[Zawgyi/Unicode]
စစ္ေတြၿမိဳ႕မွာ ျပည္ပျပန္မဟုတ္တဲ့ ျပည္တြင္းကူး ကိုဗစ္ပိုးေတြ႔သူအသစ္ ေျခာက္ ဦးထပ္ေတြ႔တာေၾကာင့္ အရင္တနဂၤေႏြကေနစၿပီး မေန႔တနဂၤေႏြထိ ၿပီးခဲ့တဲ့တစ္ပတ္ထဲ ရခိုင္ျပည္နယ္မွာ ပိုးေတြ႔သူေပါင္း ၆၀ နီးပါးအထိ တက္သြားပါတယ္။
ဒါေၾကာင့္ ျမန္မာတစ္ႏိုင္ငံလံုးမွာလည္း မေန႔ ၾသဂုတ္လ ၂၃ ရက္၊ တနဂၤေႏြည ၈ နာရီအထိ အရင္ စုစုေပါင္းပိုးေတြ႔သူ ၃၀၀ အထက္ကေန၊ အခု ၄၅၀ အထိထိုးတက္သြားခ်ိန္မွာ ရခိုင္အဓိကပါတီတစ္ခုက အစိုးရေပါ့ေလ်ာ့တာေၾကာင့္လို႔ ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။
ဒါေပမဲ့ အစိုးရဘက္ကေတာ့ အတတ္ႏိုင္ဆံုးလုပ္ေပးေနၿပီး တခ်ိဳ႕လူေတြစည္းကမ္းေပါ့ေလ်ာ့တာကသာ အဓိက အေၾကာင္းရင္းျဖစ္တယ္လို႔၊ ရခိုင္ျပည္နယ္ဝန္ႀကီးက ျပန္ေျပာလိုက္တာကို ကိုဝင္းမင္းက ေျပာျပမွာပါ။
ျမန္မာႏိုင္ငံမွာ ေဆးစစ္ႏိုင္မႈအရ ဧၿပီလကစၿပီး အရင္ပိုးေတြ႔သူသစ္ ရက္ျခားရက္ျခားနဲ႔ အမ်ားစုသတင္းပတ္ေတြမွာ တျဖည္းျဖည္းက်ဆင္းလာခဲ့ရာကေန ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၆ ရက္အစ အခု သတင္းပတ္ထဲမွာေတာ့ ဆက္တိုက္ထိုးတက္သြားပါၿပီ။
တစ္ႏိုင္ငံလံုးမွာ ျပန္ေကာင္းလာသူကလည္း ၇၅ ရာခိုင္ႏႈန္း ေက်ာ္ၿပီး ၃၄၀ ေက်ာ္အထိရွိလာကာ၊ စုစုေပါင္းေသဆံုးသူလည္း ေျခာက္ ဦးမွာသာ လေတြနဲ႔ခ်ီတန္႔လာခဲ့ၿပီး ရခိုင္ျပည္နယ္မွာဆို ေသဆံုးသူ မရွိေသးကာ၊ အေရးေပၚအေျခအေနေရာက္သူလည္း မေတြ႔ေသးပါဘူး။
ဒါေပမဲ့လည္း ရခုိင္မွာ ပိုးေတြ႔သူ ရုတ္တရက္ ဆတိုးတိုးတိုး ၅၉ ဦးအထိအခုရွိလာခ်ိန္က၊ အျခားျပင္းျပင္းထန္ထန္ျဖစ္ေနတဲ့ ႏိုင္ငံေတြမွာ ေတြ႔ထားတဲ့ ကူူးစက္မႈျမန္တဲ့ပိုးအမ်ိဳးအစား စေတြ႔လာခ်ိန္နဲ႔ တိုက္ဆိုင္ေနတာမို႔ ရခိုင္ျပည္သူေတြအျပင္ ျမန္မာတစ္ႏိုင္ငံလံုးမွာလည္း စိုးရိမ္မူေတြ အႀကီးအက်ယ္ျမင့္တာလာေနပါတယ္။
ခုလိုအခ်ိန္မွာ ဒီရခိုင္ျပည္နယ္ထဲ မယံုၾကည္ႏိုင္ေလာက္ေအာင္ ျမန္ႏႈန္းနဲ႔ ကိုဗစ္ကူးစက္ေနတာက အလြန္အႏၱရာယ္ႀကီးေနၿပီး ကူးစက္မႈဇစ္ျမစ္ကို မရွာႏိုင္တာက အစိုးရရဲ႕ စီမံခန္႔ခြဲမူ ေႏွာင့္ေႏွးအားနည္းတာေၾကာင့္လို႔ ရခိုင္အမ်ိဳးသားပါတီ ANP က ျပင္းျပင္းထန္ထန္ေဝဖန္လိုက္ပါတယ္။
ရခိုင္အမ်ိဳးသားပါတီရဲ့ မူဝါဒေရးရာဦးေဆာင္ေကာ္မတီအဖြဲ႔ဝင္ ဦးထြန္းေအာင္ေက်ာ္က ရခိုင္နဲ႔ကပ္ေနတဲ့ ဘဂၤလားေဒ့ရွ္မွာ ျပင္းျပင္းထန္ထန္ျဖစ္ေနခ်ိန္မွာ နယ္စပ္ထိန္းခ်ဳပ္တာ ေပါ့ေလ်ာ့ခဲ့တယ္လို႔ အစိုးရကို ျပစ္တင္လိုက္ပါတယ္။
"စစ္ေတြက ဒီဘဂၤလားေဒ့ရွ္နဲ႔ အင္မတန္ နီးစပ္တယ္။ နယ္စပ္ကို ကုန္သြယ္ေရးသြားတာလည္းရွိတယ္။ အကူးအသန္းရွိေနတဲ့အခ်ိန္မွာ ဒီေလာက္ ဘဂၤလားေဒ့ရွ္မွာ ျဖစ္ေနတဲ့ ေရာဂါပိုးေတြ စစ္ေဆးလား၊ မစစ္ေဆးလားလည္း က်ေနာ္တို႔မသိဘူး။ ဒီမွာ အခု စစ္ေတြမွာ ျဖစ္လာတဲ့ ကိစၥမွာ ဘယ္လိုမွ ဇစ္ျမစ္ကို ရွာလို႔မရဘူး။"
ဒါေပမဲ့ ရခိုင္ျပည္နယ္ ကိုဗစ္ 19 ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚ တံု႔ျပန္ေရးေကာ္မတီဖြဲ႔ဝင္၊ ျပည္နယ္က်န္းမာေရးကို ဦးေဆာင္ကိုင္တြယ္ရတဲ့ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာခ်မ္းသာကေတာ့ နယ္စပ္ေတြမွာ အရင္ခိုးကူးတာရွိခဲ့ေပမဲ့ အခုထိေရာက္ေအာင္ထိန္းထားႏိုင္တယ္၊ လူတခ်ိဳ႕ ကာကြယ္ေရးစည္းကမ္းေပါ့ေလ်ာ့တာေၾကာင့္ အဓိကပါလို႔ ျပန္ေျပာလိုက္ပါတယ္။
"အရင္တုန္းကေတာ့ ခိုးကူးတာေလးေတြ နည္းနည္းရွိတယ္။ အခုဆိုရင္က်ေနာ္တို႔က ခိုးကူးလာတဲ့ လူေတြကိုလည္း ကိုဗစ္ ဥပေဒနဲ႔ အေရးယူမယ္ဆိုတာမ်ိဳးေတြ ထုတ္ျပန္ထားေတာ့ အခုကေတာ့ နယ္စပ္မွာ ျဖတ္ေက်ာ္၀င္ေရာက္လာတာမ်ိဳး မရွိသေလာက္ပါပဲ။ ဘာလို႔လည္းဆိုေတာ့ ဘူးသီးေတာင္၊ ေမာင္ေတာဘက္က case က ေနာက္ထပ္တက္မလာပါဘူး။ ဒီက်န္းမာေရး၀န္ႀကီးဌာနရဲ႕ ညႊန္ၾကားခ်က္ေတြကို ေသခ်ာလိုက္နာရင္ မျဖစ္ႏိုင္ဘူးဗ်။ ဥပမာ လူေတြက mask တပ္မယ္၊ Stay at Home အိမ္မွာေနမယ္၊ Social Distancing လုပ္မယ္ဆိုရင္ ဒီဟာေတြဟာ ျဖစ္စရာအေၾကာင္း ဒီေလာက္ မရွိဘူးဗ်။ သေဘာက က်ေနာ္တို႔ဘက္က ေပါ့တဲ့ အပိုင္းေလးေတြလည္းပါတယ္၊ ျပည္သူေတြဘက္ကလည္း သိပ္မဆိုးရိမ္တဲ့ အခါက်ေတာ့ အဲလို mask မတပ္ဘဲသြားတာေလးေတြ၊ ေစ်းမွာ လူအမ်ားႀကီး လုပ္တာေတြ၊ တကယ္ျဖစ္လာၾကမွသာ ခုဏလို စိုးရိမ္ၿပီး ျဖစ္တာမ်ိဳးေတြ၊ ကာကြယ္တာေတြ ရွိပါတယ္ဗ်။ အခုကေတာ့ ေတာ္ေတာ္ေလးကို ဆင္ဆင္ျခင္ျခင္နဲ႔ ေတာ္ေတာ္ေနၾကပါတယ္ခင္ဗ်။"
ဦထြန္းေအာင္ေက်ာ္ကပဲ ေနာက္ထပ္ အဓိက စိုးရိမ္ေနတာက စစ္ေတြၿမိဳ႕ေပၚက စစ္ေဘးေရွာင္စခန္းေတြမွာ ကူးစက္လာမွာကိုပါလို႔ ခုလိုဆိုပါတယ္။
"စစ္ေဘးေရွာင္စခန္းေတြကို ေရာက္ေနတဲ့ လူေတြက ေနရထိုင္ရတာ အကုန္လံုး ေရာေထြးၿပီးေတာ့ ေနရတယ္။ တခုခု ဒီ postive ျဖစ္လာၿပီဆိုတာနဲ႔ အမ်ားႀကီးကူးစက္ၿပီး အခက္အခဲေတြျဖစ္လာမယ္။ "
အဲ့ဒီေတာ့ ဒီစခန္းေတြမွာ အစိုးရအေနနဲ႔ အဓိက ဘာေတြလုပ္ေပးသင့္ပါလဲလို႔ ေမးရာမွာ ဦးထြန္းေအာင္ေက်ာ္က
"သူတို႔မွာ စားနပ္ရိကၡာလည္း ျပတ္လပ္ေနတယ္။ အဲ့ဒါေၾကာင့္ စားနပ္ရိကၡာကိုလည္း ဒါ... သက္ဆိုင္ရာအစိုးရကေန လံုေလာက္ေအာင္ ဥပမာ ဒီေရာဂါပိုးဟာ အာဟာရျပည့္၀ရင္၊ အားရွိရင္ ခံႏိုင္ရည္ရွိတယ္လို႔ေျပာတယ္။ အဲ့ဒါေၾကာင့္ စားနပ္ရိကၡာလံုလံုေလာက္ေလာက္ ထုတ္ေပးသင့္တယ္။"
ဒီအေပၚ ဝန္ႀကီး ေဒါက္တာ ခ်မ္းသာကလည္း တေန႔ေသာၾကာေန႔ကပဲ ျပည္ေထာင္စုအစိုးရက ေထာက္ပံ့ေငြပို႔ကူညီလာတာေၾကာင့္ သြားေပးဖို႔ျပင္ေနၿပီလိို႔ ဆိုပါတယ္။
"အဲဒီအတြက္ကို လူမႈ၀န္ထမ္းနဲ႔ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာနကို ၁.၆ ဘီလီယံေပါ့။ တစ္မိသားစုကို ၄၀,၀၀၀ ႏႈန္းနဲ႔ ေထာက္ပံ့မယ္။ အဲဒါေတြကို က်ေနာ္တို႔ ကူညီေပးပါမယ္။"
ဒါေပမဲ့ ဦးထြန္းေအာင္ေက်ာ္ကေတာ့ အသြားအလာကန္႔သတ္ထားခ်ိန္မွာ ႏွလံုးေဖာက္တာနဲ႔ဆီးခ်ိဳတက္တာလို၊ ေနာက္ ေက်ာက္ကပ္ေဆးရမဲ့သူေတြလိုမ်ိဳး အေရးေပၚလို ရန္ကုန္သြားကုဖို႔လိုလာလွ်င္ ခ်က္ခ်င္းသြားႏိုင္ေအာင္နဲ႔ Quarantine ဝင္စရာမလိုဘဲ ခ်က္ခ်င္းကုသမူခံယူႏုိင္ေအာင္ပါ အစိုးရက ႀကိဳျပင္ထားသင့္တယ္လို႔ ေထာက္ျပခဲ့ပါတယ္ ခင္ဗ်ာ။
[Unicode Version]
ရခိုင်ကိုဗစ်ရောဂါ ပျံ့နှံ့မှု အစိုးရအပေါ် ANP ဝေဖန်
စစ်တွေမြို့မှာ ပြည်ပပြန်မဟုတ်တဲ့ ပြည်တွင်းကူး ကိုဗစ်ပိုးတွေ့သူအသစ် ခြောက် ဦးထပ်တွေ့တာကြောင့် အရင်တနင်္ဂနွေကနေစပြီး မနေ့တနင်္ဂနွေထိ ပြီးခဲ့တဲ့တစ်ပတ်ထဲ ရခိုင်ပြည်နယ်မှာ ပိုးတွေ့သူပေါင်း ၆၀ နီးပါးအထိ တက်သွားပါတယ်။
ဒါကြောင့် မြန်မာတစ်နိုင်ငံလုံးမှာလည်း မနေ့ သြဂုတ်လ ၂၃ ရက်၊ တနင်္ဂနွေည ၈ နာရီအထိ အရင် စုစုပေါင်းပိုးတွေ့သူ ၃၀၀ အထက်ကနေ၊ အခု ၄၅၀ အထိထိုးတက်သွားချိန်မှာ ရခိုင်အဓိကပါတီတစ်ခုက အစိုးရပေါ့လျော့တာကြောင့်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ဒါပေမဲ့ အစိုးရဘက်ကတော့ အတတ်နိုင်ဆုံးလုပ်ပေးနေပြီး တချို့လူတွေစည်းကမ်းပေါ့လျော့တာကသာ အဓိက အကြောင်းရင်းဖြစ်တယ်လို့၊ ရခိုင်ပြည်နယ်ဝန်ကြီးက ပြန်ပြောလိုက်တာကို ကိုဝင်းမင်းက ပြောပြမှာပါ။
မြန်မာနိုင်ငံမှာ ဆေးစစ်နိုင်မှုအရ ဧပြီလကစပြီး အရင်ပိုးတွေ့သူသစ် ရက်ခြားရက်ခြားနဲ့ အများစုသတင်းပတ်တွေမှာ တဖြည်းဖြည်းကျဆင်းလာခဲ့ရာကနေ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်အစ အခု သတင်းပတ်ထဲမှာတော့ ဆက်တိုက်ထိုးတက်သွားပါပြီ။
တစ်နိုင်ငံလုံးမှာ ပြန်ကောင်းလာသူကလည်း ၇၅ ရာခိုင်နှုန်း ကျော်ပြီး ၃၄၀ ကျော်အထိရှိလာကာ၊ စုစုပေါင်းသေဆုံးသူလည်း ခြောက် ဦးမှာသာ လတွေနဲ့ချီတန့်လာခဲ့ပြီး ရခိုင်ပြည်နယ်မှာဆို သေဆုံးသူ မရှိသေးကာ၊ အရေးပေါ်အခြေအနေရောက်သူလည်း မတွေ့သေးပါဘူး။
ဒါပေမဲ့လည်း ရခိုင်မှာ ပိုးတွေ့သူ ရုတ်တရက် ဆတိုးတိုးတိုး ၅၉ ဦးအထိအခုရှိလာချိန်က၊ အခြားပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ နိုင်ငံတွေမှာ တွေ့ထားတဲ့ ကူူးစက်မှုမြန်တဲ့ပိုးအမျိုးအစား စတွေ့လာချိန်နဲ့ တိုက်ဆိုင်နေတာမို့ ရခိုင်ပြည်သူတွေအပြင် မြန်မာတစ်နိုင်ငံလုံးမှာလည်း စိုးရိမ်မူတွေ အကြီးအကျယ်မြင့်တာလာနေပါတယ်။
ခုလိုအချိန်မှာ ဒီရခိုင်ပြည်နယ်ထဲ မယုံကြည်နိုင်လောက်အောင် မြန်နှုန်းနဲ့ ကိုဗစ်ကူးစက်နေတာက အလွန်အန္တရာယ်ကြီးနေပြီး ကူးစက်မှုဇစ်မြစ်ကို မရှာနိုင်တာက အစိုးရရဲ့ စီမံခန့်ခွဲမူ နှောင့်နှေးအားနည်းတာကြောင့်လို့ ရခိုင်အမျိုးသားပါတီ ANP က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။
ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ရခိုင်နဲ့ကပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ပြင်းပြင်းထန်ထန်ဖြစ်နေချိန်မှာ နယ်စပ်ထိန်းချုပ်တာ ပေါ့လျော့ခဲ့တယ်လို့ အစိုးရကို ပြစ်တင်လိုက်ပါတယ်။
"စစ်တွေက ဒီဘင်္ဂလားဒေ့ရှ်နဲ့ အင်မတန် နီးစပ်တယ်။ နယ်စပ်ကို ကုန်သွယ်ရေးသွားတာလည်းရှိတယ်။ အကူးအသန်းရှိနေတဲ့အချိန်မှာ ဒီလောက် ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်နေတဲ့ ရောဂါပိုးတွေ စစ်ဆေးလား၊ မစစ်ဆေးလားလည်း ကျနော်တို့မသိဘူး။ ဒီမှာ အခု စစ်တွေမှာ ဖြစ်လာတဲ့ ကိစ္စမှာ ဘယ်လိုမှ ဇစ်မြစ်ကို ရှာလို့မရဘူး။"
ဒါပေမဲ့ ရခိုင်ပြည်နယ် ကိုဗစ် 19 ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေးကော်မတီဖွဲ့ဝင်၊ ပြည်နယ်ကျန်းမာရေးကို ဦးဆောင်ကိုင်တွယ်ရတဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာကတော့ နယ်စပ်တွေမှာ အရင်ခိုးကူးတာရှိခဲ့ပေမဲ့ အခုထိရောက်အောင်ထိန်းထားနိုင်တယ်၊ လူတချို့ ကာကွယ်ရေးစည်းကမ်းပေါ့လျော့တာကြောင့် အဓိကပါလို့ ပြန်ပြောလိုက်ပါတယ်။
"အရင်တုန်းကတော့ ခိုးကူးတာလေးတွေ နည်းနည်းရှိတယ်။ အခုဆိုရင်ကျနော်တို့က ခိုးကူးလာတဲ့ လူတွေကိုလည်း ကိုဗစ် ဥပဒေနဲ့ အရေးယူမယ်ဆိုတာမျိုးတွေ ထုတ်ပြန်ထားတော့ အခုကတော့ နယ်စပ်မှာ ဖြတ်ကျော်ဝင်ရောက်လာတာမျိုး မရှိသလောက်ပါပဲ။ ဘာလို့လည်းဆိုတော့ ဘူးသီးတောင်၊ မောင်တောဘက်က case က နောက်ထပ်တက်မလာပါဘူး။ ဒီကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို သေချာလိုက်နာရင် မဖြစ်နိုင်ဘူးဗျ။ ဥပမာ လူတွေက mask တပ်မယ်၊ Stay at Home အိမ်မှာနေမယ်၊ Social Distancing လုပ်မယ်ဆိုရင် ဒီဟာတွေဟာ ဖြစ်စရာအကြောင်း ဒီလောက် မရှိဘူးဗျ။ သဘောက ကျနော်တို့ဘက်က ပေါ့တဲ့ အပိုင်းလေးတွေလည်းပါတယ်၊ ပြည်သူတွေဘက်ကလည်း သိပ်မဆိုးရိမ်တဲ့ အခါကျတော့ အဲလို mask မတပ်ဘဲသွားတာလေးတွေ၊ ဈေးမှာ လူအများကြီး လုပ်တာတွေ၊ တကယ်ဖြစ်လာကြမှသာ ခုဏလို စိုးရိမ်ပြီး ဖြစ်တာမျိုးတွေ၊ ကာကွယ်တာတွေ ရှိပါတယ်ဗျ။ အခုကတော့ တော်တော်လေးကို ဆင်ဆင်ခြင်ခြင်နဲ့ တော်တော်နေကြပါတယ်ခင်ဗျ။"
ဦထွန်းအောင်ကျော်ကပဲ နောက်ထပ် အဓိက စိုးရိမ်နေတာက စစ်တွေမြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေမှာ ကူးစက်လာမှာကိုပါလို့ ခုလိုဆိုပါတယ်။
"စစ်ဘေးရှောင်စခန်းတွေကို ရောက်နေတဲ့ လူတွေက နေရထိုင်ရတာ အကုန်လုံး ရောထွေးပြီးတော့ နေရတယ်။ တခုခု ဒီ postive ဖြစ်လာပြီဆိုတာနဲ့ အများကြီးကူးစက်ပြီး အခက်အခဲတွေဖြစ်လာမယ်။ "
အဲ့ဒီတော့ ဒီစခန်းတွေမှာ အစိုးရအနေနဲ့ အဓိက ဘာတွေလုပ်ပေးသင့်ပါလဲလို့ မေးရာမှာ ဦးထွန်းအောင်ကျော်က
"သူတို့မှာ စားနပ်ရိက္ခာလည်း ပြတ်လပ်နေတယ်။ အဲ့ဒါကြောင့် စားနပ်ရိက္ခာကိုလည်း ဒါ... သက်ဆိုင်ရာအစိုးရကနေ လုံလောက်အောင် ဥပမာ ဒီရောဂါပိုးဟာ အာဟာရပြည့်ဝရင်၊ အားရှိရင် ခံနိုင်ရည်ရှိတယ်လို့ပြောတယ်။ အဲ့ဒါကြောင့် စားနပ်ရိက္ခာလုံလုံလောက်လောက် ထုတ်ပေးသင့်တယ်။"
ဒီအပေါ် ဝန်ကြီး ဒေါက်တာ ချမ်းသာကလည်း တနေ့သောကြာနေ့ကပဲ ပြည်ထောင်စုအစိုးရက ထောက်ပံ့ငွေပို့ကူညီလာတာကြောင့် သွားပေးဖို့ပြင်နေပြီလို့ ဆိုပါတယ်။
"အဲဒီအတွက်ကို လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို ၁.၆ ဘီလီယံပေါ့။ တစ်မိသားစုကို ၄၀,၀၀၀ နှုန်းနဲ့ ထောက်ပံ့မယ်။ အဲဒါတွေကို ကျနော်တို့ ကူညီပေးပါမယ်။"
ဒါပေမဲ့ ဦးထွန်းအောင်ကျော်ကတော့ အသွားအလာကန့်သတ်ထားချိန်မှာ နှလုံးဖောက်တာနဲ့ဆီးချိုတက်တာလို၊ နောက် ကျောက်ကပ်ဆေးရမဲ့သူတွေလိုမျိုး အရေးပေါ်လို ရန်ကုန်သွားကုဖို့လိုလာလျှင် ချက်ချင်းသွားနိုင်အောင်နဲ့ Quarantine ဝင်စရာမလိုဘဲ ချက်ချင်းကုသမူခံယူနိုင်အောင်ပါ အစိုးရက ကြိုပြင်ထားသင့်တယ်လို့ ထောက်ပြခဲ့ပါတယ် ခင်ဗျာ။