သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လုိအပ္ရင္ စစ္ေတြတၿမိဳ႕လုံးကို Lockdown လုပ္မည္ (က်န္းမာေရး၀န္ႀကီး) 


၂၀၂၀ ေမလတုန္းက ရန္ကုန္ရွိ quarantine စင္တာ (Photo by Ye Aung THU / AFP)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ.မွာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႔သူ ရုတ္တရက္တက္လာၿပီး၊ တစ္ႏိုင္ငံလံုးမွာလည္း (၄၀၀) ေက်ာ္အဆင့္ကို ေရာက္သြားပါၿပီ။

ရခိုင္နဲ႔ နယ္စပ္ထိေနတဲ့ ဘဂၤလားေဒ့ရွ္အပါအဝင္၊ အိႏိၵယမွာလည္း ဒီ ကူးစက္မူနဲ႔ ေသႏႈန္းေတြက တဟုန္ထိုးတက္ေနခ်ိန္မွာ အခုအေျခအေနက ဘယ္ေလာက္ထိ စိုးရိမ္ရၿပီး၊ ဘယ္လိုျပင္ဆင္မူေတြလုပ္ထားပါလဲ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ေဒါက္တာ ျမင့္ေထြးကို ကိုဝင္းမင္းက ေမးျမန္းထားပါတယ္။

ကိုဝင္းမင္း ။ ။ က်န္းမာေရး၀န္ႀကီး ေဒါက္တာ ျမင့္ေထြး ခင္ဗ်၊ က်ေနာ္တို႔အခု စစ္ေတြမွာ ရုတ္တရက္ ပိုးေတြ႔သူ မ်ားလာတဲ့အတြက္ တႏိုင္ငံလံုးမွာလည္း စိုးရိမ္ေနပါတယ္၊ ရခိုင္ျပည္နယ္ အျပင္ေပါ့ေနာ္ အဲဒီေတာ့ ဆရာ့အေနနဲ႔ေရာ ဒီကူးစက္မႈအေပၚမွာ ဘယ္ေလာက္ထိ စိုးရိမ္မႈေတြ ရွိေနသလဲဆရာ။

ေဒါက္တာ ျမင့္ေထြး။ ။ စိုးရိမ္ရတယ္ေလ၊ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ Genomic Sequencing (ဗိုင္းရပ္စ္ မ်ိဳးရိုးဗီဇအခ်က္အလက္ ရွာေဖြေဖာ္ထုတ္ျခင္း) လုပ္လိုက္တယ္ေလ၊ က်ေနာ္တို႔ အိႏိၵယက ၀င္လာတဲ့ပိုးရယ္ ေနာက္တရုတ္က ၀င္လာတဲ့ပိုးရယ္ Genomic Sequencing လုပ္လိုက္တဲ့အခါမွာ (၁၀) ခု လုပ္တဲ့အထဲမွာ (၆) ခုက D614 Gene (မ်ိဳးရိုးဗီဇ) မွာ၊ D614 က G ျဖစ္ (G614) ျဖစ္သြားတယ္။ ဆိုေတာ့ ဒီေကာင္ (G614) ျဖစ္လို႔ရွိရင္ ကမာၻမွာ သိတဲ့အတိုင္း infectivity (ကူးစက္ႏိုင္မူ) က ၁၀ ဆေလာက္အထိကို တက္သြားတယ္လို႔ ေျပာတဲ့အျပင္ Viral Load (ဗိုင္းရပ္စ္ပိုးအေရအတြက္) ကလည္း အရမ္းမ်ားလာႏိုင္တယ္ေလ။ ဘာေၾကာင့္လဲဆိုေတာ့ နည္းနည္းစိုးရိမ္တယ္ဆိုတာက ရခိုင္မွာက ခဏေလးအတြင္း ေတာ္ေတ္ာမ်ားသြားတယ္။

ကိုဝင္းမင္း ။ ။ ဟုတ္ကဲ့ အခုလို စိုးရိမ္စရာေကာင္းတဲ့အတြက္ အဲဒီအတြက္ ဘာေတြ လက္ရွိ ျပင္ဆင္ထားတာေတြ ရွိသလဲ။

ေဒါက္တာ ျမင့္ေထြး။ ။ အခု ရခိုင္ကို က်ေနာ္တို႔ စစ္ဖို႔ ေျပာထားတယ္။ ရခိုင္မွာ ရွိတဲ့ COVID- 19 ဗိုင္းရပ္စ္ရဲ့ Genome Sequencing ကို လုပ္ဖို ႔ေျပာထားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ခါတိုင္း ဒီဘက္ ရန္ကုန္မွာျဖစ္တဲ့ ဒီ အင္းစိန္တို႔ ျဖစ္တာေတြက သိပ္မမ်ားဘူး၊ ေႏွးတယ္ေပါ့ Infection (ပိုးဝင္မူ) ကေလ ၊ transmission (ပိုးကူးမူ) က ေႏွးတယ္။ ဆိုေတာ့ ရခိုင္က နည္းနည္းေလး ျမန္တယ္ဆိုေတာ့ က်ေနာ္တို႔ ေတာ္ေတာ္ သတိထားေနတယ္။ အဲ့ဒါေၾကာင့္၊ ကၽြန္ေတာ္တို႔ Stay Home ။

ကိုဝင္းမင္း ။ ။ အိမ္မွာပဲ အဓိက ေနေပးဖို႔ေပါ့ေနာ္ ဆရာ။

ေဒါက္တာ ျမင့္ေထြး။ ။ ဟုတ္၊ စစ္ေတြမွာက Stay Home လုပ္တယ္။ ေနာက္ၿပီးေတာ့ ေလယာဥ္ေတြကိုလည္း ရပ္လိုက္တယ္။ Relief flight (ကယ္ဆယ္ေထာက္ပံ့ေရးေလယာဥ္) ေတာ့ ရွိမွာေပါ့ေလ။ အေရးႀကီးတဲ့လူေတြက ျပန္လာရင္လည္း Quarantine လုပ္မယ္၊ လုပ္ၿပီးေတာ့ Throat Swab (လည္ေခ်ာင္းတို႔ဖတ္) ႏွစ္ခါယူၿပီးေတာ့၊ Negative (ပိုးမေတြ႔တာ) ျဖစ္မွ Quarantine Center (အသြားအလာကန္႔သတ္စခန္း) ကေန Release (ဆင္းခြင့္) ျပန္လုပ္မယ္။ ၿပီးေတာ့ ရခိုင္ဘက္ကိုလည္း မလိုတဲ့လူေတြကို မသြားခိုင္းဘူး။ ICRC (ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႔) တို႔ကေတာ့ က်ေနာ္တို႔ေပးမယ္ ဒါကေတာ့ Special Permission (အထူးခြင့္ျပဳခ်က္) နဲ႔ သြားခိုင္းမယ္ ။ သြားရင္လည္း သူက (၂) လေလာက္ ရခိုင္မွာ ေနၿပီးေတာ့မွ ျပန္လာ၊ ျပန္လာရင္လည္း က်ေနာ္တို႔ Throat Swab (လည္ေခ်ာင္းတို႔ဖတ္) ႏွစ္ခါယူၿပီးေတာ့မွ၊ Negative ျဖစ္မွ (ပိုးမေတြ႔မွ) သာလွ်င္၊ Release (ဆင္းခြင့္) လုပ္မွာေပါ့ေနာ္။ ကၽြန္ေတာ္တို႔က ဒါကို ေသခ်ာမကိုင္တြယ္လိုက္ရင္ Second Wave (ဒုတိယလိႈင္း) အႀကီးႀကီးျဖစ္လာမွာကို က်ေနာ္တို႔ စိုးရိမ္တယ္ေလ။ ေနာက္ၿပီးေတာ့ ရခိုင္ကထြက္တဲ့ ကုန္းလမ္းေရလမ္းအကုန္ ပိတ္တာေတာ့ မဟုတ္ဘူး၊ ကုန္းလမ္းမွာလည္း စစ္မယ္၊ Quarantine လုပ္ (အသြားအလာကန္႔သတ္) မယ္၊ အကုန္လံုးကို။ ရခိုင္မွာလည္း စစ္လို႔ရေအာင္ GeneXpert စက္တစ္လံုးရွိတာကေန ေနာက္တစ္လံုးထည့့္လိုက္တယ္ စက္ (၂) လံုးျဖစ္ၿပီ။ ေနာက္ၿပီး Microbiologist (အဏုဇီဝေဗဒပညာရွင္) ေတြကိုလည္း အဲဒီကို ပို႔လိုက္တယ္ေလ။ ေနာက္ဒီေန႔ပဲ ေမ့ေဆးဆရာ၀န္ (၃) ေယာက္ကိုပို႔လိုက္တယ္ သူတို႔က Volunteer (ေစတနာ့ဝန္ထမ္း) လုပ္တာ ၊ ကိုယ္တိုင္သြားမယ္တဲ့။ အကယ္၍ မေတာ္လို႔ Ventilator (အသက္ရူစက္) သံုးဖို႔လိုတယ္ဆိုရင္လည္း Ventilator သံုးလို႔ရေအာင္ေပါ့ေနာ္။ အခု ေလာေလာဆယ္အေျခအေနမွာေတာ့ ဒီမွာ က်ေနာ္တို႔ တႏိုင္ငံလံုးမွာျဖစ္တာ (၄၀၀) ေက်ာ္ ျဖစ္တဲ့အထဲမွာ Ventilator သံုးရတာ အားလံုး (၅) ေယာက္ပဲ ရွိေသးတယ္၊ မတ္လ 23rd (၂၃) ကေန စၿပီးေတာ့။ ဒါ့အျပင္ ICU (အထူးၾကပ္မတ္ကုသေဆာင္) ထဲမွာ ၀င္တာ စုစုေပါင္းေပါ့ေလ ၂၃ မတ္ကေန ဒီအခ်ိန္အထိက အေယာက္ (၂၀) ပဲ ရွိေသးတယ္။ အခုေလာေလာဆည္ ICU ထဲမွာ တင္တဲ့လူလည္း တစ္ေယာက္မွ မရွိေသးဘူး။ Ventilator တင္တာလည္း တစ္ေယာက္မွ မရွိေသးဘူး။ ဆိုေတာ့ ဒီလိုေကာင္းတဲ့အေျခအေနမွာေတာ့ ေလွ်ာ့တြက္လို႔ေတာ့ မရဘူးေလ။

ကိုဝင္းမင္း ။ ။ ဟုတ္ကဲ့ အဲဒီေတာ့ တစ္ရက္အတြင္းမွာ ဘယ္ေလာက္ေလာက္ စစ္ႏိုင္မယ္ မွန္းထားသလဲဆရာ။

ေဒါက္တာ ျမင့္ေထြး။ ။ အဲဒါကေတာ့ သိပ္အမ်ားႀကီး စစ္လို႔မရဘူး ၂၀၊ ၃၀၊ ၄၀ အဲေလာက္ပဲ စစ္လို႔ရမယ္။ အဲဒီေတာ့ အမ်ားႀကီးစစ္တာကေတာ့ က်ေနာ္တို႔ ပူစရာမလိုဘူး။ ေလယာဥ္နဲ႔ NHL (အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲခန္း) တို႔လိုကို ပို႔စစ္လွ်င္ (၁၀၀) လည္း စစ္ႏိုင္တယ္ (၅၀၀) လည္း စစ္လို႔ရတယ္။ (၂၀၀၀) အထိေတာ့ က်ေနာ္တို႔ စစ္လို႔ရတယ္ ။ မၾကာခင္ တစ္ပတ္ေလာက္အတြင္းကို (၁၀) ရက္ေလာက္အတြင္းမွာကို ေတာင္ႀကီးမွာ စၿပီး စစ္ဖို႔လုပ္ေတာ့မယ္ေလ။

ကိုဝင္းမင္း ။ ။ အခုျပင္းျပင္းထန္ထန္ ျဖစ္မလာေအာင္ စိုးရိမ္ရေသာ္လည္း ဆရာတို႔အခု လုပ္ေနတဲ့ ကာကြယ္ထိန္းခ်ဳပ္မႈ အစီအစဥ္ေတြအေပၚ ဆရာတို႔ ဘယ္ေလာက္အထိ စိတ္ခ် ယံုၾကည္မႈ ရွိထားသလဲ။

ေဒါက္တာ ျမင့္ေထြး။ ။ က်ေနာ္တို႔ကေတာ့ စိတ္ခ် ယံုၾကည္တယ္။ ဘာလို႔လဲဆိုေတာ့ ရခိုင္ျပည္နယ္မွာ ရွိတဲ့ ျပည္နယ္ဦးစီးမွဴး ေတြ ၀န္ထမ္းေတြအျပင္ က်ေနာ္တို႔က Central (ဗဟို) ကေနၿပီးေတာ့ Rapid Response Team (အေရးေပၚတံု႔ျပန္မူအဖြဲ႔) ဆိုၿပီးေတာ့ Expert (ကၽြမ္းက်င္သူ) (၃) ေယာက္လည္း လႊတ္ထားပါတယ္။ ေနာက္ၿပီးေတာ့ ရခိုင္ျပည္နယ္နဲ႔ က်ေနာ္တို႔က အခ်ိန္နဲ႔ တေျပးညီ တယ္လီဖုန္းနဲ႔ အင္တာနက္ဗိုင္ဘာ (Viber) နဲ႔ တခ်ိန္လံုး ျပည္နယ္ဦးစီးမွဴးနဲ႔လည္း အဆက္အသြယ္ရွိပါတယ္။ ကၽြန္ေတာ္တုိ႔ လႊတ္ထားတဲ့ ေဒါက္တာ ဥာဏ္၀င္းျမင့္က U.S train (အေမရိကန္မွာ သင္တန္းတက္ထားတာ) ပါ၊ CDC (အေမရိကန္ ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန) မွာ train (သင္တန္းတက္တာ) လုပ္ထားတာ၊ မၾကာေသးဘူး ျပန္လာတာ။ သူနဲ႔ဆိုရင္ တစ္ရက္ကို (၂) ခါ သူက က်ေနာ့္ကို Report (အစီရင္ခံတာ) လုပ္ရပါတယ္။ ကၽြန္ေတာ္ဆိုလိုတာက လံုး၀ကို အခ်ိန္နဲ႔ တေျပးညီ Real Time Situation ကို က်ေနာ္ဗဟိုကေနၿပီးေတာ့ ညႊန္ၾကားခ်က္ေတြ ထုတ္တယ္၊ Modify (ပိုေကာင္းေအာင္အေျပာင္းအလဲ) လုပ္သင့္ရင္လုပ္မယ္။

ကိုဝင္းမင္း ။ ။ ဟုတ္ကဲ့ဆရာေရ က်ေနာ္တို႔ အေကာင္းဆံုးျပင္ဆင္ထားေသာ္လည္း အဆိုးဆံုး ပိုဆိုးလာႏိုင္ရင္ ဝူဟန္ (Wuhan) မွာလို အျပည့္အ၀ Lock down (ကန္႔သတ္ပိတ္ဆို႔တာ) လုပ္ဖို႔ကိုေရာ။

ေဒါက္တာ ျမင့္ေထြး။ ။ အခု Stay Home (အိမ္မွာအဓိကေနတာ) နဲ႔ ႏိုင္ရင္ႏိုင္၊ မရရင္ က်ေနာ္တို႔ လုပ္ရမယ္၊ Second Stage (ဒုတိယအဆင္)့ ေပါ့ေနာ္ ။ ဒါေပမယ့္ ဒီအခ်ိန္မွာ က်ေနာ္တို႔ မေလွ်ာ့ဘူးခင္ဗ်။ နည္းနည္းေတာ္ေတာ္ကို ၾကမ္းၾကမ္းေပါ့ေလ၊ Aggressively က်ေနာ္တို႔လုပ္ပါတယ္။

ကိုဝင္းမင္း ။ ။ ဟုတ္ကဲ့ဆရာ ျပည္သူေတြကိုေရာ ဘာမွာခ်င္ေသးသလဲ။

ေဒါက္တာ ျမင့္ေထြး။ ။ အဓိကေတာ့ ဒါပဲ၊ ဒီေရာဂါမွာ The Best Approach is ဒီ Social Distancing ပဲ။

ကိုဝင္းမင္း ။ ။ ဟုတ္ကဲ့ ခပ္ခြာခြာေနတဲ့နည္းက အေကာငး္ဆံုးကာကြယ္နည္းပဲေပါ့ေနာ္ ဆရာ။

ေဒါက္တာ ျမင့္ေထြး။ ။ ဒါက The Best Approach ပဲ ။ ေနာက္ Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) တပ္ရမယ္၊ ေဆးရံုကဆရာ၀န္ေတြက Mask အျပင္ Face shield (မ်က္ႏွာကာ) ပါ တပ္ရမယ္၊ ေနာက္ လက္ေဆးတာ။ ဒါေတြပဲ သိပ္ေထြေထြထူးထူးမဟုတ္ပါဘူး။ ဒီေရာဂါ ကို ျပည္သူက လုပ္ခ်င္တယ္ဆိုရင္ အကုန္ၿပီးတယ္ဗ်ာ၊ Social Distancing လုပ္လွ်င္၊ ကိုယ့္အိမ္ထဲမွာ ကိုယ္ေနလွ်င္ ဒါက ဘာမွမျဖစ္ဘူး၊ လံုး၀မျဖစ္ႏိုင္ဘူး။

ကိုဝင္းမင္း ။ ။ ဟုတ္ကဲ့ အားလံုးအဆင္ေျပေအာင္ျမင္ပါေစဆရာ ေက်းဇူးအထူးတင္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ေဒါက္တာ ျမင့္ေထြးကို ကိုဝင္းမင္းက ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


................

(Unicode)

ရခိုင်ပြည်နယ် စစ်တွေမြို.မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ရုတ်တရက်တက်လာပြီး၊ တစ်နိုင်ငံလုံးမှာလည်း (၄၀၀) ကျော်အဆင့်ကို ရောက်သွားပါပြီ။

ရခိုင်နဲ့ နယ်စပ်ထိနေတဲ့ ဘင်္ဂလားဒေ့ရှ်အပါအဝင်၊ အိန္ဒိယမှာလည်း ဒီ ကူးစက်မူနဲ့ သေနှုန်းတွေက တဟုန်ထိုးတက်နေချိန်မှာ အခုအခြေအနေက ဘယ်လောက်ထိ စိုးရိမ်ရပြီး၊ ဘယ်လိုပြင်ဆင်မူတွေလုပ်ထားပါလဲ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

ကိုဝင်းမင်း ။ ။ ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေး ခင်ဗျ၊ ကျနော်တို့အခု စစ်တွေမှာ ရုတ်တရက် ပိုးတွေ့သူ များလာတဲ့အတွက် တနိုင်ငံလုံးမှာလည်း စိုးရိမ်နေပါတယ်၊ ရခိုင်ပြည်နယ် အပြင်ပေါ့နော် အဲဒီတော့ ဆရာ့အနေနဲ့ရော ဒီကူးစက်မှုအပေါ်မှာ ဘယ်လောက်ထိ စိုးရိမ်မှုတွေ ရှိနေသလဲဆရာ။

ဒေါက်တာ မြင့်ထွေး။ ။ စိုးရိမ်ရတယ်လေ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ Genomic Sequencing (ဗိုင်းရပ်စ် မျိုးရိုးဗီဇအချက်အလက် ရှာဖွေဖော်ထုတ်ခြင်း) လုပ်လိုက်တယ်လေ၊ ကျနော်တို့ အိန္ဒိယက ဝင်လာတဲ့ပိုးရယ် နောက်တရုတ်က ဝင်လာတဲ့ပိုးရယ် Genomic Sequencing လုပ်လိုက်တဲ့အခါမှာ (၁၀) ခု လုပ်တဲ့အထဲမှာ (၆) ခုက D614 Gene (မျိုးရိုးဗီဇ) မှာ၊ D614 က G ဖြစ် (G614) ဖြစ်သွားတယ်။ ဆိုတော့ ဒီကောင် (G614) ဖြစ်လို့ရှိရင် ကမ္ဘာမှာ သိတဲ့အတိုင်း infectivity (ကူးစက်နိုင်မူ) က ၁၀ ဆလောက်အထိကို တက်သွားတယ်လို့ ပြောတဲ့အပြင် Viral Load (ဗိုင်းရပ်စ်ပိုးအရေအတွက်) ကလည်း အရမ်းများလာနိုင်တယ်လေ။ ဘာကြောင့်လဲဆိုတော့ နည်းနည်းစိုးရိမ်တယ်ဆိုတာက ရခိုင်မှာက ခဏလေးအတွင်း တော်တေ်ာများသွားတယ်။

ကိုဝင်းမင်း ။ ။ ဟုတ်ကဲ့ အခုလို စိုးရိမ်စရာကောင်းတဲ့အတွက် အဲဒီအတွက် ဘာတွေ လက်ရှိ ပြင်ဆင်ထားတာတွေ ရှိသလဲ။

ဒေါက်တာ မြင့်ထွေး။ ။ အခု ရခိုင်ကို ကျနော်တို့ စစ်ဖို့ ပြောထားတယ်။ ရခိုင်မှာ ရှိတဲ့ COVID- 19 ဗိုင်းရပ်စ်ရဲ့ Genome Sequencing ကို လုပ်ဖို့ပြောထားတယ်။ ဘာကြောင့်လဲဆိုတော့ ခါတိုင်း ဒီဘက် ရန်ကုန်မှာဖြစ်တဲ့ ဒီ အင်းစိန်တို့ ဖြစ်တာတွေက သိပ်မများဘူး၊ နှေးတယ်ပေါ့ Infection (ပိုးဝင်မူ) ကလေ ၊ transmission (ပိုးကူးမူ) က နှေးတယ်။ ဆိုတော့ ရခိုင်က နည်းနည်းလေး မြန်တယ်ဆိုတော့ ကျနော်တို့ တော်တော် သတိထားနေတယ်။ အဲ့ဒါကြောင့်၊ ကျွန်တော်တို့ Stay Home ။

ကိုဝင်းမင်း ။ ။ အိမ်မှာပဲ အဓိက နေပေးဖို့ပေါ့နော် ဆရာ။

ဒေါက်တာ မြင့်ထွေး။ ။ ဟုတ်၊ စစ်တွေမှာက Stay Home လုပ်တယ်။ နောက်ပြီးတော့ လေယာဉ်တွေကိုလည်း ရပ်လိုက်တယ်။ Relief flight (ကယ်ဆယ်ထောက်ပံ့ရေးလေယာဉ်) တော့ ရှိမှာပေါ့လေ။ အရေးကြီးတဲ့လူတွေက ပြန်လာရင်လည်း Quarantine လုပ်မယ်၊ လုပ်ပြီးတော့ Throat Swab (လည်ချောင်းတို့ဖတ်) နှစ်ခါယူပြီးတော့၊ Negative (ပိုးမတွေ့တာ) ဖြစ်မှ Quarantine Center (အသွားအလာကန့်သတ်စခန်း) ကနေ Release (ဆင်းခွင့်) ပြန်လုပ်မယ်။ ပြီးတော့ ရခိုင်ဘက်ကိုလည်း မလိုတဲ့လူတွေကို မသွားခိုင်းဘူး။ ICRC (နိုင်ငံတကာကြက်ခြေနီအဖွဲ့) တို့ကတော့ ကျနော်တို့ပေးမယ် ဒါကတော့ Special Permission (အထူးခွင့်ပြုချက်) နဲ့ သွားခိုင်းမယ် ။ သွားရင်လည်း သူက (၂) လလောက် ရခိုင်မှာ နေပြီးတော့မှ ပြန်လာ၊ ပြန်လာရင်လည်း ကျနော်တို့ Throat Swab (လည်ချောင်းတို့ဖတ်) နှစ်ခါယူပြီးတော့မှ၊ Negative ဖြစ်မှ (ပိုးမတွေ့မှ) သာလျှင်၊ Release (ဆင်းခွင့်) လုပ်မှာပေါ့နော်။ ကျွန်တော်တို့က ဒါကို သေချာမကိုင်တွယ်လိုက်ရင် Second Wave (ဒုတိယလှိုင်း) အကြီးကြီးဖြစ်လာမှာကို ကျနော်တို့ စိုးရိမ်တယ်လေ။ နောက်ပြီးတော့ ရခိုင်ကထွက်တဲ့ ကုန်းလမ်းရေလမ်းအကုန် ပိတ်တာတော့ မဟုတ်ဘူး၊ ကုန်းလမ်းမှာလည်း စစ်မယ်၊ Quarantine လုပ် (အသွားအလာကန့်သတ်) မယ်၊ အကုန်လုံးကို။ ရခိုင်မှာလည်း စစ်လို့ရအောင် GeneXpert စက်တစ်လုံးရှိတာကနေ နောက်တစ်လုံးထည့်လိုက်တယ် စက် (၂) လုံးဖြစ်ပြီ။ နောက်ပြီး Microbiologist (အဏုဇီဝဗေဒပညာရှင်) တွေကိုလည်း အဲဒီကို ပို့လိုက်တယ်လေ။ နောက်ဒီနေ့ပဲ မေ့ဆေးဆရာဝန် (၃) ယောက်ကိုပို့လိုက်တယ် သူတို့က Volunteer (စေတနာ့ဝန်ထမ်း) လုပ်တာ ၊ ကိုယ်တိုင်သွားမယ်တဲ့။ အကယ်၍ မတော်လို့ Ventilator (အသက်ရူစက်) သုံးဖို့လိုတယ်ဆိုရင်လည်း Ventilator သုံးလို့ရအောင်ပေါ့နော်။ အခု လောလောဆယ်အခြေအနေမှာတော့ ဒီမှာ ကျနော်တို့ တနိုင်ငံလုံးမှာဖြစ်တာ (၄၀၀) ကျော် ဖြစ်တဲ့အထဲမှာ Ventilator သုံးရတာ အားလုံး (၅) ယောက်ပဲ ရှိသေးတယ်၊ မတ်လ 23rd (၂၃) ကနေ စပြီးတော့။ ဒါ့အပြင် ICU (အထူးကြပ်မတ်ကုသဆောင်) ထဲမှာ ဝင်တာ စုစုပေါင်းပေါ့လေ ၂၃ မတ်ကနေ ဒီအချိန်အထိက အယောက် (၂၀) ပဲ ရှိသေးတယ်။ အခုလောလောဆည် ICU ထဲမှာ တင်တဲ့လူလည်း တစ်ယောက်မှ မရှိသေးဘူး။ Ventilator တင်တာလည်း တစ်ယောက်မှ မရှိသေးဘူး။ ဆိုတော့ ဒီလိုကောင်းတဲ့အခြေအနေမှာတော့ လျှော့တွက်လို့တော့ မရဘူးလေ။

ကိုဝင်းမင်း ။ ။ ဟုတ်ကဲ့ အဲဒီတော့ တစ်ရက်အတွင်းမှာ ဘယ်လောက်လောက် စစ်နိုင်မယ် မှန်းထားသလဲဆရာ။

ဒေါက်တာ မြင့်ထွေး။ ။ အဲဒါကတော့ သိပ်အများကြီး စစ်လို့မရဘူး ၂၀၊ ၃၀၊ ၄၀ အဲလောက်ပဲ စစ်လို့ရမယ်။ အဲဒီတော့ အများကြီးစစ်တာကတော့ ကျနော်တို့ ပူစရာမလိုဘူး။ လေယာဉ်နဲ့ NHL (အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း) တို့လိုကို ပို့စစ်လျှင် (၁၀၀) လည်း စစ်နိုင်တယ် (၅၀၀) လည်း စစ်လို့ရတယ်။ (၂၀၀၀) အထိတော့ ကျနော်တို့ စစ်လို့ရတယ် ။ မကြာခင် တစ်ပတ်လောက်အတွင်းကို (၁၀) ရက်လောက်အတွင်းမှာကို တောင်ကြီးမှာ စပြီး စစ်ဖို့လုပ်တော့မယ်လေ။

ကိုဝင်းမင်း ။ ။ အခုပြင်းပြင်းထန်ထန် ဖြစ်မလာအောင် စိုးရိမ်ရသော်လည်း ဆရာတို့အခု လုပ်နေတဲ့ ကာကွယ်ထိန်းချုပ်မှု အစီအစဉ်တွေအပေါ် ဆရာတို့ ဘယ်လောက်အထိ စိတ်ချ ယုံကြည်မှု ရှိထားသလဲ။

ဒေါက်တာ မြင့်ထွေး။ ။ ကျနော်တို့ကတော့ စိတ်ချ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ပြည်နယ်ဦးစီးမှူး တွေ ဝန်ထမ်းတွေအပြင် ကျနော်တို့က Central (ဗဟို) ကနေပြီးတော့ Rapid Response Team (အရေးပေါ်တုံ့ပြန်မူအဖွဲ့) ဆိုပြီးတော့ Expert (ကျွမ်းကျင်သူ) (၃) ယောက်လည်း လွှတ်ထားပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်နဲ့ ကျနော်တို့က အချိန်နဲ့ တပြေးညီ တယ်လီဖုန်းနဲ့ အင်တာနက်ဗိုင်ဘာ (Viber) နဲ့ တချိန်လုံး ပြည်နယ်ဦးစီးမှူးနဲ့လည်း အဆက်အသွယ်ရှိပါတယ်။ ကျွန်တော်တို့ လွှတ်ထားတဲ့ ဒေါက်တာ ဉာဏ်ဝင်းမြင့်က U.S train (အမေရိကန်မှာ သင်တန်းတက်ထားတာ) ပါ၊ CDC (အမေရိကန် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန) မှာ train (သင်တန်းတက်တာ) လုပ်ထားတာ၊ မကြာသေးဘူး ပြန်လာတာ။ သူနဲ့ဆိုရင် တစ်ရက်ကို (၂) ခါ သူက ကျနော့်ကို Report (အစီရင်ခံတာ) လုပ်ရပါတယ်။ ကျွန်တော်ဆိုလိုတာက လုံးဝကို အချိန်နဲ့ တပြေးညီ Real Time Situation ကို ကျနော်ဗဟိုကနေပြီးတော့ ညွှန်ကြားချက်တွေ ထုတ်တယ်၊ Modify (ပိုကောင်းအောင်အပြောင်းအလဲ) လုပ်သင့်ရင်လုပ်မယ်။

ကိုဝင်းမင်း ။ ။ ဟုတ်ကဲ့ဆရာရေ ကျနော်တို့ အကောင်းဆုံးပြင်ဆင်ထားသော်လည်း အဆိုးဆုံး ပိုဆိုးလာနိုင်ရင် ဝူဟန် (Wuhan) မှာလို အပြည့်အဝ Lock down (ကန့်သတ်ပိတ်ဆို့တာ) လုပ်ဖို့ကိုရော။

ဒေါက်တာ မြင့်ထွေး။ ။ အခု Stay Home (အိမ်မှာအဓိကနေတာ) နဲ့ နိုင်ရင်နိုင်၊ မရရင် ကျနော်တို့ လုပ်ရမယ်၊ Second Stage (ဒုတိယအဆင်)့ ပေါ့နော် ။ ဒါပေမယ့် ဒီအချိန်မှာ ကျနော်တို့ မလျှော့ဘူးခင်ဗျ။ နည်းနည်းတော်တော်ကို ကြမ်းကြမ်းပေါ့လေ၊ Aggressively ကျနော်တို့လုပ်ပါတယ်။

ကိုဝင်းမင်း ။ ။ ဟုတ်ကဲ့ဆရာ ပြည်သူတွေကိုရော ဘာမှာချင်သေးသလဲ။

ဒေါက်တာ မြင့်ထွေး။ ။ အဓိကတော့ ဒါပဲ၊ ဒီရောဂါမှာ The Best Approach is ဒီ Social Distancing ပဲ။

ကိုဝင်းမင်း ။ ။ ဟုတ်ကဲ့ ခပ်ခွာခွာနေတဲ့နည်းက အကောင်းဆုံးကာကွယ်နည်းပဲပေါ့နော် ဆရာ။

ဒေါက်တာ မြင့်ထွေး။ ။ ဒါက The Best Approach ပဲ ။ နောက် Mask (ပါးစပ်နဲ့နှာခေါင်းစည်း) တပ်ရမယ်၊ ဆေးရုံကဆရာဝန်တွေက Mask အပြင် Face shield (မျက်နှာကာ) ပါ တပ်ရမယ်၊ နောက် လက်ဆေးတာ။ ဒါတွေပဲ သိပ်ထွေထွေထူးထူးမဟုတ်ပါဘူး။ ဒီရောဂါ ကို ပြည်သူက လုပ်ချင်တယ်ဆိုရင် အကုန်ပြီးတယ်ဗျာ၊ Social Distancing လုပ်လျှင်၊ ကိုယ့်အိမ်ထဲမှာ ကိုယ်နေလျှင် ဒါက ဘာမှမဖြစ်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး။

ကိုဝင်းမင်း ။ ။ ဟုတ်ကဲ့ အားလုံးအဆင်ပြေအောင်မြင်ပါစေဆရာ ကျေးဇူးအထူးတင်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးကို ကိုဝင်းမင်းက မေးမြန်းခဲ့တာပါ။

XS
SM
MD
LG