သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုရွားကတုိက္ေလယာဥ္ေတြ အိႏၵိယ၀ယ္ယူ


႐ုရွားလုပ္ Su-30 ဂ်က္တိုက္ေလယာဥ္

(Zawgyi/Unicode)

အိႏၵိယနဲ႔ တ႐ုတ္ ႏွစ္နိုင္ငံ နယ္စပ္က တပ္ဖြဲ႕ဝင္ေတြၾကား တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ ႐ုရွားတိုက္ ေလယာဥ္ေတြနဲ႔ အိႏၵိယေလတပ္ကို အင္အားျဖည့္တင္းဖို႔ အိႏၵိယအစိုးရက ၾကာသပေတးေန႔က ခြင့္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။

အိႏၵိယနိုင္ငံက ႐ုရွား တိုက္ေလယာဥ္ အသစ္ ၃၃ စင္းကို ဝယ္ယူမွာ ျဖစ္သလို လက္ရွိ အသုံးျပဳေနတဲ့ တိုက္ေလယာဥ္ ၅၉ စင္းကိုလည္း အဆင့္ျမႇင့္တင္သြားမွာ ျဖစ္ပါတယ္။ အိႏၵိယက ဝယ္ယူမယ့္ ႐ုရွားလုပ္ MIG-29၂၁ စင္းနဲ႔ Su-30 ဂ်က္တိုက္ေလယာဥ္ တစ္ဒါဇင္ အတြက္ အေမရိကန္ ေဒၚလာ ၂.၄၃ ဘီလီယံကုန္က်မွာ ျဖစ္တယ္လို႔ အိႏၵိယ ကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ၿပီးခဲ့တဲ့လထဲ ဟိမဝႏၲာ အေနာက္ပိုင္း နယ္စပ္မွာ အိႏၵိယနဲ႔ တ႐ုတ္တပ္ေတြ ခိုက္ရန္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ၿပီး အိႏၵိယ စစ္သား အေယာက္ ၂၀ ေသဆုံးခဲ့ရတဲ့ အတြက္ အိႏၵိယနဲ႔ တ႐ုတ္နိုင္ငံ ၾကား တင္းမာမႈအဆိုးဆုံး အေျခအေနကို ေရာက္ေနတာပါ။

အဲဒီ တိုက္ခိုက္မႈ ျဖစ္ၿပီးကတည္းက အိႏၵိယနဲ႔ တ႐ုတ္နိုင္ငံအၾကား အဓိကထိန္းခ်ဳပ္နယ္ေျမေတြမွာ မွာ ႏွစ္ဘက္တပ္ေတြနဲ႔ စစ္လက္နက္ကိရိယာေတြကို တိုးခ်ဲ႕ခ်ထားေနၾကပါတယ္။

အခုလို ႐ုရွား တိုက္ေလယာဥ္ေတြဝယ္ယူဖို႔ ဆုံးျဖတ္ခ်က္ကို ဇြန္လထဲ အိႏၵိယကာကြယ္ေရး ဝန္ႀကီး Rajnath Singh Moscow ၿမိဳ႕ကို သြားေရာက္ၿပီးတဲ့ေနာက္မွာ ခ်မွတ္ခဲ့တာ ျဖစ္ၿပီး ေလယာဥ္ေတြကို အိႏၵိယကို အျမန္ဆုံးပို႔ေပးဖို႔Singh က ႐ုရွားေတြကို တိုက္တြန္းခဲ့တယ္လို႔လည္း တာဝန္ရွိသူေတြက ေျပာပါတယ္။

အိႏၵိယနိုင္ငံဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ထဲ အေမရိကန္နဲ႔ အစၥေရးလ္လုပ္ လက္နက္ေတြ ဝယ္ယူခဲ့ေပမဲ့ တိုင္းျပည္ ရဲ့ စစ္လက္နက္ ပစၥည္းေတြရဲ့ ထက္ဝက္ဟာ ႐ုရွား လုပ္လက္နက္ေတြပဲ ျဖစ္ပါတယ္။

ျပည္တြင္းထုတ္ ေဝဟင္က ေဝဟင္ပစ္ ဒုံးက်ည္ေတြ ဝယ္ယူခြင့္ကိုလည္း ခြင့္ျပဳခဲ့ၿပီး အိႏၵိယေလတပ္ စြမ္းရည္ကို ပိုမိုအားေကာင္း ေစလိမ့္မယ္လို႔လည္း ကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ရုရွားကတုိက္ေလယာဥ္ေတြ အိႏၵိယ၀ယ္ယူ
please wait

No media source currently available

0:00 0:01:10 0:00
တိုက္႐ိုက္ လင့္ခ္


.................

ရုရှားကတိုက်လေယာဉ်တွေ အိန္ဒိယဝယ်ယူ

(Unicode)

အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံ နယ်စပ်က တပ်ဖွဲ့ဝင်တွေကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ရုရှားတိုက် လေယာဉ်တွေနဲ့ အိန္ဒိယလေတပ်ကို အင်အားဖြည့်တင်းဖို့ အိန္ဒိယအစိုးရက ကြာသပတေးနေ့က ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ရုရှား တိုက်လေယာဉ် အသစ် ၃၃ စင်းကို ဝယ်ယူမှာ ဖြစ်သလို လက်ရှိ အသုံးပြုနေတဲ့ တိုက်လေယာဉ် ၅၉ စင်းကိုလည်း အဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ အိန္ဒိယက ဝယ်ယူမယ့် ရုရှားလုပ် MIG-29၂၁ စင်းနဲ့ Su-30 ဂျက်တိုက်လေယာဉ် တစ်ဒါဇင် အတွက် အမေရိကန် ဒေါ်လာ ၂.၄၃ ဘီလီယံကုန်ကျမှာ ဖြစ်တယ်လို့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့လထဲ ဟိမဝန္တာ အနောက်ပိုင်း နယ်စပ်မှာ အိန္ဒိယနဲ့ တရုတ်တပ်တွေ ခိုက်ရန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အိန္ဒိယ စစ်သား အယောက် ၂၀ သေဆုံးခဲ့ရတဲ့ အတွက် အိန္ဒိယနဲ့ တရုတ်နိုင်ငံ ကြား တင်းမာမှုအဆိုးဆုံး အခြေအနေကို ရောက်နေတာပါ။

အဲဒီ တိုက်ခိုက်မှု ဖြစ်ပြီးကတည်းက အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြား အဓိကထိန်းချုပ်နယ်မြေတွေမှာ မှာ နှစ်ဘက်တပ်တွေနဲ့ စစ်လက်နက်ကိရိယာတွေကို တိုးချဲ့ချထားနေကြပါတယ်။

အခုလို ရုရှား တိုက်လေယာဉ်တွေဝယ်ယူဖို့ ဆုံးဖြတ်ချက်ကို ဇွန်လထဲ အိန္ဒိယကာကွယ်ရေး ဝန်ကြီး Rajnath Singh Moscow မြို့ကို သွားရောက်ပြီးတဲ့နောက်မှာ ချမှတ်ခဲ့တာ ဖြစ်ပြီး လေယာဉ်တွေကို အိန္ဒိယကို အမြန်ဆုံးပို့ပေးဖို့Singh က ရုရှားတွေကို တိုက်တွန်းခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ထဲ အမေရိကန်နဲ့ အစ္စရေးလ်လုပ် လက်နက်တွေ ဝယ်ယူခဲ့ပေမဲ့ တိုင်းပြည် ရဲ့ စစ်လက်နက် ပစ္စည်းတွေရဲ့ ထက်ဝက်ဟာ ရုရှား လုပ်လက်နက်တွေပဲ ဖြစ်ပါတယ်။

ပြည်တွင်းထုတ် ဝေဟင်က ဝေဟင်ပစ် ဒုံးကျည်တွေ ဝယ်ယူခွင့်ကိုလည်း ခွင့်ပြုခဲ့ပြီး အိန္ဒိယလေတပ် စွမ်းရည်ကို ပိုမိုအားကောင်း စေလိမ့်မယ်လို့လည်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

XS
SM
MD
LG