သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္နယ္နဲ႔တိုင္းတခ်ဳိ႕မွာ ကိုဗစ္ထိန္းခ်ဳပ္မႈ အ႐ွိန္ျမွင့္


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာ တခုမွာ ပိုးသတ္ေဆးဖ်န္းေနတဲ့ ေစတနာ့၀န္ထမ္းမ်ား။ (ေမ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ရခုိင္ျပည္နယ္မွာ ကုိဗစ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတဲ့အတြက္ က်န္တုိင္းနဲ႔ျပည္နယ္ေတြမွာလည္း ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး အရွိန္ျမွင့္ ေဆာင္ရြက္လာေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္စုစုက တင္ဆက္ေပးပါမယ္။

ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါ ကူးစက္မႈေတြ ေလ်ာ့က်လာေနခ်ိန္မွာပဲ သီတင္းတပတ္ေက်ာ္အတြင္း ရခုိင္ျပည္နယ္မွာ အတည္ျပဳလူနာ ၇၀ ေက်ာ္ ရွိလာတ့ဲအတြက္ ကာကြယ္ထိန္းခ်ဳပ္ေရး အစီအစဥ္ေတြ ႏိုင္ငံေနရာ ေတာ္ေတာ္မ်ားမ်ားမွာ တုိးျမွင့္လာေနတာပါ။

ရခိုင္ျပည္နယ္နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ခ်င္းျပည္နယ္မွာလည္း အသြားအလာေတြကုိ ေစာင့္ၾကပ္စစ္ေဆးမႈေတြ စတင္ေနၿပီျဖစ္ေၾကာင္း ခ်င္းျပည္နယ္လူမႈေရးဝန္ႀကီး ဦးေပါင္လြန္မင္းထန္က VOA ကိုေျပာပါတယ္။

“အရင္လုပ္တဲ့အတိုင္းပဲ က်ေနာ္တို႔က အဝင္အထြက္ကုိ အရင္ထက္ပုိၿပီး ႀကီးၾကပ္ႏုိင္ဖို႔ လိုပါတယ္။ အခက္အခဲဆံုးကေတာ့ ဒီအဝင္အထြက္ေပါ့။ အိႏၵိယဘက္က အဝင္အထြက္ေတြ မလြယ္ေပါက္မွာ ဝင္တာေတြရွိတယ္။ အခုလည္းရခိုင္ဘက္ကဆုိရင္ က်ေနာ္တို႔ ပလက္ဝနဲ႔နီးေတာ့ အဲဒီဟာက အေရးႀကီးဆံုးျဖစ္တယ္လို႔ ယူဆပါတယ္။ က်ေနာ္တို႔က နယ္ေျမရွည္တာရယ္ ဒီနယ္စပ္ထိစပ္မႈက နည္းနည္းရွည္တဲ့အခါက်ေတာ့ အားလံုးပိတ္ဆို႔ဖို႔ဆုိတာ ခက္ခဲပါတယ္။ ဒါေပမယ့္ အေရးႀကီးဆံုးကေတာ့ အဲဒီေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြက သူတို႔ကသတင္းပို႔မယ္။ အခ်ိန္မီအေရးယူေပးမယ္ဆိုရင္ေတာ့ ဒါအေကာင္းဆံုးေပါ့။”

ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရး ေဆာင္ရြက္ေနတဲ့ ခ်င္းျပည္နယ္မွာ အသြားအလာကန္႔သတ္ ေစာင့္ၾကည့္ဖုိ႔ လုိအပ္လာမယ္ ဆုိရင္ေတာ့ အခက္အခဲေတြ ရွိႏုိင္တယ္လုိ႔လည္း ၀န္ႀကီး ဦးေပါင္လြန္မင္းထန္က ေျပာပါတယ္။

“ေက်ာင္းေတြသံုးလုိ႔မရေတာ့ဘူးဆုိေတာ့ က်ေနာ္တုိ႔မွာေနရာအခက္အခဲေတာ့ ရွိတယ္။ ဒါေပမယ့္ ဘာသာေရးေတြနဲ႔ေပါင္းတယ္၊ တခ်ိဳ႕အိမ္အလြတ္ေတြကို အကူအညီေတာင္းၿပီးေတာ့ အဲလိုပဲထားပါတယ္။ Quarantine အခက္အခဲကေတာ့ နယ္ၿမိဳ႕ေတြက နည္းနည္းအခက္အခဲရွိပါတယ္။ ဖလမ္းနဲ႔ ဟားခါးကေတာ့ တျခားၿမိဳ႕ေတြနဲ႔စာရင္ အရန္အေဆာက္အဦးေတြ ရွိေသးတယ္။”

ေရာဂါကူးစက္မႈေတြ ႐ုတ္တရက္မ်ားလာတဲ့ ရခုိင္ျပည္နယ္မွာေတာ့ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားၿပီး သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားသလုိ ခရီးသြားလာမႈေတြကုိလည္း ကန္႔သတ္ထားပါတယ္။ မႏၱေလးတုိင္းမွာလည္း ရခုိင္ျပည္နယ္ကေန လာမယ့္သူေတြကုိ အသြားအလာကန္႔သတ္ဖို႔ စီစဥ္ေနၿပီလို႔ မႏၱေလးတုိင္းကုိဗစ္ေကာ္မတီ ဥကၠ႒ စုိင္းပန္းဆိုင္က ေျပာပါတယ္။

“ရခိုင္ကေနလာတဲ့ ခရီးသည္ေတြကုိ မျဖစ္မေန Facility Quarantine ၂၁ ရက္ဝင္ဖို႔ အဲလိုဆံုးျဖတ္ထားတာေပါ့ေနာ္။ မႏၱေလးကေန ရခိုင္ေျပးဆြဲတဲ့ယာဥ္ေတြကလည္း သူတို႔ရဲ႕သေဘာဆႏၵနဲ႔ ေခတၱယာယီရပ္ဆုိင္းထားမယ္ ဆိုတဲ့အေၾကာင္း တိုင္းေဒသႀကီးအေဝးေျပး ယာဥ္လုပ္ငန္းႀကီးၾကပ္ေရး လုပ္ငန္းေကာ္မတီကေနၿပီးေတာ့ စာတင္လာတာရွိတယ္။”

ၿပီးခဲ့တဲ့ သီတင္းတပတ္ေက်ာ္အတြင္း ကူးစက္မႈအမ်ားဆုံးေတြ႔ခဲ့ရတဲ့ စစ္ေတြၿမိဳ႕နယ္မွာ ျဖစ္ပြားေနတဲ့ ကုိဗစ္ဗုိင္းရပ္စ္ပုိးဟာ ကူးစက္ႏႈန္း ျမန္ဆန္တဲ့ မ်ဳိးဗီဇေျပာင္းလဲေနတဲ့ အမ်ဳိးအစားျဖစ္ႏိုင္တာေၾကာင့္ ေဆးသုေတသနဦးစီးဌာနက စစ္ေဆးသြားမယ္လုိ႔လည္း က်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ အခ်ိန္တိုအတြင္း ကူးစက္မႈေတြ ျမန္ဆန္ေနသလုိ ေရာဂါလကၡဏာ မျပဘဲ ကူးစက္မႈေတြ ရွိႏုိင္တာေၾကာင့္ သတိထားဖုိ႔လည္း က်န္းမာေရးဝန္ႀကီးဌာနက တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်နယ်နဲ့တိုင်းတချို့မှာ ကိုဗစ်ထိန်းချုပ်မှု အရှိန်မြှင့်

ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ကျန်တိုင်းနဲ့ပြည်နယ်တွေမှာလည်း ရောဂါကာကွယ် ထိန်းချုပ်ရေး အရှိန်မြှင့် ဆောင်ရွက်လာနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးပါမယ်။

မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှုတွေ လျော့ကျလာနေချိန်မှာပဲ သီတင်းတပတ်ကျော်အတွင်း ရခိုင်ပြည်နယ်မှာ အတည်ပြုလူနာ ၇၀ ကျော် ရှိလာတဲ့အတွက် ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်တွေ နိုင်ငံနေရာ တော်တော်များများမှာ တိုးမြှင့်လာနေတာပါ။

ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်မှာလည်း အသွားအလာတွေကို စောင့်ကြပ်စစ်ဆေးမှုတွေ စတင်နေပြီဖြစ်ကြောင်း ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က VOA ကိုပြောပါတယ်။

“အရင်လုပ်တဲ့အတိုင်းပဲ ကျနော်တို့က အဝင်အထွက်ကို အရင်ထက်ပိုပြီး ကြီးကြပ်နိုင်ဖို့ လိုပါတယ်။ အခက်အခဲဆုံးကတော့ ဒီအဝင်အထွက်ပေါ့။ အိန္ဒိယဘက်က အဝင်အထွက်တွေ မလွယ်ပေါက်မှာ ဝင်တာတွေရှိတယ်။ အခုလည်းရခိုင်ဘက်ကဆိုရင် ကျနော်တို့ ပလက်ဝနဲ့နီးတော့ အဲဒီဟာက အရေးကြီးဆုံးဖြစ်တယ်လို့ ယူဆပါတယ်။ ကျနော်တို့က နယ်မြေရှည်တာရယ် ဒီနယ်စပ်ထိစပ်မှုက နည်းနည်းရှည်တဲ့အခါကျတော့ အားလုံးပိတ်ဆို့ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ အဲဒီကျေးရွာအုပ်ချုပ်ရေးမှူးတွေက သူတို့ကသတင်းပို့မယ်။ အချိန်မီအရေးယူပေးမယ်ဆိုရင်တော့ ဒါအကောင်းဆုံးပေါ့။”

ရောဂါထိန်းချုပ်ကာကွယ်ရေး ဆောင်ရွက်နေတဲ့ ချင်းပြည်နယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်ဖို့ လိုအပ်လာမယ် ဆိုရင်တော့ အခက်အခဲတွေ ရှိနိုင်တယ်လို့လည်း ဝန်ကြီး ဦးပေါင်လွန်မင်းထန်က ပြောပါတယ်။

“ကျောင်းတွေသုံးလို့မရတော့ဘူးဆိုတော့ ကျနော်တို့မှာနေရာအခက်အခဲတော့ ရှိတယ်။ ဒါပေမယ့် ဘာသာရေးတွေနဲ့ပေါင်းတယ်၊ တချို့အိမ်အလွတ်တွေကို အကူအညီတောင်းပြီးတော့ အဲလိုပဲထားပါတယ်။ Quarantine အခက်အခဲကတော့ နယ်မြို့တွေက နည်းနည်းအခက်အခဲရှိပါတယ်။ ဖလမ်းနဲ့ ဟားခါးကတော့ တခြားမြို့တွေနဲ့စာရင် အရန်အဆောက်အဦးတွေ ရှိသေးတယ်။”

ရောဂါကူးစက်မှုတွေ ရုတ်တရက်များလာတဲ့ ရခိုင်ပြည်နယ်မှာတော့ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားသလို ခရီးသွားလာမှုတွေကိုလည်း ကန့်သတ်ထားပါတယ်။ မန္တလေးတိုင်းမှာလည်း ရခိုင်ပြည်နယ်ကနေ လာမယ့်သူတွေကို အသွားအလာကန့်သတ်ဖို့ စီစဉ်နေပြီလို့ မန္တလေးတိုင်းကိုဗစ်ကော်မတီ ဥက္ကဋ္ဌ စိုင်းပန်းဆိုင်က ပြောပါတယ်။

“ရခိုင်ကနေလာတဲ့ ခရီးသည်တွေကို မဖြစ်မနေ Facility Quarantine ၂၁ ရက်ဝင်ဖို့ အဲလိုဆုံးဖြတ်ထားတာပေါ့နော်။ မန္တလေးကနေ ရခိုင်ပြေးဆွဲတဲ့ယာဉ်တွေကလည်း သူတို့ရဲ့သဘောဆန္ဒနဲ့ ခေတ္တယာယီရပ်ဆိုင်းထားမယ် ဆိုတဲ့အကြောင်း တိုင်းဒေသကြီးအဝေးပြေး ယာဉ်လုပ်ငန်းကြီးကြပ်ရေး လုပ်ငန်းကော်မတီကနေပြီးတော့ စာတင်လာတာရှိတယ်။”

ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်အတွင်း ကူးစက်မှုအများဆုံးတွေ့ခဲ့ရတဲ့ စစ်တွေမြို့နယ်မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ဗိုင်းရပ်စ်ပိုးဟာ ကူးစက်နှုန်း မြန်ဆန်တဲ့ မျိုးဗီဇပြောင်းလဲနေတဲ့ အမျိုးအစားဖြစ်နိုင်တာကြောင့် ဆေးသုတေသနဦးစီးဌာနက စစ်ဆေးသွားမယ်လို့လည်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အချိန်တိုအတွင်း ကူးစက်မှုတွေ မြန်ဆန်နေသလို ရောဂါလက္ခဏာ မပြဘဲ ကူးစက်မှုတွေ ရှိနိုင်တာကြောင့် သတိထားဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

XS
SM
MD
LG