သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ရှိသူနဲ့ ထိတွေ့သူတွေ ရောဂါလက္ခဏာမပြပေမဲ့ စမ်းသပ် စစ်ဆေးဖို့လို (WHO)


(Zawgyi/Unicode)

COVID-19 ရောဂါရှင်တွေနဲ့ ထိတွေ့ဆက်ဆံမိသူတွေ အနေနဲ့ ရောဂါအကူးစက်ခံရတဲ့ လက္ခဏာ ပြပြ မပြပြ ဒီရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးဖို့ အရေးကြီးကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကူးစက်ရောဂါဆိုင်ရာ ပညာရှင် Maria Van Kerkhove က ကြာသပတေးနေ့ WHO သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဒီရောဂါအတွက် စမ်းသပ်စစ်ဆေးမှုတွေကို ရောဂါကူးစက်တဲ့ လက္ခဏာ မသိမသာ ပြနေတဲ့ သူတွေ ဒါမှမဟုတ် လက္ခဏာမတွေ့ရတဲ့ သူတွေမှာပါ စမ်းသပ်မှုတွေ တိုးချဲ့ လုပ်ဆောင်ဖို့ လိုအပ်နေတယ်” လို့ ပြောသွားတာပါ။

ရောဂါရှိနေသူကို ဖေါ်ထုတ်ရှာဖွေဖို့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ရေးဟာ အရေးအကြီးဆုံး ဖြစ်ပြီး ဒီလို ဖေါ်ထုတ်နိုင်မှ သူတို့ကို သီးခြားခွဲ ကုသပေးနိုင်မှာ ဖြစ်သလို သူတို့နဲ့ ဆက်ဆံသူတွေကိုပါ ခြေရာကောက်နိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

လတ်တလောမှာ တွေ့လာရတဲ့ ကူးစက်မှုတိုးလာတာဟာ လူစုလူဝေး လုပ်တာနဲ့ ဆက်စပ်နေကြောင်းနဲ့ ဒီလို ဖြစ်စဉ်မျိုးအတွက် ဒီလူစုနဲ့ ဆက်ဆံမှု ရှိသူ မှန်သမ ျှ ရောဂါ လက္ခဏာ နဲနဲပဲ ပြသည်ဖြစ်စေ၊ လုံးဝ မပြသည်ဖြစ်စေ စမ်းသပ် စစ်ဆေးမှု လုပ်သင့်ကြောင်း ပြောပါတယ်။

ရောဂါရှိသူတွေနဲ့ အနီးကပ်ဆက်ဆံသူတွေ ရောဂါ လက္ခဏာ မပြရင် စမ်းသပ်စစ်ဆေးမှုတွေ လုပ်စရာ မလိုဘူးလို့ အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဗဟိုဌာန CDC က ညွှန်ကြားချက်ပြောင်းလဲ ထုတ်ပြန်လိုက်ပြိး ရက်မကြာခင်မှာပဲ WHO က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............

(Unicode)






XS
SM
MD
LG