သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

IS စစ္ေသြးႂကြအဖြဲ႔၀င္ေတြ အိႏၵိယမွာ ဖမ္းမိ


အိႏၵိယရဲတပ္ဖြဲ႔ဝင္မ်ား။ (ဧၿပီ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

Jammu နဲ႔ Kashmir IS အဖြဲ႔ (ISJK) လုိ႔ေခၚတဲ IS စစ္ေသးႂကြအဖဲြ႔က လႈပ္ရွားသူ ၅ ဦးကို အိႏၵိယရဲေတြက Bandipora ေဒသမွာ စေနေန႔က ဖမ္းဆီးလိုက္ပါတယ္။

အဲဒီ စစ္ေသြးႂကြေတြကုိ ေျမပုံေတြ၊ အလံေတြ၊ ဝါဒျဖန္႔ခ်ိေရး စာရြက္စာတမ္းေတြနဲ႔အတူ ရဲက ဖမ္းမိခဲ့တာပါ။ သူတုိ႔ဟာ အိႏၵိယစစ္တပ္ တပ္ခဲြတခုကို တိုက္ခိုက္ဖုိ႔ အစီအစဥ္ရွိသူေတြ ျဖစ္ပါတယ္။

သူတို႔ ၅ ဦးစလုံးဟာ အျခားစစ္ေသြးႂကြေတြ လုပ္ခ်င္တဲ့ အစီအစဥ္ေတြအတြက္ ပံ့ပိုးေပးတာ၊ သယ္ယူပုိ႔ေဆာင္ေရးနဲ႔ အျခားလိုအပ္ခ်က္ စတဲ့ ေျမျပင္ေထာက္ပံ့ေရး လုပ္ေပးေနၾကသူေတြ ျဖစ္တယ္လို႔ အိႏၵိယရဲက ေျပာပါတယ္။

ဒီအေတာအတြင္း ၿမဳိ႕ေတာ္ နယူးေဒလီမွာ ရဲနဲ႔ အျပန္လွန္ ပစ္ခတ္မႈတခု ျဖစ္ၿပီးေနာက္ ေနာက္ထပ္ IS စစ္ေသြးႂကြတဦးကို ဖမ္းမိခဲ့ပါတယ္။ သူဟာ ဆီးရီးယားနဲ႔ ပါကစၥတန္ေတြမွာ ေလ့က်င့္သင္ၾကားခဲ့သူ ျဖစ္ပါတယ္။

အိႏၵိယရဲေတြရဲ႕ အဆုိအရ IS စစ္ေသြးႂကြေတြဟာ အိႏၵိယ လြတ္လပ္ေရးေန႔ကာလ ၾသဂုတ္လ ၁၅ ရက္ေန႔တုန္းက ေဒလီၿမဳိ႕မွာ အေသခံ ေဖာက္ခဲြတိုက္ခိုက္ဖို႔ ႀကံစည္ခဲ့တယ္လို႔ ဆိုပါတယ္။

IS စစ္ေသြးႂကြအဖြဲ႔၀င္ေတြ အိႏၵိယမွာ ဖမ္းမိ
please wait

No media source currently available

0:00 0:00:52 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

IS စစ်သွေးကြွအဖွဲ့ဝင်တွေ အိန္ဒိယမှာ ဖမ်းမိ

Jammu နဲ့ Kashmir IS အဖွဲ့ (ISJK) လို့ခေါ်တဲ IS စစ်သေးကြွအဖွဲ့က လှုပ်ရှားသူ ၅ ဦးကို အိန္ဒိယရဲတွေက Bandipora ဒေသမှာ စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ စစ်သွေးကြွတွေကို မြေပုံတွေ၊ အလံတွေ၊ ဝါဒဖြန့်ချိရေး စာရွက်စာတမ်းတွေနဲ့အတူ ရဲက ဖမ်းမိခဲ့တာပါ။ သူတို့ဟာ အိန္ဒိယစစ်တပ် တပ်ခွဲတခုကို တိုက်ခိုက်ဖို့ အစီအစဉ်ရှိသူတွေ ဖြစ်ပါတယ်။

သူတို့ ၅ ဦးစလုံးဟာ အခြားစစ်သွေးကြွတွေ လုပ်ချင်တဲ့ အစီအစဉ်တွေအတွက် ပံ့ပိုးပေးတာ၊ သယ်ယူပို့ဆောင်ရေးနဲ့ အခြားလိုအပ်ချက် စတဲ့ မြေပြင်ထောက်ပံ့ရေး လုပ်ပေးနေကြသူတွေ ဖြစ်တယ်လို့ အိန္ဒိယရဲက ပြောပါတယ်။

ဒီအတောအတွင်း မြို့တော် နယူးဒေလီမှာ ရဲနဲ့ အပြန်လှန် ပစ်ခတ်မှုတခု ဖြစ်ပြီးနောက် နောက်ထပ် IS စစ်သွေးကြွတဦးကို ဖမ်းမိခဲ့ပါတယ်။ သူဟာ ဆီးရီးယားနဲ့ ပါကစ္စတန်တွေမှာ လေ့ကျင့်သင်ကြားခဲ့သူ ဖြစ်ပါတယ်။

အိန္ဒိယရဲတွေရဲ့ အဆိုအရ IS စစ်သွေးကြွတွေဟာ အိန္ဒိယ လွတ်လပ်ရေးနေ့ကာလ သြဂုတ်လ ၁၅ ရက်နေ့တုန်းက ဒေလီမြို့မှာ အသေခံ ဖောက်ခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG