(Zawgyi / Unicode)
အိႏၵိယႏုိင္ငံမွာ စစ္လက္နက္နဲ႔ အျခား စစ္သံုးပစၥည္းကိရိယာေပါင္း ၁၀၀ ေက်ာ္ကို ႏို္င္ငံျခားကေန တင္သြင္းခြင့္ ပိတ္ပင္လိုက္ပါၿပီ။
ဒီ လက္နက္တင္သြင္းခြင့္ ပိတ္ပင္မႈကို လာမယ့္ ဒီဇင္ဘာမွာ စတင္မွာျဖစ္ၿပီး တဆင့္ခ်င္း တုိးျမႇင့္ အေကာင္အထည္ေဖာ္ကာ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလအထိ ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ အိႏိၵယအရာရွိေတြက ဆိုပါတယ္။
ဒီအရာရွိေတြကပဲ ခုလို ဆံုးျဖတ္ရတာက ႏိုင္ငံတြင္း ကာကြယ္ေရးပစၥည္းေတြ ထုတ္လုပ္မႈကို အားေပးသြားဖို႔ ျပင္ဆင္လိုက္တာပါလို႔ ဆက္ေျပာခဲ့ပါတယ္။
ဒီတင္သြင္းခြင့္ ပိတ္ပင္တဲ့ လက္နက္ေတြထဲမွာ လက္နက္ႀကီးေတြ၊ က်ည္ဆန္ေတြ၊ ေမာင္းျပန္႐ုိင္ဖယ္ေတြ၊ သယ္ယူပို႔ေဆာင္ေရး ေလယာဥ္ေတြနဲ႔ အေသးစား တိုက္ခိုက္ေရး ရဟတ္ယာဥ္ေတြ ပါပါတယ္။
ကာကြယ္ေရးဝန္ႀကီး Rajnath Singh က ခုလို ဆံုးျဖတ္လိုက္တာက ကာကြယ္ေရးကိစၥမွာ ကိုယ့္ကိုယ္ကိုယ္ ရပ္တည္ႏိုင္ေရးအတြက္ ေျခလွမ္းႀကီးႀကီး လွမ္းလိုက္တာျဖစ္တယ္လို႔ ဆိုပါတယ္။
အိႏၵိယႏုိင္ငံဟာ ကမာၻေပၚမွာ လက္နက္အမ်ားဆံုး တင္သြင္းတဲ့ ႏိုင္ငံေတြထဲက တႏိုင္ငံ ျဖစ္ပါတယ္။
---------------------------
(Unicode)
စစ်လက်နက်၊ စစ်ပစ္စည်းတချို့ တင်သွင်းခွင့် အိန္ဒိယ ပိတ်ပင်
အိန္ဒိယနိုင်ငံမှာ စစ်လက်နက်နဲ့ အခြား စစ်သုံးပစ္စည်းကိရိယာပေါင်း ၁၀၀ ကျော်ကို နိုင်ငံခြားကနေ တင်သွင်းခွင့် ပိတ်ပင်လိုက်ပါပြီ။
ဒီ လက်နက်တင်သွင်းခွင့် ပိတ်ပင်မှုကို လာမယ့် ဒီဇင်ဘာမှာ စတင်မှာဖြစ်ပြီး တဆင့်ချင်း တိုးမြှင့် အကောင်အထည်ဖော်ကာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အိန္ဒိယအရာရှိတွေက ဆိုပါတယ်။
ဒီအရာရှိတွေကပဲ ခုလို ဆုံးဖြတ်ရတာက နိုင်ငံတွင်း ကာကွယ်ရေးပစ္စည်းတွေ ထုတ်လုပ်မှုကို အားပေးသွားဖို့ ပြင်ဆင်လိုက်တာပါလို့ ဆက်ပြောခဲ့ပါတယ်။
ဒီတင်သွင်းခွင့် ပိတ်ပင်တဲ့ လက်နက်တွေထဲမှာ လက်နက်ကြီးတွေ၊ ကျည်ဆန်တွေ၊ မောင်းပြန်ရိုင်ဖယ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေနဲ့ အသေးစား တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပါပါတယ်။
ကာကွယ်ရေးဝန်ကြီး Rajnath Singh က ခုလို ဆုံးဖြတ်လိုက်တာက ကာကွယ်ရေးကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်ရေးအတွက် ခြေလှမ်းကြီးကြီး လှမ်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ လက်နက်အများဆုံး တင်သွင်းတဲ့ နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။