သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘူးသီးေတာင္နဲ႔ ေမာင္ေတာမွာ လ ွ်ပ္စစ္မီးျပတ္လို႔ ေဒသခံေတြ အခက္ေတြ႔ေန


ရခိုင္ျပည္နယ္မွာရွိတဲ့ လွ်ပ္စစ္ ဓာတ္အားလုိင္း။ (မတ္ ၁၀၊ ၂၀၁၈)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြမွာ လက္နက္ကုိင္ တိုက္ပြဲေတြၾကား လွ်ပ္စစ္ ဓာတ္အားလုိင္းေတြ ျပတ္ေတာက္သြားတာေၾကာင့္ ကပ္ေရာဂါနဲ႔ စစ္ေဘးသင့္ေနတဲ့ ေဒသခံေတြ အခက္ေတြ႔ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

တုိက္ပဲြေတြၾကား လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကဲြရာက ဓာတ္အားလုိင္းေတြ ျပတ္ေတာက္ ကုန္တာေၾကာင့္ မေန႔ကစၿပီး ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြမွာ လွ်ပ္စစ္မီးျပတ္ေတာက္ေနတယ္လုိ႔ ေမာင္ေတာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးေမာင္အုန္းက ေျပာပါတယ္။

"ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၾကားမွာ က်ေနာ္တို႔ဒီ လက္နက္ႀကီး က်ၿပီးေတာ့ မီးပ်က္သြားတယ္လို႔ ၾကားတယ္ ခင္ဗ်ာ။ အဲတာေၾကာင့္ မီးရ၊ မရေတာ့တာ။ ေလာေလာဆယ္အေျခအေနကလည္း ဆိုးတယ္ မိုးက တအားရြာေနတာဆိုေတာ့ေလ ၿပီးေတာ့ နယ္ေျမေဒသ အေျခအေနကလည္း မေကာင္းဘူးဆိုေတာ့ သြားလို႔မရဘူး အဲတာေၾကာင့္ ၿမိဳ႕လူထုေတြ ဒုကၡေရာက္ ေနၾကတာေပါ့ေနာ္။"

ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေတြ မၾကာေသးခင္ကစလုိ႔ ျမင့္တက္ေနသလို လက္နက္ကုိင္တုိက္ပဲြေတြလည္း ဆက္လက္ ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္မွာ ေဒသခံေတြအတြက္ အေျခခံလိုအပ္ခ်က္တစ္ခုျဖစ္တဲ့ လွ်ပ္စစ္မီးျပတ္ေတာက္မႈေၾကာင့္ အခက္ေတြ႔ေနၾကရတယ္လို႔ ဦးေမာင္အုန္းကဆက္ေျပာပါတယ္။

"မီးမရွိေတာ့ ဘာမွလုပ္လို႔ မရဘူေလ ဘာမွလုပ္လို႔မရဘူးဆိုတာ အားလံုးေပါ့ ထမင္းခ်က္လို႔လည္းမရေတာ့ဘူး။ ဖုန္းနဲ႔ ပတ္သတ္လာရင္လည္း အားျဖည့္ဖို႔တာက အစအခက္အခဲရွိတယ္။ ဒုကၡေရာက္ေနၾကတာ ျပည္သူေတြက။ ဖုန္းအားမသြင္းရသလို သတင္းလည္းၾကည့္လို႔မရေတာ့ဘူးဗ်ာ။"

လွ်ပ္စစ္မီးျပတ္ေတာက္မႈကုိ ျပင္ဆင္ဖုိ႔ တာ၀န္ရွိသူေတြ ႀကိဳးပမ္းေနေပမဲ့ လုံၿခံဳေရးနဲ႔ ရာသီဥတုအေျခအေန မေကာင္းတာေၾကာင့္ အခက္ႀကံဳေတြ႔ေနရတယ္ လို႔လည္း ေမာင္ေတာခရိုင္ လွ်ပ္စစ္အင္ဂ်ီနီယာရံုး တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

"လိုင္းထိန္းသိမ္းေရး အဖြဲ႔ေတြကေတာ့ ဒီေန႔ကေတာ့ ရာသီဥတုနဲ႔ နယ္ေျမအေျခအေနအရ သူတို႔မသြားႏိုင္ေသးဘူးလို႔ ေျပာတယ္။ သူတို႔ေျပာတာကေတာ့ ပ်က္ေနတဲ့ ေနရာက တိုင္အမွတ္ ၄၈နဲ႔ ၄၉ ၾကားမွာလို႔ေျပာတယ္။ က်ေနာ္တို႔ကေတာ့ မျမင္ေသးေတာ့ ဘာေၾကာင့္ ပ်က္တယ္ဆိုတာ မေျပာႏိုင္ေသးဘူးဗ်ာ။ ျမင္မွပဲ ဘာေၾကာင့္ ပ်က္တယ္ဆိုတာကို ေျပာလို႔ရမယ္။ သြားမယ့္အဖြဲ႔ေတြကလည္း အဲဒီကိုမေရာက္ေသးေတာ့ေလ။ သူတို႔အဲကို ေရာက္မွ ဘာေၾကာင့္ ပ်က္တယ္ဆိုတာ ေျပာလို႔ရမွာေပါ့ေနာ္။"

ရခုိင္ျပည္နယ္မွာ အင္တာနက္ ဆက္သြယ္မႈေတြ အျပည့္အ၀ မရဘဲ ျဖစ္ေနခ်ိန္မွာ ပဲ ဘူးသီး ေတာင္ၿမိဳ႕ နယ္မွာ လွ်ပ္စစ္မီးျပတ္ေတာက္မႈနဲ႔ပါ ႀကံဳေနရတာေၾကာင့္ COVID-19 ေရာဂါကူးစက္မႈေတြလုိ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြ ရရွိဖို႔ ခက္ခဲေနတယ္လို႔လည္း ဘူးသီးေတာင္ ေဒသခံ တစ္ဦးျဖစ္တဲ့ ကိုထြန္းေအးက ေျပာပါတယ္။

မီးက မေန႔က ၁၁ နာရီေလာက္ကတည္းက ပ်က္သြားတာဗ်ာ။ ဘယ္အခ်ိန္ျပန္ရမလဲဆိုတာလည္း က်ေနာ္တို႔ မသိရဘူး။ ဘယ္ေနရာမွာ ဘယ္ေလာက္ျဖစ္ေနတယ္။ ဘယ္ကူးစက္ေနတယ္ဆိုတာ က်ေနာ္တို႔ သတင္းေတြ လည္း မရေတာ့ဘူးေပါ့ေနာ္။ မီးမရေတာ့ က်ေနာ္တို႔ အခက္အခဲျဖစ္တယ္။

က်န္းမာေရး ၀န္ႀကီးဌာနရဲ႕ ဒီကေန႔ မနက္ပုိင္းအထိ ထုတ္ျပန္ခ်က္အရ ရခုိင္ျပည္နယ္ မွာ အတည္ျပဳ လူနာ ၈၀ ေယာက္ အပါအ၀င္ ျမန္မာႏိုင္ငံမွာ ေရာဂါကူးစက္သူ ၄၇၄ ေယာက္ ရွိေနပါ တယ္။ ေဒသတြင္းႏုိင္ငံေတြမွာ တေက်ာ့ျပန္ ေရာဂါကူးစက္မႈေတြ ႀကံဳေနရတဲ့အတြက္ ျမန္မာႏုိင္ငံမွာလည္း အလားတူ အေျခအေနမ်ဳိးနဲ႔ မႀကံဳရေအာင္ သတိထားၾကဖုိ႔ က်န္းမာေရး၀န္ႀကီး ဌာနကလည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘူးသီးတောင်နဲ့ မောင်တောမှာ လ ျှပ်စစ်မီးပြတ်လို့ ဒေသခံတွေ အခက်တွေ့နေ

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ လက်နက်ကိုင် တိုက်ပွဲတွေကြား လျှပ်စစ် ဓာတ်အားလိုင်းတွေ ပြတ်တောက်သွားတာကြောင့် ကပ်ရောဂါနဲ့ စစ်ဘေးသင့်နေတဲ့ ဒေသခံတွေ အခက်တွေ့နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

တိုက်ပွဲတွေကြား လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာက ဓာတ်အားလိုင်းတွေ ပြတ်တောက် ကုန်တာကြောင့် မနေ့ကစပြီး ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမောင်အုန်းက ပြောပါတယ်။

"ဘူးသီးတောင်နဲ့ ရသေ့တောင်ကြားမှာ ကျနော်တို့ဒီ လက်နက်ကြီး ကျပြီးတော့ မီးပျက်သွားတယ်လို့ ကြားတယ် ခင်ဗျာ။ အဲတာကြောင့် မီးရ၊ မရတော့တာ။ လောလောဆယ်အခြေအနေကလည်း ဆိုးတယ် မိုးက တအားရွာနေတာဆိုတော့လေ ပြီးတော့ နယ်မြေဒေသ အခြေအနေကလည်း မကောင်းဘူးဆိုတော့ သွားလို့မရဘူး အဲတာကြောင့် မြို့လူထုတွေ ဒုက္ခရောက် နေကြတာပေါ့နော်။"

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မကြာသေးခင်ကစလို့ မြင့်တက်နေသလို လက်နက်ကိုင်တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်တဲ့ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အခက်တွေ့နေကြရတယ်လို့ ဦးမောင်အုန်းကဆက်ပြောပါတယ်။

"မီးမရှိတော့ ဘာမှလုပ်လို့ မရဘူလေ ဘာမှလုပ်လို့မရဘူးဆိုတာ အားလုံးပေါ့ ထမင်းချက်လို့လည်းမရတော့ဘူး။ ဖုန်းနဲ့ ပတ်သတ်လာရင်လည်း အားဖြည့်ဖို့တာက အစအခက်အခဲရှိတယ်။ ဒုက္ခရောက်နေကြတာ ပြည်သူတွေက။ ဖုန်းအားမသွင်းရသလို သတင်းလည်းကြည့်လို့မရတော့ဘူးဗျာ။"

လျှပ်စစ်မီးပြတ်တောက်မှုကို ပြင်ဆင်ဖို့ တာဝန်ရှိသူတွေ ကြိုးပမ်းနေပေမဲ့ လုံခြုံရေးနဲ့ ရာသီဥတုအခြေအနေ မကောင်းတာကြောင့် အခက်ကြုံတွေ့နေရတယ် လို့လည်း မောင်တောခရိုင် လျှပ်စစ်အင်ဂျီနီယာရုံး တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

"လိုင်းထိန်းသိမ်းရေး အဖွဲ့တွေကတော့ ဒီနေ့ကတော့ ရာသီဥတုနဲ့ နယ်မြေအခြေအနေအရ သူတို့မသွားနိုင်သေးဘူးလို့ ပြောတယ်။ သူတို့ပြောတာကတော့ ပျက်နေတဲ့ နေရာက တိုင်အမှတ် ၄၈နဲ့ ၄၉ ကြားမှာလို့ပြောတယ်။ ကျနော်တို့ကတော့ မမြင်သေးတော့ ဘာကြောင့် ပျက်တယ်ဆိုတာ မပြောနိုင်သေးဘူးဗျာ။ မြင်မှပဲ ဘာကြောင့် ပျက်တယ်ဆိုတာကို ပြောလို့ရမယ်။ သွားမယ့်အဖွဲ့တွေကလည်း အဲဒီကိုမရောက်သေးတော့လေ။ သူတို့အဲကို ရောက်မှ ဘာကြောင့် ပျက်တယ်ဆိုတာ ပြောလို့ရမှာပေါ့နော်။"

ရခိုင်ပြည်နယ်မှာ အင်တာနက် ဆက်သွယ်မှုတွေ အပြည့်အ၀ မရဘဲ ဖြစ်နေချိန်မှာ ပဲ ဘူးသီး တောင်မြို့ နယ်မှာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ပါ ကြုံနေရတာကြောင့် COVID-19 ရောဂါကူးစက်မှုတွေလို အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိဖို့ ခက်ခဲနေတယ်လို့လည်း ဘူးသီးတောင် ဒေသခံ တစ်ဦးဖြစ်တဲ့ ကိုထွန်းအေးက ပြောပါတယ်။

မီးက မနေ့က ၁၁ နာရီလောက်ကတည်းက ပျက်သွားတာဗျာ။ ဘယ်အချိန်ပြန်ရမလဲဆိုတာလည်း ကျနော်တို့ မသိရဘူး။ ဘယ်နေရာမှာ ဘယ်လောက်ဖြစ်နေတယ်။ ဘယ်ကူးစက်နေတယ်ဆိုတာ ကျနော်တို့ သတင်းတွေ လည်း မရတော့ဘူးပေါ့နော်။ မီးမရတော့ ကျနော်တို့ အခက်အခဲဖြစ်တယ်။

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မှာ အတည်ပြု လူနာ ၈၀ ယောက် အပါအဝင် မြန်မာနိုင်ငံမှာ ရောဂါကူးစက်သူ ၄၇၄ ယောက် ရှိနေပါ တယ်။ ဒေသတွင်းနိုင်ငံတွေမှာ တကျော့ပြန် ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့အတွက် မြန်မာနိုင်ငံမှာလည်း အလားတူ အခြေအနေမျိုးနဲ့ မကြုံရအောင် သတိထားကြဖို့ ကျန်းမာရေးဝန်ကြီး ဌာနကလည်း သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG