သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြမွာ ကိုဗစ္ကူးစက္သူ ၁၀ ဦးထပ္ေတြ႔


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ COVID 19 ရွိ၊ မရွိ စစ္ေဆးေပးဖို႔ ျပင္ဆင္ေနၾကတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (ေမ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိ္င္ငံမွာ ဒီကေန႔ညေနပိုင္းက ဓာတ္ခြဲနမူနာ ၉၆၄ ခုကုိ စစ္ေဆးၿပီးစီးခဲ့တာမွာ ေနာက္ထပ္ ေရာဂါပိုး ကူးစက္သူ ၁၀ ဦး ထပ္ေတြ႔တာေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ စုစုေပါင္း ၄၁၉ ဦးရွိသြားၿပီျဖစ္ပါတယ္။

အခု ေရာဂါပိုး ကူးစက္သူ ၁၀ ဦးစလံုးဟာ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ေတာ္ကခ်ည္းပဲျဖစ္ၿပီး ေစာင့္ၾကည့္လူနာ ေျခာက္ ဦးနဲ႔ အသြားအလာ ကန္႔သတ္ထားသူ ေလးဦးတို႔ျဖစ္ပါတယ္။ အားလံုးဟာ ျပည္ပခရီးသြား ရာဇဝင္ မရွိသူေတြျဖစ္ၾကၿပီး ငါး ဦးက ကိုဗစ္ေရာဂါ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႔ထားတဲ့ မွတ္တမ္းပါ မရွိသူေတြျဖစ္ပါတယ္။

အဲဒီထဲက အသက္ ၁၀ ႏွစ္အရြယ္ ေယာက္်ားေလးနဲ႔ အသက္ ၆၉ ႏွစ္အရြယ္ အမ်ဳိးသမီးတဦးတို႔အပါအဝင္ ေလးဦးဟာ လူနာအမွတ္ ၃၉၅ နဲ႔ ထိေတြ႔မႈရွိထားသူေတြျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ အမ်ဳိးသားတဦးကေတာ့ လူနာအမွတ္ ၃၇၇ နဲ႔ ထိေတြ႔မႈ ရွိထားသူျဖစ္တဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီရက္ပိုင္းေတြအတြင္း ေရာဂါပိုးကူးစက္သူအမ်ားစုဟာ စစ္ေတြၿမိဳ႕ကခ်ည္းျဖစ္ၿပီး အခုဆုိရင္ စစ္ေတြမွာ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားသလို လူထုအေနနဲ႔ အတတ္ႏုိင္ဆံုး အိမ္ထဲမွာေနၾကဖို႔ တာဝန္ရွိသူေတြက ၫႊန္ၾကားထားပါတယ္။ ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့လကမွ ျပန္ဖြင့္ထားတဲ့ ေက်ာင္းေတြအားလံုးကိုလည္း ျပန္ပိတ္ထားလိုက္ရပါၿပီ။

ဒါဟာ ကိုဗစ္ေရာဂါကူးစက္မႈ ဒုတိယလိႈင္းအဆင့္ ေရာက္လာတဲ့ အေျခအေနရွိတာမို႔ တတိုင္းျပည္လံုးက လူထုအေနနဲ႔ ေရာဂါပုိး ပ်ံ႕ႏွံ႔ကူးစက္မႈ ကာကြယ္တားဆီးေရး ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို တင္းတင္းၾကပ္ၾကပ္ လိုက္နာလုပ္ေဆာင္ၾကဖို႔ တာဝန္ရွိသူေတြက ႏိႈးေဆာ္ထားပါတယ္။

[Unicode Version]

စစ်တွေမှာ ကိုဗစ်ကူးစက်သူ ၁၀ ဦးထပ်တွေ့

မြန်မာနိုင်ငံမှာ ဒီကနေ့ညနေပိုင်းက ဓာတ်ခွဲနမူနာ ၉၆၄ ခုကို စစ်ဆေးပြီးစီးခဲ့တာမှာ နောက်ထပ် ရောဂါပိုး ကူးစက်သူ ၁၀ ဦး ထပ်တွေ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၄၁၉ ဦးရှိသွားပြီဖြစ်ပါတယ်။

အခု ရောဂါပိုး ကူးစက်သူ ၁၀ ဦးစလုံးဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တော်ကချည်းပဲဖြစ်ပြီး စောင့်ကြည့်လူနာ ခြောက် ဦးနဲ့ အသွားအလာ ကန့်သတ်ထားသူ လေးဦးတို့ဖြစ်ပါတယ်။ အားလုံးဟာ ပြည်ပခရီးသွား ရာဇဝင် မရှိသူတွေဖြစ်ကြပြီး ငါး ဦးက ကိုဗစ်ရောဂါ အတည်ပြုလူနာတွေနဲ့ ထိတွေ့ထားတဲ့ မှတ်တမ်းပါ မရှိသူတွေဖြစ်ပါတယ်။

အဲဒီထဲက အသက် ၁၀ နှစ်အရွယ် ယောက်ျားလေးနဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသမီးတဦးတို့အပါအဝင် လေးဦးဟာ လူနာအမှတ် ၃၉၅ နဲ့ ထိတွေ့မှုရှိထားသူတွေဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အမျိုးသားတဦးကတော့ လူနာအမှတ် ၃၇၇ နဲ့ ထိတွေ့မှု ရှိထားသူဖြစ်တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ရောဂါပိုးကူးစက်သူအများစုဟာ စစ်တွေမြို့ကချည်းဖြစ်ပြီး အခုဆိုရင် စစ်တွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို လူထုအနေနဲ့ အတတ်နိုင်ဆုံး အိမ်ထဲမှာနေကြဖို့ တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့လကမှ ပြန်ဖွင့်ထားတဲ့ ကျောင်းတွေအားလုံးကိုလည်း ပြန်ပိတ်ထားလိုက်ရပါပြီ။

ဒါဟာ ကိုဗစ်ရောဂါကူးစက်မှု ဒုတိယလှိုင်းအဆင့် ရောက်လာတဲ့ အခြေအနေရှိတာမို့ တတိုင်းပြည်လုံးက လူထုအနေနဲ့ ရောဂါပိုး ပျံ့နှံ့ကူးစက်မှု ကာကွယ်တားဆီးရေး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကြပ်ကြပ် လိုက်နာလုပ်ဆောင်ကြဖို့ တာဝန်ရှိသူတွေက နှိုးဆော်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG