သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုရွားနဲ႔ တရုတ္က COVID ကာကြယ္ေဆးအားနည္းခ်က္ ပညာရွင္ေတြ ေထာက္ျပ


႐ုရွားထုတ္ COVID-19 ကာကြယ္ေဆး

(Zawgyi/Unicode)

႐ုရွားနဲ႔ တ႐ုတ္မွာ စမ္းသပ္ေနတဲ့ အလားအလာရွိတဲ့ COVID-19 ကာကြယ္ေဆးေတြမွာ အားနည္းခ်က္၊ ေဘးထြက္ဆိုးက်ိဳးေတြ ရွိတာကို ေတြ႕ရတယ္လို႔ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။​ ကာကြယ္ေဆးေတြကို လူအမ်ားျဖစ္ေလ့ရွိတဲ့ သာမာန္ အေအးမိဖ်ားနာ ဗိုင္းရပ္စ္ ပိုးေတြကို အေျခခံၿပီး စမ္းသပ္ထားတာျဖစ္လို႔ ေဆးရဲ့ အက်ိဳးသက္ေရာက္မႈမွာ အကန္႔အသတ္ ေတြရွိတယ္ လို႔ ကၽြမ္းက်င္သူေတြက ေျပာတာပါ။

တ႐ုတ္စစ္တပ္မွာ အသုံးျပဳဖို႔ CanSino Biologics က ထုတ္လုပ္တဲ့ ကာကြယ္ေဆးက အေအးမိဖ်ားနာ ဗိုင္းရပ္စ္ Ad5 ကို အေျခခံၿပီး စမ္းသပ္ထုတ္လုပ္ထားတာျဖစ္ပါတယ္။ အဲဒီ ကာကြယ္ေဆးကို က်ယ္က်ယ္ျပန္႔ျပန္႔ စမ္းသပ္မႈေတြ လုပ္လို႔ မၿပီးခင္မွာ အခ်ိန္တိုတြင္း အေရးေပၚ အတည္ျပဳခ်က္ရရွိဖို႔ နိုင္ငံ ေတာ္ေတာ္မ်ားမ်ားမွာ ေဆြးေႏြးေျပာဆိုေနတယ္လို႔ Wall Street Journal က ၿပီး ခဲ့တဲ့ သီတင္း ပတ္အတြင္းက ေဖာ္ျပခဲ့ပါတယ္။

ဒီလို ကာကြယ္ေဆးစမ္းသပ္မႈေတြကို အခ်ိန္ခ်ဳံ႕ၿပီး အေရးေပၚ ခြင့္ျပဳခ်က္ရယူဖို႔ လုပ္ေဆာင္ေနၾကတာဟာ အႏၲရာယ္မ်ားတဲ့ အေၾကာင္း ကမၻာ့ က်န္းမာေရးအဖြဲ႕ WHO က ေျပာပါတယ္။

COVID-19 ကာကြယ္ေဆးကို စမ္းသပ္မႈေတြ ေသခ်ာၿပီးဆုံးေအာင္မလုပ္ဘဲ အခ်ိန္မတိုင္ခင္ ခြင့္ျပဳခ်က္ေပး ထုတ္လုပ္တာက အလ်ဥ္း သင့္သလို မ်ိဳးကြဲ ျပဳလုပ္တဲ့ စမ္းသပ္မႈေတြ ဆက္လုပ္ဖို႔ ခက္ခဲေစမွာျဖစ္ေၾကာင္း၊ ေသခ်ာ ေလ့လာစမ္းသပ္ မထုတ္လုပ္တဲ့ ကာကြယ္ ေဆးေတြက အက်ိဳးသက္ေရာက္မႈနည္းေၾကာင္း၊ ဒီလိုလုပ္တာေၾကာင့္ ကာကြယ္ေဆးက ကပ္ေရာဂါကို ၿပီးဆုံးေအာင္ လုပ္ေပးနိုင္မွာ မဟုတ္သလို ပိုၿပီးေတာ့သာ ဆိုးရြားေစမွာျဖစ္ေၾကာင္း WHO အဖြဲ႕ သိပၸံပညာရွင္ Soumya Swaminathan က သတိေပးသြား တာပါ။

႐ုရွား Gamaleya သိပၸံက စမ္းသပ္ေနတဲ့ COVID-19 ကာကြယ္ေဆးကို ႐ုရွားမွာ ၾသဂုတ္လ အေစာပိုင္းတုန္းက ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ ဒီကာကြယ္ေဆးကလည္း အျဖစ္မ်ားတဲ့ အေအးမိဖ်ားနာ ဗိုင္းရပ္စ္ Ad5 နဲ႔ ေနာက္ထပ္ဗိုင္းရပ္စ္အမ်ိဳးအစားတခုကို အေျခခံၿပီး စမ္းသပ္ထားတာပါ။

အခု ကာကြယ္ေဆး ထုတ္လုပ္ခဲ့တဲ့ ႐ုရွားနဲ႔ တ႐ုတ္နိုင္ငံေတြက အေတြ႕အၾကဳံအမ်ားႀကီး ရွိသလို ေဆးကုမၸဏီေတြ Ad5 ကို အေျခခံတဲ့ Ebola ကာကြယ္ေဆး ထုတ္လုပ္ ဖူးတဲ့ အေတြ႕အၾကဳံ ႏွစ္ေပါင္းမ်ားစြာရွိခဲ့တဲ့ ကုမၸဏီေတြျဖစ္ပါတယ္။ ဒါေပမဲ့ COVID-19 ကာကြယ္ေဆးေတြကို အခုလိုအခ်ိန္ခ်ဳံ႕ၿပီး အေရးေပၚ ထုတ္လုပ္ခြင့္ရဖို႔ လုပ္ေဆာင္ေနၾကတဲ့ အေပၚ သတိနဲ႔ လုပ္ေဆာင္ၾကဖို႔ ကၽြမ္းက်င္သူေတြက သတိေပးေနၾကတာပါ။ ဒီအေပၚ CanSino နဲ႔ Gamaleya ေဆးကုမၸမဏီေတြက တစုံတရာ မွတ္ခ်က္ျပဳ ေျပာဆိုျခင္းေတာ့ မရွိပါဘူး။

အခုလက္ရွိတကမၻာလုံးအတိုင္းအတာနဲ႔ COVID-19 ကပ္ေရာဂါကို အဆုံးသတ္နိုင္ဖို႔အေရး ကာကြယ္ေဆးရရွိဖို႔ကအဓိက က်ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ရုရှားနဲ့ တရုတ်က COVID ကာကွယ်ဆေးအားနည်းချက် ပညာရှင်တွေ ထောက်ပြ

(Unicode)

ရုရှားနဲ့ တရုတ်မှာ စမ်းသပ်နေတဲ့ အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေးတွေမှာ အားနည်းချက်၊ ဘေးထွက်ဆိုးကျိုးတွေ ရှိတာကို တွေ့ရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ကာကွယ်ဆေးတွေကို လူအများဖြစ်လေ့ရှိတဲ့ သာမာန် အအေးမိဖျားနာ ဗိုင်းရပ်စ် ပိုးတွေကို အခြေခံပြီး စမ်းသပ်ထားတာဖြစ်လို့ ဆေးရဲ့ အကျိုးသက်ရောက်မှုမှာ အကန့်အသတ် တွေရှိတယ် လို့ ကျွမ်းကျင်သူတွေက ပြောတာပါ။

တရုတ်စစ်တပ်မှာ အသုံးပြုဖို့ CanSino Biologics က ထုတ်လုပ်တဲ့ ကာကွယ်ဆေးက အအေးမိဖျားနာ ဗိုင်းရပ်စ် Ad5 ကို အခြေခံပြီး စမ်းသပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှုတွေ လုပ်လို့ မပြီးခင်မှာ အချိန်တိုတွင်း အရေးပေါ် အတည်ပြုချက်ရရှိဖို့ နိုင်ငံ တော်တော်များများမှာ ဆွေးနွေးပြောဆိုနေတယ်လို့ Wall Street Journal က ပြီး ခဲ့တဲ့ သီတင်း ပတ်အတွင်းက ဖော်ပြခဲ့ပါတယ်။

ဒီလို ကာကွယ်ဆေးစမ်းသပ်မှုတွေကို အချိန်ချုံ့ပြီး အရေးပေါ် ခွင့်ပြုချက်ရယူဖို့ လုပ်ဆောင်နေကြတာဟာ အန္တရာယ်များတဲ့ အကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

COVID-19 ကာကွယ်ဆေးကို စမ်းသပ်မှုတွေ သေချာပြီးဆုံးအောင်မလုပ်ဘဲ အချိန်မတိုင်ခင် ခွင့်ပြုချက်ပေး ထုတ်လုပ်တာက အလျဉ်း သင့်သလို မျိုးကွဲ ပြုလုပ်တဲ့ စမ်းသပ်မှုတွေ ဆက်လုပ်ဖို့ ခက်ခဲစေမှာဖြစ်ကြောင်း၊ သေချာ လေ့လာစမ်းသပ် မထုတ်လုပ်တဲ့ ကာကွယ် ဆေးတွေက အကျိုးသက်ရောက်မှုနည်းကြောင်း၊ ဒီလိုလုပ်တာကြောင့် ကာကွယ်ဆေးက ကပ်ရောဂါကို ပြီးဆုံးအောင် လုပ်ပေးနိုင်မှာ မဟုတ်သလို ပိုပြီးတော့သာ ဆိုးရွားစေမှာဖြစ်ကြောင်း WHO အဖွဲ့ သိပ္ပံပညာရှင် Soumya Swaminathan က သတိပေးသွား တာပါ။

ရုရှား Gamaleya သိပ္ပံက စမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ရုရှားမှာ သြဂုတ်လ အစောပိုင်းတုန်းက ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒီကာကွယ်ဆေးကလည်း အဖြစ်များတဲ့ အအေးမိဖျားနာ ဗိုင်းရပ်စ် Ad5 နဲ့ နောက်ထပ်ဗိုင်းရပ်စ်အမျိုးအစားတခုကို အခြေခံပြီး စမ်းသပ်ထားတာပါ။

အခု ကာကွယ်ဆေး ထုတ်လုပ်ခဲ့တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတွေက အတွေ့အကြုံအများကြီး ရှိသလို ဆေးကုမ္ပဏီတွေ Ad5 ကို အခြေခံတဲ့ Ebola ကာကွယ်ဆေး ထုတ်လုပ် ဖူးတဲ့ အတွေ့အကြုံ နှစ်ပေါင်းများစွာရှိခဲ့တဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။ ဒါပေမဲ့ COVID-19 ကာကွယ်ဆေးတွေကို အခုလိုအချိန်ချုံ့ပြီး အရေးပေါ် ထုတ်လုပ်ခွင့်ရဖို့ လုပ်ဆောင်နေကြတဲ့ အပေါ် သတိနဲ့ လုပ်ဆောင်ကြဖို့ ကျွမ်းကျင်သူတွေက သတိပေးနေကြတာပါ။ ဒီအပေါ် CanSino နဲ့ Gamaleya ဆေးကုမ္ပမဏီတွေက တစုံတရာ မှတ်ချက်ပြု ပြောဆိုခြင်းတော့ မရှိပါဘူး။

အခုလက်ရှိတကမ္ဘာလုံးအတိုင်းအတာနဲ့ COVID-19 ကပ်ရောဂါကို အဆုံးသတ်နိုင်ဖို့အရေး ကာကွယ်ဆေးရရှိဖို့ကအဓိက ကျနေပါတယ်။

XS
SM
MD
LG