သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြမွာ ကိုဗစ္ကူးစက္သူ ၁၆ ေယာက္တိုး


(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ COVID-19 ကူးစက္သူ လူနာသစ္ ၁၆ ဦး ထပ္ေတြ႔ရတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ၾသဂုတ္လ ၂၂ ရက္ စေနေန႔ မနက္ ၈ နာရီမွာ ထုတ္ျပန္ေၾကညာ လိုက္တာေၾကာင့္ အခုလို ဒီေရာဂါ အကူးစက္ခံရသူ စုစုေပါင္း ၄၃၅ ဦး ရွိသြားၿပီျဖစ္ပါတယ္။

မေန႔က ဒုတိယအသုတ္ ဓါတ္ခြဲနမူနာ စုစုေပါင္း ၆၄၅ ခု ကို စစ္ေဆးခဲ့တာမွာ ဗိုင္းရပ္စ္ အကူးစက္ခံထားရသူ ၁၆ ဦး ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ အမ်ိဳးသား ၆ ဦးနဲ႔ အမ်ိဳးသမီး ၁၀ ဦး ျဖစ္ၿပီး သူတုိ႔ဟာ အသက္ ၂၇ ႏွစ္ကေန ၅၆ ႏွစ္ၾကား ရွိသူေတြပါ။

သူတုိ႔ အားလံုးဟာ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕က ျဖစ္ၾကၿပီး အသြားအလာ ကန္႔သတ္ထားရွိသူေတြ ျဖစ္ပါတယ္။ သူတို႔အားလံုး ျပည္ပသို႕ ခရီးသြားတဲ့ ရာဇဝင္ မရွိၾကေပမယ့္ COVID-19 အတည္ျပဳ လူနာေတြနဲ႔ ထိေတြ႔ ဆက္ဆံမႈ ရွိသူေတြ ျဖစ္ပါတယ္။

COVID-19 ကူးစက္မႈေတြ တိုးလာေနတာေၾကာင့္ ညမထြက္ရ အမိန္႔ုထုတ္ျပန္ထားတဲ့ ရခိုင္ျပည္နယ္မွာ ေက်ာင္းေတြ အားလံုးကိုပါ ပိတ္ထားမွာ ျဖစ္ေၾကာင္းလည္း ျပည္နယ္ပညာေရးမႈး ဦးတင္သိန္းက VOA ကို ေျပာပါတယ္။

လက္ရွိျမန္မာနိုင္ငံမွာ COVID-19 ကူးစက္မႈကို အတိုင္းအတာ တခုထိထိန္းခ်ဳပ္ထားနိုင္ေပမဲ့ ျပည္သူေတြအေနနဲ႔ ေပါ့ေပါ့ဆဆမေနဘဲ ခ်မွတ္ ထားတဲ့ စည္းကမ္း လမ္းညႊန္ခ်က္ေတြကို ဆက္လက္ လိုက္နာၾကဖို႔ နဲ႔ ဒီေရာဂါ ကူးစက္မႈ ဒုတိယလႈိင္း အတြက္ သတိရွိၾကဖို႔ပါ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနကသတိေပးထားတာပါ။

ေနအိမ္ေတြမွာပဲေနတာနဲ႔႔ လူခ်င္းခပ္ခြါခြါေနတာဟာ ကူးစက္မႈကို တားဆီးႏိုင္ေပမယ့္ တကယ္လို႔ အေျခေနပိုဆိုးလာရင္ေတာ့ အျပည့္အဝ lockdown လုပ္ ကန္႔သတ္တာမ်ိဳး ခ်ထားဖုိ႔ လုပ္သင့္ရင္ လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးက VOA ကိုေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေသာၾကာေန႔ ညအထိ COVID-19 အတည္ျပဳလူနာေဟာင္းေတြထဲ ေရာဂါပိုးကင္းစင္လာသူ ၃၃၇ ဦးရွိၿပီး ေသဆုံးသူက ၆ ဦးရွိပါတယ္။

................

စစ်တွေမှာ ကိုဗစ်ကူးစက်သူ ၁၆ ယောက်တိုး

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၁၆ ဦး ထပ်တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သြဂုတ်လ ၂၂ ရက် စနေနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်တာကြောင့် အခုလို ဒီရောဂါ အကူးစက်ခံရသူ စုစုပေါင်း ၄၃၅ ဦး ရှိသွားပြီဖြစ်ပါတယ်။

မနေ့က ဒုတိယအသုတ် ဓါတ်ခွဲနမူနာ စုစုပေါင်း ၆၄၅ ခု ကို စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ် အကူးစက်ခံထားရသူ ၁၆ ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁၀ ဦး ဖြစ်ပြီး သူတို့ဟာ အသက် ၂၇ နှစ်ကနေ ၅၆ နှစ်ကြား ရှိသူတွေပါ။

သူတို့ အားလုံးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့က ဖြစ်ကြပြီး အသွားအလာ ကန့်သတ်ထားရှိသူတွေ ဖြစ်ပါတယ်။ သူတို့အားလုံး ပြည်ပသို့ ခရီးသွားတဲ့ ရာဇဝင် မရှိကြပေမယ့် COVID-19 အတည်ပြု လူနာတွေနဲ့ ထိတွေ့ ဆက်ဆံမှု ရှိသူတွေ ဖြစ်ပါတယ်။

COVID-19 ကူးစက်မှုတွေ တိုးလာနေတာကြောင့် ညမထွက်ရ အမိန့်ုထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ်မှာ ကျောင်းတွေ အားလုံးကိုပါ ပိတ်ထားမှာ ဖြစ်ကြောင်းလည်း ပြည်နယ်ပညာရေးမှုး ဦးတင်သိန်းက VOA ကို ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုကို အတိုင်းအတာ တခုထိထိန်းချုပ်ထားနိုင်ပေမဲ့ ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆမနေဘဲ ချမှတ် ထားတဲ့ စည်းကမ်း လမ်းညွှန်ချက်တွေကို ဆက်လက် လိုက်နာကြဖို့ နဲ့ ဒီရောဂါ ကူးစက်မှု ဒုတိယလှိုင်း အတွက် သတိရှိကြဖို့ပါ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကသတိပေးထားတာပါ။

နေအိမ်တွေမှာပဲနေတာနဲ့ လူချင်းခပ်ခွါခွါနေတာဟာ ကူးစက်မှုကို တားဆီးနိုင်ပေမယ့် တကယ်လို့ အခြေနေပိုဆိုးလာရင်တော့ အပြည့်အဝ lockdown လုပ် ကန့်သတ်တာမျိုး ချထားဖို့ လုပ်သင့်ရင် လုပ်ဆောင်မှာ ဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက VOA ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ သောကြာနေ့ ညအထိ COVID-19 အတည်ပြုလူနာဟောင်းတွေထဲ ရောဂါပိုးကင်းစင်လာသူ ၃၃၇ ဦးရှိပြီး သေဆုံးသူက ၆ ဦးရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG