သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြက ကုိဗစ္ကူးစက္မႈထိန္းခ်ဳပ္ႏုိင္ေရး IDP စခန္းေတြနဲ႔ ေစ်းေတြကုိ အဓိကထား ေဆာင္ရြက္မည္ (က်န္းမာေရး၀န္ႀကီး) 


စစ္ေတြၿမိဳ.တေနရာ

(Zawgyi/Unicode)

စစ္ေတြၿမိဳ.မွာ ကိုဗစ္ကူးစက္မူအလြန္ျမန္ဆန္စိုးရိမ္ေနရတာမို႔၊ က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔၊ IDP စစ္ေဘးေရွာင္စခန္းနဲ႔ ေစ်းေတြကို အဓိကထားၿပီး ကာကြယ္ထိန္းခ်ဳပ္ေရးေတြလုပ္ေတာ့မွာပါ။

က်န္းမာေရးနဲ႔အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးကို ကို၀င္းမင္းက ေမးထားပါတယ္။

ဝင္းမင္း။ ။ က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြးခင္ဗ်ာ၊ ဆရာတို႔ အဓိက ေနာက္ဆံုး လုပ္ေဆာင္ထားတဲ့အေနအထားေလး။

ေဒါက္တာျမင့္ေထြး။ ။ IDP Camp (စစ္ေဘးေရွာင္စခန္း) ေတြကိုလည္း အေသအခ်ာ ဂရုစိုက္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီထဲမွာျဖစ္လို႔ရွိလွ်င္ ျပန္႔ဖို႔လြယ္တယ္။ ဒီ IDP စခန္းေတြမွာ Throat Swab (လည္ေခ်ာင္းတို႔ဖတ္) ေတြဘာေတြ နည္းနည္း ယူမယ္။ ၿပီးလွ်င္ (ပိုးေတြ႔လွ်င္) Quarantine (အသြားအလာကန္႔သတ္ခြဲထားတာ) လုပ္ေပးမယ္။ ဒါေတြတင္မကဘူး Camp (စခန္း) ေတြမွာ Environmental Sanitation (ပတ္ဝန္းက်င္ သန္႔ရွင္းေရး)၊ Personal hygiene (တကိုယ္ရည္သန္႔ရွင္းေရး) နဲ႔ Immunization (ကာကြယ္ေဆးထိုးတာ) ဒါေတြ အကုန္လံုး၊ ဒီကိုဗစ္တစ္ခုထဲတင္မကဘူး၊ သူတို႔ကုိ ေသေသခ်ာခ်ာ အကုန္လုပ္ေပးမယ္။ ေနာက္ ပညာေပးေတြ လုပ္မယ္၊ သူတို႔နားလည္တဲ့ ဘာသာစကားေတြနဲ႔လုပ္မယ္။ ဒီဘက္က Stay Home (အိမ္မွာ အဓိကေနေရး) အကုန္လံုးေပါ့ေလ။ ဘာလို႔လဲဆိုေတာ့ ဒီမွာရွိတဲ့ ဗိုင္းရပ္စ္ကေတာ့ Mutation (မ်ိဳးရိုးဗီဇေျပာင္းအားေကာင္းလာတာ) ျဖစ္ဖို႔ေတာ့ အလားအလာ မ်ားတယ္။ သိပ္ျမန္လြန္းအားႀကီးတယ္၊ တစ္ပတ္ေလာက္အတြင္း ကူးတာ (၇၀) အဲ့လို မ်ားသြားတယ္ေလ။ အဲ့ဒိေတာ့ ဒီ Mutation ျဖစ္တဲ့ ဗိုင္းရပ္စ္ကဆိုရင္ ေတာ္ေတာ့ကို ျပင္းတာ၊ ၁၀ ဆမက အဲ့ဒါမ်ိဳးေလ၊ ကူးစက္မူ ပ်ံ.ႏွံ႔မူ ျမန္တာေပါ့ေလ။ ေသဆံုးမူကေတာ့ ဒီေလာက္သိပ္ေတာ့ မသိၾကေသးဘူးေပါ့ေနာ္။ အဲ့ဒီေတာ့၊ ဒါေပမဲ့လည္း၊ ရခိုင္မွာေတာ့ ဒီပိုးမ်ိဳး ေတြ႔လို႔ရွိလွ်င္ေတာ့လည္း ေထြေထြထူးထူးေတာ့ ထပ္လုပ္စရာမလိုပါဘူး။ ကူးစက္မူျမန္တယ္ဆိုတာ ကၽြန္ေတာ္တို႔ သိသြားရံုပဲရွိတာေပါ့။ သိဖို႔ ေနာက္ (၅) ရက္ေလာက္ေတာ့ ကၽြန္ေတာ္တို႔ ၾကာလိမ့္မယ္ထင္တယ္၊ အကုန္လံုး Smooth (ေခ်ာေခ်ာေမြ႔ေမြ႔) ျဖစ္ရင္ေပါ့ေလ။

ဝင္းမင္း။ ။ အဲ့ဒိပိုးက ဆရာ ဘယ္ကလာမယ္ထင္လဲ၊ ျဖစ္ခဲ့ရင္ေကာ။

ေဒါက္တာျမင့္ေထြး။ ။အဲ့ဒီဟာကို ကၽြန္ေတာ္တို႔ကေတာ့ ဘယ္ကလာမယ္ဆိုတာေတာ့ ေျပာလို႔ မရႏိုင္ေသးဘူး။ သို႔ေသာ္ ဒီစစ္ေတြမွာျဖစ္တာ အလားအလာရွိတာက ေစ်းပဲျဖစ္မယ္လို႔ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ ျဖစ္တဲ့လူေတြရဲ့ Category (လူအုပ္စုအမ်ိဳးအစား) ကိုၾကည့္တဲ့အခါ၊ UN (ကုလသမဂၢ) ဝန္ထမ္းေတြပါတယ္၊ INGO (ႏိုင္ငံတကာ အစိုးရမဟုတ္တဲ့အဖြဲ႔) ဝန္ထမ္းေတြ ပါတယ္၊ ဘဏ္ဝန္ထမ္းတို႔ အစိုးရဝန္ထမ္းေတြ ပါေတာ့၊ ဒီလူေတြ အကုန္လံုးသြားမယ့္ ေနရာသည္ ေစ်းပဲျဖစ္ဖို႔မ်ားတယ္၊ Common Place (လူအမ်ားသြားတဲ့ေနရာ) ေပါ့။

ဝင္းမင္း။ ။ ဆရာအစပိုင္းကေျပာတဲ့ IDP စစ္ေဘးေရွာင္စခန္းေတြေပါ့၊ အဲ့ဒီမွာ ကာကြယ္ေရးပစၥည္းေတြ ဥပမာ ႏွာေခါင္းစီး Mask သိပ္မရွိဘူးလို႔ၾကားတယ္ဆရာ။

ေဒါက္တာျမင့္ေထြး။ ။ အဲ့ဒါေသခ်ာလုပ္မယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ဆီမွာ Mask ပါးစပ္နဲ႔ႏွာေခါင္းစီး (၅) သိန္း ရခိုင္မွာ လက္က်န္ရွိတယ္။ မေန႔က (၁) သန္းပို႔တယ္။ ဟိုတေန႔က (၄) သိန္းထပ္ပို႔တယ္။ Mask က အေရးႀကီးပါတယ္။ Mask က အဓိကပဲ။

ဝင္းမင္း။ ။ ေနာက္ထပ္ေရာ ဒီ စိုးရိမ္ရတဲ့ေနရာ။

ေဒါက္တာျမင့္ေထြး။ ေနာက္တစ္ခ်က္က ေဆးရံုကို ပ်ံ႕သြားတာေပါ့ေလ။ ကၽြန္ေတာ္ စိုးရိမ္တာ နည္းနည္း အဲ့မွာ ပ်ံ.သြားတယ္။ အဲ့ဒိ Case (လူနာ) နံပါတ္ (၃၇၅) ျဖစ္တဲ့ ဘဏ္ (CB ဘဏ္) ဝန္ထမ္းအမ်ိဳးသမီး က အနံ႔မရဘူးဆိုၿပီး ေဆးရံုသြားျပတာမွာ၊ အဲ့ဒီအခ်ိန္မွာ စစ္ေတြမွာ ရခိုင္ျပည္မွာ ဒီေလာက္မျဖစ္ဘူး၊ နည္းနည္းေလး သတိမထားမိလိုက္တာလည္း ျဖစ္သြားမွာေပါ့။ ဒါေပမဲ့ အဲ့ဒိမွာ တစ္ခ်ိန္ထဲမွာပဲ၊ ေရာဂါပိုးဟာ ကူးစက္မူျမန္တဲ့အခါက်ေတာ့။ ကၽြန္ေတာ္ မထင္မွတ္ေလာက္ေအာင္ကို ျမန္တယ္၊ ကူးစက္မူက။ ဒါေပမဲ့ ေလာေလာဆယ္ေလ Patient (လူနာ) ေတြ ေနာက္ဆံုး အေျခအေနကေတာ့ ေကာင္းေနေသးတယ္။ ဘာမွ ဆိုးဆိုးဝါးဝါး တစ္ေယာက္မွ မေတြ႔ရေသးပါဘူး။ ဆက္ေတာ့ နည္းနည္းေတာ့ Monitor (ေစာင့္ၾကည့္တာ) ေတာ့ လုပ္ရမွာေပါ့။

ဝင္းမင္း။ ။ အဲ့ဒိေတာ့ ေသဆံုးမူနည္းေအာင္ေတာ့ ေဆးရံုေတြျပင္ဆင္မူအေနအထားေရာ။

ေဒါက္တာျမင့္ေထြး။ ေဆးရံုေတြမွာေတာ့ ကုတင္ေတြကို အကုန္လံုး လုပ္ထားပါတယ္။ အဆင့္သင့္ပဲ၊ အားလံုး။ အခု အကုန္လံုးကို ျပန္ၾကည့္မယ္ဆိုရင္ ICU (အထူးၾကပ္မတ္ကုသေဆာင္) ကို စုစုေပါင္း လူနာ (၂၀)၊ Ventilator (အသက္ရူစက္) တင္ရတာ (၅) ေယာက္ေလာက္ ပဲရွိတယ္။ က်န္တဲ့သူေတြက ေဆးရံုထဲမွာပဲ ကုၿပီး ေကာင္းသြားၾကတာ။ ကၽြန္ေတာ္တို႔ ဆရာဝန္ေတြက Dexamethasone (အေရာင္က်ေဆး) ထိေရာက္တယ္ဆိုတာသိၿပီး စသံုးတာၾကာၿပီ၊ သူတို႔မသံုးခင္ထဲက သံုးေနတာ။ ဒီမွာ ကၽြန္ေတာ္တို႔ရဲ့ ဆရာဝန္ေတြက ကမာၻမွာ အေျခအေန အကုန္ေလ့လာၿပီးေတာ့ ေသေသခ်ာခ်ာလုပ္ေနတာ။ သိတဲ့အတိုင္း ကၽြန္ေတာ္တို႔ ႏိုင္ငံမွာ Resource (ေငြေၾကးပစၥည္းအရင္းအျမစ္) က မရွိတဲ့ၾကားထဲက ေသခ်ာစဥ္းစားၿပီးေတာ့ေလ။ သို႔ေသာ္လည္းပဲ၊ Resource အေနနဲ႔က အခုေတာ့ အေတာ္မ်ားလာပါတယ္။ အလူေတႊကအရမ္းမ်ားတယ္၊ ဥပမာ Gavi (ကာကြယ္ေဆး မဟာမိတ္အဖြဲ႔) ကဆို (၁၀) ဘီလီယ်ံ (အေမရိကန္ေဒၚလာ)၊ အစိုးရကလည္း (၂၆၇) ဘီလီယ်ံ (က်ပ္) အထိ ထပ္ထည့္ေပးတာေနာ္။ အဲ့ေတာ့ ဒါကၽြန္ေတာ္ေျပာခ်င္တာေလ၊ ဒီ ကိုဗစ္ကိစၥ မွာ ကၽြန္ေတာ္တို႔က တကယ့္တကယ္ေတာ့ တစ္ျပည္လံုးက ေဆးရံုေတြမွာ၊ ဒီ Ventilator (အသက္ရႈစက္) ေတြ၊ ICU (အထူးၾကပ္မတ္ကုသေဆာင္) ေတြ အမ်ားႀကီးပဲ (ျဖစ္လာတယ္)။

ဝင္းမင္း။ ။ ေနာက္တစ္ခုက ဆရာ ေဆးဝန္္ထမ္းေတြ ကိုဗစ္ စထိလာတယ္ေပါ့ေနာ္။ ေဆးဝန္ထမ္းအင္အားအတြက္ေရာ၊ ရန္ကုန္ကေန သြားတာေတာ့ ရွိတာေပါ့။ ဘယ္ေလာက္ထိ ျပင္ဆင္ထားလဲ။

ေဒါက္တာျမင့္ေထြး။ ။ ဟုတ္တယ္၊ အဲ့ဒါကို ကၽြန္ေတာ္ နည္းနည္းစိုးရိမ္တယ္။ သူ႔ဟာသူ Volunteer (ေစတနာ့ဝန္ထမ္းအျဖစ္) သြားတာအျပင္ Nurces (သူနာျပဳေတြ) လည္းပါတယ္၊ အမ်ားႀကီးသြားတယ္။ သြားတဲ့ဆရာဝန္ (ေဆးဝန္ထမ္း) ေတြလည္း ကၽြန္ေတာ္တို႔က ပိုၿပီး သူ႔ထံုးစံ အတိုင္း ပိုေပးမယ္။ လခတင္မကဘူး၊ ပိုေပးမယ္။ ေနာက္ Volunteer (ေစတနာ့ဝန္ထမ္း) ေတြကိုလည္း Honorarium (ခ်ီးျမွင့္ေငြ) ေတြ ဆက္ေပးဖို႔ ရွိပါတယ္။ ဒီအတြက္ မေန႔ကပဲ ႏိုင္ငံေတာ္ အတိုင္ပင္ခံဦးေဆာင္ၿပီးေတာ့ Central Committee (ကိုဗစ္ဗဟိုေကာ္မတီအဆင့္ျမင့္) အစည္းအေဝးေလးလုပ္တယ္။ အေသအခ်ာ အေသးစိတ္ကိစၥေတြ ေဆးြးေႏြးျဖစ္တယ္။

ဝင္းမင္း။ ။ အဓိက ဘာေတြေဆြးေႏြးျဖစ္လဲဆရာ။

ေဒါက္တာျမင့္ေထြး။ ။ ရခိုင္ (ကိုဗစ္) ကိစၥကို အဓိက ထားေဆြးေႏြးတာေပါ့။ ဘယ္လို Control ( ထိန္းခ်ဳပ္တာ) လုပ္မယ္။ ဘာလုပ္မယ္၊ ဥပမာ အခုဟာေတာ့ ကၽြန္ေတာ္တို႔ စစ္ေတြက ေစ်းထဲမွာလည္း Random Sample (ေရွာင္တခင္ ပိုးစစ္နမူနာယူတာ) ေတြ လုပ္ေတာ့မယ္ေလ။ ဒါ Source of Infection (ပိုးကူးမူေရေသာက္ျမွစ္) ျဖစ္လို႔ရွိလွ်င္ ထပ္ကူးမယ္ေလ။ အဲ့ဒိေတာ့ ေစ်းကို ကၽြန္ေတာ္တို႔ အရင္ဆံုးကိုင္တြယ္မယ္။ ဒီေန႔ေလာက္ဆို ကၽြန္ေတာ္တို႔ Throat Swab (လည္ေခ်ာင္းတို႔ဖတ္) ေတြဘာေတြယူမယ္၊ အကုန္လံုးကို၊ ေစ်းေပါ့၊ အထူးသျဖင့္။

ဝင္းမင္း။ ။ ေနာက္ ေစ်းမွာ Mask (ပါးစပ္နဲ႔ႏွာေခါင္းစီး) ေဝဖို႔ အေနအထားေရာ၊ တခ်ိဳ.က်ေတာ့လည္း မတတ္ႏိုင္ေတာ့ေပါ့ေနာ္။

ေဒါက္တာျမင့္ေထြး။ ကၽြန္ေတာ္တို႔ အဲ့ဒါေတာ့ ေပးမယ္။ မွန္ပါတယ္၊ ဒီ ရခိုင္မွာရွိတဲ့သူေတြက ဒီေလာက္ ခ်မ္းသာတာမဟုတ္ဘူးေလ။ အခုဟာက Mask ေတြက ေစ်းက နည္းနည္း တက္ေနတယ္လို႔ ၾကားေနတယ္။ ၿပီးေတာ့ ကၽြန္ေတာ္တို႔ ဒီ ရခိုင္ဘက္ကထြက္တဲ့လမ္းေတြမွာလည္း အကုန္လံုး အေသအခ်ာ ေစာင့္တယ္။ လာလို႔ရွိလွ်င္ Quarantine (အသြားအလာကန္႔သတ္တာ) အတြက္ အကုန္လံုး၊ လုပ္ေနပါတယ္၊ အားလံုးကို။ ဒီဖက္ကို အကုန္လံုး ပ်ံ.မသြားအာင္ေပါ့ေလ။

ဝင္းမင္း၊ ေက်းဇူးပါ၊ ဆရာ၊ အခုလို ဦးေဆာင္ၿပီး လုပ္ေပးေနတာ။

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးေဒါက္တာျမင့္ေထြးကိုကို၀င္းမင္းက ေမးျမန္းခဲ့တာပါ။


.................

(Unicode)

စစ်တွေမြို.မှာ ကိုဗစ်ကူးစက်မူအလွန်မြန်ဆန်စိုးရိမ်နေရတာမို့၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့၊ IDP စစ်ဘေးရှောင်စခန်းနဲ့ ဈေးတွေကို အဓိကထားပြီး ကာကွယ်ထိန်းချုပ်ရေးတွေလုပ်တော့မှာပါ။

ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကို ကိုဝင်းမင်းက မေးထားပါတယ်။

ဝင်းမင်း။ ။ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးခင်ဗျာ၊ ဆရာတို့ အဓိက နောက်ဆုံး လုပ်ဆောင်ထားတဲ့အနေအထားလေး။

ဒေါက်တာမြင့်ထွေး။ ။ IDP Camp (စစ်ဘေးရှောင်စခန်း) တွေကိုလည်း အသေအချာ ဂရုစိုက်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီထဲမှာဖြစ်လို့ရှိလျှင် ပြန့်ဖို့လွယ်တယ်။ ဒီ IDP စခန်းတွေမှာ Throat Swab (လည်ချောင်းတို့ဖတ်) တွေဘာတွေ နည်းနည်း ယူမယ်။ ပြီးလျှင် (ပိုးတွေ့လျှင်) Quarantine (အသွားအလာကန့်သတ်ခွဲထားတာ) လုပ်ပေးမယ်။ ဒါတွေတင်မကဘူး Camp (စခန်း) တွေမှာ Environmental Sanitation (ပတ်ဝန်းကျင် သန့်ရှင်းရေး)၊ Personal hygiene (တကိုယ်ရည်သန့်ရှင်းရေး) နဲ့ Immunization (ကာကွယ်ဆေးထိုးတာ) ဒါတွေ အကုန်လုံး၊ ဒီကိုဗစ်တစ်ခုထဲတင်မကဘူး၊ သူတို့ကို သေသေချာချာ အကုန်လုပ်ပေးမယ်။ နောက် ပညာပေးတွေ လုပ်မယ်၊ သူတို့နားလည်တဲ့ ဘာသာစကားတွေနဲ့လုပ်မယ်။ ဒီဘက်က Stay Home (အိမ်မှာ အဓိကနေရေး) အကုန်လုံးပေါ့လေ။ ဘာလို့လဲဆိုတော့ ဒီမှာရှိတဲ့ ဗိုင်းရပ်စ်ကတော့ Mutation (မျိုးရိုးဗီဇပြောင်းအားကောင်းလာတာ) ဖြစ်ဖို့တော့ အလားအလာ များတယ်။ သိပ်မြန်လွန်းအားကြီးတယ်၊ တစ်ပတ်လောက်အတွင်း ကူးတာ (၇၀) အဲ့လို များသွားတယ်လေ။ အဲ့ဒိတော့ ဒီ Mutation ဖြစ်တဲ့ ဗိုင်းရပ်စ်ကဆိုရင် တော်တော့ကို ပြင်းတာ၊ ၁၀ ဆမက အဲ့ဒါမျိုးလေ၊ ကူးစက်မူ ပျံ.နှံ့မူ မြန်တာပေါ့လေ။ သေဆုံးမူကတော့ ဒီလောက်သိပ်တော့ မသိကြသေးဘူးပေါ့နော်။ အဲ့ဒီတော့၊ ဒါပေမဲ့လည်း၊ ရခိုင်မှာတော့ ဒီပိုးမျိုး တွေ့လို့ရှိလျှင်တော့လည်း ထွေထွေထူးထူးတော့ ထပ်လုပ်စရာမလိုပါဘူး။ ကူးစက်မူမြန်တယ်ဆိုတာ ကျွန်တော်တို့ သိသွားရုံပဲရှိတာပေါ့။ သိဖို့ နောက် (၅) ရက်လောက်တော့ ကျွန်တော်တို့ ကြာလိမ့်မယ်ထင်တယ်၊ အကုန်လုံး Smooth (ချောချောမွေ့မွေ့) ဖြစ်ရင်ပေါ့လေ။

ဝင်းမင်း။ ။ အဲ့ဒိပိုးက ဆရာ ဘယ်ကလာမယ်ထင်လဲ၊ ဖြစ်ခဲ့ရင်ကော။

ဒေါက်တာမြင့်ထွေး။ ။အဲ့ဒီဟာကို ကျွန်တော်တို့ကတော့ ဘယ်ကလာမယ်ဆိုတာတော့ ပြောလို့ မရနိုင်သေးဘူး။ သို့သော် ဒီစစ်တွေမှာဖြစ်တာ အလားအလာရှိတာက ဈေးပဲဖြစ်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဖြစ်တဲ့လူတွေရဲ့ Category (လူအုပ်စုအမျိုးအစား) ကိုကြည့်တဲ့အခါ၊ UN (ကုလသမဂ္ဂ) ဝန်ထမ်းတွေပါတယ်၊ INGO (နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့) ဝန်ထမ်းတွေ ပါတယ်၊ ဘဏ်ဝန်ထမ်းတို့ အစိုးရဝန်ထမ်းတွေ ပါတော့၊ ဒီလူတွေ အကုန်လုံးသွားမယ့် နေရာသည် ဈေးပဲဖြစ်ဖို့များတယ်၊ Common Place (လူအများသွားတဲ့နေရာ) ပေါ့။

ဝင်းမင်း။ ။ ဆရာအစပိုင်းကပြောတဲ့ IDP စစ်ဘေးရှောင်စခန်းတွေပေါ့၊ အဲ့ဒီမှာ ကာကွယ်ရေးပစ္စည်းတွေ ဥပမာ နှာခေါင်းစီး Mask သိပ်မရှိဘူးလို့ကြားတယ်ဆရာ။

ဒေါက်တာမြင့်ထွေး။ ။ အဲ့ဒါသေချာလုပ်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ Mask ပါးစပ်နဲ့နှာခေါင်းစီး (၅) သိန်း ရခိုင်မှာ လက်ကျန်ရှိတယ်။ မနေ့က (၁) သန်းပို့တယ်။ ဟိုတနေ့က (၄) သိန်းထပ်ပို့တယ်။ Mask က အရေးကြီးပါတယ်။ Mask က အဓိကပဲ။

ဝင်းမင်း။ ။ နောက်ထပ်ရော ဒီ စိုးရိမ်ရတဲ့နေရာ။

ဒေါက်တာမြင့်ထွေး။ နောက်တစ်ချက်က ဆေးရုံကို ပျံ့သွားတာပေါ့လေ။ ကျွန်တော် စိုးရိမ်တာ နည်းနည်း အဲ့မှာ ပျံ.သွားတယ်။ အဲ့ဒိ Case (လူနာ) နံပါတ် (၃၇၅) ဖြစ်တဲ့ ဘဏ် (CB ဘဏ်) ဝန်ထမ်းအမျိုးသမီး က အနံ့မရဘူးဆိုပြီး ဆေးရုံသွားပြတာမှာ၊ အဲ့ဒီအချိန်မှာ စစ်တွေမှာ ရခိုင်ပြည်မှာ ဒီလောက်မဖြစ်ဘူး၊ နည်းနည်းလေး သတိမထားမိလိုက်တာလည်း ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ အဲ့ဒိမှာ တစ်ချိန်ထဲမှာပဲ၊ ရောဂါပိုးဟာ ကူးစက်မူမြန်တဲ့အခါကျတော့။ ကျွန်တော် မထင်မှတ်လောက်အောင်ကို မြန်တယ်၊ ကူးစက်မူက။ ဒါပေမဲ့ လောလောဆယ်လေ Patient (လူနာ) တွေ နောက်ဆုံး အခြေအနေကတော့ ကောင်းနေသေးတယ်။ ဘာမှ ဆိုးဆိုးဝါးဝါး တစ်ယောက်မှ မတွေ့ရသေးပါဘူး။ ဆက်တော့ နည်းနည်းတော့ Monitor (စောင့်ကြည့်တာ) တော့ လုပ်ရမှာပေါ့။

ဝင်းမင်း။ ။ အဲ့ဒိတော့ သေဆုံးမူနည်းအောင်တော့ ဆေးရုံတွေပြင်ဆင်မူအနေအထားရော။

ဒေါက်တာမြင့်ထွေး။ ဆေးရုံတွေမှာတော့ ကုတင်တွေကို အကုန်လုံး လုပ်ထားပါတယ်။ အဆင့်သင့်ပဲ၊ အားလုံး။ အခု အကုန်လုံးကို ပြန်ကြည့်မယ်ဆိုရင် ICU (အထူးကြပ်မတ်ကုသဆောင်) ကို စုစုပေါင်း လူနာ (၂၀)၊ Ventilator (အသက်ရူစက်) တင်ရတာ (၅) ယောက်လောက် ပဲရှိတယ်။ ကျန်တဲ့သူတွေက ဆေးရုံထဲမှာပဲ ကုပြီး ကောင်းသွားကြတာ။ ကျွန်တော်တို့ ဆရာဝန်တွေက Dexamethasone (အရောင်ကျဆေး) ထိရောက်တယ်ဆိုတာသိပြီး စသုံးတာကြာပြီ၊ သူတို့မသုံးခင်ထဲက သုံးနေတာ။ ဒီမှာ ကျွန်တော်တို့ရဲ့ ဆရာဝန်တွေက ကမ္ဘာမှာ အခြေအနေ အကုန်လေ့လာပြီးတော့ သေသေချာချာလုပ်နေတာ။ သိတဲ့အတိုင်း ကျွန်တော်တို့ နိုင်ငံမှာ Resource (ငွေကြေးပစ္စည်းအရင်းအမြစ်) က မရှိတဲ့ကြားထဲက သေချာစဉ်းစားပြီးတော့လေ။ သို့သော်လည်းပဲ၊ Resource အနေနဲ့က အခုတော့ အတော်များလာပါတယ်။ အလူတွှေကအရမ်းများတယ်၊ ဥပမာ Gavi (ကာကွယ်ဆေး မဟာမိတ်အဖွဲ့) ကဆို (၁၀) ဘီလီယျံ (အမေရိကန်ဒေါ်လာ)၊ အစိုးရကလည်း (၂၆၇) ဘီလီယျံ (ကျပ်) အထိ ထပ်ထည့်ပေးတာနော်။ အဲ့တော့ ဒါကျွန်တော်ပြောချင်တာလေ၊ ဒီ ကိုဗစ်ကိစ္စ မှာ ကျွန်တော်တို့က တကယ့်တကယ်တော့ တစ်ပြည်လုံးက ဆေးရုံတွေမှာ၊ ဒီ Ventilator (အသက်ရှုစက်) တွေ၊ ICU (အထူးကြပ်မတ်ကုသဆောင်) တွေ အများကြီးပဲ (ဖြစ်လာတယ်)။

ဝင်းမင်း။ ။ နောက်တစ်ခုက ဆရာ ဆေးဝန်ထမ်းတွေ ကိုဗစ် စထိလာတယ်ပေါ့နော်။ ဆေးဝန်ထမ်းအင်အားအတွက်ရော၊ ရန်ကုန်ကနေ သွားတာတော့ ရှိတာပေါ့။ ဘယ်လောက်ထိ ပြင်ဆင်ထားလဲ။

ဒေါက်တာမြင့်ထွေး။ ။ ဟုတ်တယ်၊ အဲ့ဒါကို ကျွန်တော် နည်းနည်းစိုးရိမ်တယ်။ သူ့ဟာသူ Volunteer (စေတနာ့ဝန်ထမ်းအဖြစ်) သွားတာအပြင် Nurces (သူနာပြုတွေ) လည်းပါတယ်၊ အများကြီးသွားတယ်။ သွားတဲ့ဆရာဝန် (ဆေးဝန်ထမ်း) တွေလည်း ကျွန်တော်တို့က ပိုပြီး သူ့ထုံးစံ အတိုင်း ပိုပေးမယ်။ လခတင်မကဘူး၊ ပိုပေးမယ်။ နောက် Volunteer (စေတနာ့ဝန်ထမ်း) တွေကိုလည်း Honorarium (ချီးမြှင့်ငွေ) တွေ ဆက်ပေးဖို့ ရှိပါတယ်။ ဒီအတွက် မနေ့ကပဲ နိုင်ငံတော် အတိုင်ပင်ခံဦးဆောင်ပြီးတော့ Central Committee (ကိုဗစ်ဗဟိုကော်မတီအဆင့်မြင့်) အစည်းအဝေးလေးလုပ်တယ်။ အသေအချာ အသေးစိတ်ကိစ္စတွေ ဆေးွးနွေးဖြစ်တယ်။

ဝင်းမင်း။ ။ အဓိက ဘာတွေဆွေးနွေးဖြစ်လဲဆရာ။

ဒေါက်တာမြင့်ထွေး။ ။ ရခိုင် (ကိုဗစ်) ကိစ္စကို အဓိက ထားဆွေးနွေးတာပေါ့။ ဘယ်လို Control ( ထိန်းချုပ်တာ) လုပ်မယ်။ ဘာလုပ်မယ်၊ ဥပမာ အခုဟာတော့ ကျွန်တော်တို့ စစ်တွေက ဈေးထဲမှာလည်း Random Sample (ရှောင်တခင် ပိုးစစ်နမူနာယူတာ) တွေ လုပ်တော့မယ်လေ။ ဒါ Source of Infection (ပိုးကူးမူရေသောက်မြှစ်) ဖြစ်လို့ရှိလျှင် ထပ်ကူးမယ်လေ။ အဲ့ဒိတော့ ဈေးကို ကျွန်တော်တို့ အရင်ဆုံးကိုင်တွယ်မယ်။ ဒီနေ့လောက်ဆို ကျွန်တော်တို့ Throat Swab (လည်ချောင်းတို့ဖတ်) တွေဘာတွေယူမယ်၊ အကုန်လုံးကို၊ ဈေးပေါ့၊ အထူးသဖြင့်။

ဝင်းမင်း။ ။ နောက် ဈေးမှာ Mask (ပါးစပ်နဲ့နှာခေါင်းစီး) ဝေဖို့ အနေအထားရော၊ တချို.ကျတော့လည်း မတတ်နိုင်တော့ပေါ့နော်။

ဒေါက်တာမြင့်ထွေး။ ကျွန်တော်တို့ အဲ့ဒါတော့ ပေးမယ်။ မှန်ပါတယ်၊ ဒီ ရခိုင်မှာရှိတဲ့သူတွေက ဒီလောက် ချမ်းသာတာမဟုတ်ဘူးလေ။ အခုဟာက Mask တွေက ဈေးက နည်းနည်း တက်နေတယ်လို့ ကြားနေတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီ ရခိုင်ဘက်ကထွက်တဲ့လမ်းတွေမှာလည်း အကုန်လုံး အသေအချာ စောင့်တယ်။ လာလို့ရှိလျှင် Quarantine (အသွားအလာကန့်သတ်တာ) အတွက် အကုန်လုံး၊ လုပ်နေပါတယ်၊ အားလုံးကို။ ဒီဖက်ကို အကုန်လုံး ပျံ.မသွားအာင်ပေါ့လေ။

ဝင်းမင်း၊ ကျေးဇူးပါ၊ ဆရာ၊ အခုလို ဦးဆောင်ပြီး လုပ်ပေးနေတာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG