သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလီကန်ပါတီညီလာခံ ဒုတိယနေ့ သမ္မတကတော် မိန့်ခွန်းပြော


သမ္မတကတော် Melania Trump (သြဂုတ် ၂၅၊ ၂၀၂၀)
သမ္မတကတော် Melania Trump (သြဂုတ် ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

သမ္မတကတော် Melania Trump (သြဂုတ် ၂၅၊ ၂၀၂၀)
သမ္မတကတော် Melania Trump (သြဂုတ် ၂၅၊ ၂၀၂၀)

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်၊ သေဆုံးခဲ့ရသူ သိန်းနဲ့ချီအတွက် စိတ်မကောင်းဘူးလို့ သမ္မတကတော် Melania Trump ကပြောကြားခဲ့ပါတယ်။ တနင်္လာနေ့က စတင်တဲ့ Republican ပါတီညီလာခံ ဒုတိယနေ့အဖြစ် အင်္ဂါနေ့က အိမ်ဖြူတော်ရဲ့နှင်းဆီခြံမြက်ခင်းပေါ်မှာ သမ္မတကတော်က မိန့်ခွန်းပြောကြားခဲ့တာပါ။ မတ်လထဲကစလို့ ဘဝတွေ အပြောင်းလဲကြီးပြောင်းလဲခဲ့ကြရကြောင်းနဲ့ လူတွေမှာ စိုးရိမ်ကြောင့်ကြစိတ်တွေ၊ အကူအညီမဲ့ခံစားမှုတွေ ဖြစ်နေကြရတယ်လို့ဆိုပြီး အဲဒီလူတွေကို အားပေးစကားပြောကြားခဲ့ပါတယ်။ သူ့ခင်ပွန်း သမ္မတ Donald Trump ဟာ အမေရိကန်ပြည်သူတွေရဲ့ အရေးကို အမြဲအာရုံစိုက် ရှေ့တန်းတင်ဆောင်ရွက်သွားမယ့်သူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သမရိုးကျသမ္မတ တယောက် မဟုတ်တဲ့ သူ့ခင်ပွန်းအပေါ်တဘက်က တိုက်ခိုက်မှုတွေ၊ သတင်းမီဒီယာတွေမှာ ဝေဖန်ဖော်ပြမှုတွေ ဘယ်လောက်ရှိနေပါစေ အမေရိကန်ပြည်သူတွေအပေါ် Donald Trump ရဲ့ အာရုံစိုက်မှု လမ်းလွဲသွားမှာ မဟုတ်ဘူးလို့ သမ္မတကတော် Melania Trump ကပြောကြားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် Republican ပါတီညီလာခံကို Online ကနေ ကျင်းပနေပြီး မိန့်ခွန်းပြောကြားသူ အများစုကလည်း Online ပေါ်ကတဆင့်ပဲ ပြောကြားကြပါတယ်။ အင်္ဂါနေ့ကတော့ အိမ်ဖြူတော်ကို နောက်ခံထားပြီး နှင်းဆီခြံမြက်ခင်းပေါ်မှာ သမ္မတကတော် မိန့်ခွန်းပြောကြားတာကို ပရိတ်သတ် ၁၀၀ လောက် တက်ရောက်နားထောင်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG