[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူအေရအတြက္ ေနာက္ထပ္ အေယာက္ ၃၀ ေတြ႕ရတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ည ၈ နာရီခဲြမွာ ထုတ္ျပန္ပါတယ္။ ဒီအေရအတြက္ဟာ ကိုဗစ္ေရာဂါ စၿပီးကူးစက္ခဲ့ကတည္းကဆိုရင္ တရက္အတြင္း အမ်ားဆံုးကူးစက္တာပါ။
ဒီကေန႔ညေနပိုင္းမွာ စစ္ေဆးၿပီးစီးခဲ့တဲ့ ဓာတ္ခြဲနမူနာ စုစုေပါင္း ၁,၄၇၅ ထဲမွာ အခုလို ေနာက္ထပ္ကူးစက္သူ အေယာက္ ၃၀ ပါလာတာျဖစ္ပါတယ္။
ဒါေၾကာင့္ အခုဆိုရင္ ေရာဂါပိုးကူးစက္ခံရသူ စုစုေပါင္း ၅၀၄ ဦး ရွိသြားၿပီျဖစ္ပါတယ္။
ေနာက္ထပ္ကူးစက္သူ အေယာက္ ၃၀ ဟာ ရခိုင္ျပည္နယ္၊ မြန္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္နဲ႔ ရန္ကုန္တိုင္းတို႔ကျဖစ္ပါတယ္။
အဲဒီထဲမွာ စစ္ေတြက ၁၁ ဦး၊ ေပါက္ေတာက ၁၂ ဦး၊ ေက်ာက္ျဖဴက ၃ ဦး၊ ဟားခါး၊ ေတာင္ႀကီး၊ ေမာ္လၿမိဳင္နဲ႔ မရမ္းကုန္းၿမိဳ႕နယ္တို႔က ၁ ဦးစီျဖစ္ပါတယ္။
ဒီထဲမွာ စစ္ေတြက တဦးနဲ႔ ဟားခါးက တဦးတို႔ကလြဲၿပီး က်န္တဲ့လူ ၂၈ ဦးဟာ COVID-19 ေရာဂါ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႔မႈမရွိခဲ့သလို ျပည္ပ ခရီးသြားရာဇဝင္လည္းမရွိတဲ့ ျပည္တြင္းမွာ ကူးစက္ခံရသူေတြျဖစ္ပါတယ္။
ဓာတ္ခြဲ အတည္ျပဳလူနာေဟာင္းေတြထဲက ေနာက္ထပ္ ၂ ႀကိမ္ဆက္ စစ္ေဆးၿပီးတဲ့ေနာက္ ေရာဂါပိုး မရွိေတာ့သူ စုစုေပါင္း ၃၄၁ ဦးရွိၿပီး အဲဒီထဲက ၃၃၉ ဦးကို ေဆး႐ံုေတြကေန ဆင္းခြင့္ေပးခဲ့ၿပီးေတာ့ သတ္မွတ္ေနရာေတြမွာ အသြားအလာ ဆက္ၿပီး ကန္႔သတ္ ေစာင့္ၾကည့္ေနတယ္လုိ႔ က်န္းမာေရးဌာနကေျပာပါတယ္။
ဒီအေတာအတြင္းမွာပဲ ရခုိင္ျပည္နယ္တြင္း ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္မွာ ေဒသခံေတြ အိမ္ထဲမွာပဲေနဖို႔ ဒီကေန႔ရက္စြဲနဲ႔ က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြး လက္မွတ္ေရးထိုးၿပီး အမိန္႔ထုတ္ျပန္လို္က္ပါတယ္။
ေက်ာက္ျဖဴ၊ အမ္း၊ ေတာင္ကုတ္နဲ႔ သံတြဲၿမိဳ႕နယ္ေတြက လူထုအေနနဲ႔ ယာဥ္ေမာင္းသူအျပင္ တစ္အိမ္ကို တစ္ဦးပဲ ေစ်းဝယ္ထြက္ဖို႔၊ ေဆး႐ံု ေဆးခန္းသြားဖုိ႔ရွိရင္ တစ္အိမ္ကို ႏွစ္ဦးပဲသြားဖို႔၊ အျပင္ထြက္တာနဲ႔ ႏွာေခါင္းစည္းတပ္ဖို႔၊ တာဝန္အရသြားသူေတြကို ႀကိဳပို႔တဲ့ယာဥ္ေတြနဲ႔ ျဖတ္သန္းခြင့္ျပဳထားတဲ့ ယာဥ္ေတြကိုပဲ ရပ္ကြက္ေက်ာ္လြန္ သြားလာခြင့္ျပဳဖို႔ စတဲ့ကန္႔သတ္ခ်က္ေတြပါဝင္တဲ့ ဒီအမိန္႔ဟာ ၾသဂုတ္လ ၂၆ ရက္၊ မနက္ ၆ နာရီကစၿပီး သက္ေရာက္မွာျဖစ္ပါတယ္။
ဒီအမိန္႔ကို မလိုက္နာရင္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒအရ အေရးယူမယ္လို႔လည္း ထုတ္ျပန္ထားတဲ့အမိန္႔ထဲမွာ ေဖာ္ျပထားပါတယ္။
[Unicode Version]
မြန်မာ COVID-19 ကူးစက်သူ အယောက် ၃၀ ထပ်တိုး
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် နောက်ထပ် အယောက် ၃၀ တွေ့ရတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီခွဲမှာ ထုတ်ပြန်ပါတယ်။ ဒီအရေအတွက်ဟာ ကိုဗစ်ရောဂါ စပြီးကူးစက်ခဲ့ကတည်းကဆိုရင် တရက်အတွင်း အများဆုံးကူးစက်တာပါ။
ဒီကနေ့ညနေပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၄၇၅ ထဲမှာ အခုလို နောက်ထပ်ကူးစက်သူ အယောက် ၃၀ ပါလာတာဖြစ်ပါတယ်။
ဒါကြောင့် အခုဆိုရင် ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၅၀၄ ဦး ရှိသွားပြီဖြစ်ပါတယ်။
နောက်ထပ်ကူးစက်သူ အယောက် ၃၀ ဟာ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့ကဖြစ်ပါတယ်။
အဲဒီထဲမှာ စစ်တွေက ၁၁ ဦး၊ ပေါက်တောက ၁၂ ဦး၊ ကျောက်ဖြူက ၃ ဦး၊ ဟားခါး၊ တောင်ကြီး၊ မော်လမြိုင်နဲ့ မရမ်းကုန်းမြို့နယ်တို့က ၁ ဦးစီဖြစ်ပါတယ်။
ဒီထဲမှာ စစ်တွေက တဦးနဲ့ ဟားခါးက တဦးတို့ကလွဲပြီး ကျန်တဲ့လူ ၂၈ ဦးဟာ COVID-19 ရောဂါ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့သလို ပြည်ပ ခရီးသွားရာဇဝင်လည်းမရှိတဲ့ ပြည်တွင်းမှာ ကူးစက်ခံရသူတွေဖြစ်ပါတယ်။
ဓာတ်ခွဲ အတည်ပြုလူနာဟောင်းတွေထဲက နောက်ထပ် ၂ ကြိမ်ဆက် စစ်ဆေးပြီးတဲ့နောက် ရောဂါပိုး မရှိတော့သူ စုစုပေါင်း ၃၄၁ ဦးရှိပြီး အဲဒီထဲက ၃၃၉ ဦးကို ဆေးရုံတွေကနေ ဆင်းခွင့်ပေးခဲ့ပြီးတော့ သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်ပြီး ကန့်သတ် စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဌာနကပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်တွင်း မြို့နယ် ၄ မြို့နယ်မှာ ဒေသခံတွေ အိမ်ထဲမှာပဲနေဖို့ ဒီကနေ့ရက်စွဲနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး လက်မှတ်ရေးထိုးပြီး အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တွေက လူထုအနေနဲ့ ယာဉ်မောင်းသူအပြင် တစ်အိမ်ကို တစ်ဦးပဲ ဈေးဝယ်ထွက်ဖို့၊ ဆေးရုံ ဆေးခန်းသွားဖို့ရှိရင် တစ်အိမ်ကို နှစ်ဦးပဲသွားဖို့၊ အပြင်ထွက်တာနဲ့ နှာခေါင်းစည်းတပ်ဖို့၊ တာဝန်အရသွားသူတွေကို ကြိုပို့တဲ့ယာဉ်တွေနဲ့ ဖြတ်သန်းခွင့်ပြုထားတဲ့ ယာဉ်တွေကိုပဲ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုဖို့ စတဲ့ကန့်သတ်ချက်တွေပါဝင်တဲ့ ဒီအမိန့်ဟာ သြဂုတ်လ ၂၆ ရက်၊ မနက် ၆ နာရီကစပြီး သက်ရောက်မှာဖြစ်ပါတယ်။
ဒီအမိန့်ကို မလိုက်နာရင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူမယ်လို့လည်း ထုတ်ပြန်ထားတဲ့အမိန့်ထဲမှာ ဖော်ပြထားပါတယ်။