သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုသမၼတ Mike Pence ဒီမိုကရက္သမၼတေလာင္း Joe Biden အေပၚ ေဝဖန္ထိုးႏွက္


အေမရိကန္ဒုသမၼတ Mike Pence။ (ၾသဂုတ္ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ဒီမုိကရက္တစ္ပါတီက သမၼတေလာင္း Joe Biden
ဒီမုိကရက္တစ္ပါတီက သမၼတေလာင္း Joe Biden

အေမရိကန္ႏုိင္ငံတ၀န္းမွာ လူမ်ိဳးေရး မၿငိမ္သက္မႈေတြ ျဖစ္ေနခ်ိန္မွာပဲ လာမယ့္ ႏုိ၀င္ဘာ သမၼတေရြးေကာက္ပဲြမွာ ဒီမုိကရက္တစ္ပါတီဘက္က ဂ်ိဳးဘိုင္ဒန္သာ အနုိင္ရၿပီး သမၼတျဖစ္လာခဲ့ရင္၊ သူ႔လက္ထက္မွာ အေမရိကန္ျပည္ေထာင္စုဟာ ေဘးကင္းလုံျခံဳမႈရွိမွာ မဟုတ္ဘူးလို႔ အေမရိကန္ဒုသမၼတ Mike Pence က မေန႔ ဗုဒၶဟူးေန႔ည ရီပတ္ဘလီကန္ပါတီညီလာခံမွာ မဲဆႏၵရွင္ေတြကို ေျပာလိုက္ပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ ရဲတပ္ဖဲြ႔ရဲ႕ ရန္ပုံေငြကို ေလွ်ာ့ခ်ဖို႔အတြက္ လုပ္ခ်င္သူေတြနဲ႔ တသေဘာတည္း ရွိတဲ့သူျဖစ္တယ္ဆိုၿပီး ဒုသမၼတ Pence က အဲဒီလို ထိုးႏွက္တုိက္ခုိက္လုိက္တာျဖစ္ပါတယ္။

"ဂ်ိဳးဘိုင္ဒန္က အေမရိကန္မွာ အခုခ်ိန္ဟာ အေမွာင္ကာလတခုမွာ ေနထုိင္ေနရတယ္လို႔ ေျပာပါတယ္။ သူ႔က အဲဒီလိုျမင္ေနတဲ့အခ်ိန္မွာ က်ေနာ္တုိ႔ကေတာ့ အေမရိကန္ရဲ႕ ႀကီးျမတ္မႈေတြကို ျမင္ေနရတယ္လို႔ သမၼတထရမ့္က ေျပာပါတယ္။"ဆိုၿပီး ဒု-သမၼတ Mike Pence က ေျပာပါတယ္။

ရီပတ္ဘလီကန္ပါတီညီလာခံ သံုးရက္ေျမာက္ေန႔ျဖစ္တဲ့ ဗုဒၶဟူးေန႔မွာ လက္ရွိ ဒုသမၼတ Mike Pence က Baltimore ၿမိဳ႕၊ McHenry ခံတပ္ေဟာင္းရွိရာ အရပ္ကေန ပါတီကိုယ္စားျပဳ ဒုသမၼတေလာင္းအျဖစ္ တရားဝင္လက္ခံတဲ့ မိန္႔ခြန္းေျပာခဲ့တာပါ။

သမၼတထရမ့္ပ္၊ ဒုသမၼတ Mike Pence နဲ႔ သူ႔ကိုေထာက္ခံသူေတြကေတာ့ ဒီမုိကရက္တစ္ပါတီက သမၼတေလာင္း Joe Biden ဟာ ရဲတပ္ဖဲြ႔ရဲ႕ ရန္ပုံေငြကို ျဖတ္ေတာက္ခ်င္တဲ့သူျဖစ္တယ္လို႔ ပုံေဖာ္ထုိးႏွက္တုိက္ခုိက္ခဲ့ၾကၿပီး သူတုိ႔ကေတာ့ ရဲတပ္ဖဲြ႔အပါအ၀င္ တရားဥပေဒစိုးမုိးေရးအာဏာပိုင္ေတြကို အခုိင္အမာေထာက္ခံၿပီး အၾကမ္းဖက္ဆႏၵျပပဲြေတြကို ဆန္႔က်င္တဲ့သူေတြျဖစ္တယ္လို႔ ေျပာဆုိေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒုသမၼတ Mike Pence ဒီမိုကရက္သမၼတေလာင္း Joe Biden အေပၚ ေဝဖန္ထိုးႏွက္

အေမရိကန္ဒုသမၼတ Mike Pence နဲ႔ ဇနီး Karen Pence
အေမရိကန္ဒုသမၼတ Mike Pence နဲ႔ ဇနီး Karen Pence

အမေရိကန်နိုင်ငံတဝန်းမှာ လူမျိုးရေး မငြိမ်သက်မှုတွေ ဖြစ်နေချိန်မှာပဲ လာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဘက်က ဂျိုးဘိုင်ဒန်သာ အနိုင်ရပြီး သမ္မတဖြစ်လာခဲ့ရင်၊ သူ့လက်ထက်မှာ အမေရိကန်ပြည်ထောင်စုဟာ ဘေးကင်းလုံခြုံမှုရှိမှာ မဟုတ်ဘူးလို့ အမေရိကန်ဒုသမ္မတ Mike Pence က မနေ့ ဗုဒ္ဓဟူးနေ့ည ရီပတ်ဘလီကန်ပါတီညီလာခံမှာ မဲဆန္ဒရှင်တွေကို ပြောလိုက်ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ရဲတပ်ဖွဲ့ရဲ့ ရန်ပုံငွေကို လျှော့ချဖို့အတွက် လုပ်ချင်သူတွေနဲ့ တသဘောတည်း ရှိတဲ့သူဖြစ်တယ်ဆိုပြီး ဒုသမ္မတ Pence က အဲဒီလို ထိုးနှက်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။

"ဂျိုးဘိုင်ဒန်က အမေရိကန်မှာ အခုချိန်ဟာ အမှောင်ကာလတခုမှာ နေထိုင်နေရတယ်လို့ ပြောပါတယ်။ သူ့က အဲဒီလိုမြင်နေတဲ့အချိန်မှာ ကျနော်တို့ကတော့ အမေရိကန်ရဲ့ ကြီးမြတ်မှုတွေကို မြင်နေရတယ်လို့ သမ္မတထရမ့်က ပြောပါတယ်။"ဆိုပြီး ဒု-သမ္မတ Mike Pence က ပြောပါတယ်။

ရီပတ်ဘလီကန်ပါတီညီလာခံ သုံးရက်မြောက်နေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ လက်ရှိ ဒုသမ္မတ Mike Pence က Baltimore မြို့၊ McHenry ခံတပ်ဟောင်းရှိရာ အရပ်ကနေ ပါတီကိုယ်စားပြု ဒုသမ္မတလောင်းအဖြစ် တရားဝင်လက်ခံတဲ့ မိန့်ခွန်းပြောခဲ့တာပါ။

သမ္မတထရမ့်ပ်၊ ဒုသမ္မတ Mike Pence နဲ့ သူ့ကိုထောက်ခံသူတွေကတော့ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း Joe Biden ဟာ ရဲတပ်ဖွဲ့ရဲ့ ရန်ပုံငွေကို ဖြတ်တောက်ချင်တဲ့သူဖြစ်တယ်လို့ ပုံဖော်ထိုးနှက်တိုက်ခိုက်ခဲ့ကြပြီး သူတို့ကတော့ ရဲတပ်ဖွဲ့အပါအဝင် တရားဥပဒေစိုးမိုးရေးအာဏာပိုင်တွေကို အခိုင်အမာထောက်ခံပြီး အကြမ်းဖက်ဆန္ဒပြပွဲတွေကို ဆန့်ကျင်တဲ့သူတွေဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG