သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခုိင္ကုိဗစ္ အေရးေပၚတံု႔ျပန္မႈ ဗဟုိကြင္းဆင္းအဖြဲ႔ေခါင္းေဆာင္နဲ႔ ဆက္သြယ္ေမးျမန္းခ်က္ 


(Ministry of Health and Sports, Myanmar)

(Zawgyi/Unicode)

စစ္ေတြနဲ႔ ရခိုင္အျခားၿမိဳ႕တခ်ိဳ႕မွာ ပိုးေတြတာ ဆတိုးမ်ားလာေနၿပီး ဆက္တိုးဖို႔လည္းမ်ားေပမယ့္ ျပင္းထန္မူနည္းေသးကာ ထိထိေရာက္ေရာက္ထိန္းခ်ဳပ္ဖို႔ ျပင္ထားတယ္လို႔၊ ရခိုင္ကိုဗစ္ အေရးေပၚတံု႔ျပန္မူ ဗဟိုကြင္းဆင္းအဖြဲ႔က ဆိုပါတယ္။

စစ္ေတြမွာ ဒီတစ္ေခါက္ ပိုးစေတြ႔ခ်ိန္ ၿပီးခဲ့တဲ့အပတ္ ၾသဂုတ္ (၁၆) ရက္ကစၿပီး၊ အထူး ေစလႊတ္ခဲ့တဲ့၊ ဒီအဖြဲ႔ေခါင္းေဆာင္ ေဒါက္တာ ဥာဏ္ဝင္းျမင့္ကို ကို၀င္းမင္းက ေမးျမန္းထားပါတယ္။

ကို၀င္းမင္း။ ။ ေဒါက္တာ ဥာဏ္ဝင္းျမင့္ ခင္ဗ်ား ၊ အဓိက ျပည္သူေတြကို အခုအခ်ိန္မွာ ဘာေျပာခ်င္သလဲ။

ေဒါက္တာ ဥာဏ္ဝင္းျမင့္။ ။ အဓိကအားျဖင့္ေတာ့ Case (ပိုးေေတြ႔သူ) ေတြက အမ်ားႀကီးျဖစ္ရတဲ့ အေၾကာင္းအရင္းကေတာ့ လူနာနဲ႔ ထိေတြ႔တာ Primary contact ေပါ့ အဓိက ထိေတြ႔သူ၊ ေနာက္သူက တဆင့္ Secondary Contact လို႔ေခၚတဲ့ ဒုတိယ Contact (ထိေတြ႔သူ) ေတြကို၊ က်ေနာ္တို႔ရွာလိုက္တဲ့အခါမွာ (၁၆) ရက္ေန႔ကေန စၿပီးေတာ့ အခု (၂၆)၊ စစ္ေတြေရာေပါ့ေနာ္။ ဥပမာဆိုပါေတာ့ စစ္ေတြမွာလာၿပီးေတာ့ ေျမာက္ဦးကိုျပန္သြားတယ္၊ ဘူးသီးေတာင္တို႔ဘာတို႔ ျပန္သြားတယ္။ အဲဒီလူေတြကိုပါ စစ္ေဆးတာေတြ က်ေနာ္တို႔ လုပ္ခဲ့ပါတယ္။ ဒီ (၁၀) ရက္ ဝန္းက်င္ အတြင္းမွာလည္း လူ ၁၅၀၀ ဆီကေနၿပီးေတာ့ ဓါတ္ခြဲနမူနာ ရယူၿပီးေတာ့ စစ္ေဆးခဲ့ပါတယ္။ ဆက္လက္ၿပီးေတာ့ ဒါ ထပ္ၿပီးေတာ့ေတာ့၊ ဒီလူနာသစ္ေတြ႔ရွိမူေတြကေတာ့၊ ဒီအခုလက္ရွိအေနနဲ႔ကေတာ့ ရွိေနဦးမွာျဖစ္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ဆရာ အခုလို စစ္ေဆးေတြ႔ရွိမႈေတြ မ်ားလာတဲ့အေပၚမွာ ျပည္သူေတြကို အဓိက ဘာေျပာခ်င္သလဲ ဆရာ။

ေဒါက္တာ ဥာဏ္ဝင္းျမင့္။ ။ သိပ္ၿပီးေတာ့ စိုးရိမ္မႈ မလြန္ကဲဖို႔ေပါ့ေနာ္။ က်ေနာ္တို႔ Case (ပိုးေတြ႔လူနာ) ေတြ႔တဲ့ လူေတြထဲမွာ ဆိုရင္ ဒီေရာဂါလကၡဏာမျပတဲ့သူေတြကိုပါ လိုက္ရွာၿပီးေတာ့ ဓါတ္ခြဲစမ္းသပ္တာေၾကာင့္ Case ေတြ႔တာကေတာ့ မ်ားျပားတယ္။ ဒါေပမယ့္ ဒီ Case ေတြထဲမွာ ေရာဂါလကၡဏာျပတဲ့သူ ကေတာ့ ၃၀ ရာခိုင္ႏႈန္းေလာက္ပဲ ရွိပါတယ္။ ဒါ့အျပင္ ဥပမာ- ေရာဂါျပင္းထန္တဲ့သူဆိုရင္ သူ႔မွာ ဆီးခ်ိဳတို႔ ၊ ေသြးတိုးတို႔ ရွိတဲ့လူကလည္း (၉) ေယာက္ေလာက္ပဲရွိၿပီးေတာ့ အားလံုးကလည္း ေရာဂါျပင္းထန္တဲ့ ဒီ ICU အထူးၾကပ္မတ္ေဆာင္မွာ ထားရွိၿပီးေတာ့ ကုသေနရတဲ့ အေျခအေနမ်ိဳး မရွိဘူးေပါ့ေနာ္။ မရွိတဲ့အတြက္ Case ေတြကို မ်ားမ်ားရွာႏိုင္ဖို႔ ျပည္သူကလည္း ပူးေပါင္းပါ၀င္ဖို႔ လိုသလို၊ ေနာက္တခုကေတာ့ အထူးအေနနဲ႔ လက္ရွိက်င့္သံုးေနတဲ့ Strategy ကေတာ့ ေရာဂါပိုးကို ေတြ႔တဲ့ေနရာမွာပဲ ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ကို က်ေနာ္တုိ႔ ဦးစားေပးေဆာင္ရြက္တဲ့အတြက္ေၾကာင့္ ဒီေတြ႔ရွိတဲ့ လူနာေတြကို ေဆးရံုေတြမွာ Isolation Ward (သီးသန္းေဆာင္) မွာ သီးသန္႔ထားရွိၿပီးေတာ့ ကုသလ်က္ ရွိပါတယ္။ ဒီလိုကုသႏိုင္ဖို႔ကလည္း စစ္ေတြေဆးရံု ၊ သူနာျပဳသင္တန္းေက်ာင္းတို႔၊ တိုင္းရင္းေဆးရံု အဲဒီမွာ ကုသဖို႔အတြက္လည္း ေဆာင္ရြက္ေပးလ်က္ရွိပါတယ္။

ဒီလို လူနာေတြ႔ရွိမႈေတြကို စနစ္တက် ကူးစက္ေဗဒဆိုင္ရာ ဒီသံုးသပ္မူေတြ ေဆာင္ရြက္ႏိုင္ဖို႔၊ ဒါ့အျပင္ ေတြ႔ရွိလူနာေတြကိုလည္း စနစ္တက် က်န္းမာေရး ေစာင့္ေရွာက္မႈေပးႏိုင္ဖို႔ အတြက္ကို၊ တျခားျပည္နယ္နဲ႔ တိုင္းေတြမွာရွိတဲ့ က်န္းမာေရး၀န္ထမ္းေတြကိုလည္း ထားရွိၿပီးေတာ့ ကုသလ်က္ရွိပါတယ္။ ဒါ့အျပင္ ျပည္သူလူထုအေနနဲ႔ ဒီေရာဂါ ကာကြယ္ထိန္းခ်ဳပ္ဖို႔အတြက္ အဓိကအေရးႀကီးတာကေတာ့၊ ရခိုင္ျပည္နယ္အစိုးရ အဖြဲ႔နဲ႔ ရခိုင္ျပည္နယ္အတြင္းမွာရွိတဲ့ လူမႈေရးအသင္းအဖြဲ႔ေတြနဲ႔ ပူးေပါင္းၿပီးေတာ့၊ က်န္းမာေရးအသိပညာ ၊ အဓိကအားျဖင့္ကေတာ့ အကုန္လံုးသိရွိၿပီးတဲ့အတိုင္းေပါ့ေနာ္ Mask (မ်က္ႏွွာနဲ႔ႏွာေခါင္းစီး) ကို စနစ္တက် တပ္ဆင္ဖို႔ရယ္၊ ေနာက္တခုကေတာ့ လက္ေဆးဖို႔ရယ္ေပါ့ေနာ္ အဲဒါေတြကို က်ေနာ္တို႔ ေရာက္တဲ့ ၁၆ ရက္ေန႔တုန္းကဆိုရင္ စစ္ေတြၿမိဳ႕မွာ Mask ကို အမ်ားစု မတပ္တာေတြ႔ရတယ္။ ဒါေၾကာင့္မို႔ အခုေနာက္ပိုင္းမွာ က်န္းမာေရးပညာေပးလုပ္ငန္းကို တေန႔ ၅ ႀကိမ္ Speaker နဲ႔ေရာ တျခားနည္းေတြနဲ႔ေရာ ေဆာင္ရြက္တဲ့အတြက္ ျပည္သူလူထုအေနနဲ႔ Mask တပ္တာေတြတို႔ လိုက္နာတဲ့ အခ်က္အလက္ေတြ ပိုၿပီးေတာ့ အားေကာင္းလာတာေတြ႔ရွိရပါတယ္။

ဒါ့အျပင္ လူနာနဲ႔ ထိေတြ႔သူေတြကို အသြားအလာ ကန္႔သတ္တာေတြကိုလည္း လိုက္နာၿပီးေတာ့ ေဆာင္ရြက္ဖို႔ကလည္း အလြန္အေရးႀကီးပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဆရာ ဒီအေျခအေနကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အေရွ႕မွာ ဘာေတြထပ္လုပ္ဖို႔ ရွိဦးမလဲ။

ေဒါက္တာ ဥာဏ္ဝင္းျမင့္။ ။ အဓိကေတာ့ ဓါတ္ခြဲစမ္းသပ္တဲ့အခါမွာ မ်ားမ်ားစစ္ေဆးႏိုင္ဖို႔အတြက္။ ေရာဂါျဖစ္ႏိုင္ေျခမ်ားတဲ့ အုပ္စုေတြမကဘူး၊ ေရာဂါျဖစ္ႏိုင္ေျခနည္းပါးတဲ့ အုပ္စုေတြမွာပါ စစ္ေဆးဖို႔ အတြက္ အစီအစဥ္ခ်ၿပီးေတာ့ ေဆာင္ရြက္ထားတာျဖစ္ပါတယ္။ က်ေနာ္တို႔ Random Sampling (ေရွာင္တခင္ စစ္ေဆးတဲ့) အေနနဲ႔ စစ္ေတြေစ်းတို႔ ေနာက္တခုက အသြားအလာမ်ားတဲ့ေနရာေတြေပ့ါ ဥပမာ ဘဏ္ေတြတို႔ အဲလိုဟာမ်ိဳးေတြမွာ စစ္ေဆးဖို႔ရယ္။ ေနာက္ ေဆးရံု၀န္ထမ္းေတြကေတာ့ အကုန္လံုးထိေတြ႔တဲ့လူေတြေရာ အပါအ၀င္ေပါ့ေနာ္ တျခားက်န္းမာေရး၀န္ထမ္းေတြကိုလည္း က်ေနာ္တို႔ စစ္ေဆးတာရွိပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ IDP စစ္ေဘးေရွာင္စခန္းေတြမွာေရာ ။

ေဒါက္တာ ဥာဏ္ဝင္းျမင့္။ ။ IDP စခန္းေတြမွာလည္း UN (ကုလသမဂၢ) တို႔ INGO (ႏိုင္ငံတကာအစိုးရမဟုတ္တံအဖြဲ႔) တို႔က တခ်ိဳ. Positive (ပိုးေတြ႔တာ) ျဖစ္တဲ့ လူနာေတြနဲ႔ ထိေတြ႔တဲ့ IDP စခန္းကလူေတြကိုလည္း က်ေနာ္တို႔ စစ္ေဆးတာရွိပါတယ္။ ဒါ့အျပင္ IDP စခန္းေတြကို မကူးစက္ေအာင္အတြက္၊ IDP စခန္းေတြကို သြားေရာက္မယ့္ INGO ၀န္ထမ္းေတြ၊ UN ၀န္ထမ္းေတြကို က်န္းမာေရး စစ္ေဆးၿပီးေတာ့ ပိုးမေတြ႔မွပဲ သြားေရာက္ဖို႔ အဲဒါမ်ိဳးေတြလည္း ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဆရာ IDP စခန္းေတြမွာ အခုအခ်ိန္ထိက ပိုးေတြ႔တာမရွိေသးဘူးေပါ့ေနာ္ ဒီ ၿမိဳ႕က IDP စခန္းဖြင့္ထားတဲ့ ဘုန္းႀကီးေက်ာင္းေတြမွာေရာ။

ေဒါက္တာ ဥာဏ္ဝင္းျမင့္။ ။ IDP မွာေတာ့ လက္ရွိအေနနဲ႔ ျဖစ္တာမရွိေသးပါဘူး။ တခု က်ေနာ္တို႔ Case ေတြ႔တာ တခုဆိုရင္လည္း ဘုန္းေတာ္ႀကီးေက်ာင္းတစ္ေက်ာင္းမွာ ဘုန္းေတာ္ႀကီး ၆ ပါးေလာက္ က်ေနာ္တို႔ Case ေတြ႔တာေလးေတြ ရွိပါတယ္။ ဒါေပမယ့္ အဲဒီ ဘုန္းေတာ္ႀကီးေက်ာင္းကလည္း စစ္ေဘးေရွာင္ လက္ခံထားတဲ့ ဘုန္းေတာ္ႀကီးေက်ာင္းမဟုတ္တဲ့အတြက္ေၾကာင့္မို႔ေပါ့ေနာ္။ အဓိကေတာ့ စစ္ေဘးေရွာင္စခန္းေတြအတြက္ကေတာ့ အခု COVID ျဖစ္တဲ့အခ်ိန္တင္မဟုတ္ဘူး တျခားထူးျခားျဖစ္စဥ္ေရာ၊ ကူးစက္ေရာဂါနဲ႔ ပတ္သက္ၿပီး ျဖစ္စဥ္ေတြအတြက္ေရာ သိႏိုင္ဖို႔အတြက္ Early Warning System (တင္ႀကိဳအခ်က္ျပသတိေပးစနစ္) ေတြေရာကို Electronically (လွ်ပ္စစ္ကြန္ျပဴတာစနစ္နဲ႔) ေရာ၊ ေဆာင္ရြက္ထားတာရွိပါတယ္။ အဲဒီကေန ခ်က္ခ်င္း သတင္းေပးပို႔ၿပီးေတာ့ ဥပမာ COVID-19 နဲ႔ ဆက္စပ္တဲ့ Symptom (လကၡဏာ) ေတြရွိတယ္ဆိုရင္၊ ခ်က္ခ်င္း စစ္ေဆးေဆာင္ရြက္ႏိုင္ဖို႔အတြက္လည္းရွိတယ္။ ေနာက္တခုကေတာ့ IDP စခန္းေတြအတြက္ဆိုရင္ အဓိကအားျဖင့္ Hand Wash (လက္ေဆးတာ) တို႔ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး အသိပညာေပးလုပ္ငန္းေတြ၊ အဲဒါေတြကေတာ့ က်ေနာ္တို႔ IDP Camp (စစ္ေရွာင္စခန္း) ေတြကို က်ေနာ္တို႔ Target (အဓိကပစ္မွတ္) ထားၿပီးေဆာင္ရြက္ေနတာေတြရွိပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဆရာေရ အခုဒီ ပိုးကူးစက္မႈ မ်ားေနတဲ့အေျခအေနကို ထိန္းခ်ဳပ္ႏိုင္မယ့္ အေနအထားကိုေရာ။

ေဒါက္တာ ဥာဏ္ဝင္းျမင့္။ ။ ဒီျဖစ္စဥ္က ဘယ္ေလာက္အထိ၊ ဘယ္ႏွစ္ေယာက္ ကူးစက္သြားမယ္၊ ဘယ္ေလာက္ၾကာၾကာျဖစ္မယ္ဆိုတာကို၊ က်ေနာ္တို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာန ကေနၿပီးေတာ့ ေဆာင္ရြက္ခ်က္ေတြေရာ၊ တျခားသက္ဆိုင္တဲ့ ဌာနေတြ ပူးေပါင္းေဆာင္ရြက္မႈေရာ၊ ေနာက္တခုက ျပည္သူေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈေရာ၊ ေနာက္တခုက UN ၊ INGO အဖြဲ႔အစည္းေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈေရာ အဲလိုမ်ိဳး ပူးေပါင္းေဆာင္ရြက္မယ္ဆိုရင္ေတာ့၊ အခ်ိန္တိုတိုအတြင္းမွာ ထိန္းခ်ဳပ္ေဆာင္ရြက္သြားႏုိင္မွာ ျဖစ္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ျမန္ျမန္ထိန္းခ်ဳပ္ႏိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္ဆရာ ေက်းဇူးပါ။

တိုက္႐ိုက္ လင့္ခ္


...............

ရခိုင်ကိုဗစ် အရေးပေါ်တုံ့ပြန်မှု ဗဟိုကွင်းဆင်းအဖွဲ့ခေါင်းဆောင်နဲ့ ဆက်သွယ်မေးမြန်းချက်
(Unicode)

စစ်တွေနဲ့ ရခိုင်အခြားမြို့တချို့မှာ ပိုးတွေတာ ဆတိုးများလာနေပြီး ဆက်တိုးဖို့လည်းများပေမယ့် ပြင်းထန်မူနည်းသေးကာ ထိထိရောက်ရောက်ထိန်းချုပ်ဖို့ ပြင်ထားတယ်လို့၊ ရခိုင်ကိုဗစ် အရေးပေါ်တုံ့ပြန်မူ ဗဟိုကွင်းဆင်းအဖွဲ့က ဆိုပါတယ်။

စစ်တွေမှာ ဒီတစ်ခေါက် ပိုးစတွေ့ချိန် ပြီးခဲ့တဲ့အပတ် သြဂုတ် (၁၆) ရက်ကစပြီး၊ အထူး စေလွှတ်ခဲ့တဲ့၊ ဒီအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဉာဏ်ဝင်းမြင့်ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ ဒေါက်တာ ဉာဏ်ဝင်းမြင့် ခင်ဗျား ၊ အဓိက ပြည်သူတွေကို အခုအချိန်မှာ ဘာပြောချင်သလဲ။

ဒေါက်တာ ဉာဏ်ဝင်းမြင့်။ ။ အဓိကအားဖြင့်တော့ Case (ပိုးေတွေ့သူ) တွေက အများကြီးဖြစ်ရတဲ့ အကြောင်းအရင်းကတော့ လူနာနဲ့ ထိတွေ့တာ Primary contact ပေါ့ အဓိက ထိတွေ့သူ၊ နောက်သူက တဆင့် Secondary Contact လို့ခေါ်တဲ့ ဒုတိယ Contact (ထိတွေ့သူ) တွေကို၊ ကျနော်တို့ရှာလိုက်တဲ့အခါမှာ (၁၆) ရက်နေ့ကနေ စပြီးတော့ အခု (၂၆)၊ စစ်တွေရောပေါ့နော်။ ဥပမာဆိုပါတော့ စစ်တွေမှာလာပြီးတော့ မြောက်ဦးကိုပြန်သွားတယ်၊ ဘူးသီးတောင်တို့ဘာတို့ ပြန်သွားတယ်။ အဲဒီလူတွေကိုပါ စစ်ဆေးတာတွေ ကျနော်တို့ လုပ်ခဲ့ပါတယ်။ ဒီ (၁၀) ရက် ဝန်းကျင် အတွင်းမှာလည်း လူ ၁၅၀၀ ဆီကနေပြီးတော့ ဓါတ်ခွဲနမူနာ ရယူပြီးတော့ စစ်ဆေးခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ဒါ ထပ်ပြီးတော့တော့၊ ဒီလူနာသစ်တွေ့ရှိမူတွေကတော့၊ ဒီအခုလက်ရှိအနေနဲ့ကတော့ ရှိနေဦးမှာဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာ အခုလို စစ်ဆေးတွေ့ရှိမှုတွေ များလာတဲ့အပေါ်မှာ ပြည်သူတွေကို အဓိက ဘာပြောချင်သလဲ ဆရာ။

ဒေါက်တာ ဉာဏ်ဝင်းမြင့်။ ။ သိပ်ပြီးတော့ စိုးရိမ်မှု မလွန်ကဲဖို့ပေါ့နော်။ ကျနော်တို့ Case (ပိုးတွေ့လူနာ) တွေ့တဲ့ လူတွေထဲမှာ ဆိုရင် ဒီရောဂါလက္ခဏာမပြတဲ့သူတွေကိုပါ လိုက်ရှာပြီးတော့ ဓါတ်ခွဲစမ်းသပ်တာကြောင့် Case တွေ့တာကတော့ များပြားတယ်။ ဒါပေမယ့် ဒီ Case တွေထဲမှာ ရောဂါလက္ခဏာပြတဲ့သူ ကတော့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဒါ့အပြင် ဥပမာ- ရောဂါပြင်းထန်တဲ့သူဆိုရင် သူ့မှာ ဆီးချိုတို့ ၊ သွေးတိုးတို့ ရှိတဲ့လူကလည်း (၉) ယောက်လောက်ပဲရှိပြီးတော့ အားလုံးကလည်း ရောဂါပြင်းထန်တဲ့ ဒီ ICU အထူးကြပ်မတ်ဆောင်မှာ ထားရှိပြီးတော့ ကုသနေရတဲ့ အခြေအနေမျိုး မရှိဘူးပေါ့နော်။ မရှိတဲ့အတွက် Case တွေကို များများရှာနိုင်ဖို့ ပြည်သူကလည်း ပူးပေါင်းပါဝင်ဖို့ လိုသလို၊ နောက်တခုကတော့ အထူးအနေနဲ့ လက်ရှိကျင့်သုံးနေတဲ့ Strategy ကတော့ ရောဂါပိုးကို တွေ့တဲ့နေရာမှာပဲ ထိန်းချုပ်နိုင်ဖို့အတွက်ကို ကျနော်တို့ ဦးစားပေးဆောင်ရွက်တဲ့အတွက်ကြောင့် ဒီတွေ့ရှိတဲ့ လူနာတွေကို ဆေးရုံတွေမှာ Isolation Ward (သီးသန်းဆောင်) မှာ သီးသန့်ထားရှိပြီးတော့ ကုသလျက် ရှိပါတယ်။ ဒီလိုကုသနိုင်ဖို့ကလည်း စစ်တွေဆေးရုံ ၊ သူနာပြုသင်တန်းကျောင်းတို့၊ တိုင်းရင်းဆေးရုံ အဲဒီမှာ ကုသဖို့အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဒီလို လူနာတွေ့ရှိမှုတွေကို စနစ်တကျ ကူးစက်ဗေဒဆိုင်ရာ ဒီသုံးသပ်မူတွေ ဆောင်ရွက်နိုင်ဖို့၊ ဒါ့အပြင် တွေ့ရှိလူနာတွေကိုလည်း စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ အတွက်ကို၊ တခြားပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ထားရှိပြီးတော့ ကုသလျက်ရှိပါတယ်။ ဒါ့အပြင် ပြည်သူလူထုအနေနဲ့ ဒီရောဂါ ကာကွယ်ထိန်းချုပ်ဖို့အတွက် အဓိကအရေးကြီးတာကတော့၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့၊ ကျန်းမာရေးအသိပညာ ၊ အဓိကအားဖြင့်ကတော့ အကုန်လုံးသိရှိပြီးတဲ့အတိုင်းပေါ့နော် Mask (မျက်နှာနဲ့နှာခေါင်းစီး) ကို စနစ်တကျ တပ်ဆင်ဖို့ရယ်၊ နောက်တခုကတော့ လက်ဆေးဖို့ရယ်ပေါ့နော် အဲဒါတွေကို ကျနော်တို့ ရောက်တဲ့ ၁၆ ရက်နေ့တုန်းကဆိုရင် စစ်တွေမြို့မှာ Mask ကို အများစု မတပ်တာတွေ့ရတယ်။ ဒါကြောင့်မို့ အခုနောက်ပိုင်းမှာ ကျန်းမာရေးပညာပေးလုပ်ငန်းကို တနေ့ ၅ ကြိမ် Speaker နဲ့ရော တခြားနည်းတွေနဲ့ရော ဆောင်ရွက်တဲ့အတွက် ပြည်သူလူထုအနေနဲ့ Mask တပ်တာတွေတို့ လိုက်နာတဲ့ အချက်အလက်တွေ ပိုပြီးတော့ အားကောင်းလာတာတွေ့ရှိရပါတယ်။

ဒါ့အပြင် လူနာနဲ့ ထိတွေ့သူတွေကို အသွားအလာ ကန့်သတ်တာတွေကိုလည်း လိုက်နာပြီးတော့ ဆောင်ရွက်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့ အရှေ့မှာ ဘာတွေထပ်လုပ်ဖို့ ရှိဦးမလဲ။

ဒေါက်တာ ဉာဏ်ဝင်းမြင့်။ ။ အဓိကတော့ ဓါတ်ခွဲစမ်းသပ်တဲ့အခါမှာ များများစစ်ဆေးနိုင်ဖို့အတွက်။ ရောဂါဖြစ်နိုင်ခြေများတဲ့ အုပ်စုတွေမကဘူး၊ ရောဂါဖြစ်နိုင်ခြေနည်းပါးတဲ့ အုပ်စုတွေမှာပါ စစ်ဆေးဖို့ အတွက် အစီအစဉ်ချပြီးတော့ ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ကျနော်တို့ Random Sampling (ရှောင်တခင် စစ်ဆေးတဲ့) အနေနဲ့ စစ်တွေဈေးတို့ နောက်တခုက အသွားအလာများတဲ့နေရာတွေပေ့ါ ဥပမာ ဘဏ်တွေတို့ အဲလိုဟာမျိုးတွေမှာ စစ်ဆေးဖို့ရယ်။ နောက် ဆေးရုံဝန်ထမ်းတွေကတော့ အကုန်လုံးထိတွေ့တဲ့လူတွေရော အပါအဝင်ပေါ့နော် တခြားကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကျနော်တို့ စစ်ဆေးတာရှိပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ IDP စစ်ဘေးရှောင်စခန်းတွေမှာရော ။

ဒေါက်တာ ဉာဏ်ဝင်းမြင့်။ ။ IDP စခန်းတွေမှာလည်း UN (ကုလသမဂ္ဂ) တို့ INGO (နိုင်ငံတကာအစိုးရမဟုတ်တံအဖွဲ့) တို့က တချို. Positive (ပိုးတွေ့တာ) ဖြစ်တဲ့ လူနာတွေနဲ့ ထိတွေ့တဲ့ IDP စခန်းကလူတွေကိုလည်း ကျနော်တို့ စစ်ဆေးတာရှိပါတယ်။ ဒါ့အပြင် IDP စခန်းတွေကို မကူးစက်အောင်အတွက်၊ IDP စခန်းတွေကို သွားရောက်မယ့် INGO ဝန်ထမ်းတွေ၊ UN ဝန်ထမ်းတွေကို ကျန်းမာရေး စစ်ဆေးပြီးတော့ ပိုးမတွေ့မှပဲ သွားရောက်ဖို့ အဲဒါမျိုးတွေလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ IDP စခန်းတွေမှာ အခုအချိန်ထိက ပိုးတွေ့တာမရှိသေးဘူးပေါ့နော် ဒီ မြို့က IDP စခန်းဖွင့်ထားတဲ့ ဘုန်းကြီးကျောင်းတွေမှာရော။

ဒေါက်တာ ဉာဏ်ဝင်းမြင့်။ ။ IDP မှာတော့ လက်ရှိအနေနဲ့ ဖြစ်တာမရှိသေးပါဘူး။ တခု ကျနော်တို့ Case တွေ့တာ တခုဆိုရင်လည်း ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ ဘုန်းတော်ကြီး ၆ ပါးလောက် ကျနော်တို့ Case တွေ့တာလေးတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီ ဘုန်းတော်ကြီးကျောင်းကလည်း စစ်ဘေးရှောင် လက်ခံထားတဲ့ ဘုန်းတော်ကြီးကျောင်းမဟုတ်တဲ့အတွက်ကြောင့်မို့ပေါ့နော်။ အဓိကတော့ စစ်ဘေးရှောင်စခန်းတွေအတွက်ကတော့ အခု COVID ဖြစ်တဲ့အချိန်တင်မဟုတ်ဘူး တခြားထူးခြားဖြစ်စဉ်ရော၊ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ဖြစ်စဉ်တွေအတွက်ရော သိနိုင်ဖို့အတွက် Early Warning System (တင်ကြိုအချက်ပြသတိပေးစနစ်) တွေရောကို Electronically (လျှပ်စစ်ကွန်ပြူတာစနစ်နဲ့) ရော၊ ဆောင်ရွက်ထားတာရှိပါတယ်။ အဲဒီကနေ ချက်ချင်း သတင်းပေးပို့ပြီးတော့ ဥပမာ COVID-19 နဲ့ ဆက်စပ်တဲ့ Symptom (လက္ခဏာ) တွေရှိတယ်ဆိုရင်၊ ချက်ချင်း စစ်ဆေးဆောင်ရွက်နိုင်ဖို့အတွက်လည်းရှိတယ်။ နောက်တခုကတော့ IDP စခန်းတွေအတွက်ဆိုရင် အဓိကအားဖြင့် Hand Wash (လက်ဆေးတာ) တို့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေ၊ အဲဒါတွေကတော့ ကျနော်တို့ IDP Camp (စစ်ရှောင်စခန်း) တွေကို ကျနော်တို့ Target (အဓိကပစ်မှတ်) ထားပြီးဆောင်ရွက်နေတာတွေရှိပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ အခုဒီ ပိုးကူးစက်မှု များနေတဲ့အခြေအနေကို ထိန်းချုပ်နိုင်မယ့် အနေအထားကိုရော။

ဒေါက်တာ ဉာဏ်ဝင်းမြင့်။ ။ ဒီဖြစ်စဉ်က ဘယ်လောက်အထိ၊ ဘယ်နှစ်ယောက် ကူးစက်သွားမယ်၊ ဘယ်လောက်ကြာကြာဖြစ်မယ်ဆိုတာကို၊ ကျနော်တို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကနေပြီးတော့ ဆောင်ရွက်ချက်တွေရော၊ တခြားသက်ဆိုင်တဲ့ ဌာနတွေ ပူးပေါင်းဆောင်ရွက်မှုရော၊ နောက်တခုက ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုရော၊ နောက်တခုက UN ၊ INGO အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုရော အဲလိုမျိုး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့၊ အချိန်တိုတိုအတွင်းမှာ ထိန်းချုပ်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ မြန်မြန်ထိန်းချုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဆရာ ကျေးဇူးပါ။

XS
SM
MD
LG