သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ဒုတိယလိႈင္းအစ ျမန္မာလူထု အထူးသတိထားၾကဖို႔ ႏိႈးေဆာ္


ရန္ကုန္ၿမိဳ႕ရွိ ေစ်းတခုမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ေမ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ အမ်ားစုအပါအဝင္ ျမန္မာႏိုင္ငံမွာ ၂၄ နာရီအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၁၀၀ အထိ အတည္ျပဳခဲ့တာေၾကာင့္ အမ်ားျပည္သူၾကား သတိထားဖို႔ က်န္းမာေရးပညာရွင္ေတြ သတိေပးေနတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးပါမယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ မေန႔ညနဲ႔ ဒီကေန႔မနက္ထုတ္ျပန္ခ်က္အရ လူေပါင္း ၁၀၀ အထိ စံခ်ိန္တင္ ကူးစက္ခဲ့တာေၾကာင့္ အထူးသတိထားၾကဖို႔ က်န္းမာေရးပညာရွင္ေတြ သတိေပးေနၾကတာပါ။ ရခိုင္ျပည္နယ္ တခုတည္းမွာတင္ သီတင္းပတ္အနည္းငယ္အတြင္း ကူးစက္သူ ၂၀၀ ေလာက္ ရွိလာတာေၾကာင့္ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ဒုတိယလႈိင္းအစျဖစ္ေနၿပီလို႔ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“လက္ရွိမွာဆိုရင္ေတာ့ ဒါဟာ ဒုတိယလႈိင္းအစေလးလို႔ ေျပာမယ္ဆိုရင္ ေျပာလို႔ရတယ္။ လႈိင္းဆိုတာမ်ိဳးကေတာ့ လႈိင္းေသးေသးေလးလည္း လႈိင္းပဲ။ လႈိင္းအႀကီးႀကီးလည္း လႈိင္းပဲဆိုရင္ ဒါဟာ ဒုတိယလႈိင္းေလး စၿပီးေတာ့တက္လာတယ္လို႔ ေျပာလို႔ရတယ္။ ေရာဂါတခုရဲ႕ သေဘာသဘာဝက သူကစျဖစ္စမွာဆို ေထာင္တက္တယ္။ Case က ေတြ႕ေနဦးမွာပဲ။ အခ်ိန္အတိုင္းအတာ တခုေရာက္သြားမယ္ ေသခ်ာထိန္းခ်ဳပ္ႏိုင္မယ္ဆိုရင္ သူကတန႔္သြားမယ္။ တန႔္သြားၿပီးေနာက္ပိုင္းက်ရင္ က်သြားမယ္။ ဒါဟာ သူ႔ရဲ႕သေဘာတရားအရဆို ဒီလိုရွိတယ္။

အခုကေတာ့ တက္ေနတဲ့အခ်ိန္ေပါ့။ ဘာလို႔လည္းဆိုေတာ့ ေရာဂါပိုးကူးစက္မႈေတြက တေယာက္နဲ႔တေယာက္က ရွိေနႏိုင္တဲ့အခ်ိန္အတိုင္းအတာမွာဆိုရင္ ကူးစက္မႈကမ်ားေနတယ္ေပါ့ေနာ္။ ဒီလိုမ်ားေနေတာ့ ဒါဟာဒုတိယလႈိင္းအစ ေျပာလို႔ရတယ္။ သို႔ေသာ္ ဒီဒုတိယလႈိင္းအစကို လႈိင္းအႀကီးအႀကီးမျဖစ္သြားေအာင္ ေသဆုံးမႈေတြအမ်ားႀကီး မျဖစ္ေအာင္ အားလုံးမွာတာဝန္ရွိတာေပါ့။”

လူနာသစ္ေတြထဲမွာ အတည္ျပဳလူနာနဲ႔ ထိေတြ႕မႈရွိခဲ့တဲ့အတြက္ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ေနတဲ့ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕က ၂ လ အ႐ြယ္ကေလးငယ္တစ္ဦးလည္း ပါဝင္ပါတယ္။ ေရာဂါပိုးေတြ႕တဲ့ လူနာသစ္ေတြထဲ အခုလိုလသားအ႐ြယ္ ကေလးငယ္ပါလာတာေၾကာင့္ ကေလး၊ လူႀကီးမေ႐ြး ေရာဂါကူးစက္မႈအႏၲရာယ္ကို သတိထားၾကဖို႔ ကေလးအထူးကုဆရာဝန္ ပါေမာကၡေဒါက္တာေစာဝင္းက တိုက္တြန္းပါတယ္။

“ကိုဗစ္က လူႀကီးကိုကူးႏိုင္သလို ကေလးကိုလည္း ကူးႏိုင္ပါတယ္။ အဲေတာ့ ကေလးကက်ေတာ့ ေရာဂါကူးစက္ခံရေပမဲ့ သိပ္ၿပီးေတာ့ျပင္းထန္ေလ့ မရွိဘူး။ ေရာဂါလကၡဏာကလည္း မျပတာက မ်ားတယ္ေပါ့ေနာ္။ ျပတဲ့ကေလးေတြမွာလည္း ေရာဂါျပင္းထန္ေလ့ နည္းပါတယ္။ အဲေတာ့ မိခင္က ႏို႔တိုက္လို႔ရွိရင္လည္း ႏို႔ထဲမွာေတာ့ ကိုဗစ္ကမပါဘူး။ ဒါေပမဲ့ မိခင္ႏို႔တိုက္မယ္ဆိုရင္ေတာ့ ႏွာေခါင္းအုပ္နဲ႔တိုက္ရမယ္။ ႏို႔မတိုက္ခင္မွာလည္း လက္ကိုေသခ်ာေဆးရမယ္။”

အတည္ျပဳလူနာေတြနဲ႔ ထိေတြ႕မႈမရွိပဲ ကူးစက္သူေတြပါ ေတြ႕ရွိေနရတာေၾကာင့္ လူထုက်န္းမာေရးအတြက္ အႏၲရာယ္ရွိတယ္လို႔လည္း ေဒါက္တာေစာဝင္းက သတိေပးထားပါတယ္။

ကိုဗစ္ဒုတိယလႈိင္းမွာ ကူးစက္ေနတဲ့ ဗိုင္းရပ္စ္ပိုးဟာ ကူးစက္ႏႈန္း ၁၀ ဆျမန္တဲ့ မ်ိဳးဗီဇဟုတ္ မဟုတ္ဆိုတာကို ေဆးသုေတသနဦးစီးဌာနက စစ္ေဆးေနပါတယ္။ အခုေရာဂါပိုးကူးစက္ခံရသူေတြမွာ ျပင္းထန္တဲ့လကၡဏာမေတြ႕ရတာေၾကာင့္ဒီဗိုင္းရပ္စ္ဟာ ကူးစက္မႈျမန္ေပမဲ့ ျပင္းထန္မႈေလ်ာ့နည္းႏိုင္တယ္လို႔လည္း က်န္းမာေရးပညာရွင္ေတြ ယူဆေနပါတယ္။ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနကေတာ့ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေရး ထုတ္ျပန္ထားတဲ့ သတိေပးခ်က္ေတြနဲ႔ ေဒသႏၲရၫႊန္ၾကားခ်က္ေတြကို အတိအက်လိုက္နာၾကဖို႔လည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ဒုတိယလှိုင်းအစ မြန်မာလူထု အထူးသတိထားကြဖို့ နှိုးဆော်

ရခိုင်ပြည်နယ်မှာ အများစုအပါအဝင် မြန်မာနိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၀ အထိ အတည်ပြုခဲ့တာကြောင့် အများပြည်သူကြား သတိထားဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးပါမယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ညနဲ့ ဒီကနေ့မနက်ထုတ်ပြန်ချက်အရ လူပေါင်း ၁၀၀ အထိ စံချိန်တင် ကူးစက်ခဲ့တာကြောင့် အထူးသတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေကြတာပါ။ ရခိုင်ပြည်နယ် တခုတည်းမှာတင် သီတင်းပတ်အနည်းငယ်အတွင်း ကူးစက်သူ ၂၀၀ လောက် ရှိလာတာကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းအစဖြစ်နေပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“လက်ရှိမှာဆိုရင်တော့ ဒါဟာ ဒုတိယလှိုင်းအစလေးလို့ ပြောမယ်ဆိုရင် ပြောလို့ရတယ်။ လှိုင်းဆိုတာမျိုးကတော့ လှိုင်းသေးသေးလေးလည်း လှိုင်းပဲ။ လှိုင်းအကြီးကြီးလည်း လှိုင်းပဲဆိုရင် ဒါဟာ ဒုတိယလှိုင်းလေး စပြီးတော့တက်လာတယ်လို့ ပြောလို့ရတယ်။ ရောဂါတခုရဲ့ သဘောသဘာဝက သူကစဖြစ်စမှာဆို ထောင်တက်တယ်။ Case က တွေ့နေဦးမှာပဲ။ အချိန်အတိုင်းအတာ တခုရောက်သွားမယ် သေချာထိန်းချုပ်နိုင်မယ်ဆိုရင် သူကတန့်သွားမယ်။ တန့်သွားပြီးနောက်ပိုင်းကျရင် ကျသွားမယ်။ ဒါဟာ သူ့ရဲ့သဘောတရားအရဆို ဒီလိုရှိတယ်။

အခုကတော့ တက်နေတဲ့အချိန်ပေါ့။ ဘာလို့လည်းဆိုတော့ ရောဂါပိုးကူးစက်မှုတွေက တယောက်နဲ့တယောက်က ရှိနေနိုင်တဲ့အချိန်အတိုင်းအတာမှာဆိုရင် ကူးစက်မှုကများနေတယ်ပေါ့နော်။ ဒီလိုများနေတော့ ဒါဟာဒုတိယလှိုင်းအစ ပြောလို့ရတယ်။ သို့သော် ဒီဒုတိယလှိုင်းအစကို လှိုင်းအကြီးအကြီးမဖြစ်သွားအောင် သေဆုံးမှုတွေအများကြီး မဖြစ်အောင် အားလုံးမှာတာဝန်ရှိတာပေါ့။”

လူနာသစ်တွေထဲမှာ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိခဲ့တဲ့အတွက် အသွားအလာကန့်သတ်စောင့်ကြည့်နေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့က ၂ လ အရွယ်ကလေးငယ်တစ်ဦးလည်း ပါဝင်ပါတယ်။ ရောဂါပိုးတွေ့တဲ့ လူနာသစ်တွေထဲ အခုလိုလသားအရွယ် ကလေးငယ်ပါလာတာကြောင့် ကလေး၊ လူကြီးမရွေး ရောဂါကူးစက်မှုအန္တရာယ်ကို သတိထားကြဖို့ ကလေးအထူးကုဆရာဝန် ပါမောက္ခဒေါက်တာစောဝင်းက တိုက်တွန်းပါတယ်။

“ကိုဗစ်က လူကြီးကိုကူးနိုင်သလို ကလေးကိုလည်း ကူးနိုင်ပါတယ်။ အဲတော့ ကလေးကကျတော့ ရောဂါကူးစက်ခံရပေမဲ့ သိပ်ပြီးတော့ပြင်းထန်လေ့ မရှိဘူး။ ရောဂါလက္ခဏာကလည်း မပြတာက များတယ်ပေါ့နော်။ ပြတဲ့ကလေးတွေမှာလည်း ရောဂါပြင်းထန်လေ့ နည်းပါတယ်။ အဲတော့ မိခင်က နို့တိုက်လို့ရှိရင်လည်း နို့ထဲမှာတော့ ကိုဗစ်ကမပါဘူး။ ဒါပေမဲ့ မိခင်နို့တိုက်မယ်ဆိုရင်တော့ နှာခေါင်းအုပ်နဲ့တိုက်ရမယ်။ နို့မတိုက်ခင်မှာလည်း လက်ကိုသေချာဆေးရမယ်။”

အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိပဲ ကူးစက်သူတွေပါ တွေ့ရှိနေရတာကြောင့် လူထုကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်လို့လည်း ဒေါက်တာစောဝင်းက သတိပေးထားပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာ ကူးစက်နေတဲ့ ဗိုင်းရပ်စ်ပိုးဟာ ကူးစက်နှုန်း ၁၀ ဆမြန်တဲ့ မျိုးဗီဇဟုတ် မဟုတ်ဆိုတာကို ဆေးသုတေသနဦးစီးဌာနက စစ်ဆေးနေပါတယ်။ အခုရောဂါပိုးကူးစက်ခံရသူတွေမှာ ပြင်းထန်တဲ့လက္ခဏာမတွေ့ရတာကြောင့်ဒီဗိုင်းရပ်စ်ဟာ ကူးစက်မှုမြန်ပေမဲ့ ပြင်းထန်မှုလျော့နည်းနိုင်တယ်လို့လည်း ကျန်းမာရေးပညာရှင်တွေ ယူဆနေပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတော့ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေး ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေနဲ့ ဒေသန္တရညွှန်ကြားချက်တွေကို အတိအကျလိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG