သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Kamala Harris ကန္ဒီမိုကရက္ ဒုသမၼတေလာင္းအျဖစ္ တရားဝင္လက္ခံ


ကန္ဒီမိုကရက္ ဒုသမၼတေလာင္းအျဖစ္ တရားဝင္လက္ခံျခင္းခံရတဲ့ ကယ္လီဖိုးနီးယားျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Kamala Harris။ (ၾသဂုတ္ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္မွာ မေန႔က က်င္းပခဲ့တဲ့ ဒီမုိကရက္တစ္ပါတီညီလာခံရဲ႕ တတိယေျမာက္ေန႔မွာေတာ့ ကယ္လီဖိုးနီးယားျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Kamala Harris ဟာ ဒီမုိကရက္တစ္ပါတီရဲ႕ ဒု-သမၼတေလာင္းအျဖစ္ ေရြးခ်ယ္လိုက္တာကို တရား၀င္လက္ခံလိုက္ၿပီး၊ အေမရိကန္ျပည္သူေတြကိုလည္း ႏုိင္ငံအတြက္ တုိက္ပဲြ၀င္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

"ယံုၾကည္ခ်က္နဲ႔ တိုက္ဖ်က္ၾကပါစို႔။ အေမရိကန္မွာ ဘာမဆို ျဖစ္ႏိုင္တယ္ဆိုတာ သိၾကတဲ့အတိုင္း၊ က်မတို႔ေတြ ကိုယ့္ကိုကိုယ္ယံုၾကည္မႈအျပည္နဲ႔ တိုက္ပြဲဝင္ၾကပါစို႔။ တေယာက္နဲ႔တေယာက္ သံဓိဌာန္ခ်ၿပီး ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ ေအာင္ျမင္ေအာင္ အားထုတ္ၾကပါစို႔လို႔။” Kamala Harris က ေျပာၾကားသြားတာျဖစ္ပါတယ္။

ဒါ့အျပင္ သမၼတထရမ့္ရဲ႕ ကို႐ုိနာဗုိင္းရပ္စ္ကပ္ေရာဂါ နဲ႔ စီးပြားေရးအေပၚ ကိုင္တြယ္မႈေတြကိုလည္း သူမက ျပင္းျပင္းထန္ထန္ေ၀ဖန္လိုက္ၿပီး၊ ေခါင္းေဆာင္မႈ မေအာင္ျမင္ခဲ့တဲ့အတြက္ လူေတြရဲ႕ အသက္ေတြနဲ႔ အသက္ေမြး၀မ္းေက်ာင္းမႈေတြမ်ားစြာ ဆုံးရႈံးခဲ့ရတယ္လို႔ ေျပာလိုက္ပါတယ္။

အေမရိကန္သမၼတေဟာင္း Barak Obama
အေမရိကန္သမၼတေဟာင္း Barak Obama

ဒါ့အျပင္ မေန႔က က်င္းပတဲ့ ဒီမုိကရက္ပါတီညီလာခံအတြင္း အေမရိကန္သမၼတေဟာင္း Barak Obama က၊ သမၼတထရမ့္ဟာ သမၼတ ရာထူးတာ၀န္ကို သူ႔ရဲ႕ Reality ႐ုပ္သံရႈိိးတခုလိုပဲ လုပ္ေဆာင္ေနေၾကာင္း သူ႔ရဲ႕ အာဏာရွင္ဆန္ၿပီး အသုံးမက်တဲ့ေခါင္းေဆာင္မႈက ဒီမုိကေရစီကို ထိခုိက္ေစတယ္လို႔ အေစာပိုိင္းက ေ၀ဖန္ ေျပာဆုိသြားပါတယ္။

အေမရိကန္သမၼတ ေရြးေကာက္ပဲြမွာ ပါတီႀကီးတခုက သမၼတ နဲ႔ ဒု-သမၼတေလာင္းေနရာေတြအတြက္ အမည္စာရင္းတင္သြင္းတဲ့အထဲမွာ Kamala Harris ဟာ စတုတၱေျမာက္ အမ်ိဳးသမီးျဖစ္ၿပီး လူမည္းအမ်ိဳးသမီးနဲ႔ အာရွႏြယ္ဖြားအေမရိကန္ေတြထဲမွာေတာ့ ပထမဆုံးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Kamala Harris ကန်ဒီမိုကရက် ဒုသမ္မတလောင်းအဖြစ် တရားဝင်လက်ခံ

အမေရိကန်မှာ မနေ့က ကျင်းပခဲ့တဲ့ ဒီမိုကရက်တစ်ပါတီညီလာခံရဲ့ တတိယမြောက်နေ့မှာတော့ ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် Kamala Harris ဟာ ဒီမိုကရက်တစ်ပါတီရဲ့ ဒု-သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်တာကို တရားဝင်လက်ခံလိုက်ပြီး၊ အမေရိကန်ပြည်သူတွေကိုလည်း နိုင်ငံအတွက် တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကန္ဒီမိုကရက္ ဒုသမၼတေလာင္းအျဖစ္ တရားဝင္လက္ခံျခင္းခံရတဲ့ ကယ္လီဖိုးနီးယားျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Kamala Harris။ (ၾသဂုတ္ ၁၉ ၊ ၂၀၂၀)
ကန္ဒီမိုကရက္ ဒုသမၼတေလာင္းအျဖစ္ တရားဝင္လက္ခံျခင္းခံရတဲ့ ကယ္လီဖိုးနီးယားျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Kamala Harris။ (ၾသဂုတ္ ၁၉ ၊ ၂၀၂၀)

"ယုံကြည်ချက်နဲ့ တိုက်ဖျက်ကြပါစို့။ အမေရိကန်မှာ ဘာမဆို ဖြစ်နိုင်တယ်ဆိုတာ သိကြတဲ့အတိုင်း၊ ကျမတို့တွေ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည်နဲ့ တိုက်ပွဲဝင်ကြပါစို့။ တယောက်နဲ့တယောက် သံဓိဌာန်ချပြီး မျှော်လင့်ချက်အပြည့်နဲ့ အောင်မြင်အောင် အားထုတ်ကြပါစို့လို့။” Kamala Harris က ပြောကြားသွားတာဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတထရမ့်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ နဲ့ စီးပွားရေးအပေါ် ကိုင်တွယ်မှုတွေကိုလည်း သူမက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး၊ ခေါင်းဆောင်မှု မအောင်မြင်ခဲ့တဲ့အတွက် လူတွေရဲ့ အသက်တွေနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေများစွာ ဆုံးရှုံးခဲ့ရတယ်လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် မနေ့က ကျင်းပတဲ့ ဒီမိုကရက်ပါတီညီလာခံအတွင်း အမေရိကန်သမ္မတဟောင်း Barak Obama က၊ သမ္မတထရမ့်ဟာ သမ္မတ ရာထူးတာဝန်ကို သူ့ရဲ့ Reality ရုပ်သံရှိုးတခုလိုပဲ လုပ်ဆောင်နေကြောင်း သူ့ရဲ့ အာဏာရှင်ဆန်ပြီး အသုံးမကျတဲ့ခေါင်းဆောင်မှုက ဒီမိုကရေစီကို ထိခိုက်စေတယ်လို့ အစောပိုင်းက ဝေဖန် ပြောဆိုသွားပါတယ်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ပါတီကြီးတခုက သမ္မတ နဲ့ ဒု-သမ္မတလောင်းနေရာတွေအတွက် အမည်စာရင်းတင်သွင်းတဲ့အထဲမှာ Kamala Harris ဟာ စတုတ္တမြောက် အမျိုးသမီးဖြစ်ပြီး လူမည်းအမျိုးသမီးနဲ့ အာရှနွယ်ဖွားအမေရိကန်တွေထဲမှာတော့ ပထမဆုံးဖြစ်ပါတယ်။

XS
SM
MD
LG