သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေရာဂါ ကုသမႈ ခံယူခဲ႔ရသူ အိႏၵိယ သမၼတေဟာင္း ကြယ္လြန္


အိႏၵိယ သမၼတေဟာင္း Pranab Mukherjee

(Zawgyi/Unicode)

အိႏၵိယ သမၼတေဟာင္း Pranab Mukherjee (အသက္ ၈၄ႏွစ္) ဟာ သီတင္းပတ္ေပါင္းမ်ားစြာေဆးရံုတင္ခဲ့ၿပီးေနာက္ တနလၤာေန႔က COVID-19 ေရာဂါနဲ႔ ကြယ္လြန္ခဲ့ပါတယ္။

ဦးေႏွာက္မွာ ေသြးခဲတဲ့ေရာဂါေၾကာင့္ ရုတ္တရက္လဲက်ခဲ့တဲ့ Mukherjee ကို ၾသဂုတ္လ ၁၀ ရက္ေန႔က နယူးေဒလီၿမိဳ႕ေတာ္ အိႏၵိယစစ္ ေဆးရံုကို ပို႔ေဆာင္ၿပီး ခဲြစိတ္ကုသခ်ိန္မွာ ကိုရိုနာဗိုင္းရပ္စ္ပါ ကူးစက္ခံေနရတာကို ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ သူနဲ႔ အနီးကပ္ ေနခဲ့သူေတြအေနနဲ႔ ကိုယ့္ကိုကိုယ္ အကန္႔အသတ္ ေနၿပီး COVID-19 ေရာဂါ ရွိမရွိ စစ္ေဆးၾကဖို႔ သမၼတေဟာင္း Mukherjee က သူ႔ရဲ႕ တြစ္တာအေကာင့္မွာ ေရးသားခဲ့ပါတယ္။

Mukherjee ရဲ႕ဦး ေႏွာက္ခြဲစိတ္ကုသမႈ ေအာင္ျမင္ခဲ့ေပမယ့္အဆုတ္ေယာင္တဲ့အေျခအေန ဆိုးရြားေနရာမွာ တနဂၤေႏြေန႔က အဆိုးဆံုးအေျခအေနေရာက္ခဲ့ၿပီးေနာက္ ႏွလံုးခုန္ႏႈန္းပါ ထိခိုက္ခဲ့ပါတယ္။ အဲဒီေနာက္ သတိလစ္ ေမ့ေျမာသြားခဲ့တာျဖစ္ပါတယ္။ ဦးေႏွာက္ခဲြစိတ္ၿပီးကတည္းက Mukherjee ကို အသက္ရွဳစက္ေတာက္ေလွ်ာက္ တပ္ဆင္ေပးထားတာျဖစ္ပါတယ္။ သူဟာ COVID-19 ေရာဂါကို ၂၁ ရက္ၾကာခံစားခဲ့ရၿပီး ကိုယ္တြင္းအဂၤါအစိတ္အပိုင္းမ်ားစြာ ပ်က္စီးခဲ့မႈဒဏ္နဲ႔ ကြယ္လြန္ခဲ့တာပါတယ္။ သားျဖစ္သူ Abhijit Mukherjee ကလည္း ဖခင္ သမၼတေဟာင္း ကြယ္လြန္သြားတဲ့ သတင္းကို သူ႔ရဲ႕တြစ္တာကေန အတည္ျပဳခဲ့ပါတယ္။

Mukherjee ဟာ ၂၀၁၂ခုႏွစ္က ၂၀၁၇ခုႏွစ္ထိ (၅)ႏွစ္ၾကာ သမၼတတာ၀န္ထမ္းေဆာင္ခဲ့တာပါ။ ဒါအျပင္ အိႏၵိယႏိုင္ငံေရးသမားတဦးအေနနဲ႔ ၅၁ ႏွစ္ၾကာရပ္တည္ခဲ့သူျဖစ္ပါတယ္။ သမၼတ အျဖစ္ တာ၀န္မယူခင္မွာလည္း Mukherjee ဟာဘ႑ာေရး၊ ႏိုင္ငံျခားေရးနဲ႔ကာကြယ္ေရး ၀န္ႀကီးေတြအျဖစ္ ေဆာင္ရြက္ခဲ့ပါတယ္။ ဒါအျပင္ သူဟာ ႏိုင္ငံတကာ ေငြေၾကးရန္ပံုေငြအဖဲြ႔ IMF နဲ႔ ကမၻာ့ဘဏ္ တို႔ရဲ႕ ဘုတ္အဖဲြ႔၀င္လည္းျဖစ္ခဲ့ပါတယ္။

အခုလို အိႏၵိယသမၼတေဟာင္း Pranab Mukherjee COVID-19 ေရာဂါနဲ႔ ကြယ္လြန္သြားခဲ့တဲ့အေပၚမွာ ႏိုင္ငံရဲ႕ အဖိုးအထိုက္တန္ဆံုး သားတေယာက္ဆံုးရွဳံးခဲ့ရတယ္လို႔ လက္ရွိသမၼတ Ram Nath Kovind ကလည္း သူ႔ရဲ႕ တြစ္တာမွာ တင္စားေရးသားခဲ့ပါတယ္။ အလားတူ ၿပိဳင္ဘက္ Bharatiya Janata ပါတီက ၀ န္ႀကီးခ်ဳပ္ Narendra Modi ကလည္း Mukherjee ဟာ အိႏၵိယႏိုင္ငံရဲ႕တိုးတက္မႈလမ္းေၾကာင္းကို ေဖၚေဆာင္ႏိုင္ခဲ့သူအျဖစ္ သူ႔ရဲ႕တြစ္တာမွာ ဂုဏ္ျပဳေရးသားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

COVID-19 ရောဂါ ကုသမှု ခံယူခဲ့ရသူ အိန္ဒိယ သမ္မတဟောင်း ကွယ်လွန်

(Unicode)

အိန္ဒိယ သမ္မတဟောင်း Pranab Mukherjee (အသက် ၈၄နှစ်) ဟာ သီတင်းပတ်ပေါင်းများစွာဆေးရုံတင်ခဲ့ပြီးနောက် တနင်္လာနေ့က COVID-19 ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ဦးနှောက်မှာ သွေးခဲတဲ့ရောဂါကြောင့် ရုတ်တရက်လဲကျခဲ့တဲ့ Mukherjee ကို သြဂုတ်လ ၁၀ ရက်နေ့က နယူးဒေလီမြို့တော် အိန္ဒိယစစ် ဆေးရုံကို ပို့ဆောင်ပြီး ခွဲစိတ်ကုသချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပါ ကူးစက်ခံနေရတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူနဲ့ အနီးကပ် နေခဲ့သူတွေအနေနဲ့ ကိုယ့်ကိုကိုယ် အကန့်အသတ် နေပြီး COVID-19 ရောဂါ ရှိမရှိ စစ်ဆေးကြဖို့ သမ္မတဟောင်း Mukherjee က သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။

Mukherjee ရဲ့ဦး နှောက်ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပေမယ့်အဆုတ်ယောင်တဲ့အခြေအနေ ဆိုးရွားနေရာမှာ တနင်္ဂနွေနေ့က အဆိုးဆုံးအခြေအနေရောက်ခဲ့ပြီးနောက် နှလုံးခုန်နှုန်းပါ ထိခိုက်ခဲ့ပါတယ်။ အဲဒီနောက် သတိလစ် မေ့မြောသွားခဲ့တာဖြစ်ပါတယ်။ ဦးနှောက်ခွဲစိတ်ပြီးကတည်းက Mukherjee ကို အသက်ရှုစက်တောက်လျှောက် တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ သူဟာ COVID-19 ရောဂါကို ၂၁ ရက်ကြာခံစားခဲ့ရပြီး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများစွာ ပျက်စီးခဲ့မှုဒဏ်နဲ့ ကွယ်လွန်ခဲ့တာပါတယ်။ သားဖြစ်သူ Abhijit Mukherjee ကလည်း ဖခင် သမ္မတဟောင်း ကွယ်လွန်သွားတဲ့ သတင်းကို သူ့ရဲ့တွစ်တာကနေ အတည်ပြုခဲ့ပါတယ်။

Mukherjee ဟာ ၂၀၁၂ခုနှစ်က ၂၀၁၇ခုနှစ်ထိ (၅)နှစ်ကြာ သမ္မတတာဝန်ထမ်းဆောင်ခဲ့တာပါ။ ဒါအပြင် အိန္ဒိယနိုင်ငံရေးသမားတဦးအနေနဲ့ ၅၁ နှစ်ကြာရပ်တည်ခဲ့သူဖြစ်ပါတယ်။ သမ္မတ အဖြစ် တာဝန်မယူခင်မှာလည်း Mukherjee ဟာဘဏ္ဍာရေး၊ နိုင်ငံခြားရေးနဲ့ကာကွယ်ရေး ဝန်ကြီးတွေအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါအပြင် သူဟာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ် တို့ရဲ့ ဘုတ်အဖွဲ့ဝင်လည်းဖြစ်ခဲ့ပါတယ်။

အခုလို အိန္ဒိယသမ္မတဟောင်း Pranab Mukherjee COVID-19 ရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့အပေါ်မှာ နိုင်ငံရဲ့ အဖိုးအထိုက်တန်ဆုံး သားတယောက်ဆုံးရှုံးခဲ့ရတယ်လို့ လက်ရှိသမ္မတ Ram Nath Kovind ကလည်း သူ့ရဲ့ တွစ်တာမှာ တင်စားရေးသားခဲ့ပါတယ်။ အလားတူ ပြိုင်ဘက် Bharatiya Janata ပါတီက ၀ န်ကြီးချုပ် Narendra Modi ကလည်း Mukherjee ဟာ အိန္ဒိယနိုင်ငံရဲ့တိုးတက်မှုလမ်းကြောင်းကို ဖေါ်ဆောင်နိုင်ခဲ့သူအဖြစ် သူ့ရဲ့တွစ်တာမှာ ဂုဏ်ပြုရေးသားခဲ့ပါတယ်။

XS
SM
MD
LG