သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္စစ္လက္နက္မ်ား အိႏၵိယကို ေရာင္းခ်ေပးမည္


India ဝန္ႀကီးခ်ဳပ္ Narendra Modi ႏွင့္ သမၼတ Donald Trump

(Zawgyi/Unicode)

ေဒၚလာ ၃ ဘီလ်ံတန္ဖိုး႐ွိတဲ့ အေမရိကန္ရဟတ္ယာဥ္ေတြနဲ႔ တျခားပစၥည္း ကိရိယာေတြကုိ အိႏၵိယ စစ္တပ္ကို ေရာင္းဖုိ႔ အေမရိကန္နဲ႔ အိႏၵိယ ႏိုင္ငံၾကား လက္မွတ္ေရးထုိးမယ္လုိ႔ သမၼတ Donald Trump ကေျပာၾကားခဲ့ပါတယ္။

India ႏိုင္ငံမွာ ေရာက္႐ွိေနတဲ့ သမၼတ Donald Trump က Ahmedabad ၿမိဳ႕က အားကစားကြင္းႀကီးမွာ ပရိတ္သတ္ ၁ သိန္းေက်ာ္ကို မိန္႔ခြန္းေျပာၾကားခဲ့တာမွာ အေမရိကန္နဲ႔ India ၾကား ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈအရ စစ္လက္နက္ပစၥည္းေတြေရာင္းမယ္လို႔ ခုလိုေျပာၾကားသြားပါတယ္။

“၂ ႏိုင္ငံစစ္ေရးပူးေပါင္းေဆာင္႐ြက္မႈကို ဆက္လက္တည္ေဆာက္ေနတာနဲ႔အတူ ကမာၻေပၚမွာ အေကာင္းဆံုးနဲ႔ ေခတ္အမွီဆံုး အေမရိကန္ စစ္လက္နက္ပစၥည္းတခ်ဳိ႕ကို India ကိုေရာင္းခ်သြားမယ္”လို႔ သမၼတ Trump ေျပာၾကားသြားတာျဖစ္ပါတယ္။

အဆင့္ျမင့္ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ အျပင္၊ လက္နက္ တပ္ဆင္ထားတဲ့ အေဝးထိန္းေလယာဥ္ေတြေရာ လက္နက္မပါတဲ့ အေဝးထိန္းေလယာဥ္ေတြကိုပါ ေရာင္းခ်သြားမယ္လို႔ သမၼတက ေၾကညာသြားပါတယ္။ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးအတူလက္တြဲေဆာင္႐ြက္သြားဖုိ႔ ၂ ႏို္င္ငံလံုး သႏၷိ႒ာန္ခိုင္မာတယ္လို႔လည္း အေမရိကန္သမၼတက ေျပာၾကားခဲ့ပါတယ္။

အိႏၵိယ နဲ႔ အေမရိကန္ၾကား ကုန္သြယ္ေရးဆိုင္ရာ အေျခအတင္ျဖစ္ေနခ်ိန္သြားေရာက္တဲ့ အခုခရီးစဥ္မွာ ကုန္သြယ္ေရးသေဘာတူညီခ်က္ကိစၥ မပါဝင္ဘူးလုိ႔ သမၼတ Trump က အေစာပိုင္းက ေျပာထားေပမဲ့ ဒီကေန႔ မိန္႔ခြန္းေျပာၾကားစဥ္မွာေတာ့ India နဲ႔အႀကီးက်ယ္ဆံုး ကုန္သြယ္ေရးသေဘာတူညီခ်က္ ရ႐ွိေအာင္ လုပ္သြားမယ္လို႔ ကတိျပဳခဲ့ပါတယ္။

India ဝန္ႀကီးခ်ဳပ္ Narendra Modi ကလည္း အိႏၵိယ ဟာအေမရိကန္အတြက္ အခြင့္အလမ္းသစ္ တခုအေနနဲ႔ ေပၚထြက္လာလိမ့္မယ္လို႔ဆိုၿပီး ကုန္သြယ္ေရးသေဘာတူညီခ်က္အတြက္ အေကာင္းျမင္ေျပာၾကားသြားပါတယ္။ အစဥ္အလာအရ မိတ္ဖက္ေတြျဖစ္တဲ့ ၂ ႏိုင္ငံေပါင္းၿပီး ကမာၻႀကီး ၿငိမ္းခ်မ္းေရး၊ လံုၿခံဳေရး၊ တိုးတက္ေရးေတြကို အတူတကြေဆာင္႐ြက္သြားႏိုင္မယ္လို႔ ဝန္ႀကီးခ်ဳပ္ Modia က ဆိုပါတယ္။

သမၼတ Trump နဲ႔သမၼတကေတာ္ Melania Trump တုိ႔ ဒီကေန႔ အိႏၵိယ ႏိုင္ငံကိုေရာက္႐ွိလာၿပီး မၾကာခင္မွာပဲ လြတ္လပ္ေရးဖခင္ႀကီး Mahatma Gandhi ေနထိုင္သြားတဲ့ ေနအိမ္ကို ဝန္ႀကီးခ်ဳပ္ Modi နဲ႔အတူ သြားေရာက္ခဲ့ပါတယ္။ အဲဒီေနာက္ ေသာင္းေသာင္းျဖျဖ ႀကိဳဆိုေနၾကတဲ့ ပရိတ္သတ္ႀကီးကို မိန္႔ခြန္းေျပာၾကားခဲ့ၿပီးေနာက္ ႏိုင္ငံေျမာက္ပိုင္း Agra ၿမိဳ႕မွာ႐ွိတဲ့ Taj Mahal ဂူဗိမၼာန္ကို သမၼတ Trump သြားေရာက္ခဲ့ပါတယ္။ အခုညပိုင္းမွာေတာ့ New Delhi ၿမိဳ႕ေတာ္ကိုေရာက္႐ွိသြားပါတယ္။

ကန္စစ္လက္နက္မ်ား အိႏၵိယကို ေရာင္းခ်ေပးမည္
please wait

No media source currently available

0:00 0:02:02 0:00
တိုက္႐ိုက္ လင့္ခ္


................

ကန်စစ်လက်နက်များ အိန္ဒိယကို ရောင်းချပေးမည်

(Unicode)

ဒေါ်လာ ၃ ဘီလျံတန်ဖိုးရှိတဲ့ အမေရိကန်ရဟတ်ယာဉ်တွေနဲ့ တခြားပစ္စည်း ကိရိယာတွေကို အိန္ဒိယ စစ်တပ်ကို ရောင်းဖို့ အမေရိကန်နဲ့ အိန္ဒိယ နိုင်ငံကြား လက်မှတ်ရေးထိုးမယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။ India နိုင်ငံမှာ ရောက်ရှိနေတဲ့ သမ္မတ Donald Trump က Ahmedabad မြို့က အားကစားကွင်းကြီးမှာ ပရိတ်သတ် ၁ သိန်းကျော်ကို မိန့်ခွန်းပြောကြားခဲ့တာမှာ အမေရိကန်နဲ့ India ကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအရ စစ်လက်နက်ပစ္စည်းတွေရောင်းမယ်လို့ ခုလိုပြောကြားသွားပါတယ်။

“၂ နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တည်ဆောက်နေတာနဲ့အတူ ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ ခေတ်အမှီဆုံး အမေရိကန် စစ်လက်နက်ပစ္စည်းတချို့ကို India ကိုရောင်းချသွားမယ်”လို့ သမ္မတ Trump ပြောကြားသွားတာဖြစ်ပါတယ်။

အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ် အပြင်၊ လက်နက် တပ်ဆင်ထားတဲ့ အဝေးထိန်းလေယာဉ်တွေရော လက်နက်မပါတဲ့ အဝေးထိန်းလေယာဉ်တွေကိုပါ ရောင်းချသွားမယ်လို့ သမ္မတက ကြေညာသွားပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတူလက်တွဲဆောင်ရွက်သွားဖို့ ၂ နိုင်ငံလုံး သန္နိဋ္ဌာန်ခိုင်မာတယ်လို့လည်း အမေရိကန်သမ္မတက ပြောကြားခဲ့ပါတယ်။

အိန္ဒိယ နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးဆိုင်ရာ အခြေအတင်ဖြစ်နေချိန်သွားရောက်တဲ့ အခုခရီးစဉ်မှာ ကုန်သွယ်ရေးသဘောတူညီချက်ကိစ္စ မပါဝင်ဘူးလို့ သမ္မတ Trump က အစောပိုင်းက ပြောထားပေမဲ့ ဒီကနေ့ မိန့်ခွန်းပြောကြားစဉ်မှာတော့ India နဲ့အကြီးကျယ်ဆုံး ကုန်သွယ်ရေးသဘောတူညီချက် ရရှိအောင် လုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

India ဝန်ကြီးချုပ် Narendra Modi ကလည်း အိန္ဒိယ ဟာအမေရိကန်အတွက် အခွင့်အလမ်းသစ် တခုအနေနဲ့ ပေါ်ထွက်လာလိမ့်မယ်လို့ဆိုပြီး ကုန်သွယ်ရေးသဘောတူညီချက်အတွက် အကောင်းမြင်ပြောကြားသွားပါတယ်။ အစဉ်အလာအရ မိတ်ဖက်တွေဖြစ်တဲ့ ၂ နိုင်ငံပေါင်းပြီး ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တိုးတက်ရေးတွေကို အတူတကွဆောင်ရွက်သွားနိုင်မယ်လို့ ဝန်ကြီးချုပ် Modia က ဆိုပါတယ်။

သမ္မတ Trump နဲ့သမ္မတကတော် Melania Trump တို့ ဒီကနေ့ အိန္ဒိယ နိုင်ငံကိုရောက်ရှိလာပြီး မကြာခင်မှာပဲ လွတ်လပ်ရေးဖခင်ကြီး Mahatma Gandhi နေထိုင်သွားတဲ့ နေအိမ်ကို ဝန်ကြီးချုပ် Modi နဲ့အတူ သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် သောင်းသောင်းဖြဖြ ကြိုဆိုနေကြတဲ့ ပရိတ်သတ်ကြီးကို မိန့်ခွန်းပြောကြားခဲ့ပြီးနောက် နိုင်ငံမြောက်ပိုင်း Agra မြို့မှာရှိတဲ့ Taj Mahal ဂူဗိမ္မာန်ကို သမ္မတ Trump သွားရောက်ခဲ့ပါတယ်။ အခုညပိုင်းမှာတော့ New Delhi မြို့တော်ကိုရောက်ရှိသွားပါတယ်။

XS
SM
MD
LG