သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံက ကုိဗစ္ကူးစက္သူေတြထဲ ခရီးသြားရာဇ၀င္မရွိသူေတြမ်ားလာ


စစ္ေတြေဆးရံုတြင္ အပူခ်ိန္တိုင္းေနစဥ္

(Zawgyi/Unicode)

အခုေနာက္ဆံုး ကိုဗစ္ပိုးေတြ႔ရွိမူ မေန႔ အဂၤါေန႔ည စာရင္းအရ၊ ျပည္တြင္းကူးစက္မူျဖစ္ႏိုင္ၿပီး၊ ရခိုင္နဲ႔လညး္ ခရီးသြားဆက္စပ္မူမရွိတဲ့၊ ေတာင္ႀကီးက ပိုးေတြသူတစ္ဦး ထူးထူးျခားျခား ပါလာခဲ့ပါတယ္။

ဒီ လူနာကိုေတြ႔ခဲ့တဲ့ ရန္ကုန္ေဆးရံုႀကီးက အေရးေပၚ အထူးကုဌာန၊ ဌာနမွဴး ေဒါက္တာေမာ္ေမာ္ဦးကို ကိုဝင္းမင္းက ေမးထားပါတယ္။

ကိုဗစ္ပိုးေတြ႔ရွိမူ မေန႔ အဂၤါေန႔ည စာရင္းအရ စံခ်ိန္တင္လူေပါင္း ၃၀ ေတြ႔ရွိခဲ့ရာမွာ ဒီေတာင္ႀကီးလူနာကလြဲၿပီး၊ က်န္လူနာေတြအားလံုက ရခိုင္အထူးသျဖင့္ စစ္ေတြနဲ႔ ဆက္စပ္မႈရွိတာ၊ ဒါမွမဟုတ္ ပိုးေတြ႔လူနာနဲ႔ ဆက္စပ္မႈရွိခဲ့တာေတြပါ။ ဒီက်န္းမာေရး၀န္ႀကီးဌာန စာရင္းမွာဆို Star (ၾကယ္ပြင့္) ေလးေတြနဲ႔ ျပထားတာက၊ စစ္ေတြကို ခရီးသြားရာဇ၀င္ရွိလို႔ အသြားအလာ ကန္႔သတ္ ခံရထားသူေတြပါ။

ဒါေပမယ့္ အခုေတာင္ႀကီးၿမိဳ႕က အမ်ိဳးသမီလူနာ အသက္ ၄၅ ႏွစ္အရြယ္ လူနာ နံပတ္ ၄၇၇၊ ကေတာ့ အခုလို စစ္ေတြကို ခရီးသြားရာဇ၀င္မရွိတာအျပင္၊ ျပည္ပခရီးသြားရာဇ၀င္လည္းမရွိကာ၊ ကိုဗစ္လူနာေတြနဲ႔လည္း ထိေတြ႔မႈ မရွိခဲ့ပါဘူး။

ေဒါက္တာေမာ္ေမာ္ဦး
ေဒါက္တာေမာ္ေမာ္ဦး

သူ႔ကို အဓိက ရန္ကုန္ျပည္သူ႕ေဆးရံုႀကီးမွာ PUI (Patient Under Investigation) လို႔ေခၚတဲ့ ေစာင့္ၾကည့္လူနာအျဖစ္နဲ႔ ထားရွိရာကေန အခုလို ပိုးေတြ႔ခဲ့တာပါ။

ဒါကို ရန္ကုန္ေဆးရံုႀကီးက အေရးေပၚ အထူးကုဌာန၊ ဌာနမွဴး ေဒါက္တာေမာ္ေမာ္ဦးက

“က်ေနာ္တို႔ ရန္ကုန္ေဆးရံုႀကီးကလည္း တေယာက္ထြက္သြားတယ္ PUI ထဲက လူနာထဲက အဲဒီလူနာက ခကတာက၊ ရခိုင္က မဟုတ္ဘူး၊ ေတာင္ႀကီးကျဖစ္ေနတယ္။ ျပႆနာက သူက စစ္ေတြက လူနာနဲ႔ ဆက္စပ္မႈမရွိဘူး။ အဲဒီေတာ့ Local transmission (ျပည္တြင္းကူးစက္မူ) ရွိေနတယ္ဆိုတာကို ျပေနတယ္။

ဒါ့အျပင္ ေဒါက္တာေမာ္ေမာ္ဦးက နဂိုကတည္းကိုက စစ္ေတြကေန ရန္ကုန္ကို လႊဲေျပာင္းကုုသေနရသူေတြ၊ အခု ထပ္ျပရမယ့္ ရက္ခ်ိန္း (Follow up) အတြက္လည္း ျပန္ေရာက္လာခ်ိန္မွာ၊ ေဆးရံုကို ႀကိဳအေၾကာင္းၾကားၿပီးမွ၊ လံုလံုၿခံဳၿခံဳလာႏိုင္ေအာင္ စီစဥ္ေပးခ်င္တယ္လို႔ ဆိုပါတယ္။

တခ်ိန္တည္းမွာပဲ ေဒါက္တာေမာ္ေမာ္ဦးက အခုအျဖစ္မ်ားေနတဲ့ စစ္ေတြမွာလည္း COVID ေၾကာင့္၊ အျခား ပံုမွန္လူနာတခ်ိဳ႕ ေဆးရံုျပဖို႔ အခက္အခဲရွိမွာ စိုးရိမ္တယ္၊ ဒီအတြက္အထူး အစီမံတခု ျပဳလုပ္ေပးသင့္တယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာနိုင်ငံက ကိုဗစ်ကူးစက်သူတွေထဲ ခရီးသွားရာဇဝင်မရှိသူတွေများလာ

(Unicode)

အခုနောက်ဆုံး ကိုဗစ်ပိုးတွေ့ရှိမူ မနေ့ အင်္ဂါနေ့ည စာရင်းအရ၊ ပြည်တွင်းကူးစက်မူဖြစ်နိုင်ပြီး၊ ရခိုင်နဲ့လည်း ခရီးသွားဆက်စပ်မူမရှိတဲ့၊ တောင်ကြီးက ပိုးတွေသူတစ်ဦး ထူးထူးခြားခြား ပါလာခဲ့ပါတယ်။

ဒီ လူနာကိုတွေ့ခဲ့တဲ့ ရန်ကုန်ဆေးရုံကြီးက အရေးပေါ် အထူးကုဌာန၊ ဌာနမှူး ဒေါက်တာမော်မော်ဦးကို ကိုဝင်းမင်းက မေးထားပါတယ်။

ကိုဗစ်ပိုးတွေ့ရှိမူ မနေ့ အင်္ဂါနေ့ည စာရင်းအရ စံချိန်တင်လူပေါင်း ၃၀ တွေ့ရှိခဲ့ရာမှာ ဒီတောင်ကြီးလူနာကလွဲပြီး၊ ကျန်လူနာတွေအားလုံက ရခိုင်အထူးသဖြင့် စစ်တွေနဲ့ ဆက်စပ်မှုရှိတာ၊ ဒါမှမဟုတ် ပိုးတွေ့လူနာနဲ့ ဆက်စပ်မှုရှိခဲ့တာတွေပါ။ ဒီကျန်းမာရေးဝန်ကြီးဌာန စာရင်းမှာဆို Star (ကြယ်ပွင့်) လေးတွေနဲ့ ပြထားတာက၊ စစ်တွေကို ခရီးသွားရာဇဝင်ရှိလို့ အသွားအလာ ကန့်သတ် ခံရထားသူတွေပါ။

ဒါပေမယ့် အခုတောင်ကြီးမြို့က အမျိုးသမီလူနာ အသက် ၄၅ နှစ်အရွယ် လူနာ နံပတ် ၄၇၇၊ ကတော့ အခုလို စစ်တွေကို ခရီးသွားရာဇဝင်မရှိတာအပြင်၊ ပြည်ပခရီးသွားရာဇဝင်လည်းမရှိကာ၊ ကိုဗစ်လူနာတွေနဲ့လည်း ထိတွေ့မှု မရှိခဲ့ပါဘူး။

သူ့ကို အဓိက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ PUI (Patient Under Investigation) လို့ခေါ်တဲ့ စောင့်ကြည့်လူနာအဖြစ်နဲ့ ထားရှိရာကနေ အခုလို ပိုးတွေ့ခဲ့တာပါ။

ဒါကို ရန်ကုန်ဆေးရုံကြီးက အရေးပေါ် အထူးကုဌာန၊ ဌာနမှူး ဒေါက်တာမော်မော်ဦးက

“ကျနော်တို့ ရန်ကုန်ဆေးရုံကြီးကလည်း တယောက်ထွက်သွားတယ် PUI ထဲက လူနာထဲက အဲဒီလူနာက ခကတာက၊ ရခိုင်က မဟုတ်ဘူး၊ တောင်ကြီးကဖြစ်နေတယ်။ ပြဿနာက သူက စစ်တွေက လူနာနဲ့ ဆက်စပ်မှုမရှိဘူး။ အဲဒီတော့ Local transmission (ပြည်တွင်းကူးစက်မူ) ရှိနေတယ်ဆိုတာကို ပြနေတယ်။

ဒါ့အပြင် ဒေါက်တာမော်မော်ဦးက နဂိုကတည်းကိုက စစ်တွေကနေ ရန်ကုန်ကို လွှဲပြောင်းကုသနေရသူတွေ၊ အခု ထပ်ပြရမယ့် ရက်ချိန်း (Follow up) အတွက်လည်း ပြန်ရောက်လာချိန်မှာ၊ ဆေးရုံကို ကြိုအကြောင်းကြားပြီးမှ၊ လုံလုံခြုံခြုံလာနိုင်အောင် စီစဉ်ပေးချင်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ဒေါက်တာမော်မော်ဦးက အခုအဖြစ်များနေတဲ့ စစ်တွေမှာလည်း COVID ကြောင့်၊ အခြား ပုံမှန်လူနာတချို့ ဆေးရုံပြဖို့ အခက်အခဲရှိမှာ စိုးရိမ်တယ်၊ ဒီအတွက်အထူး အစီမံတခု ပြုလုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG