(Zawgyi / Unicode)
အိႏၵိယ-တ႐ုတ္ ႏွစ္ႏုိင္ငံၾကား နယ္စပ္တင္းမာမႈ အႀကီးအက်ယ္ ျဖစ္ခဲ့တာနဲ႔ ပတ္သက္လို႔ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi က သူ႔ရဲ႕ လြတ္လပ္ေရးေန႔ မိန္႔ခြန္းမွာ တ႐ုတ္ႏိုင္ငံကို အထူးသတိေပး ေျပာၾကားလုိက္ၿပီး အိႏၵိယမွာ ခုထက္ ပုိအားေကာင္းတဲ့ စစ္တပ္ကို တည္ေဆာက္သြားမယ္လို႔ ကတိေပးလိုက္ပါတယ္။
တင္မားမႈျဖစ္ေနတဲ့ ႏွစ္ဖက္နယ္စပ္ ဟိမဝႏၱာေဒသမွာ စစ္အင္အား တိုးခ်ဲ႕ေနတာကို ရည္ညႊန္းရင္း ဝန္ႀကီးခ်ဳပ္ Modi က ခုလို ေျပာသြားတာပါ။
အိႏိၵယရဲ႕ အခ်ဳပ္အျခာ အာဏာကသာ အေရးႀကီးဆုံးျဖစ္ၿပီး အိမ္နီးခ်င္းေတြနဲ႔ ဆက္ဆံေရးက လုံၿခဳံေရးနဲ႔ အျပန္အလွန္ ယုံၾကည္မႈေပၚမွာသာ မူတည္လိမ့္မယ္လို႔လည္း ေျပာပါတယ္။
လြတ္လပ္ေရးေန႔ အခမ္းအနားကို နယူးေဒလီၿမဳိ႕က သမိုင္းဝင္ Red Fort ခံတပ္ေဟာင္းမွာ က်င္းပခဲ့ၿပီး ကိုဗစ္ေၾကာင့္ နဂုိ တက္ေရာက္ဖို႔ စီစဥ္ထားတဲ့ လူဦးေရရဲ႕ ထက္ဝက္ေလာက္ျဖစ္တဲ့ ၄,၀၀၀ ေလာက္သာ တက္ေရာက္ခဲ့တာပါ။ တဦးနဲ႔တဦးၾကား ၆ ေပအကြာမွာ ထိုင္ခ့ဲၾကပါတယ္။
ဟိႏၵဴအမ်ဳိးသားေရးဝါဒီ တဦးျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ Modi က အိႏိၵယနဲ႔ နယ္စပ္တင္းမာမႈ ျဖစ္ေနတဲ့ ပါကစၥတန္၊ တ႐ုတ္တို႔နဲ႔ ပတ္သက္ၿပီး သူ႔မိန္႔ခြန္းထဲ ေျပာသြားေပမယ့္ ႏိုင္ငံအမည္ေတြကို အတိအက် ရည္ညႊန္း ေျပာသြားတာမ်ဳိးေတာ့ မရွိခဲ့ပါဘူး။
“အိႏၵိယရဲ႕ တည္တံ့ခုိင္ၿမဲမႈက အေရးအပါဆုံးျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇြန္လ ၁၅ ရက္ေန႔ ဟိမဝႏၱာေဒသက Ladakh မွာ က်ေနာ္တုိ႔ေတြ ဘာလုပ္ႏိုင္တယ္၊ အိႏၵိယစစ္သားေတြ ဘယ္လို စြမ္းေဆာင္ႏိုင္ခဲ့တယ္ဆိုတာ အားလုံး ျမင္ေတြ႔ရမွာ ျဖစ္ေၾကာင္း” Modi က ေျပာပါတယ္။ အဲဒီနယ္စပ္ အျပန္အလွန္ ပဋိပကၡအတြင္း အိႏၵိယစစ္သား ၂၀ ေသဆုံးခဲ့ရပါတယ္။
ႏွစ္ႏိုင္ငံနယ္စပ္ စစ္ေရးတင္းမာမႈအတြင္း ပိုင္နက္ဆုံး႐ႈံးမႈ မရွိဘူးလို႔ ဝန္ႀကီးခ်ဳပ္ Modi က ေျပာေနေပမယ့္ ၿဂိဳဟ္တုဓာတ္ပုံေတြအရ တ႐ုတ္ နယ္စပ္တပ္ေတြဟာ အိႏၵိယက သူတုိ႔ပုိင္နက္လို႔ ေၾကညာထားတဲ့ေနရာကို ဝင္ေရာက္သိမ္းပိုက္ ေနရာယူထားတာ ေတြ႔ရတယ္လို႔ စစ္ေရးကၽြမ္းက်င္သူေတြက ေျပာပါတယ္။
-------------------------------
(Unicode)
အိန္ဒိယ စစ်အင်အား တိုးမြှင့်ဖို့ လွတ်လပ်ရေးနေ့မှာ ဝန်ကြီးချုပ် ကတိပြု
အိန္ဒိယ-တရုတ် နှစ်နိုင်ငံကြား နယ်စပ်တင်းမာမှု အကြီးအကျယ် ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က သူ့ရဲ့ လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ တရုတ်နိုင်ငံကို အထူးသတိပေး ပြောကြားလိုက်ပြီး အိန္ဒိယမှာ ခုထက် ပိုအားကောင်းတဲ့ စစ်တပ်ကို တည်ဆောက်သွားမယ်လို့ ကတိပေးလိုက်ပါတယ်။
တင်မားမှုဖြစ်နေတဲ့ နှစ်ဖက်နယ်စပ် ဟိမဝန္တာဒေသမှာ စစ်အင်အား တိုးချဲ့နေတာကို ရည်ညွှန်းရင်း ဝန်ကြီးချုပ် Modi က ခုလို ပြောသွားတာပါ။
အိန္ဒိယရဲ့ အချုပ်အခြာ အာဏာကသာ အရေးကြီးဆုံးဖြစ်ပြီး အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးက လုံခြုံရေးနဲ့ အပြန်အလှန် ယုံကြည်မှုပေါ်မှာသာ မူတည်လိမ့်မယ်လို့လည်း ပြောပါတယ်။
လွတ်လပ်ရေးနေ့ အခမ်းအနားကို နယူးဒေလီမြို့က သမိုင်းဝင် Red Fort ခံတပ်ဟောင်းမှာ ကျင်းပခဲ့ပြီး ကိုဗစ်ကြောင့် နဂို တက်ရောက်ဖို့ စီစဉ်ထားတဲ့ လူဦးရေရဲ့ ထက်ဝက်လောက်ဖြစ်တဲ့ ၄,၀၀၀ လောက်သာ တက်ရောက်ခဲ့တာပါ။ တဦးနဲ့တဦးကြား ၆ ပေအကွာမှာ ထိုင်ခဲ့ကြပါတယ်။
ဟိန္ဒူအမျိုးသားရေးဝါဒီ တဦးဖြစ်တဲ့ ဝန်ကြီးချုပ် Modi က အိန္ဒိယနဲ့ နယ်စပ်တင်းမာမှု ဖြစ်နေတဲ့ ပါကစ္စတန်၊ တရုတ်တို့နဲ့ ပတ်သက်ပြီး သူ့မိန့်ခွန်းထဲ ပြောသွားပေမယ့် နိုင်ငံအမည်တွေကို အတိအကျ ရည်ညွှန်း ပြောသွားတာမျိုးတော့ မရှိခဲ့ပါဘူး။
“အိန္ဒိယရဲ့ တည်တံ့ခိုင်မြဲမှုက အရေးအပါဆုံးဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ ဟိမဝန္တာဒေသက Ladakh မှာ ကျနော်တို့တွေ ဘာလုပ်နိုင်တယ်၊ အိန္ဒိယစစ်သားတွေ ဘယ်လို စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ အားလုံး မြင်တွေ့ရမှာ ဖြစ်ကြောင်း” Modi က ပြောပါတယ်။ အဲဒီနယ်စပ် အပြန်အလှန် ပဋိပက္ခအတွင်း အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ရပါတယ်။
နှစ်နိုင်ငံနယ်စပ် စစ်ရေးတင်းမာမှုအတွင်း ပိုင်နက်ဆုံးရှုံးမှု မရှိဘူးလို့ ဝန်ကြီးချုပ် Modi က ပြောနေပေမယ့် ဂြိုဟ်တုဓာတ်ပုံတွေအရ တရုတ် နယ်စပ်တပ်တွေဟာ အိန္ဒိယက သူတို့ပိုင်နက်လို့ ကြေညာထားတဲ့နေရာကို ဝင်ရောက်သိမ်းပိုက် နေရာယူထားတာ တွေ့ရတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။