သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေရာဂါလကၡဏာရွိသူေတြ နီးစပ္ရာေဆးခန္းမွာ အျမန္ဆုံးျပၾကဖုိ႔ ပညာရွင္ေတြ တုိက္တြန္း


(ဓာတ္ပံု -Community Fever Clinic - Yangon Network)

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ ကိုဗစ္ ၁၉ ျပည္တြင္းကူးစက္မႈႏႈန္း အစုလိုက္အျပံဳလိုက္တေက်ာ့ျပန္ျဖစ္လာတဲ့အတြက္ ကို႐ိုနာဗိုင္းရပ္စ္ပိုး အကူးမခံရေအာင္ ျပည္သူလူထု အထူးသတိထားကာကြယ္ၾကဖို႔ ေဆးပညာရွင္ေတြက သတိေပးအၾကံျပဳခ်က္ေတြကို မဆုမြန္က စုစည္းတင္ျပေပးမွာပါတယ္။

ကမာၻ႔ကပ္ေရာဂါကိုဗစ္ ၁၉ ျမန္မာျပည္ထဲမွာ ျပည္တြင္းကူးစက္မႈ ေခတၱၿငိမ္သက္သြားၿပီးတဲ့ေနာက္ ဒီသီတင္းပတ္ထဲမွာပဲ ျပည္ပ ခရီးသြားရာဇဝင္မရွိဘဲ ေရာဂါပိုးရွိသူကတဆင့္ ဆက္ႏြယ္သူေတြကိုပါ ကူးစက္မႈေၾကာင့္ ရခုိင္ျပည္နယ္တြင္းမွာ တေက်ာ့ျပန္ အစုလုိက္အျပံဳလိုက္ ကူးစက္မႈမ်ားလာတဲ့အတြက္ ျပည္သူလူထုၾကားမွာ စိုးရိမ္ပူပင္မႈေတြပိုတိုးလာေနပါတယ္။

ဒီလိုျပည္တြင္းကူးစက္မႈျပန္ျဖစ္လာခ်ိန္ ျပည္သူေတြ ေရာဂါပိုးကူးစက္ျခင္းမခံရေအာင္ သတိ လက္လြတ္မေနၾကပဲ ဂရုစိုက္ၾကဖို႔ အထူးသတိထားၾကဖို႔ မိမိ သို႔မဟုတ္ မိသားစုတြင္း ရပ္ကြက္ၿမိဳ႕ရြာလမ္း ေတြထဲ ေနမေကာင္းဖ်ားနာသူ ကိုဗစ္ေရာဂါလကၡာဏာ သံသယရွိလာရင္ ကိုဗစ္ကာလ အခမဲ့ဖ်ားနာကုေဆးခန္း- Community Fever Clinic ေတြဆီ ဒါမွမဟုတ္ နီးစပ္ရာ ေဆး႐ံုေဆးခန္းေတြ ဆီကို အျမန္ဆံုးေဆးလာကုၾကဖို႔ ကပ္ေရာဂါကိုဗစ္၁၉ ကူးစက္မႈကာကြယ္တိုက္ဖ်က္ေရး လုပ္ငန္းစဥ္ေတြမွာ ဝုိင္းဝန္းကူညီလုပ္အားေပးေနတဲ့ ေစတနာ့ဝန္ထမ္းဆရာဝန္ေတြက ပညာေပးေဆာ္ၾသေနၾကပါတယ္။

ျပည္တြင္းကူးစက္မႈႏႈန္း တေက်ာ့ျပန္အစုလိုက္အျပံဳလုိက္ျဖစ္လာခ်ိန္ ေနမေကာင္းဖ်ားနာျဖစ္လာရင္ ခ်က္ျခင္း ဖ်ားနာကုအခမဲ့ ေဆးခန္းေတြဆီလာၾကဖို႔နဲ႔ Community Clinic ေဆးခန္းဖြင့္ခ်ိန္မဟုတ္တဲ့ ျပင္ပခ်ိန္ေတြမွာလည္း တာဝန္ခံဆရာဝန္ေတြကို အခ်ိန္မေရြးဆက္သြယ္ၾကဖို႔ Covid ကာလ လူထုအတြက္ အခမဲ့ဖြင့္လွစ္ကုသေပးေနတဲ့ ဖ်ားနာကုေဆးခန္းမ်ား ရန္ကုန္ကြန္ရက္ရဲ႕တာဝန္ခံဆရာဝန္ ေဒါက္တာေက်ာ္မင္းထြန္းက တိုက္တြန္းပါတယ္။

“ ဖ်ားနာလူနာျဖစ္ခဲ့ရင္ အဓိက က်န္းမာေရးဝန္ၾကီးဌာနရွိတဲ့ ေဆး႐ံုေဆးခန္းေတြ ဆရာဝန္ေတြရွိေနတဲ့ ေဆးခန္းေဆး႐ံုေတြေပါ့ေနာ္ လာျပၿပီး တုိင္ပင္ပါ အဓိက “စပ္ေဆးေတြ” မေသာက္ပဲနဲ႔ ဆရာဝန္ေတြရွိတဲ့ေနရာကိုပဲ တည့္တည့္မတ္မတ္ လာၿပီးေတာ့ တုိင္ပင္ၿပီးေတာ့ ျပသပါ။ အဲ့တာမွ က်ေနာ္တို႔ဘက္ကေန စမ္းသပ္ၿပီးေတာ့ ဒီလူနာဟာCOVID ဟုတ္လား မဟုတ္ဘူးလားေပါ့ ခြဲျခားၿပီးေတာ့ ကိုဗစ္ဟုတ္ရင္လည္း ကိုဗစ္နဲ႔ပတ္သက္ၿပီးေတာ့ ကုသမႈေတြ စစ္ေဆးမႈေတြ လုပ္ၿပီး ကုသေပးမယ္။ တကယ္လို႔ ကိုဗစ္မဟုတ္ဘူးဆိုလည္း ရာသီတုတ္ေကြးလို တျခားျဖစ္ႏုိင္ေျခရွိတဲ့ ဖ်ားနာနဲ႔ပတ္သက္ၿပီးေတာ့ ဒီရက္ပိုင္းအတြင္းမွာလည္း ဖ်ားနာလူနာေတြ တက္လာတယ္။ဒါေၾကာင့္ နည္းနည္းသတိထားရတဲ့ အေနအထားျပန္ျဖစ္လာတယ္ အခုဟာကေလ။ တကယ္လို႔ Fever Clinic ပိတ္ထားလို႔ လူနာက ဘာလုပ္ရမွန္းမသိဘူးဆိုရင္ ဆရာဝန္ေတြရဲ႕ ဆက္သြယ္ရမယ့္ဖုန္းနံပတ္ေတြFever Clinic Yangon Network Page မွာ ေရွ႕ဆံုးမွာ က်ေနာ့္ဖုန္းနံပတ္ေပးထားတယ္ တိုက္႐ိုက္ဖုန္းဆက္ၿပီးလည္း အၾကံဉာဏ္ေတာင္းလို႔ရပါတယ္ တာဝန္ခံဆရာဝန္ေတြနံပတ္လည္းရွိတယ္ အၾကံဉာဏ္ေတာင္းလာတယ္ဆိုရင္ က်ေနာ္တို႔ဘက္ကလည္း ဘယ္သြားသင့္တယ္ ဘာလုပ္သင့္တယ္ဆိုတာ ညႊန္ၾကားေပးပါမယ္။”

လူထုၾကား တဆင့္ခံထိေတြ႔မႈေတြကေန ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈႏႈန္းေတြ တျခားၿမိဳ႕ရြာေတြကို ကူးစက္မႈေတြ ဆက္မျဖစ္ပြားရေအာင္ အထူးသတိထားကာကြယ္ၾကဖို႔ က်န္းမာေရးလမ္းညႊန္ခ်က္ေတြကို တိတိက်က် လိုက္နာေပးဖို႔ လူထုကို က်န္းမာေရးပညာေပးေနတဲ့အေထြေထြေရာဂါကုဆရာဝန္ၾကီး ေဒါက္တာမိုးေအာင္ေက်ာ္ႏုိင္က အခုလိုသတိေပးပါတယ္။

“ အရင္တုန္းကေတာ့ျဖစ္ကာစတုန္းက ေၾကာက္ၿပီးလိုက္နာၾကတယ္။ ေနာက္ပိုင္းမွာ ျပည္တြင္းကူးစက္မႈႏႈန္း အလြန္နည္းသြားတယ္ မရွိသေလာက္ျဖစ္သြားၿပီဆိုၿပီး ေပါ့ေလ်ာ့မႈေလးေတြနဲ႔ လိုက္နာမႈအားနည္းသြားခဲ့တာကို အခုအခ်ိန္မွာ ျပန္ၿပီးေတာ့ စနစ္တက်လုိက္နာဖို႔အတြက္ကို ဆရာတို႔က အၾကံျပဳခ်င္ပါတယ္။ ကိုယ့္ပတ္ဝန္းက်င္ကိုလည္း ဒီပိုးက အခ်ိန္မေရြးေရာက္လာႏုိင္တယ္ဆိုၿပီး မွတ္ၿပီးေတာ့ ေဆာင္ရန္ ေရွာင္ရန္ ပတ္ဝန္းက်င္ထဲကပိုးေတြ ကိုယ့္ခႏၶာကိုယ္ထဲ မဝင္ေရာက္ေရး စနစ္တက် တားဆီးဖို႔က အခုအခ်ိန္မွာ လူတုိင္းအတြက္ အရမ္းကိုအေရးၾကီးေနတယ္လို႔ ေျပာခ်င္ပါတယ္။ အခုအေျခအေနကေတာ့Second Wave ေပါ့ေနာ္ ပထမအၾကိမ္တုန္းကေတာ့ ရန္ကုန္ၿမိဳ႕က အဓိကစင္တာလိုျဖစ္ခဲ့တယ္။ အခုဒုတိယလိႈင္းမွာေတာ့ စစ္ေတြကေန စင္တာလိုျပန္စလာတယ္ လို႔ယူဆရပါတယ္။ အဲ့ဒီ့ကေနတဆင့္ က်န္တဲ့ၿမိဳ႕ေတြကို မကူးစက္ရေအာင္ အထူးသျဖင့္ အဲ့ကေနတဆင့္ေရာက္ရွိနိုင္တဲ့ၿမိဳ႕ေတြဆီကို မေရာက္ရွိေအာင္ ညႊန္ၾကားခ်က္ေတြကို မ်က္ေျခမျပတ္ေအာင္ေဆာင္ရြက္ေနမယ္ဆိုရင္ေတာ့ ကိုယ့္ဆီကို ကူးစက္မႈနႈန္း ေလွ်ာ့ခ်နိုင္မယ္လို႔ ဆရာကေတာ့ ျမင္ပါတယ္။”

က်န္းမာေရးဝန္ၾကီးဌာနအပါအဝင္ ေဆးပညာရွင္ေတြ ဆရာဝန္ သူနာျပဳေတြဘက္က ကိုဗစ္၁၉ ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ ကာကြယ္နုိင္ေရး အရွိန္ျမႇင့္ လုပ္ေဆာင္ေနခ်ိန္မွာပဲ လူထုကလည္း ပူးေပါင္းပါဝင္ၾကဖိုလူထုကို က်န္းမာေရးပညာေပးေနတဲ့ ေစတနာ့ဝန္ထမ္းဆရာဝန္ ေဒါက္တာေက်ာ္စြာဦး ကလည္း တိုက္တြန္းပါတယ္။

“ကိုဗစ္နဲ႔ပတ္သက္တဲ့ အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီ- က်န္းမာေရးဝန္ၾကီးဌာနဘက္ကလည္း ေတာက္ေလ်ာက္ႏိုးေဆာ္ခဲ့တယ္ ဒုတိယလႈိႈင္းကိုစိတ္ပူရတယ္ဆိုတာကိုေပါ့။သို႔ေသာ္လည္း မိဘျပည္သူေတြဘက္က အနည္းငယ္ေပါ့ဆလာတာေတြရွိတယ္။ အခုဆို ရခုိင္မွာ ေဒသတြင္းကူးစက္မႈေတြ ေတြ႔လာေတာ့ အေရးေပၚတုန္႔ျပန္မႈေတြ ခ်က္ျခင္းလုပ္ပါတယ္။ ဒါေၾကာင့္ မိဘျပည္သူေတြအပိုင္းကလည္း အေရးေပၚခ်က္ျခင္း တုန္႔ျပန္မႈေတြ ကာကြယ္မႈေတြကို ခ်က္ျခင္းလုပ္ေစခ်င္ပါတယ္။ ပထမလိႈင္းတုန္းကလိုပဲ ျပည္သူအားလံုးက စုေပါင္းအင္အားနဲ႔ မေပါ့ပဲနဲ႔ အားလံုးဝိုင္းဝန္းပူးေပါင္းခဲ့ၾကသလို ကာကြယ္ေစခ်င္တာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုဒီဒုတိယလိႈင္းျဖစ္နုိင္ေျခက ပိုၿပီးေတာ့ ကူးစက္မႈႏႈန္းမ်ားႏုိင္တယ္။ျမန္လည္းျမန္ႏုိင္တယ္ အဲ့ဒီ့အတြက္ က်ေနာ္တို႔ ျပည္သူသာလွ်င္အဓိကဆိုသလို မိဘျပည္သူေတြဘက္က က်န္းမာေရးဝန္ၾကီးဌာနက ထုတ္ျပန္ထားတဲ့အဓိက အခ်က္ေတြျဖစ္တဲ့ အျပင္သြားတုိင္း ပါးစပ္ႏွာေခါင္းစည္းMask ကိုတပ္ဖို႔ရယ္ လက္ကိုမၾကာခဏေဆးဖို႔ရယ္ က်ေနာ့္အေနနဲ႔ အဓိက တိုက္တြန္းလို္ပါတယ္။”

လူမႈကြန္ရက္ေတြ အြန္လိုင္း မီဒီယာေတြကေန ျပန္႔ႏွံ႔လာေနတဲ့ ကိုဗစ္ဆုိင္ရာသတင္းစကားေတြကို စိစစ္ဆင္ျခင္ ေလ့လာၾကဖို႔ -လူထုၾကား စိုးရိမ္ပူပင္မႈေတြကေန စားနပ္ရိကၡာေတြ အလုအယက္ရွာေဖြစုေဆာင္းေနၾကတာရွိလာသလို အထူးသျဖင့္ ႔ အခုလိုအေရးေပၚကာလမွာ ကာကြယ္ေရးမ်က္ႏွာဖံုးႏွာေခါင္းစီးလိုပစၥည္းေတြ လိုက်န္းမာေရးဆိုင္ရာေဆးဝါးပစၥည္းေတြ ေရာင္းဝယ္မႈေတြမွာ အျမတ္မထုတ္ၾကဖို႔ကိုလည္း က်န္းမာေရးဝန္ၾကီးဌာနကေရာ ေဆးပညာရွင္ေတြ ေစတနာ့ဝန္ထမ္းဆရာဝန္ေတြကပါ ေမတၱာရပ္ခံပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကိုဗစ်ရောဂါလက္ခဏာရှိသူတွေ နီးစပ်ရာဆေးခန်းမှာ အမြန်ဆုံးပြကြဖို့ ပညာရှင်တွေ တိုက်တွန်း
(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ပြည်တွင်းကူးစက်မှုနှုန်း အစုလိုက်အပြုံလိုက်တကျော့ပြန်ဖြစ်လာတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး အကူးမခံရအောင် ပြည်သူလူထု အထူးသတိထားကာကွယ်ကြဖို့ ဆေးပညာရှင်တွေက သတိပေးအကြံပြုချက်တွေကို မဆုမွန်က စုစည်းတင်ပြပေးမှာပါတယ်။

ကမ္ဘာ့ကပ်ရောဂါကိုဗစ် ၁၉ မြန်မာပြည်ထဲမှာ ပြည်တွင်းကူးစက်မှု ခေတ္တငြိမ်သက်သွားပြီးတဲ့နောက် ဒီသီတင်းပတ်ထဲမှာပဲ ပြည်ပ ခရီးသွားရာဇဝင်မရှိဘဲ ရောဂါပိုးရှိသူကတဆင့် ဆက်နွယ်သူတွေကိုပါ ကူးစက်မှုကြောင့် ရခိုင်ပြည်နယ်တွင်းမှာ တကျော့ပြန် အစုလိုက်အပြုံလိုက် ကူးစက်မှုများလာတဲ့အတွက် ပြည်သူလူထုကြားမှာ စိုးရိမ်ပူပင်မှုတွေပိုတိုးလာနေပါတယ်။

ဒီလိုပြည်တွင်းကူးစက်မှုပြန်ဖြစ်လာချိန် ပြည်သူတွေ ရောဂါပိုးကူးစက်ခြင်းမခံရအောင် သတိ လက်လွတ်မနေကြပဲ ဂရုစိုက်ကြဖို့ အထူးသတိထားကြဖို့ မိမိ သို့မဟုတ် မိသားစုတွင်း ရပ်ကွက်မြို့ရွာလမ်း တွေထဲ နေမကောင်းဖျားနာသူ ကိုဗစ်ရောဂါလက္ခာဏာ သံသယရှိလာရင် ကိုဗစ်ကာလ အခမဲ့ဖျားနာကုဆေးခန်း- Community Fever Clinic တွေဆီ ဒါမှမဟုတ် နီးစပ်ရာ ဆေးရုံဆေးခန်းတွေ ဆီကို အမြန်ဆုံးဆေးလာကုကြဖို့ ကပ်ရောဂါကိုဗစ်၁၉ ကူးစက်မှုကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ ဝိုင်းဝန်းကူညီလုပ်အားပေးနေတဲ့ စေတနာ့ဝန်ထမ်းဆရာဝန်တွေက ပညာပေးဆော်သြနေကြပါတယ်။

ပြည်တွင်းကူးစက်မှုနှုန်း တကျော့ပြန်အစုလိုက်အပြုံလိုက်ဖြစ်လာချိန် နေမကောင်းဖျားနာဖြစ်လာရင် ချက်ခြင်း ဖျားနာကုအခမဲ့ ဆေးခန်းတွေဆီလာကြဖို့နဲ့ Community Clinic ဆေးခန်းဖွင့်ချိန်မဟုတ်တဲ့ ပြင်ပချိန်တွေမှာလည်း တာဝန်ခံဆရာဝန်တွေကို အချိန်မရွေးဆက်သွယ်ကြဖို့ Covid ကာလ လူထုအတွက် အခမဲ့ဖွင့်လှစ်ကုသပေးနေတဲ့ ဖျားနာကုဆေးခန်းများ ရန်ကုန်ကွန်ရက်ရဲ့တာဝန်ခံဆရာဝန် ဒေါက်တာကျော်မင်းထွန်းက တိုက်တွန်းပါတယ်။

“ ဖျားနာလူနာဖြစ်ခဲ့ရင် အဓိက ကျန်းမာရေးဝန်ကြီးဌာနရှိတဲ့ ဆေးရုံဆေးခန်းတွေ ဆရာဝန်တွေရှိနေတဲ့ ဆေးခန်းဆေးရုံတွေပေါ့နော် လာပြပြီး တိုင်ပင်ပါ အဓိက “စပ်ဆေးတွေ” မသောက်ပဲနဲ့ ဆရာဝန်တွေရှိတဲ့နေရာကိုပဲ တည့်တည့်မတ်မတ် လာပြီးတော့ တိုင်ပင်ပြီးတော့ ပြသပါ။ အဲ့တာမှ ကျနော်တို့ဘက်ကနေ စမ်းသပ်ပြီးတော့ ဒီလူနာဟာCOVID ဟုတ်လား မဟုတ်ဘူးလားပေါ့ ခွဲခြားပြီးတော့ ကိုဗစ်ဟုတ်ရင်လည်း ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ကုသမှုတွေ စစ်ဆေးမှုတွေ လုပ်ပြီး ကုသပေးမယ်။ တကယ်လို့ ကိုဗစ်မဟုတ်ဘူးဆိုလည်း ရာသီတုတ်ကွေးလို တခြားဖြစ်နိုင်ခြေရှိတဲ့ ဖျားနာနဲ့ပတ်သက်ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာလည်း ဖျားနာလူနာတွေ တက်လာတယ်။ဒါကြောင့် နည်းနည်းသတိထားရတဲ့ အနေအထားပြန်ဖြစ်လာတယ် အခုဟာကလေ။ တကယ်လို့ Fever Clinic ပိတ်ထားလို့ လူနာက ဘာလုပ်ရမှန်းမသိဘူးဆိုရင် ဆရာဝန်တွေရဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပတ်တွေFever Clinic Yangon Network Page မှာ ရှေ့ဆုံးမှာ ကျနော့်ဖုန်းနံပတ်ပေးထားတယ် တိုက်ရိုက်ဖုန်းဆက်ပြီးလည်း အကြံဉာဏ်တောင်းလို့ရပါတယ် တာဝန်ခံဆရာဝန်တွေနံပတ်လည်းရှိတယ် အကြံဉာဏ်တောင်းလာတယ်ဆိုရင် ကျနော်တို့ဘက်ကလည်း ဘယ်သွားသင့်တယ် ဘာလုပ်သင့်တယ်ဆိုတာ ညွှန်ကြားပေးပါမယ်။”

လူထုကြား တဆင့်ခံထိတွေ့မှုတွေကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းတွေ တခြားမြို့ရွာတွေကို ကူးစက်မှုတွေ ဆက်မဖြစ်ပွားရအောင် အထူးသတိထားကာကွယ်ကြဖို့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာပေးဖို့ လူထုကို ကျန်းမာရေးပညာပေးနေတဲ့အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အခုလိုသတိပေးပါတယ်။

“ အရင်တုန်းကတော့ဖြစ်ကာစတုန်းက ကြောက်ပြီးလိုက်နာကြတယ်။ နောက်ပိုင်းမှာ ပြည်တွင်းကူးစက်မှုနှုန်း အလွန်နည်းသွားတယ် မရှိသလောက်ဖြစ်သွားပြီဆိုပြီး ပေါ့လျော့မှုလေးတွေနဲ့ လိုက်နာမှုအားနည်းသွားခဲ့တာကို အခုအချိန်မှာ ပြန်ပြီးတော့ စနစ်တကျလိုက်နာဖို့အတွက်ကို ဆရာတို့က အကြံပြုချင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ဒီပိုးက အချိန်မရွေးရောက်လာနိုင်တယ်ဆိုပြီး မှတ်ပြီးတော့ ဆောင်ရန် ရှောင်ရန် ပတ်ဝန်းကျင်ထဲကပိုးတွေ ကိုယ့်ခန္ဓာကိုယ်ထဲ မဝင်ရောက်ရေး စနစ်တကျ တားဆီးဖို့က အခုအချိန်မှာ လူတိုင်းအတွက် အရမ်းကိုအရေးကြီးနေတယ်လို့ ပြောချင်ပါတယ်။ အခုအခြေအနေကတော့Second Wave ပေါ့နော် ပထမအကြိမ်တုန်းကတော့ ရန်ကုန်မြို့က အဓိကစင်တာလိုဖြစ်ခဲ့တယ်။ အခုဒုတိယလှိုင်းမှာတော့ စစ်တွေကနေ စင်တာလိုပြန်စလာတယ် လို့ယူဆရပါတယ်။ အဲ့ဒီ့ကနေတဆင့် ကျန်တဲ့မြို့တွေကို မကူးစက်ရအောင် အထူးသဖြင့် အဲ့ကနေတဆင့်ရောက်ရှိနိုင်တဲ့မြို့တွေဆီကို မရောက်ရှိအောင် ညွှန်ကြားချက်တွေကို မျက်ခြေမပြတ်အောင်ဆောင်ရွက်နေမယ်ဆိုရင်တော့ ကိုယ့်ဆီကို ကူးစက်မှုနှုန်း လျှော့ချနိုင်မယ်လို့ ဆရာကတော့ မြင်ပါတယ်။”

ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဆေးပညာရှင်တွေ ဆရာဝန် သူနာပြုတွေဘက်က ကိုဗစ်၁၉ ရောဂါကူးစက်မှု ထိန်းချုပ် ကာကွယ်နိုင်ရေး အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာပဲ လူထုကလည်း ပူးပေါင်းပါဝင်ကြဖိုလူထုကို ကျန်းမာရေးပညာပေးနေတဲ့ စေတနာ့ဝန်ထမ်းဆရာဝန် ဒေါက်တာကျော်စွာဦး ကလည်း တိုက်တွန်းပါတယ်။

“ကိုဗစ်နဲ့ပတ်သက်တဲ့ အမျိုးသားအဆင့်ဗဟိုကော်မတီ- ကျန်းမာရေးဝန်ကြီးဌာနဘက်ကလည်း တောက်လျောက်နိုးဆော်ခဲ့တယ် ဒုတိယလှိုှုင်းကိုစိတ်ပူရတယ်ဆိုတာကိုပေါ့။သို့သော်လည်း မိဘပြည်သူတွေဘက်က အနည်းငယ်ပေါ့ဆလာတာတွေရှိတယ်။ အခုဆို ရခိုင်မှာ ဒေသတွင်းကူးစက်မှုတွေ တွေ့လာတော့ အရေးပေါ်တုန့်ပြန်မှုတွေ ချက်ခြင်းလုပ်ပါတယ်။ ဒါကြောင့် မိဘပြည်သူတွေအပိုင်းကလည်း အရေးပေါ်ချက်ခြင်း တုန့်ပြန်မှုတွေ ကာကွယ်မှုတွေကို ချက်ခြင်းလုပ်စေချင်ပါတယ်။ ပထမလှိုင်းတုန်းကလိုပဲ ပြည်သူအားလုံးက စုပေါင်းအင်အားနဲ့ မပေါ့ပဲနဲ့ အားလုံးဝိုင်းဝန်းပူးပေါင်းခဲ့ကြသလို ကာကွယ်စေချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခုဒီဒုတိယလှိုင်းဖြစ်နိုင်ခြေက ပိုပြီးတော့ ကူးစက်မှုနှုန်းများနိုင်တယ်။မြန်လည်းမြန်နိုင်တယ် အဲ့ဒီ့အတွက် ကျနော်တို့ ပြည်သူသာလျှင်အဓိကဆိုသလို မိဘပြည်သူတွေဘက်က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အဓိက အချက်တွေဖြစ်တဲ့ အပြင်သွားတိုင်း ပါးစပ်နှာခေါင်းစည်းMask ကိုတပ်ဖို့ရယ် လက်ကိုမကြာခဏဆေးဖို့ရယ် ကျနော့်အနေနဲ့ အဓိက တိုက်တွန်းလိုပါတယ်။”

လူမှုကွန်ရက်တွေ အွန်လိုင်း မီဒီယာတွေကနေ ပြန့်နှံ့လာနေတဲ့ ကိုဗစ်ဆိုင်ရာသတင်းစကားတွေကို စိစစ်ဆင်ခြင် လေ့လာကြဖို့ -လူထုကြား စိုးရိမ်ပူပင်မှုတွေကနေ စားနပ်ရိက္ခာတွေ အလုအယက်ရှာဖွေစုဆောင်းနေကြတာရှိလာသလို အထူးသဖြင့့် အခုလိုအရေးပေါ်ကာလမှာ ကာကွယ်ရေးမျက်နှာဖုံးနှာခေါင်းစီးလိုပစ္စည်းတွေ လိုကျန်းမာရေးဆိုင်ရာဆေးဝါးပစ္စည်းတွေ ရောင်းဝယ်မှုတွေမှာ အမြတ်မထုတ်ကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနကရော ဆေးပညာရှင်တွေ စေတနာ့ဝန်ထမ်းဆရာဝန်တွေကပါ မေတ္တာရပ်ခံပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG