သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ စီးပြားဖြံ႔ၿဖိဳးမႈ အ႐ွိန္ေလ်ာ႔


Gurugram စီးပြားေရး ေဒသဇံုတေနရာ

(Zawgyi/Unicode)

လြန္ခဲ့တဲ့ တႏွစ္တုန္းက ကမၻာ့အဖြံ႔ၿဖိဳးဆုံးျဖစ္ခဲ့တဲ့ အိႏၵိယႏုိင္ငံရဲ႕ စီးပြားေရးဟာ ဆယ္စုႏွစ္တခုအတြင္း ဖြံ႔ၿဖိဳးမႈအနည္းဆုံးအျဖစ္ ေလ်ာ့က်သြားခဲ့ပါတယ္။ အိႏၵိယစီးပြားေရးဖြံ႔ၿဖိဳးမႈရဲ႕ ျပယုတ္ျဖစ္ခဲ့တဲ့ နယူးေဒလီၿမိဳ႕အျပင္က Gurugram စီးပြားေရး ေဒသဟာလည္း အခုဆုိရင္ စီးပြားက်ဆင္းမႈရဲ႕ လကၡဏာေတြကုိ ေတြ႔လာေနရၿပီျဖစ္ေၾကာင္း ဗီြအုိေအသတင္းေထာက္ Anjana Pasricha သတင္းေပးပုိ႔ထားတာကုိ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္ကတည္းက ရုံးေတြ၊ မုိးေမ်ာ္လူေနတုိက္ခန္းေတြနဲ႔ Mall ေတြ အၿပိဳင္အဆုိင္ ေပၚထြက္လာတာေၾကာင့္ ေထာင္ေပါင္းမ်ားစြာေသာ ေရႊ႔ေျပာင္းအလုပ္သမားေတြလည္း ေရာက္လာၾကတာေၾကာင့္ အရင္က အိမ္ေပ်ာ္ေနခဲ့တဲ့ Gurugram ေဒသဟာ စီးပြားေရးအခ်က္အခ်ာ ေဒသတခုအျဖစ္ ေျပာင္းလဲခဲ့ပါတယ္။

လူအေတာ္မ်ားမ်ားအတြက္ကေတာ့ ကန္ထရုိက္အလုပ္ရႏုိင္ဖုိ႔ လမ္းဆုံမွာ ေန႔စဥ္ လာေစာင့္ၾကရတာပါ။

Javed Khan လုိ ေရႊ႕ေျပာင္းအလုပ္သမားေတြဟာ ကန္ထရုိက္အလုပ္ရႏုိင္ဖုိ႔ လမ္းဆုံမွာ ေန႔စဥ္ လာေစာင့္ၾကရပါတယ္။

“က်ေနာ္ေရာက္ခါစတုန္းက အလုပ္မရွားေတာ့ ၀င္ေငြလည္း ေကာင္းခဲ့ပါတယ္။”

ဒါေပမယ့္ လြန္ခဲ့တဲ့တႏွစ္အတြင္း ေဆာက္လုပ္ေရးလုပ္ငန္းေတြ ရပ္ဆုိင္းသြားတာေၾကာင့္ အေျခအေနေတြ ေျပာင္းလဲသြားခဲ့ပါတယ္။

“အခုေတာ့ ဒီမွာ အလုပ္မရွိေတာ့ပါဘူး။ ဒီကုိ တေန႔ လူတေထာင္ေလာက္လာေပမယ့္ ၃-၄ ဆယ္ေလာက္ဘဲ အလုပ္ရပါတယ္။ က်န္တဲ့သူေတြကေတာ့ အိမ္ျပန္ၾကရတာပါဘဲ။”

ဒါဟာ ေန႔စားလုပ္စားသူေတြအတြက္ ႀကီးမားတဲ့ အခက္အခဲပါ။ ဒါဟာ Reshma လုိ ေန႔စားအလုပ္သမားေတြအတြက္ေတာ့ ႀကီးမားတဲ့ အခက္အခဲပါ။

“က်မအိမ္ငွားေပးဖုိ႔ ေဒၚလာ ၇၀ နဲ႔ စားစရာ၀ယ္ဖုိ႔အတြက္ ေငြလုိပါတယ္။ က်မတုိ႔ဟာ အကူအညီမဲ့ေနပါတယ္။ အလုပ္မရွိရင္ ဘာနဲ႔သြားေပးမလဲ။”

ဒါဟာ ၀င္ေငြနည္းတဲ့ ေအာက္ေျခ၀န္ထမ္းေတြခ်ည္းဘဲ အခက္ႀကံဳရတာေတာ့ မဟုတ္ပါဘူး။ စီးပြားေရး ေကာင္းေနတဲ့ကာလတုန္းက အလယ္အလတ္ ၀င္ေငြရွိသူေတြဟာ အိမ္ယာစီမံကိန္းေတြမွာ ရင္းႏွီးျမဳပ္ႏွံထားခဲ့ၾကတာပါ။ ဒါေပမယ့္ ကန္ထရုိက္ေဆာက္သူေတြ ေငြခ်ည္းဖုိ႔ အခက္ႀကံဳလာတဲ့အခါမွာေတာ့ ရင္းႏွီးထားသူေတြရဲ႕ေငြေတြ ဆုံးရႈံးကုန္ပါတယ္္။ ဒါေပမယ့္ ကန္ထရုိက္ေဆာက္သူေတြ ေငြခ်ည္းဖုိ႔ အခက္ႀကံဳလာတဲ့အခါမွာေတာ့ Alpana Majumdar လုိ ရင္းႏွီးထားသူေတြရဲ႕ေငြေတြ ဆုံးရႈံးကုန္ပါတယ္။

“အဲဒီအိမ္ေလးကုိ ၀ယ္လုိက္ႏုိင္ရင္ေတာ့ အိမ္ငွားတင္ထားၿပီး လစဥ္ ၀င္ေငြေလး ရႏုိင္မယ္လုိ႔ က်မ ထင္ထားခဲ့မိတာ။”

အိတ္ကပ္ထဲမွာ ေငြနဲလာေတာ့ လူေတြကလည္း ကုန္ပစၥည္း၀ယ္ယူ သုံးစြဲမႈ ေလ်ာ့က်လာပါတယ္။ ေစ်းဆုိင္ေတြ အေရာင္းက်သလုိ ကားထုတ္လုပ္ေရာင္းခ်သူေတြဟာလည္း ႏွစ္ေပါင္း ၂၀ အတြင္း အေရာင္းရအေႏွးဆုံး အေျခအေနနဲ႔ ရင္ဆုိင္ေနရပါတယ္။

ျပည္ပပုိ႔ကုန္ က်ဆင္းလာတာေၾကာင့္ စက္ရုံအလုပ္သမားေတြလည္း အလုပ္ျပဳတ္ၾကပါတယ္။

ျပည္ပပုိ႔ကုန္ေတြ က်ဆင္းလာတာေၾကာင့္ Adarsh Kumar လုိ႔ စက္ရုံအလုပ္သမားေတြလည္း အလုပ္ျပဳတ္ကုန္ၾကပါတယ္။

“ဘယ္မွာမွ အလုပ္ရွာမရဘူး၊ ကုမၸဏီေတြကလည္း အလုပ္မခန္႔ၾကေတာ့ဘူး။”

စီးပြားက်ဆင္းမႈဟာ တကယ္ျဖစ္ေနေၾကာင္း စီးပြားေရးပညာရွင္ေတြကလည္း ေျပာပါတယ္။ စီးပြားက်ဆင္းမႈဟာ တကယ္ျဖစ္ေနေၾကာင္း ပါေမာကၡ N. R. Bhanumurthy လုိ စီးပြားေရးပညာရွင္ေတြကလည္း ေျပာပါတယ္။

“ျပည္ပက ၀ယ္ယူအား၊ စားသူေတြရဲ႕ ၀ယ္ယူအား၊ ပုဂၢလိကက႑ေတြရဲ႕ ၀ယ္ယူအားေတြ အကုန္က်ဆင္းေနပါတယ္။ က႑စုံမွာ က်ဆင္းေနတာေၾကာင့္ တုိင္းျပည္စီးပြားဟာလည္း သိသိသာသာ ထုိးက်သြားတာ ျဖစ္ပါတယ္။”

အစုိးရကေတာ့ ေႏွးေကြးလာေနတဲ့ ေဆာက္လုပ္ေရးနဲ႔ ျပည္ပပုိ႔ကုန္လုပ္ငန္းေတြအတြက္ အကူအညီေပးမယ္လုိ႔ ေျပာထားပါတယ္။ ဒါေပမယ့္ ျပန္နာလန္ထူဖုိ႔ အခ်ိန္ၾကာပါလိမ့္ဦးမယ္။ ဒါေပမယ့္ ျပန္နာလန္ထူဖုိ႔ အခ်ိန္ၾကာလိမ့္ဦးမယ္လုိ႔ ပါေမာကၡ N. R. Bhanumurthy က ေျပာပါတယ္။

“အစုိးရကလုပ္ေဆာင္ေနတဲ့ အစီအစဥ္တခ်ဳိ႕ေၾကာင့္ စီးပြားေရးျပန္လည္ ဦးေမာ့လာႏုိင္စရာ ရွိပါတယ္။ ဒါေပမယ့္ သိပ္ျမန္ျမန္ႀကီးေတာ့ ျဖစ္မွာမဟုတ္ပါဘူး။”

ဒါေၾကာင့္ လမ္းဆုံမွာလာရပ္ၿပီး ေန႔စားအလုပ္ရႏုိင္ဖုိ႔ ေစာင့္ေနသူေတြအတြက္ အေျခအေနေတြ အလ်င္အျမန္ ေျပာင္းႏုိင္ဖုိ႔ အလွမ္းေ၀းေနပါေသးတယ္။

အိႏၵိယ စီးပြားဖြံ႔ၿဖိဳးမႈ အ႐ွိန္ေလ်ာ႔
please wait

No media source currently available

0:00 0:03:20 0:00
တိုက္႐ိုက္ လင့္ခ္

...................

အိန္ဒိယ စီးပွားဖွံ့ဖြိုးမှု အရှိန်လျော့

(Unicode)

လွန်ခဲ့တဲ့ တနှစ်တုန်းက ကမ္ဘာ့အဖွံ့ဖြိုးဆုံးဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဟာ ဆယ်စုနှစ်တခုအတွင်း ဖွံ့ဖြိုးမှုအနည်းဆုံးအဖြစ် လျော့ကျသွားခဲ့ပါတယ်။ အိန္ဒိယစီးပွားရေးဖွံ့ဖြိုးမှုရဲ့ ပြယုတ်ဖြစ်ခဲ့တဲ့ နယူးဒေလီမြို့အပြင်က Gurugram စီးပွားရေး ဒေသဟာလည်း အခုဆိုရင် စီးပွားကျဆင်းမှုရဲ့ လက္ခဏာတွေကို တွေ့လာနေရပြီဖြစ်ကြောင်း ဗွီအိုအေသတင်းထောက် Anjana Pasricha သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ရုံးတွေ၊ မိုးမျော်လူနေတိုက်ခန်းတွေနဲ့ Mall တွေ အပြိုင်အဆိုင် ပေါ်ထွက်လာတာကြောင့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအလုပ်သမားတွေလည်း ရောက်လာကြတာကြောင့် အရင်က အိမ်ပျော်နေခဲ့တဲ့ Gurugram ဒေသဟာ စီးပွားရေးအချက်အချာ ဒေသတခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။

လူအတော်များများအတွက်ကတော့ ကန်ထရိုက်အလုပ်ရနိုင်ဖို့ လမ်းဆုံမှာ နေ့စဉ် လာစောင့်ကြရတာပါ။

Javed Khan လို ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကန်ထရိုက်အလုပ်ရနိုင်ဖို့ လမ်းဆုံမှာ နေ့စဉ် လာစောင့်ကြရပါတယ်။

“ကျနော်ရောက်ခါစတုန်းက အလုပ်မရှားတော့ ဝင်ငွေလည်း ကောင်းခဲ့ပါတယ်။”

ဒါပေမယ့် လွန်ခဲ့တဲ့တနှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားတာကြောင့် အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတယ်။

“အခုတော့ ဒီမှာ အလုပ်မရှိတော့ပါဘူး။ ဒီကို တနေ့ လူတထောင်လောက်လာပေမယ့် ၃-၄ ဆယ်လောက်ဘဲ အလုပ်ရပါတယ်။ ကျန်တဲ့သူတွေကတော့ အိမ်ပြန်ကြရတာပါဘဲ။”

ဒါဟာ နေ့စားလုပ်စားသူတွေအတွက် ကြီးမားတဲ့ အခက်အခဲပါ။ ဒါဟာ Reshma လို နေ့စားအလုပ်သမားတွေအတွက်တော့ ကြီးမားတဲ့ အခက်အခဲပါ။

“ကျမအိမ်ငှားပေးဖို့ ဒေါ်လာ ၇၀ နဲ့ စားစရာဝယ်ဖို့အတွက် ငွေလိုပါတယ်။ ကျမတို့ဟာ အကူအညီမဲ့နေပါတယ်။ အလုပ်မရှိရင် ဘာနဲ့သွားပေးမလဲ။”

ဒါဟာ ဝင်ငွေနည်းတဲ့ အောက်ခြေဝန်ထမ်းတွေချည်းဘဲ အခက်ကြုံရတာတော့ မဟုတ်ပါဘူး။ စီးပွားရေး ကောင်းနေတဲ့ကာလတုန်းက အလယ်အလတ် ဝင်ငွေရှိသူတွေဟာ အိမ်ယာစီမံကိန်းတွေမှာ ရင်းနှီးမြုပ်နှံထားခဲ့ကြတာပါ။ ဒါပေမယ့် ကန်ထရိုက်ဆောက်သူတွေ ငွေချည်းဖို့ အခက်ကြုံလာတဲ့အခါမှာတော့ ရင်းနှီးထားသူတွေရဲ့ငွေတွေ ဆုံးရှုံးကုန်ပါတယ်။ ဒါပေမယ့် ကန်ထရိုက်ဆောက်သူတွေ ငွေချည်းဖို့ အခက်ကြုံလာတဲ့အခါမှာတော့ Alpana Majumdar လို ရင်းနှီးထားသူတွေရဲ့ငွေတွေ ဆုံးရှုံးကုန်ပါတယ်။

“အဲဒီအိမ်လေးကို ဝယ်လိုက်နိုင်ရင်တော့ အိမ်ငှားတင်ထားပြီး လစဉ် ဝင်ငွေလေး ရနိုင်မယ်လို့ ကျမ ထင်ထားခဲ့မိတာ။”

အိတ်ကပ်ထဲမှာ ငွေနဲလာတော့ လူတွေကလည်း ကုန်ပစ္စည်းဝယ်ယူ သုံးစွဲမှု လျော့ကျလာပါတယ်။ ဈေးဆိုင်တွေ အရောင်းကျသလို ကားထုတ်လုပ်ရောင်းချသူတွေဟာလည်း နှစ်ပေါင်း ၂၀ အတွင်း အရောင်းရအနှေးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြည်ပပို့ကုန် ကျဆင်းလာတာကြောင့် စက်ရုံအလုပ်သမားတွေလည်း အလုပ်ပြုတ်ကြပါတယ်။

ပြည်ပပို့ကုန်တွေ ကျဆင်းလာတာကြောင့် Adarsh Kumar လို့ စက်ရုံအလုပ်သမားတွေလည်း အလုပ်ပြုတ်ကုန်ကြပါတယ်။

“ဘယ်မှာမှ အလုပ်ရှာမရဘူး၊ ကုမ္ပဏီတွေကလည်း အလုပ်မခန့်ကြတော့ဘူး။”

စီးပွားကျဆင်းမှုဟာ တကယ်ဖြစ်နေကြောင်း စီးပွားရေးပညာရှင်တွေကလည်း ပြောပါတယ်။ စီးပွားကျဆင်းမှုဟာ တကယ်ဖြစ်နေကြောင်း ပါမေက္ခ N. R. Bhanumurthy လို စီးပွားရေးပညာရှင်တွေကလည်း ပြောပါတယ်။

“ပြည်ပက ဝယ်ယူအား၊ စားသူတွေရဲ့ ဝယ်ယူအား၊ ပုဂ္ဂလိကကဏ္ဍတွေရဲ့ ဝယ်ယူအားတွေ အကုန်ကျဆင်းနေပါတယ်။ ကဏ္ဍစုံမှာ ကျဆင်းနေတာကြောင့် တိုင်းပြည်စီးပွားဟာလည်း သိသိသာသာ ထိုးကျသွားတာ ဖြစ်ပါတယ်။”

အစိုးရကတော့ နှေးကွေးလာနေတဲ့ ဆောက်လုပ်ရေးနဲ့ ပြည်ပပို့ကုန်လုပ်ငန်းတွေအတွက် အကူအညီပေးမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ပြန်နာလန်ထူဖို့ အချိန်ကြာပါလိမ့်ဦးမယ်။ ဒါပေမယ့် ပြန်နာလန်ထူဖို့ အချိန်ကြာလိမ့်ဦးမယ်လို့ ပါမောက္ခ N. R. Bhanumurthy က ပြောပါတယ်။

“အစိုးရကလုပ်ဆောင်နေတဲ့ အစီအစဉ်တချို့ကြောင့် စီးပွားရေးပြန်လည် ဦးမော့လာနိုင်စရာ ရှိပါတယ်။ ဒါပေမယ့် သိပ်မြန်မြန်ကြီးတော့ ဖြစ်မှာမဟုတ်ပါဘူး။”

ဒါကြောင့် လမ်းဆုံမှာလာရပ်ပြီး နေ့စားအလုပ်ရနိုင်ဖို့ စောင့်နေသူတွေအတွက် အခြေအနေတွေ အလျင်အမြန် ပြောင်းနိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်။

XS
SM
MD
LG