သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္အပစ္ရပ္ေၾကညာခ်က္ ရခုိင္ပါသင့္ေၾကာင္း တိုက္တြန္းခ်က္ေတြ ထြက္ေပၚ


ျမန္မာစစ္တပ္တပ္ဖဲြ႔၀င္မ်ားကို ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ေတြ႔ရ။ (ေအာက္တိုဘာ ၃၁၊ ၂၀၁၂)

[Zawgyi/Unicode]

တပ္မေတာ္က အပစ္ရပ္ကာလ ၁ လ ထပ္မံသက္တမ္းတိုးေၾကာင္း ေၾကညာလုိက္ေပမဲ့ တုိက္ပဲြေတြျဖစ္ေနတဲ့ ရခိုင္ေဒသ မပါ၀င္တဲ့အေပၚ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြနဲ႔ ႏိုင္ငံေရးသံုးသပ္သူေတြရဲ႕ အျမင္ေတြကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

တပ္မေတာ္က COVID 19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရးနဲ႔ ထာ၀ရ ၿငိမ္းခ်မ္းေရးအတြက္ ရည္ရြယ္ၿပီး စက္တင္ဘာလကုန္ထိ သက္တမ္း တစ္လ တိုးျမွင့္ေၾကာင္း ေၾကညာခဲ့ေပမဲ့ အၾကမ္းဖက္အဖဲြ႕ေတြ ရွိရာေနရာေတြ မပါ၀င္ဘူးလုိ႔ ေျပာဆုိထားပါတယ္။ ဒီအတြက္လည္း အစုိးရက အၾကမ္းဖက္ အဖဲြ႔အစည္းေတြအျဖစ္ သတ္မွတ္ထားတဲ့ AA ရခိုင္လက္နက္ကိုင္အဖဲြ႔နဲ႔ ARSA အဖဲြ႔ေတြလႈပ္ရွားရာ ရခုိင္ျပည္နယ္ ပါ၀င္မွာ မဟုတ္တဲ့အတြက္ တဘက္သတ္အပစ္ရပ္ ေၾကညာခ်က္ဟာ အက်ဳိးမရွိႏိုင္ဘူးလုိ႔ AA နဲ႔ မဟာမိတ္ျဖစ္တဲ့ TNLA ေခၚ တအန္း(ပေလာင္)အဖဲ႔ြက ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မႈး တာ့အိုက္ေက်ာ္က ေျပာပါတယ္။

“အထူးသျဖင့္က သူတို႔ ထုတ္ျပန္ေၾကညာတိုင္း AA လႈပ္ရွားတဲ့ေဒသ ရခိုင္ျပည္နယ္ဘက္က မပါဘူး။ ေျပာမယ္ဆိုရင္ေတာ့ တျခားေဒသက တိုက္ပဲြ အဲေလာက္ ျဖစ္တာမွ မရွိဘဲ။ တကယ့္တကယ္ တိုက္ပဲြျပင္းထန္တာက ရခိုင္မွာ ျဖစ္တာေပါ့ေနာ္။ အဓိကကေတာ့ တိုက္ပဲြျပင္းထန္တဲ့ေနရာမွာ ဦးစားေပးၿပီးေတာ့ ေဆာင္ရြက္သင့္တယ္။ က်န္တဲ့ေဒသက အဲေလာက္ တိုက္ပဲြျပင္းထန္တာမရွိဘူး။”

AA ရခိုင္ ၊ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔နဲ႔ KIA ကခ်င္အဖဲြ႕ေတြဟာ NCA ေခၚ တစ္ႏိုင္ငံလံုး ဆိုင္ရာအပစ္ရပ္စာခ်ဳပ္မွာ မပါ၀င္ေသးဘဲ အစိုးရနဲ႔ ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးေရးအတြက္ ေဆြးေႏြးေနဆဲ မဟာမိတ္အဖဲြ႕ေတြျဖစ္ပါတယ္။ AA၊ TNLA ၊ MNDAA အဖဲြ႕ ၃ဖဲြ႕ ပါ၀င္တဲ့ ညီေနာင္မဟာမိတ္အဖဲြ႕ကလည္း ဆဌမအႀကိမ္ အျဖစ္ အပစ္ရပ္သက္တမ္း ၃လ တိုးႁမွွင့္ေၾကာင္း ဒီႏွစ္ ဇြန္လ တစ္ရက္ေန႔က ေၾကညာထားၿပီး ဒီေၾကညာခ်က္ဟာ ၾသဂုတ္လကုန္အထိျဖစ္ပါတယ္။ သက္တမ္းထပ္ တိုး၊ မတိုးကေတာ့ ျပန္လည္ေဆြးေႏြးထုတ္ျပန္မယ္လို႔လည္း TNLA ေျပာခြင့္ရသူက ေျပာဆိုထားပါတယ္။

NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ NMSP မြန္လက္နက္ကိုင္အဖဲြ႕ရဲ႕ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီ၀င္ ႏိုင္ေအာင္မေငးကေတာ့ တပ္မေတာ္ရဲ႕ အပစ္ရပ္ေၾကညာခ်က္ကို ႀကိဳဆိုလုိက္ေပမဲ့၊ လတ္တေလာ တပ္မေတာ္နဲ႔ တုိက္ခုိက္ေနတဲ့ AA အဖဲြ႔အပါအ၀င္ အားလံုးပါ၀င္ေရးအတြက္လည္း အခုလို တိုက္တြန္းပါတယ္။

“Ceasefire အတြက္ ေၾကညာတာကေတာ့ က်ေနာ္တို႔က အၿမဲတမ္း ႀကိဳဆိုတယ္။ ဒါ AA မပါဘူးဆို တစ္စံုလံုးမျဖစ္ေတာ့ ဒါ က်ေနာ္တို႔ကလည္း ပါေစခ်င္တယ္ေပါ့။ AA ပါမွ ပိုၿပီးေတာ့ သင့္ျမတ္မယ္။ အခုခ်ိန္ဆို COVID ကာလအခ်ိန္ျဖစ္ေတာ့ ပိုၿပီးေတာ့ ပါသင့္တယ္ေပါ့။ ဒါေၾကာင့္ တပ္မေတာ္ေရာ၊ အစိုးရ၊ လႊတ္ေတာ္ေရာ သေဘာထား ႀကီးမႈကို ျပရမယ္။ ျပသင့္တယ္။ က်ေနာ္တို႔ရ႔ဲ့ သေဘာထားအျမင္ေပါ့။”

တပ္မေတာ္ဘက္က အရင္ အပစ္ရပ္ေၾကညာခ်က္ေတြမွာ AA မပါ၀င္တဲ့အတြက္ တိုက္ပဲြေတြ မရပ္စဲခဲ့ေၾကာင္း၊ ဒါေၾကာင့္ တပ္မေတာ္အေနနဲ႔ နည္းလမ္းသစ္ ရွာေဖြသင့္ေၾကာင္းလည္း လည္း အၾကံျပဳေျပာၾကားပါတယ္။

ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ COVID ျဖစ္ပြားခ်ိန္ တိုက္ပဲြေတြမရပ္ဆိုင္းတဲ့အတြက္ ကပ္ေရာဂါ ထိန္းခ်ဳပ္ဖို႔ ခက္ခဲႏိုင္ေၾကာင္း သံုးသပ္ေျပာဆိုပါတယ္။

“စစ္ေတြ၊ ေျမာက္ဦးလို COVID 19 ေရာဂါကူးစက္မႈ ျမန္ႏႈန္းျမင့္ေနတဲ့ေနရာေတြမွာ စစ္ပဲြ မရပ္တဲ့အတြက္ေၾကာင့္မို႔ ဒီေရာဂါ ကုသ ကာကြယ္ ထိန္းခ်ဳပ္ဖို႔ေတာ့ အဟန္႔အတားျဖစ္လိမ့္မယ္ ထင္ပါတယ္။ ေလာေလာဆယ္ အင္တာနက္ ျမန္ႏႈန္းျမင့္ေတြ ဖြင့္မေပးႏိုင္တဲ့အတြက္ေၾကာင့္မို႔ သတင္းအခ်က္အလက္ မွ်ေ၀တာေရာ ကုသကာကြယ္ေရးနဲ႔ပတ္သက္ၿပီးေတာ့ လမ္းၫႊန္ခ်က္ ေပးဖို႔ရာေရာ အကန္႔အသတ္ေတြ အမ်ားႀကီးရွိေနတာကို ေတြ႕ရပါတယ္။”

အစိုးရ နဲ႔ AA အပါအ၀င္ မဟာမိတ္အဖဲြ႕ေတြအၾကားႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးေရးအတြက္ ေဆြးေႏြးတာေတြဟာလည္း ဒီႏွစ္ဆန္းတည္းက ရပ္တန္႔ေနတာျဖစ္ပါတယ္။ လက္ရွိ အပစ္ရပ္ေၾကညာခ်က္မွာ AA ကို ခ်န္လွပ္ထားတာဟာ က်န္မဟာမိတ္အဖဲြ႕ေတြနဲ႔ ဆက္ဆံေရးအေပၚ သက္ေရာက္မႈရွိႏိုင္သလို ေဆြးေႏြးပဲြေတြ ေအာင္ျမင္ဖို႔ဆိုရင္ AA ကို ႏိုင္ငံေရးအရ ထြက္ေပါက္ ေပးဖို႔ လိုအပ္မယ္လို႔လည္း ဦးေမာင္ေမာင္စိုးက သံုးသပ္ထားပါတယ္။

တပ္မေတာ္က ၂၀၁၈ ခု ဒီဇင္ဘာလကေန ၂၀၁၉ ခု စက္တင္ဘာလအထိ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔အတြက္ စစ္တိုင္းဌာနခ်ဳပ္ ၅ ခု နယ္ေျမမွာ ၉ လတာ အပစ္ရပ္ေၾကညာခဲ့ဖူးပါတယ္။ ဒီလို ေၾကညာခဲ့စဥ္ကလည္း ရခိုင္ျပည္နယ္ မပါ၀င္ခဲ့ပါဘူး။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္နဲ႔ ျမန္မာႏုိင္ငံ အေျခစုိက္ သံတမန္ေတြကေတာ့ ကပ္ေရာဂါကာလမွာ တုိက္ခုိက္မႈေတြ ရပ္စဲထားၾကဖုိ႔ တုိက္တြန္းခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တပ်မတော်အပစ်ရပ်ကြေညာချက် ရခိုင်ပါသင့်ကြောင်း တိုက်တွန်းချက်တွေ ထွက်ပေါ်

တပ်မတော်က အပစ်ရပ်ကာလ ၁ လ ထပ်မံသက်တမ်းတိုးကြောင်း ကြေညာလိုက်ပေမဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ဒေသ မပါဝင်တဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေရဲ့ အမြင်တွေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

တပ်မတော်က COVID 19 ကာကွယ် ထိန်းချုပ် ကုသရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး စက်တင်ဘာလကုန်ထိ သက်တမ်း တစ်လ တိုးမြှင့်ကြောင်း ကြေညာခဲ့ပေမဲ့ အကြမ်းဖက်အဖွဲ့တွေ ရှိရာနေရာတွေ မပါဝင်ဘူးလို့ ပြောဆိုထားပါတယ်။ ဒီအတွက်လည်း အစိုးရက အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ARSA အဖွဲ့တွေလှုပ်ရှားရာ ရခိုင်ပြည်နယ် ပါဝင်မှာ မဟုတ်တဲ့အတွက် တဘက်သတ်အပစ်ရပ် ကြေညာချက်ဟာ အကျိုးမရှိနိုင်ဘူးလို့ AA နဲ့ မဟာမိတ်ဖြစ်တဲ့ TNLA ခေါ် တအန်း(ပလောင်)အဖဲ့ွက ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုး တာ့အိုက်ကျော်က ပြောပါတယ်။

“အထူးသဖြင့်က သူတို့ ထုတ်ပြန်ကြေညာတိုင်း AA လှုပ်ရှားတဲ့ဒေသ ရခိုင်ပြည်နယ်ဘက်က မပါဘူး။ ပြောမယ်ဆိုရင်တော့ တခြားဒေသက တိုက်ပွဲ အဲလောက် ဖြစ်တာမှ မရှိဘဲ။ တကယ့်တကယ် တိုက်ပွဲပြင်းထန်တာက ရခိုင်မှာ ဖြစ်တာပေါ့နော်။ အဓိကကတော့ တိုက်ပွဲပြင်းထန်တဲ့နေရာမှာ ဦးစားပေးပြီးတော့ ဆောင်ရွက်သင့်တယ်။ ကျန်တဲ့ဒေသက အဲလောက် တိုက်ပွဲပြင်းထန်တာမရှိဘူး။”

AA ရခိုင် ၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ KIA ကချင်အဖွဲ့တွေဟာ NCA ခေါ် တစ်နိုင်ငံလုံး ဆိုင်ရာအပစ်ရပ်စာချုပ်မှာ မပါဝင်သေးဘဲ အစိုးရနဲ့ နှစ်ဘက်အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးအတွက် ဆွေးနွေးနေဆဲ မဟာမိတ်အဖွဲ့တွေဖြစ်ပါတယ်။ AA၊ TNLA ၊ MNDAA အဖွဲ့ ၃ဖွဲ့ ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့ကလည်း ဆဌမအကြိမ် အဖြစ် အပစ်ရပ်သက်တမ်း ၃လ တိုးမြှင့်ကြောင်း ဒီနှစ် ဇွန်လ တစ်ရက်နေ့က ကြေညာထားပြီး ဒီကြေညာချက်ဟာ သြဂုတ်လကုန်အထိဖြစ်ပါတယ်။ သက်တမ်းထပ် တိုး၊ မတိုးကတော့ ပြန်လည်ဆွေးနွေးထုတ်ပြန်မယ်လို့လည်း TNLA ပြောခွင့်ရသူက ပြောဆိုထားပါတယ်။

NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ NMSP မွန်လက်နက်ကိုင်အဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေးကတော့ တပ်မတော်ရဲ့ အပစ်ရပ်ကြေညာချက်ကို ကြိုဆိုလိုက်ပေမဲ့၊ လတ်တလော တပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ AA အဖွဲ့အပါအဝင် အားလုံးပါဝင်ရေးအတွက်လည်း အခုလို တိုက်တွန်းပါတယ်။

“Ceasefire အတွက် ကြေညာတာကတော့ ကျနော်တို့က အမြဲတမ်း ကြိုဆိုတယ်။ ဒါ AA မပါဘူးဆို တစ်စုံလုံးမဖြစ်တော့ ဒါ ကျနော်တို့ကလည်း ပါစေချင်တယ်ပေါ့။ AA ပါမှ ပိုပြီးတော့ သင့်မြတ်မယ်။ အခုချိန်ဆို COVID ကာလအချိန်ဖြစ်တော့ ပိုပြီးတော့ ပါသင့်တယ်ပေါ့။ ဒါကြောင့် တပ်မတော်ရော၊ အစိုးရ၊ လွှတ်တော်ရော သဘောထား ကြီးမှုကို ပြရမယ်။ ပြသင့်တယ်။ ကျနော်တို့ရဲ့ သဘောထားအမြင်ပေါ့။”

တပ်မတော်ဘက်က အရင် အပစ်ရပ်ကြေညာချက်တွေမှာ AA မပါဝင်တဲ့အတွက် တိုက်ပွဲတွေ မရပ်စဲခဲ့ကြောင်း၊ ဒါကြောင့် တပ်မတော်အနေနဲ့ နည်းလမ်းသစ် ရှာဖွေသင့်ကြောင်းလည်း လည်း အကြံပြုပြောကြားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ COVID ဖြစ်ပွားချိန် တိုက်ပွဲတွေမရပ်ဆိုင်းတဲ့အတွက် ကပ်ရောဂါ ထိန်းချုပ်ဖို့ ခက်ခဲနိုင်ကြောင်း သုံးသပ်ပြောဆိုပါတယ်။

“စစ်တွေ၊ မြောက်ဦးလို COVID 19 ရောဂါကူးစက်မှု မြန်နှုန်းမြင့်နေတဲ့နေရာတွေမှာ စစ်ပွဲ မရပ်တဲ့အတွက်ကြောင့်မို့ ဒီရောဂါ ကုသ ကာကွယ် ထိန်းချုပ်ဖို့တော့ အဟန့်အတားဖြစ်လိမ့်မယ် ထင်ပါတယ်။ လောလောဆယ် အင်တာနက် မြန်နှုန်းမြင့်တွေ ဖွင့်မပေးနိုင်တဲ့အတွက်ကြောင့်မို့ သတင်းအချက်အလက် မျှဝေတာရော ကုသကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ လမ်းညွှန်ချက် ပေးဖို့ရာရော အကန့်အသတ်တွေ အများကြီးရှိနေတာကို တွေ့ရပါတယ်။”

အစိုးရ နဲ့ AA အပါအဝင် မဟာမိတ်အဖွဲ့တွေအကြားနှစ်ဘက်အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးအတွက် ဆွေးနွေးတာတွေဟာလည်း ဒီနှစ်ဆန်းတည်းက ရပ်တန့်နေတာဖြစ်ပါတယ်။ လက်ရှိ အပစ်ရပ်ကြေညာချက်မှာ AA ကို ချန်လှပ်ထားတာဟာ ကျန်မဟာမိတ်အဖွဲ့တွေနဲ့ ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိနိုင်သလို ဆွေးနွေးပွဲတွေ အောင်မြင်ဖို့ဆိုရင် AA ကို နိုင်ငံရေးအရ ထွက်ပေါက် ပေးဖို့ လိုအပ်မယ်လို့လည်း ဦးမောင်မောင်စိုးက သုံးသပ်ထားပါတယ်။

တပ်မတော်က ၂၀၁၈ ခု ဒီဇင်ဘာလကနေ ၂၀၁၉ ခု စက်တင်ဘာလအထိ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် စစ်တိုင်းဌာနချုပ် ၅ ခု နယ်မြေမှာ ၉ လတာ အပစ်ရပ်ကြေညာခဲ့ဖူးပါတယ်။ ဒီလို ကြေညာခဲ့စဉ်ကလည်း ရခိုင်ပြည်နယ် မပါဝင်ခဲ့ပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံ အခြေစိုက် သံတမန်တွေကတော့ ကပ်ရောဂါကာလမှာ တိုက်ခိုက်မှုတွေ ရပ်စဲထားကြဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။

XS
SM
MD
LG