သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

COVID-19 ကူးစက္သူ မ်ားလာတဲ့ ရခုိင္မွာ စမ္းသပ္ကုသေရး အကန္႔အသတ္ရွိ


လႈိင္ၿမိဳ႕နယ္ရွိ Quarantine စင္တာမွာ COVID-19 စစ္ေဆးဖုိ႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇူလုိင္ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ႐ုတ္တရက္တိုးလာတဲ့ COVID-19 ပိုးေတြ႔သူ အမ်ားစုဟာ လူအမ်ားနဲ႔ ထိေတြ႔ဆက္ဆံခဲ့ရတာေၾကာင့္ ကူးစက္မႈက်ယ္ျပန္႔မွာ အထူးစိုးရိမ္ေနၾကပါတယ္။ ဘယ္သူေတြ အဓိက ပိုးကူးခံေနရၿပီး ရခိုင္ျပည္နယ္ COVID-19 ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတံု႔ျပန္ေရး ေကာ္မတီအေနနဲ႔ ခ်က္ခ်င္း ဘာေတြျပင္ဆင္ေဆာင္ရြက္ေနပါလဲ။ ဒီ အေရးေပၚေကာ္မတီ အဖြဲ႔ဝင္နဲ႔ ျပည္နယ္က်န္းမာေရး ဦးေဆာင္ရသူ လူမႈေရးဝန္ႀကီး ေဒါက္တာခ်မ္းသာကို ကိုဝင္းမင္းက ေမးျမန္းထားပါတယ္။

ကုိဝင္းမင္း - ေနာက္ဆုံး အခု ရင္ဆုိင္ ေျဖရွင္းေနရတဲ့ က်န္းမာေရး အေနအထားေလးကို စၿပီး ေျပာျပေပးပါလား။

ေဒါက္တာခ်မ္းသာ - “ၾသဂုတ္ လလယ္ပုိင္းမွာ Case နံပါတ္ ၃၇၅ ကစၿပီး Positive ေတြ႔တာေပါ့။ သူနဲ႔ ထိေတြ႔ခဲ့သူေတြကုိ လုိက္လုိက္တဲ့အခါမွာ သူနဲ႔ဆက္စပ္တဲ့ လူနာေတာ္ေတာ္မ်ားမ်ား ထြက္လာၿပီး Case က ၄၅ ေယာက္ ရွိသြားပါၿပီ။ ဆရာဝန္ေတြပါတယ္၊ သူနာျပဳေတြလည္း ပါတယ္၊ INGO ဝန္ထမ္းေတြလည္း ပါတယ္။ ဒီအေျခအေနကို ၾကည့္ၿပီးရင္ေတာ့ က်ေနာ္တုိ႔ဆီမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ေနတယ္လို႔ ယူဆရပါတယ္။ ေနာက္ၿပီး လူနာရာဇဝင္ကို ေမးလုိက္တဲ့အခါမွာ ႏုိင္ငံျခားနဲ႔ အဆက္အစပ္လည္း မရွိဘူး၊ ျပည္တြင္းမွာပဲ ေနတဲ့အတြက္ေၾကာင့္ က်ေနာ္တုိ႔ကေတာ့ Local Transmission လို႔ပဲ သုံးသပ္ပါတယ္။”

ကိုဝင္းမင္း - အဲေတာ့ ျပည္တြင္းမွာ အခ်င္းခ်င္းကူးစက္တာအျပင္ အခု ပိုးေတြ႔တဲ့သူေတြက အမ်ားသူငါနဲ႔ ဆက္ဆံေနရတဲ့သူေတြ ျဖစ္တဲ့အခါၾကေတာ့ ဒီ ပုိးမေတြ႔ခင္မွာ ကူးစက္ႏုိင္ခဲ့တဲ့ အေနအထား အမ်ားႀကီးရွိေနတာေပါ့။ အဲဒီအတြက္ ဆရာတုိ႔ လုပ္ေဆာင္ထားတာေတြ ရွင္းျပေပးပါလား။

ေဒါက္တာခ်မ္းသာ - “က်ေနာ္တုိ႔ကေတာ့ လူနာနဲ႔ တုိက္႐ိုက္ ထိေတြ႔ခဲ့သူေတြကို လုိက္ရေတာ့မယ္။ က်ေနာ္တုိ႔ဆီမွာ တိုက္႐ိုက္ထိေတြ႔ခဲ့သူေတြေပါ့၊ ဥပမာ ေလယာဥ္ပ်ံ စီးလာတယ္ဆုိ ေလယာဥ္တစီးလုံးမွာ ပါတဲ့သူေတြ၊ အဲဒီလူေတြ အားလုံး လုိက္တယ္၊ အသြားအလာ ကန္႔သတ္ ေစာင့္ၾကည့္တယ္။ သူတုိ႔ကို ႏွာေခါင္းနဲ႔ အာေခါင္တုိ႔ဖတ္ယူၿပီး စစ္ပါတယ္။ ပထမတႀကိမ္ Negative ျဖစ္တဲ့သူေတြကို ေနာက္ ဒုတိယအႀကိမ္ ထပ္ယူပါမယ္။ အဲဒီလိုပဲ သူတုိ႔ ေရာက္ခဲ့တဲ့ ေနရာေတြ၊ ေတြ႔ခဲ့တဲ့လူေတြကုိ က်ေနာ္တုိ႔ တတ္ႏုိင္သေလာက္ ေမးၿပီး လုိက္ပါတယ္။ ရသင့္သေလာက္လည္း က်ေနာ္တုိ႔ ရပါတယ္။”

ကိုဝင္းမင္း - တဦးဆီကေန ေနာက္ထပ္ ထိေတြ႔ခဲ့သူ ဘယ္ႏွစ္ဦးေလာက္ ရထားလဲခင္ဗ်။

ေဒါက္တာခ်မ္းသာ - “အၾကမ္းအားျဖင့္ ေျပာရရင္ တေယာက္က အနည္းဆုံး ထိေတြ႔ခဲ့သူ ကုိးေယာက္ ဆယ္ေယာက္ေလာက္အထိ ရွိသြားတယ္။ တုိက္႐ုိက္ စထိေတြ႔ခဲ့သူကလည္း အနည္းဆုံး တရာ ႏွစ္ရာေတာ့ ရွိတယ္ဆုိေတာ့ အဲဒီလူေတြကိုလည္း စစ္ေနပါတယ္။ က်ေနာ္တို႔ လုပ္ႏုိင္တဲ့ပမာဏနဲ႔ ႏုိင္တာေပါ့ေနာ။ အဲဒီ စစ္တဲ့ေနရာမွာ ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာလည္း စစ္တဲ့စက္ ႏွစ္လုံးရွိပါတယ္။ က်ေနာ္တို႔ဆီမွာေတာ့ အမ်ားႀကီး မၾကည့္ႏုိင္ဘူး။ တရက္ကုိ ၄၀ ေလာက္ပဲ က်ေနာ္တုိ႔ စစ္ႏုိင္ပါတယ္။ က်ေနာ္တုိ႔ ရန္ကုန္ NHL ကုိလည္း ပို႔ေပးရပါတယ္။ အခက္အခဲေလးတခုကေတာ့ ေလေၾကာင္းလုိင္းေတြ ရပ္သြားတဲ့အခါ က်ေနာ္တုိ႔က အခု Request လုပ္ၿပီး ေလယာဥ္ တေန႔တစီးေလာက္ ျဖစ္ျဖစ္ အလွည့္က် ဆင္းႏုိင္ေအာင္ေပါ့၊ Case မ်ားမ်ားပို႔လုိ႔ရေအာင္ပါ။”

ကုိဝင္းမင္း - ဘယ္ေလာက္ျမန္ျမန္ ဒီရလဒ္ကုိ သိႏုိင္မလဲ။

ေဒါက္တာခ်မ္းသာ - “ရလဒ္က ဒီေန႔ပုိ႔ရင္ ေနာက္ေန႔သိပါတယ္၊ ျမန္ပါတယ္။ စစ္ေတြမွာဆုိရင္လည္း မနက္ကလုပ္ရင္ ညေနဆုိ အေျဖထြက္ပါတယ္။”

ကုိဝင္းမင္း - အခုအခ်ိန္ထိ ေနာက္ထပ္ ေစာင့္ၾကည့္ၿပီး ကန္႔သတ္ထားတဲ့ လူအေရအတြက္က တုိက္႐ိုက္ဆုိေတာ့ စုစုေပါင္း လူတရာေက်ာ္ ရွိေနတာေပါ့ေနာ္။

ေဒါက္တာခ်မ္းသာ - “ရွိပါတယ္၊ က်ေနာ္တုိ႔ ဝန္ထမ္းေတြပါတယ္။”

ကိုဝင္းမင္း - ေနာက္ထပ္ ထပ္စစ္ေနတာေရာ။

ေဒါက္တာခ်မ္းသာ - “ေနာက္ထပ္လည္း Positive ထြက္တုိင္း ထြက္တုိင္း Positive Case နဲ႔ ထိစပ္ခဲ့သူေတြကိုလုိက္ၿပီး သူတို႔ကုိ Quarantine ထည့္ၿပီး စစ္ပါမယ္။ သုိ႔ေသာ္လည္း ကူးစက္မႈက ေတာ္ေတာ္မ်ားေနတယ္လို႔ ယူဆရပါတယ္။ ဆုိေတာ့ က်ေနာ္တုိ႔ လုပ္ႏုိင္တဲ့ပမာဏနဲ႔ ႏုိင္သေလာက္ လုပ္ေနတာေပါ့။ က်ေနာ္တုိ႔ မႏုိင္တဲ့ဟာေတြ ျပည္ေထာင္စုကို တင္ျပပါတယ္။ ျပည္ေထာင္စုဝန္ႀကီးဌာနကလည္း ကူညီပါတယ္။ အထူးသျဖင့္ Microbiologist တုိ႔ Technician တုိ႔ ပုိ႔ေပးပါတယ္။ ဒီေန႔ဆုိ ေရာက္လာမွာပါ။ ေနာက္ၿပီး ကုသေရး အပုိင္းမွာလည္း ဆရာဝန္ လုိအပ္ခ်က္ေလးေတြရွိေတာ့ ဆရာဝန္ ၁၀ ေယာက္လည္း Volunteer အေနနဲ႔ လာမွာပါ။”

ကုိဝင္းမင္း - ဟုတ္ကဲ့၊ က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြးနဲ႔လည္း က်ေနာ္ ေမးျဖစ္ပါတယ္။ သူလည္း ေမ့ေဆးဆရာဝန္ႀကီး ၃ ေယာက္ Volunteer သြားမယ့္ အေၾကာင္းနဲ႔ ေနာက္ ႏွာေခါင္းစည္းေတြလည္း ၇ သိန္းေလာက္ သူပုိ႔ထားတယ္လို႔ ေျပာပါတယ္။

ေဒါက္တာခ်မ္းသာ - “မွန္ပါတယ္၊ Mask ေတြကေတာ့ တပ္မေတာ္က လွဴတာလည္း ရွိပါတယ္။ ေနာက္ က်န္းမာေရးဝန္ႀကီးဌာနကေတာ့ အဖြဲ႔အစည္းေတြ လွဴထားတာေတြ ရွိပါတယ္ ေတာ္ေတာ္မ်ားမ်ား။ အဲဒါေတြက လုံေလာက္ပါတယ္။”

ကိုဝင္းမင္း - အဲေတာ့ လက္ရွိ ေဆး႐ုံနဲ႔ ေဆးဝန္ထမ္း၊ ေဆးပစၥည္းကိရိယာေတြ ဘယ္ဟာအတြက္ ဆရာ စုိးရိမ္မႈ ရွိပါသလဲ။ အသက္႐ွဴစက္ေတြလည္း ပို႔ထားတယ္လို႔ ၾကားပါတယ္။

ေဒါက္တာခ်မ္းသာ - “က်ေနာ္တုိ႔ အခုေတြ႔တဲ့ ၄၅ ေယာက္က General Condition အားလုံးေကာင္းပါတယ္။ ဆရာေတာ္တပါး ပါပါတယ္ အသက္ ၈၀ ေက်ာ္။ သူလည္း ေကာင္းပါတယ္။ အသက္ ၇၀ ေတြလည္း ရွိေတာ့။ ေဆးအေနနဲ႔ကေတာ့ COVID-19 နဲ႔ ပတ္သက္လုိ႔ သုံးႏုိင္တဲ့ေဆးေတြေတာ့ က်ေနာ္တုိ႔ဆီမွာ ရွိပါတယ္။ ေနာက္တခုက အသက္႐ွဴစက္က အရင္ ႏွစ္လုံးရွိရာက တလုံးကုိ ေမာင္ေတာကုိ ခြဲေပးထားပါတယ္။ အခု ေနာက္ထပ္လည္း ႏွစ္လုံး ပို႔ေပးထားေတာ့ အသက္႐ွဴစက္ သုံးလုံးရွိပါတယ္။ သို႔ေသာ္လည္း ေလာေလာဆယ္ အေနအထားမွာ အသက္႐ွဴစက္ တင္ေလာက္တဲ့လူနာ မရွိေသးပါဘူး။ Case ေတြကေတာ့ တုိးလာႏုိင္တယ္။ သုိ႔ေသာ္လည္း အသက္ေသဆုံးမႈ မရွိေအာင္ေတာ့ တတ္ႏုိင္သေလာက္ ထိန္းထားႏုိင္မယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။”

ကိုဝင္းမင္း - ဟုတ္ကဲ့ ဆရာေမွ်ာ္လင့္တဲ့အတုိင္း ျဖစ္လာပါေစလုိ႔ ဆုေတာင္းေပးပါတယ္။ ေက်းဇူးတင္ပါတယ္ ဆရာ။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

COVID-19 ကူးစက်သူ များလာတဲ့ ရခိုင်မှာ စမ်းသပ်ကုသရေး အကန့်အသတ်ရှိ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရုတ်တရက်တိုးလာတဲ့ COVID-19 ပိုးတွေ့သူ အများစုဟာ လူအများနဲ့ ထိတွေ့ဆက်ဆံခဲ့ရတာကြောင့် ကူးစက်မှုကျယ်ပြန့်မှာ အထူးစိုးရိမ်နေကြပါတယ်။ ဘယ်သူတွေ အဓိက ပိုးကူးခံနေရပြီး ရခိုင်ပြည်နယ် COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေနဲ့ ချက်ချင်း ဘာတွေပြင်ဆင်ဆောင်ရွက်နေပါလဲ။ ဒီ အရေးပေါ်ကော်မတီ အဖွဲ့ဝင်နဲ့ ပြည်နယ်ကျန်းမာရေး ဦးဆောင်ရသူ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

ကိုဝင်းမင်း - နောက်ဆုံး အခု ရင်ဆိုင် ဖြေရှင်းနေရတဲ့ ကျန်းမာရေး အနေအထားလေးကို စပြီး ပြောပြပေးပါလား။

ဒေါက်တာချမ်းသာ - “သြဂုတ် လလယ်ပိုင်းမှာ Case နံပါတ် ၃၇၅ ကစပြီး Positive တွေ့တာပေါ့။ သူနဲ့ ထိတွေ့ခဲ့သူတွေကို လိုက်လိုက်တဲ့အခါမှာ သူနဲ့ဆက်စပ်တဲ့ လူနာတော်တော်များများ ထွက်လာပြီး Case က ၄၅ ယောက် ရှိသွားပါပြီ။ ဆရာဝန်တွေပါတယ်၊ သူနာပြုတွေလည်း ပါတယ်၊ INGO ဝန်ထမ်းတွေလည်း ပါတယ်။ ဒီအခြေအနေကို ကြည့်ပြီးရင်တော့ ကျနော်တို့ဆီမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်လို့ ယူဆရပါတယ်။ နောက်ပြီး လူနာရာဇဝင်ကို မေးလိုက်တဲ့အခါမှာ နိုင်ငံခြားနဲ့ အဆက်အစပ်လည်း မရှိဘူး၊ ပြည်တွင်းမှာပဲ နေတဲ့အတွက်ကြောင့် ကျနော်တို့ကတော့ Local Transmission လို့ပဲ သုံးသပ်ပါတယ်။”

ကိုဝင်းမင်း - အဲတော့ ပြည်တွင်းမှာ အချင်းချင်းကူးစက်တာအပြင် အခု ပိုးတွေ့တဲ့သူတွေက အများသူငါနဲ့ ဆက်ဆံနေရတဲ့သူတွေ ဖြစ်တဲ့အခါကြတော့ ဒီ ပိုးမတွေ့ခင်မှာ ကူးစက်နိုင်ခဲ့တဲ့ အနေအထား အများကြီးရှိနေတာပေါ့။ အဲဒီအတွက် ဆရာတို့ လုပ်ဆောင်ထားတာတွေ ရှင်းပြပေးပါလား။

ဒေါက်တာချမ်းသာ - “ကျနော်တို့ကတော့ လူနာနဲ့ တိုက်ရိုက် ထိတွေ့ခဲ့သူတွေကို လိုက်ရတော့မယ်။ ကျနော်တို့ဆီမှာ တိုက်ရိုက်ထိတွေ့ခဲ့သူတွေပေါ့၊ ဥပမာ လေယာဉ်ပျံ စီးလာတယ်ဆို လေယာဉ်တစီးလုံးမှာ ပါတဲ့သူတွေ၊ အဲဒီလူတွေ အားလုံး လိုက်တယ်၊ အသွားအလာ ကန့်သတ် စောင့်ကြည့်တယ်။ သူတို့ကို နှာခေါင်းနဲ့ အာခေါင်တို့ဖတ်ယူပြီး စစ်ပါတယ်။ ပထမတကြိမ် Negative ဖြစ်တဲ့သူတွေကို နောက် ဒုတိယအကြိမ် ထပ်ယူပါမယ်။ အဲဒီလိုပဲ သူတို့ ရောက်ခဲ့တဲ့ နေရာတွေ၊ တွေ့ခဲ့တဲ့လူတွေကို ကျနော်တို့ တတ်နိုင်သလောက် မေးပြီး လိုက်ပါတယ်။ ရသင့်သလောက်လည်း ကျနော်တို့ ရပါတယ်။”

ကိုဝင်းမင်း - တဦးဆီကနေ နောက်ထပ် ထိတွေ့ခဲ့သူ ဘယ်နှစ်ဦးလောက် ရထားလဲခင်ဗျ။

ဒေါက်တာချမ်းသာ - “အကြမ်းအားဖြင့် ပြောရရင် တယောက်က အနည်းဆုံး ထိတွေ့ခဲ့သူ ကိုးယောက် ဆယ်ယောက်လောက်အထိ ရှိသွားတယ်။ တိုက်ရိုက် စထိတွေ့ခဲ့သူကလည်း အနည်းဆုံး တရာ နှစ်ရာတော့ ရှိတယ်ဆိုတော့ အဲဒီလူတွေကိုလည်း စစ်နေပါတယ်။ ကျနော်တို့ လုပ်နိုင်တဲ့ပမာဏနဲ့ နိုင်တာပေါ့နော။ အဲဒီ စစ်တဲ့နေရာမှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း စစ်တဲ့စက် နှစ်လုံးရှိပါတယ်။ ကျနော်တို့ဆီမှာတော့ အများကြီး မကြည့်နိုင်ဘူး။ တရက်ကို ၄၀ လောက်ပဲ ကျနော်တို့ စစ်နိုင်ပါတယ်။ ကျနော်တို့ ရန်ကုန် NHL ကိုလည်း ပို့ပေးရပါတယ်။ အခက်အခဲလေးတခုကတော့ လေကြောင်းလိုင်းတွေ ရပ်သွားတဲ့အခါ ကျနော်တို့က အခု Request လုပ်ပြီး လေယာဉ် တနေ့တစီးလောက် ဖြစ်ဖြစ် အလှည့်ကျ ဆင်းနိုင်အောင်ပေါ့၊ Case များများပို့လို့ရအောင်ပါ။”

ကိုဝင်းမင်း - ဘယ်လောက်မြန်မြန် ဒီရလဒ်ကို သိနိုင်မလဲ။

ဒေါက်တာချမ်းသာ - “ရလဒ်က ဒီနေ့ပို့ရင် နောက်နေ့သိပါတယ်၊ မြန်ပါတယ်။ စစ်တွေမှာဆိုရင်လည်း မနက်ကလုပ်ရင် ညနေဆို အဖြေထွက်ပါတယ်။”

ကိုဝင်းမင်း - အခုအချိန်ထိ နောက်ထပ် စောင့်ကြည့်ပြီး ကန့်သတ်ထားတဲ့ လူအရေအတွက်က တိုက်ရိုက်ဆိုတော့ စုစုပေါင်း လူတရာကျော် ရှိနေတာပေါ့နော်။

ဒေါက်တာချမ်းသာ - “ရှိပါတယ်၊ ကျနော်တို့ ဝန်ထမ်းတွေပါတယ်။”

ကိုဝင်းမင်း - နောက်ထပ် ထပ်စစ်နေတာရော။

ဒေါက်တာချမ်းသာ - “နောက်ထပ်လည်း Positive ထွက်တိုင်း ထွက်တိုင်း Positive Case နဲ့ ထိစပ်ခဲ့သူတွေကိုလိုက်ပြီး သူတို့ကို Quarantine ထည့်ပြီး စစ်ပါမယ်။ သို့သော်လည်း ကူးစက်မှုက တော်တော်များနေတယ်လို့ ယူဆရပါတယ်။ ဆိုတော့ ကျနော်တို့ လုပ်နိုင်တဲ့ပမာဏနဲ့ နိုင်သလောက် လုပ်နေတာပေါ့။ ကျနော်တို့ မနိုင်တဲ့ဟာတွေ ပြည်ထောင်စုကို တင်ပြပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနကလည်း ကူညီပါတယ်။ အထူးသဖြင့် Microbiologist တို့ Technician တို့ ပို့ပေးပါတယ်။ ဒီနေ့ဆို ရောက်လာမှာပါ။ နောက်ပြီး ကုသရေး အပိုင်းမှာလည်း ဆရာဝန် လိုအပ်ချက်လေးတွေရှိတော့ ဆရာဝန် ၁၀ ယောက်လည်း Volunteer အနေနဲ့ လာမှာပါ။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့လည်း ကျနော် မေးဖြစ်ပါတယ်။ သူလည်း မေ့ဆေးဆရာဝန်ကြီး ၃ ယောက် Volunteer သွားမယ့် အကြောင်းနဲ့ နောက် နှာခေါင်းစည်းတွေလည်း ၇ သိန်းလောက် သူပို့ထားတယ်လို့ ပြောပါတယ်။

ဒေါက်တာချမ်းသာ - “မှန်ပါတယ်၊ Mask တွေကတော့ တပ်မတော်က လှူတာလည်း ရှိပါတယ်။ နောက် ကျန်းမာရေးဝန်ကြီးဌာနကတော့ အဖွဲ့အစည်းတွေ လှူထားတာတွေ ရှိပါတယ် တော်တော်များများ။ အဲဒါတွေက လုံလောက်ပါတယ်။”

ကိုဝင်းမင်း - အဲတော့ လက်ရှိ ဆေးရုံနဲ့ ဆေးဝန်ထမ်း၊ ဆေးပစ္စည်းကိရိယာတွေ ဘယ်ဟာအတွက် ဆရာ စိုးရိမ်မှု ရှိပါသလဲ။ အသက်ရှူစက်တွေလည်း ပို့ထားတယ်လို့ ကြားပါတယ်။

ဒေါက်တာချမ်းသာ - “ကျနော်တို့ အခုတွေ့တဲ့ ၄၅ ယောက်က General Condition အားလုံးကောင်းပါတယ်။ ဆရာတော်တပါး ပါပါတယ် အသက် ၈၀ ကျော်။ သူလည်း ကောင်းပါတယ်။ အသက် ၇၀ တွေလည်း ရှိတော့။ ဆေးအနေနဲ့ကတော့ COVID-19 နဲ့ ပတ်သက်လို့ သုံးနိုင်တဲ့ဆေးတွေတော့ ကျနော်တို့ဆီမှာ ရှိပါတယ်။ နောက်တခုက အသက်ရှူစက်က အရင် နှစ်လုံးရှိရာက တလုံးကို မောင်တောကို ခွဲပေးထားပါတယ်။ အခု နောက်ထပ်လည်း နှစ်လုံး ပို့ပေးထားတော့ အသက်ရှူစက် သုံးလုံးရှိပါတယ်။ သို့သော်လည်း လောလောဆယ် အနေအထားမှာ အသက်ရှူစက် တင်လောက်တဲ့လူနာ မရှိသေးပါဘူး။ Case တွေကတော့ တိုးလာနိုင်တယ်။ သို့သော်လည်း အသက်သေဆုံးမှု မရှိအောင်တော့ တတ်နိုင်သလောက် ထိန်းထားနိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

ကိုဝင်းမင်း - ဟုတ်ကဲ့ ဆရာမျှော်လင့်တဲ့အတိုင်း ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာ။

XS
SM
MD
LG