သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယနဲ႔ ဘဂၤလားေဒ့ရွ္မွာ ကိုဗစ္ေရာဂါပိုးကူးစက္မႈ ျမင့္တက္ေနဆဲ


အိႏၵိယႏိုင္ငံ Hyderabad ၿမိဳ႕တြင္ COVID 19 ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာ့အိမ္နီးခ်င္း အိႏိၵယနဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံေတြမွာ ကိုဗစ္ေရာဂါပိုး ကူးစက္ျပန္႔ပြားမႈ ဆက္ၿပီး ျမင့္တက္ေနဆဲရွိပါတယ္။

အိႏၵိယမွာ ဒီကေန႔ တရက္ထဲ ကူးစက္သူ ၇,၅၀၀၀ ေက်ာ္နဲ႔စံခ်ိန္တင္ကူးစက္ခဲ့တာပါ။စုစုေပါင္း ကူးစက္သူက ၃,၀၀၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၆၀,၀၀၀ ေက်ာ္ရွိပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဗုဒၶဟူးေန႔တရက္ထဲ ကူးစက္သူ ၂,၅၀၀ ေက်ာ္ရွိခဲ့ၿပီး ကူးစက္သူ စုစုေပါင္း ၃၀၀,၀၀၀ ေက်ာ္ရွိၿပီျဖစ္ပါတယ္။ ေသဆုံးသူက ၄,၁၀၀ ေက်ာ္ေနၿပီျဖစ္ေၾကာင္းလည္း ဘဂၤလားေဒ့ရွ္ အေထြေထြက်န္းမာေရး ဦးစီးဌာန (DGHS) ကေျပာပါတယ္။

အင္ဒိုနီးရွားမွာေတာ့ ကူးစက္သူ လူနာ ၁၆၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၇,၀၀၀ နီးပါးရွိတယ္လို႔ က်န္းမာေရးဌာနက ဗုဒၶဟူးေန႔က ေျပာပါတယ္။

ေတာင္ကိုရီးယားမွာ ဒီကေန႔ ကူးစက္သူ လူနာသစ္ ၄၄၀ ေက်ာ္ရွိတာေၾကာင့္ ဒါဟာ လပိုင္းအတြင္း တေန႔တာ ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္တဲ့အတြက္ ေရာဂါထိန္းခ်ဳပ္ေရး စည္းမ်ဥ္းသတ္မွတ္ခ်က္ေတြကို မျဖစ္မေန ျပန္ၿပီး ခ်မွတ္လုပ္ေဆာင္ရဖို႔ ျဖစ္ေနတာပါ။ ဒီကူးစက္မႈႏႈန္းက မတ္လ ၇ ရက္ေနာက္ပိုင္းမွာ အမ်ားဆုံးလည္းျဖစ္ပါတယ္။ ဒီအထဲက ၃၀၀ ေက်ာ္က Seoul ၿမိဳ႕နဲ႔ အနီးတဝိုက္ေဒသေတြက ျဖစ္တယ္လို႔ ေတာင္ကိုရီးယား ေရာဂါထိန္းခ်ဳပ္ဌာနက ေျပာပါတယ္။

ၾသစေၾတးလ်က ကူးစက္မႈ အမ်ားဆုံးျဖစ္တဲ့ ဝိတိုရိယျပည္နယ္မွာ မေန႔ကနဲ႔ ဒီကေန႔ ၂ ရက္ ဆက္တိုက္ေသဆုံးသူ ၅၀ နီးပါးရွိပါတယ္။ ကူးစက္မႈ အမ်ားစုက သက္ႀကီးေစာင့္ေရွာက္ေရး ေဂဟာေတြနဲ႔ဆက္ႏြယ္ေနတာပါ။ ဒီကေန႔ ကူးစက္မႈ ၁၁၀ ေက်ာ္ရွိတဲ့အတြက္ ဒါဟာ ဇူလိုင္လ ၅ ရက္ေန႔ ေနာက္ပိုင္း ကူးစက္မႈႏႈန္း အနည္းဆုံးျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံမွာ မေန႔က တရက္ထဲ ကူးစက္သူ ၈၉၆ ေယာက္နဲ႔ စုစုေပါင္း ကူးစက္သူ ၆ ေသာင္း ၄,၀၀၀ ေက်ာ္ရွိပါတယ္။ ၿမိဳ႕ေတာ္ တိုက်ိဳနဲ႔ တျခားၿမိဳ႕ႀကီးေတြမွာ ကူးစက္မႈႏႈန္း ဆက္ၿပီးျမင့္တက္ေနဆဲျဖစ္ပါ တယ္။

ေျမာက္ကိုရီးယားက ၾသဂုတ္လ ၂၀ ရက္ေန႔အထိ လူေပါင္း ၂,၇၀၀ ေက်ာ္ကို ေရာဂါစစ္ေဆးခဲ့ၿပီး တေယာက္မွ ေရာဂါပိုးမေတြ႕ဘူးလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး WHO ကို အေၾကာင္းၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်ရောဂါပိုးကူးစက်မှု မြင့်တက်နေဆဲ

မြန်မာ့အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု ဆက်ပြီး မြင့်တက်နေဆဲရှိပါတယ်။

အိန္ဒိယမှာ ဒီကနေ့ တရက်ထဲ ကူးစက်သူ ၇,၅၀၀၀ ကျော်နဲ့စံချိန်တင်ကူးစက်ခဲ့တာပါ။စုစုပေါင်း ကူးစက်သူက ၃,၀၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၀,၀၀၀ ကျော်ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့တရက်ထဲ ကူးစက်သူ ၂,၅၀၀ ကျော်ရှိခဲ့ပြီး ကူးစက်သူ စုစုပေါင်း ၃၀၀,၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ သေဆုံးသူက ၄,၁၀၀ ကျော်နေပြီဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် အထွေထွေကျန်းမာရေး ဦးစီးဌာန (DGHS) ကပြောပါတယ်။

အင်ဒိုနီးရှားမှာတော့ ကူးစက်သူ လူနာ ၁၆၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၇,၀၀၀ နီးပါးရှိတယ်လို့ ကျန်းမာရေးဌာနက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

တောင်ကိုရီးယားမှာ ဒီကနေ့ ကူးစက်သူ လူနာသစ် ၄၄၀ ကျော်ရှိတာကြောင့် ဒါဟာ လပိုင်းအတွင်း တနေ့တာ ကူးစက်မှုနှုန်း အများဆုံးဖြစ်တဲ့အတွက် ရောဂါထိန်းချုပ်ရေး စည်းမျဉ်းသတ်မှတ်ချက်တွေကို မဖြစ်မနေ ပြန်ပြီး ချမှတ်လုပ်ဆောင်ရဖို့ ဖြစ်နေတာပါ။ ဒီကူးစက်မှုနှုန်းက မတ်လ ၇ ရက်နောက်ပိုင်းမှာ အများဆုံးလည်းဖြစ်ပါတယ်။ ဒီအထဲက ၃၀၀ ကျော်က Seoul မြို့နဲ့ အနီးတဝိုက်ဒေသတွေက ဖြစ်တယ်လို့ တောင်ကိုရီးယား ရောဂါထိန်းချုပ်ဌာနက ပြောပါတယ်။

သြစတြေးလျက ကူးစက်မှု အများဆုံးဖြစ်တဲ့ ဝိတိုရိယပြည်နယ်မှာ မနေ့ကနဲ့ ဒီကနေ့ ၂ ရက် ဆက်တိုက်သေဆုံးသူ ၅၀ နီးပါးရှိပါတယ်။ ကူးစက်မှု အများစုက သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွေနဲ့ဆက်နွယ်နေတာပါ။ ဒီကနေ့ ကူးစက်မှု ၁၁၀ ကျော်ရှိတဲ့အတွက် ဒါဟာ ဇူလိုင်လ ၅ ရက်နေ့ နောက်ပိုင်း ကူးစက်မှုနှုန်း အနည်းဆုံးဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ မနေ့က တရက်ထဲ ကူးစက်သူ ၈၉၆ ယောက်နဲ့ စုစုပေါင်း ကူးစက်သူ ၆ သောင်း ၄,၀၀၀ ကျော်ရှိပါတယ်။ မြို့တော် တိုကျိုနဲ့ တခြားမြို့ကြီးတွေမှာ ကူးစက်မှုနှုန်း ဆက်ပြီးမြင့်တက်နေဆဲဖြစ်ပါ တယ်။

မြောက်ကိုရီးယားက သြဂုတ်လ ၂၀ ရက်နေ့အထိ လူပေါင်း ၂,၇၀၀ ကျော်ကို ရောဂါစစ်ဆေးခဲ့ပြီး တယောက်မှ ရောဂါပိုးမတွေ့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကို အကြောင်းကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG