရဆိုေတာ့ ေၾကာင့္ၾကမႈေတြ အမ်ားႀကီးရွိတယ္။ အေျခအေနေတြက ဘယ္တုန္းကမွနဲ႔မတူလို႔ က်ေနာ္တို႔ေတြ စိုးရိမ္မႈေတြ အမ်ားႀကီး ရွိေနၾကပါတယ္။ ၿပီးေတာ့ စာသင္ေက်ာင္းေတြကိုေတာ့ ေခတၱယာယီ ပိတ္ပစ္လိုက္တာေတြ ရွိပါတယ္ခင္ဗ်။”

ရခိုင္ျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ စစ္ေတြမွာ အခုလို ကမာၻ႔ကပ္ေရာဂါ COVID-19 ကူးစက္မႈ အစုလိုက္အၿပံဳလုိက္ ျဖစ္ပြားလာေနတာဟာ အေတာ္ေလးကို စိုးရိမ္စရာေကာင္းတဲ့ အေနအထား ျဖစ္ေနတာမို႔ ရခိုင္ျပည္နယ္တြင္းက ေဆးဝန္ထမ္းေတြ၊ ေစတနာ့ဝန္ထမ္းေတြနဲ႔တင္ လံုေလာက္မႈ မရွိႏုိင္တာေၾကာင့္ ေဆးပညာရွင္ေတြ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြဘက္က ပါဝင္ကူညီ ေဆာင္ရြက္ေပးဖို႔ စစ္ေတြၿမိဳ႕အေျခစုိက္ ရခိုင္အမ်ိဳးသားပါတီ ဗဟိုဌာနခ်ဳပ္ကလည္း ဒီကေန႔ ၾသဂုတ္လ ၂၂ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ထုတ္ ေမတၱာရပ္ခံပါတယ္။ သူတို႔ပါတီရဲ႕ ထုတ္ျပန္ခ်က္နဲ႔ပတ္သက္လို႔ ANP ရခိုင္အမ်ိဳးသားပါတီ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္ အတြင္းေရးမွဴး-၁ ဦးေအာင္ျမတ္ေက်ာ္က အခုလို ရွင္းျပပါတယ္။

“အခု စစ္ေတြေဆး႐ံုႀကီးမွာ ေဆးကုသမႈေပးေနတဲ့ ဆရာဝန္ ဆရာမေတြ လံုေလာက္မႈက ဒီအတိုင္းဆိုရင္ ေတာ္ေတာ္ကို ထိန္းႏုိင္ျပဳႏုိင္ဖို႔က ေဆးဝန္ထမ္းေတြကို ပိုတိုးခ်ဲ႕ခ်ထားေပးဖို႔က အဓိက လိုအပ္ေနပါတယ္။ အခုဆို ပိုးကူးတာ ၄၅ ေယာက္ျဖစ္သြားၿပီ။ တကယ္လို႔ ေန႔တိုင္းေန႔တိုင္း အဲ့သလိုသာ လူနာထပ္တိုးလာရင္ က်ေနာ္တို႔ေဆး႐ုံမွာ မႏိုင္မနင္း ျဖစ္လာမွာကို အရမ္းစိုးရိမ္ေနၾကတယ္။ အဲဒါေတြကို ႀကိဳတင္ျပင္ဆင္ထားမႈ အပိုင္းမွာ အားနည္းခ်က္ရွိေနတာကို ေတြ႔ေနရတယ္။

“အဓိက ကြာရမ္တင္း ဝင္ေနၾကတဲ့ ေနရာေတြမွာက အစားအေသာက္နဲ႔ လိုအပ္တာေတြ ပံ့ပိုးဖို႔ လိုအပ္ေနတဲ့ သေဘာမ်ိဳးလည္း ရွိေနတယ္။ ကြာရမ္တင္း ဝင္ခိုင္းထားတဲ့ ေနရာေတြကလည္း အရင္ကတည္းကေန ႀကိဳတင္ျပင္ဆင္ထားတဲ့ ေနရာေတြလည္း မဟုတ္ဘူး။ ဘာမွမရွိဘဲ ဒီအတုိင္းပဲ ဒီအခန္းမွာသြားေန အဲ့လိုမ်ိဳး အဆင့္ေတြ ရွိေနတဲ့အတြက္ ကြာရမ္တင္း သြားဝင္တဲ့သူေတြ အတြက္လည္း အရမ္းဒုကၡေရာက္ေနၾကတယ္။ အဲ့ဒါေတြကို အစိုးရအေနနဲ႔ မွန္မွန္ကန္ကန္ စနစ္တက် လုပ္ႏုိင္ဖို႔အတြက္ တိုက္တြန္းတဲ့သေဘာမ်ိဳး စတိတ္မန္႔ထုတ္ ေတာင္းဆိုတာပါ။”

ရန္ကုန္က ေဆးဘက္ဝန္ထမ္းေတြ စစ္ေတြမွာ ကူညီလုပ္ေဆာင္ေပးဖို႔ ကိုယ့္ဆႏၵနဲ႔ကိုယ္ လာေနၾကၿပီဆိုတဲ့ သတင္းအေပၚ ေဒသခံေတြ ဝမ္းသာေနၾကတယ္လုိ႔လည္း စစ္ေတြၿမိဳ႕က ဦးေအာင္ေဌးက ေျပာျပပါတယ္။

“ဒီမွာရွိတဲ့ ဆရာဝန္ေတြဘက္ကေတာ့ ကိုယ္ရွိတဲ့ အင္အားနဲ႔ ကုေနၾကတာေတာ့ ရွိတယ္။ ဒါေပမယ့္ အခု ေမ့ေဆးဆရာဝန္ႀကီးေတြ အပါအဝင္ သူတို႔ေတြ လာေနၾကတာ မနက္ျဖန္ ေရာက္မယ္ထင္ပါတယ္။ အဲ့လိုၾကားရေတာ့ ျပည္သူေတြက သူတို႔လာမွာကို ဝမ္းပန္းတသာနဲ႔ကို ႀကိဳဆိုၾကတယ္။ ၿပီးေတာ့ အားလည္းတက္တာေပါ့။ အခုလို ဆရာဝန္ေတြလာၿပီး ကုသေပးမယ္ဆိုေတာ့ေလ။

“အခုက ရခိုင္မွာျဖစ္တယ္ဆိုတာနဲ႔ ကားလမ္း ေရလမ္း ကုန္လမ္းေတြ အကုန္ပိတ္ပစ္လုိက္တယ္ဆိုေတာ့ နည္းနည္းေတာ့ ဆိုးဝါးတာေပါ့။ ကုန္ပစၥည္းေတြ စီးဆင္းမႈေတြပါ ရပ္တန္႔သြားတဲ့ အေျခအေနကို ေရာက္သြားတယ္။ အဲ့ေတာ့ စိတ္ဖိစီးမႈေတြ စိတ္ဒုကၡေတြ ပိုေရာက္သြားတာေပါ့။ ရန္ကုန္-ေတာင္ကုတ္လမ္းကို ပိတ္ခ်ပစ္လိုက္တာမ်ိဳး။ ေနာက္ သံတြဲ-ဂြ-ေတာင္ကုတ္ဘက္ဆိုလည္း ရန္ကုန္ဘက္ကိုသြားဖို႔ လံုးဝ လက္မခံပါဘူးဆိုတဲ့ အေျခအေန ျဖစ္လာေတာ့ လူထုေတြဘက္က စိုးရိမ္မႈ ျမင့္တက္ေနၾကပါတယ္။ အခုက ညမထြက္ရအမိန္႔ပါ ထုတ္လိုက္ေတာ့ အခုဆို ညေနေရာက္ၿပီ၊ လမ္းသြားလမ္းလာ တေယာက္မွကို လမ္းေပၚမွာ မရွိေတာ့တဲ့ အေျခအေနအထိကို ျဖစ္သြားတယ္ခင္ဗ်။”

ရခိုင္လူမ်ဳိးစုလက္နက္ကိုင္တပ္ AA နဲ႔ အစိုးရတပ္တို႔ၾကား တုိက္ပြဲေတြျဖစ္ေနၿပီး စစ္ေရးပဋိပကၡ တင္းမာေနဆဲ ရခိုင္ျပည္နယ္တြင္း အခုလို COVID-19 ကူးစက္မႈ အႏၱရာယ္ပါ ႀကံဳေနရတာမို႔ ရခိုင္ေဒသခံေတြ လံုၿခံဳေရး က်န္းမာေရး ေစာင့္ေရွာက္မႈေတြ စနစ္တက် လွ်င္ျမန္စြာ ေဆာင္ရြက္ႏုိင္ေရး အေရးေပၚစီမံခ်က္ေတြနဲ႔ ေဆာင္ရြက္ေနခ်ိန္ ျဖစ္တဲ့အတြက္ တိုက္ခိုက္ဖမ္းဆီးမႈေတြ မလုပ္ဖို႔ ႏုိင္ငံေတာ္သမၼတ႐ံုး ေျပာခြင့္ရ ဦးေဇာ္ေဌးက ေျပာထားပါတယ္။

တခ်ိန္တည္းမွာပဲ ရခိုင္ျပည္နယ္တြင္း သတင္းအခ်က္အလက္ ျမန္ဆန္တိက်စြာ ရရွိႏိုင္ေရးအတြက္ ပိတ္ထားတဲ့ အင္တာနက္၊ တယ္လီဖုန္း ဆက္သြယ္ေရးေတြ အျမန္ဆံုး ျပန္ဖြင့္ေပးဖို႔ကိုလည္း ရခိုင္ေဒသခံေတြ၊ ရခုိင္ႏုိင္ငံေရးပါတီေတြ၊ အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြက ေတာင္းဆိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

စစ်တွေလူထု ကိုဗစ်ကြောင့် အကျပ်ရိုက်တဲ့ကြား စိုးရိမ်မှုပွား

COVID-19 ကပ်ရောဂါကူးစက်မှု ပိုတိုးလာနေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ ဒီကနေ့ နောက်ဆုံးအခြေအနေနဲ့ ဒေသခံလူထု ရင်ဆိုင်နေရတာတွေကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်တွင်း အထူးသဖြင့် စစ်တွေမြို့မှာ ပြည်ပအသွားအလာမရှိဘဲ ပြည်တွင်းကူးစက်မှုအဖြစ် လူထုကြား ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုက အထူးမြန်ဆန်လျက်ရှိနေပြီး ဒီကနေ့ စနေနေ့မနက်ပိုင်းအထိ ထုတ်ပြန်ချက်စာရင်းအရ ၅ ရက်အတွင်းမှာကို ဓာတ်ခွဲအတည်ပြုလူနာ ၄၅ ဦးအထိ စမ်းသပ်တွေ့ရှိခဲ့လို့ ကူးစက်မှု အမြန်ဆုံးထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ သြဂုတ်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

အထူးသဖြင့် ဒီ စစ်တွေမှာ ဖြစ်ပေါ်နေတဲ့ ဗိုင်းရပ်စ်ပိုးက မျိုးဗီဇပြောင်းလဲတဲ့ အမျိုးအစား ဖြစ်နိုင်တာကြောင့် ဆေးသုတေသန ဦးစီးဌာနကနေ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်ဖို့ ကြိုးစားနေသလို စစ်တွေမြို့တွင်း ကူးစက်မှုကို အမြန်ဆုံး ထိန်းချုပ်နိုင်အောင်နဲ့ စစ်တွေကနေတဆင့် တခြားဒေသတွေကို ကူးစက်ပြန့်ပွားမှု မရှိအောင် အထူးအလေးထား ဆောင်ရွက်နေလို့ ပြည်သူတွေဘက်ကလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက် ပန်ကြားချက်တွေကို မပျက်မကွက် လိုက်နာပေးကြဖို့ ဒီကနေ့ထုတ်ပြန်ချက်ထဲ ကျန်းမာရေးဝန်ကြီးက လူထုကို တိုက်တွန်း သတိပေးပါတယ်။

စစ်တွေလူထုကြားမှာတော့ ဒီ့ထက်ပို ဆိုးရွားတဲ့ အခြေအနေ ဆိုက်ရောက်လာမှာကို အတော်လေး စိုးရိမ်လာနေကြတယ်လို့ စစ်တွေမြို့ မြို့မိမြို့ဖတဦးဖြစ်တဲ့ ဦးမောင်သာစိန်က အခုလိုပြောပြပါတယ်။

“မြို့ထဲမှာတော့ မနေ့ကတည်းကစပြီး Lock Down ချလိုက်ပြီလေ။ နောက် အဲ့လို Lock Down ချပြီးတော့ မနေ့ညကတည်းကစပြီး ည ၈ နာရီကစပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်။ လူတွေက ထွက်တာတောင်မှ သိပ်မရှိဘူး။ ဒီနေ့မနက်ကလည်း နောက်ထပ် ၁၆ ယောက် ထပ်တွေ့တဲ့ အနေအထား ဖြစ်တဲ့အတွက်ကြောင့် တမြို့လုံးက လူတွေက တုန်လှုပ်နေကြတယ်ပေါ့။ ဈေးကလည်း မနက် ၆ နာရီကနေ နေ့လယ် ၁ နာရီအထိပဲ ဖွင့်ပေးထားတယ်။

“နောက်ပြီးတော့ စစ်တွေကနေ ရန်ကုန်ကိုသွားတဲ့ ကားတွေကိုလည်း ညောင်ကျိုးစခန်းကနေ မသွားခိုင်းဘဲ ပြန်လွှတ်တယ် ဆိုတာကလည်း အဲ့ဒါတွေက သိပ်သဘာဝကျတယ်လို့ ကျနော်တို့မထင်ဘူး။ မတရား သက်သက်လုပ်တယ်လို့ လူတွေက ခံစားနေရတယ်။ လူတွေက ပေါက်ကွဲမယ့် အနေအထား ဖြစ်နေပါတယ်။ ကားလမ်းတွေ ပိတ်လိုက်တာက နောက်ကြာလာရင် အခက်အခဲ ရှိလာမယ့်သဘော ရှိတယ်။ ပြီးတော့ ကျနော်တို့ဆီကထွက်တဲ့ သား ငါး ပုဇွန်တွေကိုလည်း အဲဒီ ညောင်ကျိုးစခန်းကနေ ပြန်လှည့်လာနေကြရတဲ့သဘော ရှိတယ်။ ဆိုတော့ ဒေသကထွက်တဲ့ သဘာဝ ရောင်းဝယ်ဖောက်ကားနေတဲ့ အနေအထားတွေကလည်း ပျက်ပြားသွားတဲ့ အနေအထား ဖြစ်နေတယ်။ ကြာရှည်သွားမယ်ဆိုရင် လူထု နေ့စဉ်စားရေးသောက်ရေးတွေ အတွက်လည်း အတော်လေးကို ခက်ခဲလာနိုင်တယ်ပေါ့။”

စစ်တွေမြို့တွင်း COVID-19 ကူးစက်မှုကာကွယ်ရေး လုပ်ဆောင်ထားတဲ့ အခြေအနေတွေကို စစ်တွေမြို့ကို ရောက်ရှိနေတဲ့ အနောက်တံခါးဒေသ ကူညီစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ဌေးက ပြောပြပါတယ်။

“ဒီမြို့ထဲမှာ ပိုးတွေ့တဲ့ လူနာတွေရဲ့ အိမ်တွေ အဲဒီ လူနာတွေရှိတဲ့ လမ်းတွေကို တောက်လျှောက် Lock Down ချထားတာတွေ့တယ်။ အဲဒီလမ်းတွေကို အဝင်အထွက်တွေ ကန့်သတ်ထားတယ်ပေါ့။ ပြီးတော့ အဲဒီလမ်းတွေ အဝ ဟိုဘက်ဒီဘက် အစအဆုံးတွေမှာ Security Guards တွေ လုံခြုံရေးတွေ ချထားတယ်။ ပြည်သူ့ရဲတွေက စောင့်ရှောက်နေတာ ရှိပါတယ်။ စစ်တွေမြို့ထဲက ၅ ရပ်ကွက်ပေါ့၊ လူနာတွေတွေ့တဲ့နေရာတွေ အကုန်လုံး Lock Down ချထားတယ်။ စစ်တွေတမြို့လုံးကတော့ လူတွေအကုန်လုံးက အထိတ်တလန့်နဲ့ စိုးရိမ်မှုတွေ ရှိနေကြတာပေါ့။

“ပြီးတော့ ညမထွက်ရအမိန့်ကိုလည်း ထွေအုပ်ကနေ မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ ထုတ်လိုက်တာရှိတယ်။ ည ၉ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရ အမိန့်ကိုလည်း ထုတ်ထားတယ်။ တမြို့နယ်လုံး ဟိုကိုမသွားရ ဒီကိုမသွားရဆိုတော့ ကြောင့်ကြမှုတွေ အများကြီးရှိတယ်။ အခြေအနေတွေက ဘယ်တုန်းကမှနဲ့မတူလို့ ကျနော်တို့တွေ စိုးရိမ်မှုတွေ အများကြီး ရှိနေကြပါတယ်။ ပြီးတော့ စာသင်ကျောင်းတွေကိုတော့ ခေတ္တယာယီ ပိတ်ပစ်လိုက်တာတွေ ရှိပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာ အခုလို ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်မှု အစုလိုက်အပြုံလိုက် ဖြစ်ပွားလာနေတာဟာ အတော်လေးကို စိုးရိမ်စရာကောင်းတဲ့ အနေအထား ဖြစ်နေတာမို့ ရခိုင်ပြည်နယ်တွင်းက ဆေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့တင် လုံလောက်မှု မရှိနိုင်တာကြောင့် ဆေးပညာရှင်တွေ နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်က ပါဝင်ကူညီ ဆောင်ရွက်ပေးဖို့ စစ်တွေမြို့အခြေစိုက် ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်ကလည်း ဒီကနေ့ သြဂုတ်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ် မေတ္တာရပ်ခံပါတယ်။ သူတို့ပါတီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ANP ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အတွင်းရေးမှူး-၁ ဦးအောင်မြတ်ကျော်က အခုလို ရှင်းပြပါတယ်။

“အခု စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုပေးနေတဲ့ ဆရာဝန် ဆရာမတွေ လုံလောက်မှုက ဒီအတိုင်းဆိုရင် တော်တော်ကို ထိန်းနိုင်ပြုနိုင်ဖို့က ဆေးဝန်ထမ်းတွေကို ပိုတိုးချဲ့ချထားပေးဖို့က အဓိက လိုအပ်နေပါတယ်။ အခုဆို ပိုးကူးတာ ၄၅ ယောက်ဖြစ်သွားပြီ။ တကယ်လို့ နေ့တိုင်းနေ့တိုင်း အဲ့သလိုသာ လူနာထပ်တိုးလာရင် ကျနော်တို့ဆေးရုံမှာ မနိုင်မနင်း ဖြစ်လာမှာကို အရမ်းစိုးရိမ်နေကြတယ်။ အဲဒါတွေကို ကြိုတင်ပြင်ဆင်ထားမှု အပိုင်းမှာ အားနည်းချက်ရှိနေတာကို တွေ့နေရတယ်။

“အဓိက ကွာရမ်တင်း ဝင်နေကြတဲ့ နေရာတွေမှာက အစားအသောက်နဲ့ လိုအပ်တာတွေ ပံ့ပိုးဖို့ လိုအပ်နေတဲ့ သဘောမျိုးလည်း ရှိနေတယ်။ ကွာရမ်တင်း ဝင်ခိုင်းထားတဲ့ နေရာတွေကလည်း အရင်ကတည်းကနေ ကြိုတင်ပြင်ဆင်ထားတဲ့ နေရာတွေလည်း မဟုတ်ဘူး။ ဘာမှမရှိဘဲ ဒီအတိုင်းပဲ ဒီအခန်းမှာသွားနေ အဲ့လိုမျိုး အဆင့်တွေ ရှိနေတဲ့အတွက် ကွာရမ်တင်း သွားဝင်တဲ့သူတွေ အတွက်လည်း အရမ်းဒုက္ခရောက်နေကြတယ်။ အဲ့ဒါတွေကို အစိုးရအနေနဲ့ မှန်မှန်ကန်ကန် စနစ်တကျ လုပ်နိုင်ဖို့အတွက် တိုက်တွန်းတဲ့သဘောမျိုး စတိတ်မန့်ထုတ် တောင်းဆိုတာပါ။”

ရန်ကုန်က ဆေးဘက်ဝန်ထမ်းတွေ စစ်တွေမှာ ကူညီလုပ်ဆောင်ပေးဖို့ ကိုယ့်ဆန္ဒနဲ့ကိုယ် လာနေကြပြီဆိုတဲ့ သတင်းအပေါ် ဒေသခံတွေ ဝမ်းသာနေကြတယ်လို့လည်း စစ်တွေမြို့က ဦးအောင်ဌေးက ပြောပြပါတယ်။

“ဒီမှာရှိတဲ့ ဆရာဝန်တွေဘက်ကတော့ ကိုယ်ရှိတဲ့ အင်အားနဲ့ ကုနေကြတာတော့ ရှိတယ်။ ဒါပေမယ့် အခု မေ့ဆေးဆရာဝန်ကြီးတွေ အပါအဝင် သူတို့တွေ လာနေကြတာ မနက်ဖြန် ရောက်မယ်ထင်ပါတယ်။ အဲ့လိုကြားရတော့ ပြည်သူတွေက သူတို့လာမှာကို ဝမ်းပန်းတသာနဲ့ကို ကြိုဆိုကြတယ်။ ပြီးတော့ အားလည်းတက်တာပေါ့။ အခုလို ဆရာဝန်တွေလာပြီး ကုသပေးမယ်ဆိုတော့လေ။

“အခုက ရခိုင်မှာဖြစ်တယ်ဆိုတာနဲ့ ကားလမ်း ရေလမ်း ကုန်လမ်းတွေ အကုန်ပိတ်ပစ်လိုက်တယ်ဆိုတော့ နည်းနည်းတော့ ဆိုးဝါးတာပေါ့။ ကုန်ပစ္စည်းတွေ စီးဆင်းမှုတွေပါ ရပ်တန့်သွားတဲ့ အခြေအနေကို ရောက်သွားတယ်။ အဲ့တော့ စိတ်ဖိစီးမှုတွေ စိတ်ဒုက္ခတွေ ပိုရောက်သွားတာပေါ့။ရန်ကုန်-တောင်ကုတ်လမ်းကို ပိတ်ချပစ်လိုက်တာမျိုး။ နောက် သံတွဲ-ဂွ-တောင်ကုတ်ဘက်ဆိုလည်း ရန်ကုန်ဘက်ကိုသွားဖို့ လုံးဝ လက်မခံပါဘူးဆိုတဲ့ အခြေအနေ ဖြစ်လာတော့ လူထုတွေဘက်က စိုးရိမ်မှု မြင့်တက်နေကြပါတယ်။ အခုက ညမထွက်ရအမိန့်ပါ ထုတ်လိုက်တော့ အခုဆို ညနေရောက်ပြီ၊ လမ်းသွားလမ်းလာ တယောက်မှကို လမ်းပေါ်မှာ မရှိတော့တဲ့ အခြေအနေအထိကို ဖြစ်သွားတယ်ခင်ဗျ။”

ရခိုင်လူမျိုးစုလက်နက်ကိုင်တပ် AA နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေဖြစ်နေပြီး စစ်ရေးပဋိပက္ခ တင်းမာနေဆဲ ရခိုင်ပြည်နယ်တွင်း အခုလို COVID-19 ကူးစက်မှု အန္တရာယ်ပါ ကြုံနေရတာမို့ ရခိုင်ဒေသခံတွေ လုံခြုံရေး ကျန်းမာရေး စောင့်ရှောက်မှုတွေ စနစ်တကျ လျှင်မြန်စွာ ဆောင်ရွက်နိုင်ရေး အရေးပေါ်စီမံချက်တွေနဲ့ ဆောင်ရွက်နေချိန် ဖြစ်တဲ့အတွက် တိုက်ခိုက်ဖမ်းဆီးမှုတွေ မလုပ်ဖို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောထားပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်တွင်း သတင်းအချက်အလက် မြန်ဆန်တိကျစွာ ရရှိနိုင်ရေးအတွက် ပိတ်ထားတဲ့ အင်တာနက်၊ တယ်လီဖုန်း ဆက်သွယ်ရေးတွေ အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ကိုလည်း ရခိုင်ဒေသခံတွေ၊ ရခိုင်နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG