သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေရး ျမန္မာ နယ္စပ္အဝင္အထြက္ ပိုမိုတင္းၾကပ္ထား


ထိုင္း ျမန္မာနယ္စပ္ ျမ၀တီစစ္ေဆးေရးဂိတ္မွာ ေနရပ္ျပန္လာသူေတြကို ကိုယ္အပူခ်ိန္တိုင္းေပးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (မတ္ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

ေရာဂါပုိးရွိသူနဲ႔ ထိေတြ႕မႈ မရွိတဲ့အျပင္ ျပည္ပခရီးသြားရာဇဝင္ပါ မရွိဘဲ ျပည္တြင္းကူးစက္ခံရသူ အတည္ျပဳလူနာသစ္ေတြ တိုးလာေနခ်ိန္မွာ နယ္စပ္ေတြက အ၀င္အထြက္ေတြကုိ တုိးျမွင့္ေစာင့္ၾကပ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက တင္ျပေပးပါမယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္ထုတ္ျပန္ခ်က္ထဲမွာ စစ္ေတြၿမိဳ႕မွာ အသြားအလာကန္႔သတ္ထားသူေတြထဲက လူနာသစ္ ၁၀ ဦး တုိးလာပါတယ္။ ျပည္ပခရီးသြားရာဇဝင္မရွိတဲ့ ဒီလူနာသစ္ေတြဟာ ဓာတ္ခြဲအတည္ျပဳလူနာနဲ႔ တိုက္ရိုက္ထိေတြ႕ခဲ့တာမဟုတ္ေပမဲ့ တဆင့္ခံကူးစက္ခံရသူေတြ ျဖစ္ေနတာပါ။

ရက္သတၱပတ္အတြင္းမွာ တေက်ာ့ျပန္ျပည္တြင္းကူးစက္ခံရသူ လူနာသစ္ ၁၉ဦးအထိရွိေနတာေၾကာင့္ ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ နယ္စပ္ေတြမွာပါ ေစာင့္ၾကည့္ေနေၾကာင္း တမူးဂိတ္ဘက္ကို သြားေရာက္စစ္ေဆးေနတဲ့အေၾကာင္း စစ္ကုိင္းတုိင္း လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးမုိးေက်ာ္သူက ေျပာပါတယ္။

“အခုေလာေလာဆယ္ပဲ က်ေနာ္ကားေပၚမွာ နယ္စပ္ဂိတ္ကုိ သြားေနတာ။ ဂိတ္ေတြအေျခအေနသြားၾကည့္ရင္းနဲ႔ နယ္စပ္ဝင္ေပါက္ေတြေပါ့ေနာ္။ တရားဝင္ေပါက္ေတြကေတာ့ ပိတ္ထားတယ္။ အဲ့ ခိုးဝင္ေပါက္ေတြကေနၿပီးေတာ့မွ တကယ္ဝင္ေနတာရွိ၊ မရွိ အဲဒါေတြကုိ က်ေနာ္တုိ႔ သြားစစ္ေဆးရမွာေပါ့။”

ျပည္တြင္းကူးစက္မႈ စတင္လာတဲ့အေၾကာင္းရင္းကို ေသခ်ာမသိရတဲ့အေျခအေနမွာ နယ္စပ္ေဒသျဖစ္တဲ့ ရခိုင္ျပည္နယ္မွာ လူနာသစ္ေတြလည္း ထပ္တုိးလာေနလို႔ ဒီေရာဂါထိန္းခ်ဳပ္ေရးအတြက္ ေသခ်ာၾကပ္မတ္သင့္တယ္လို႔ ကိုဗစ္တုိက္ဖ်က္ေရးမွာ ေစတနာ့ဝန္ထမ္းအျဖစ္ ေဆာင္ရြက္ေနတဲ့ ေဒါက္တာေနမင္းထက္က တုိက္တြန္းပါတယ္။

“စစ္ေတြ၊ ျမဝတီ၊ မဲေဆာက္တို႔ အဲမွာက်ေတာ့ က်ေနာ္တို႔ေကာလဟာလလို သတင္းၾကားတာက ေအာက္ပုိင္းကေနေပါ့ Quarantine မေစာင့္ႏုိင္ဘဲ ဝင္တဲ့သူရွိတယ္လို႔ က်ေနာ္တုိ႔ၾကားရတယ္။ ပထမတခ်က္ကေတာ့ ျပည္ပက ျပန္လာတဲ့သူေတြကုိ ေသခ်ာစိစစ္ရမယ္ေပါ့ေနာ္။ ဒီထက္ပိုၿပီး တင္းၾကပ္ရမယ္။ ခိုးဝင္တဲ့သူေတြ မရွိေအာင္ေပါ့ေနာ္။ ၿပီးေတာ့ ဒီက်န္းမာေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း စစ္ေတြမွာရွိတဲ့ လူအမ်ားစုေျပာတာက သူတုိ႔ေတြက Mask ေတာင္ မတပ္ဘူးေျပာတယ္။ ဒါေတြကုိလည္း တင္းတင္းၾကပ္ၾကပ္ထပ္လုပ္ရမယ္ေပါ့။ အဓိကေတာ့ အဲႏွစ္ခုကို ေသခ်ာလုပ္ရမယ္။”

ျပည္တြင္ကူးစက္မႈေတြ တုိးလာေနတဲ့ ရခုိင္ျပည္နယ္မွာလည္း တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္ေလ့ရွိတတ္တဲ့ ေနရာေတြကုိ တင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကည့္ေနတယ္လုိ႔ ေမာင္ေတာခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးစုိးေအာင္က ေျပာပါတယ္။

“က်ေနာ့္နယ္စပ္က တရားဝင္ကုန္စည္စီးဆင္းမႈေရာ တျခားေရာ အကုန္ပိတ္ထားတယ္။ နယ္ျခားေစာင့္ရဲကလည္း ရဲတာဝန္အေလ်ာက္လုပ္ေနတယ္။ က်ေနာ့္နယ္စပ္ကေတာ့ မဝင္ေတာ့ဘူး။ ဟုိဘက္ကေန တရားမဝင္ အစုိးရလက္ခံေရးပိတ္ထားတဲ့ အခ်ိန္မွာျပန္ဝင္လာတဲ့သူေတြကုိလည္း ဒီအခ်ိန္မွာဝင္ရင္ေတာ့ အေရးယူခံရမယ္။ အေရးယူတာေတြလည္း ရွိတဲ့အတြက္ က်ေနာ္တို႔ဆီမွာ ျပန္ဝင္တာမရွိဘူးေနာ့္။”

ဒီကေန႔မွာပဲ ထုိင္းေရာက္ျမန္မာေရႊ႕ေျပာင္းလုပ္သား ၅၀၀ ဝန္းက်င္ ထုိင္း-ျမန္မာ အမွတ္ ၂ ဂိတ္ကေန ျပန္ဝင္လာၾကၿပီး သူတုိ႔ကိုသက္ဆုိင္ရာ Quarantine Center ေတြမွာ ၂၁ ရက္တာ အသြားအလာကန္႔သတ္ထားဖုိ႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ကပ္ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ႏုိင္ဖို႔ရည္ရြယ္ၿပီး စစ္ေတြၿမိဳ႕နယ္ျပည္သူေတြကုိ မိမိေနအိမ္မွာသာေနေစေရးအစီအစဥ္ စတင္ဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက မေန႔ညကပဲ ထုတ္ျပန္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ရေး မြန်မာ နယ်စပ်အဝင်အထွက် ပိုမိုတင်းကြပ်ထား

ရောဂါပိုးရှိသူနဲ့ ထိတွေ့မှု မရှိတဲ့အပြင် ပြည်ပခရီးသွားရာဇဝင်ပါ မရှိဘဲ ပြည်တွင်းကူးစက်ခံရသူ အတည်ပြုလူနာသစ်တွေ တိုးလာနေချိန်မှာ နယ်စပ်တွေက အဝင်အထွက်တွေကို တိုးမြှင့်စောင့်ကြပ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ပြပေးပါမယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ထုတ်ပြန်ချက်ထဲမှာ စစ်တွေမြို့မှာ အသွားအလာကန့်သတ်ထားသူတွေထဲက လူနာသစ် ၁၀ ဦး တိုးလာပါတယ်။ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ဒီလူနာသစ်တွေဟာ ဓာတ်ခွဲအတည်ပြုလူနာနဲ့ တိုက်ရိုက်ထိတွေ့ခဲ့တာမဟုတ်ပေမဲ့ တဆင့်ခံကူးစက်ခံရသူတွေ ဖြစ်နေတာပါ။

ရက်သတ္တပတ်အတွင်းမှာ တကျော့ပြန်ပြည်တွင်းကူးစက်ခံရသူ လူနာသစ် ၁၉ဦးအထိရှိနေတာကြောင့် ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ နယ်စပ်တွေမှာပါ စောင့်ကြည့်နေကြောင်း တမူးဂိတ်ဘက်ကို သွားရောက်စစ်ဆေးနေတဲ့အကြောင်း စစ်ကိုင်းတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။

“အခုလောလောဆယ်ပဲ ကျနော်ကားပေါ်မှာ နယ်စပ်ဂိတ်ကို သွားနေတာ။ ဂိတ်တွေအခြေအနေသွားကြည့်ရင်းနဲ့ နယ်စပ်ဝင်ပေါက်တွေပေါ့နော်။ တရားဝင်ပေါက်တွေကတော့ ပိတ်ထားတယ်။ အဲ့ ခိုးဝင်ပေါက်တွေကနေပြီးတော့မှ တကယ်ဝင်နေတာရှိ၊ မရှိ အဲဒါတွေကို ကျနော်တို့ သွားစစ်ဆေးရမှာပေါ့။”

ပြည်တွင်းကူးစက်မှု စတင်လာတဲ့အကြောင်းရင်းကို သေချာမသိရတဲ့အခြေအနေမှာ နယ်စပ်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ လူနာသစ်တွေလည်း ထပ်တိုးလာနေလို့ ဒီရောဂါထိန်းချုပ်ရေးအတွက် သေချာကြပ်မတ်သင့်တယ်လို့ ကိုဗစ်တိုက်ဖျက်ရေးမှာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေတဲ့ ဒေါက်တာနေမင်းထက်က တိုက်တွန်းပါတယ်။

“စစ်တွေ၊ မြဝတီ၊ မဲဆောက်တို့ အဲမှာကျတော့ ကျနော်တို့ကောလဟာလလို သတင်းကြားတာက အောက်ပိုင်းကနေပေါ့ Quarantine မစောင့်နိုင်ဘဲ ဝင်တဲ့သူရှိတယ်လို့ ကျနော်တို့ကြားရတယ်။ ပထမတချက်ကတော့ ပြည်ပက ပြန်လာတဲ့သူတွေကို သေချာစိစစ်ရမယ်ပေါ့နော်။ ဒီထက်ပိုပြီး တင်းကြပ်ရမယ်။ ခိုးဝင်တဲ့သူတွေ မရှိအောင်ပေါ့နော်။ ပြီးတော့ ဒီကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း စစ်တွေမှာရှိတဲ့ လူအများစုပြောတာက သူတို့တွေက Mask တောင် မတပ်ဘူးပြောတယ်။ ဒါတွေကိုလည်း တင်းတင်းကြပ်ကြပ်ထပ်လုပ်ရမယ်ပေါ့။ အဓိကတော့ အဲနှစ်ခုကို သေချာလုပ်ရမယ်။”

ပြည်တွင်ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာလည်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လေ့ရှိတတ်တဲ့ နေရာတွေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

“ကျနော့်နယ်စပ်က တရားဝင်ကုန်စည်စီးဆင်းမှုရော တခြားရော အကုန်ပိတ်ထားတယ်။ နယ်ခြားစောင့်ရဲကလည်း ရဲတာဝန်အလျောက်လုပ်နေတယ်။ ကျနော့်နယ်စပ်ကတော့ မဝင်တော့ဘူး။ ဟိုဘက်ကနေ တရားမဝင် အစိုးရလက်ခံရေးပိတ်ထားတဲ့ အချိန်မှာပြန်ဝင်လာတဲ့သူတွေကိုလည်း ဒီအချိန်မှာဝင်ရင်တော့ အရေးယူခံရမယ်။ အရေးယူတာတွေလည်း ရှိတဲ့အတွက် ကျနော်တို့ဆီမှာ ပြန်ဝင်တာမရှိဘူးနော့်။”

ဒီကနေ့မှာပဲ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သား ၅၀၀ ဝန်းကျင် ထိုင်း-မြန်မာ အမှတ် ၂ ဂိတ်ကနေ ပြန်ဝင်လာကြပြီး သူတို့ကိုသက်ဆိုင်ရာ Quarantine Center တွေမှာ ၂၁ ရက်တာ အသွားအလာကန့်သတ်ထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ကပ်ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ရည်ရွယ်ပြီး စစ်တွေမြို့နယ်ပြည်သူတွေကို မိမိနေအိမ်မှာသာနေစေရေးအစီအစဉ် စတင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ညကပဲ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG