သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ ေရတပ္ဦးစီးခ်ဳပ္ ျမန္မာခရီးစဥ္ စတင္


အိႏၵိယေရတပ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး Karambir Singh (Photo-India army)

(Zawgyi/Unicode)

အိႏၵိယနဲ႔ ျမန္မာႏုိင္ငံအၾကား ေရေၾကာင္းဆက္ဆံေရး တုိးတက္ေကာင္းမြန္ေရးဆုိင္ရာ ကိစၥရပ္ေတြ ေဆြးေႏြးဖုိ႔ အိႏၵိယေရတပ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး Karambir Singh ဟာ ျမန္မာႏုိင္ငံကုိ ေဖေဖာ္၀ါရီ ၁၇ ကေန ၂၀ ရက္ေန႔အထိ ၄ ရက္ၾကာ တရား၀င္ခရီးစဥ္အျဖစ္နဲ႔ ေရာက္ရွိေနပါတယ္။

အိႏၵိယနဲ႔ ျမန္မာအၾကား ေရေၾကာင္းနယ္နိမိတ္ ၇၂၅ ကီလုိမီတာ ထိစပ္မႈရွိေနတာေၾကာင့္ အေရွ႕ေတာင္ အာရွေဒသနဲ႔ ေရေၾကာင္းအရ ဆက္သြယ္ေရးမွာ အိႏၵိယအတြက္ ျမန္မာဟာ အေရးပါတဲ့ ႏုိင္ငံျဖစ္ပါတယ္။ ဒါ့အျပင္ အေရွ႕အာရွက ႏုိင္ငံေတြနဲ႔ စီးပြားေရးအရ လက္တြဲ ေဆာင္ရြက္ေရးမွာ ျမန္မာဟာ အိႏၵိယအတြက္ ထြက္ေပါက္ႏုိင္ငံလည္း ျဖစ္ေနတာပါ။

ခရီးစဥ္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၊ ျမန္မာေရတပ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္ဆန္းတုိ႔အျပင္ တျခား အဆင္ျမင့္ အစုိးရအရာရွိေတြနဲ႔လည္း ေတြ႔ဆုံမယ့္အေၾကာင္း အိႏၵိယေရတပ္က သတင္းထုတ္ျပန္ထားပါတယ္။

အိႏၵိယနဲ႔ ျမန္မာေရတပ္၀န္ထမ္းေတြအၾကား ပုံမွန္ ေတြ႔ဆုံေဆြးေႏြးတာ၊ ေရေၾကာင္းဆုိင္ရာ ကိစၥရပ္ေတြမွာ ပူးတြဲေဆာင္ရြက္္ေရးနဲ႔ ဆိပ္ကမ္းေတြ အျပန္အလွန္ သြားေရာက္ လည္ပတ္ေရးတုိ႔အတြက္ လုပ္ငန္းအဖြဲ႔စည္းေ၀းပြဲ က်င္းပတာ၊ ပူးတြဲ ကင္းလွည့္တာ၊ ပူးတြဲ စစ္ေရးေလ့က်င့္တာ၊ သင္တန္းေတြ ပူးတြဲက်င္းပတာနဲ႔ ေရေၾကာင္းနယ္နိမိတ္ တုိင္းထြာေရးဆုိင္ရာ ကိစၥေတြကုိ ပူးတြဲ လုပ္ေဆာင္ေတြ ပုံမွန္ က်င္းပေလ့ရွိ္ေၾကာင္း အိႏၵိယေရတပ္အရာရွိေျပာတာကုိ ကုိးကားၿပီး အိႏၵိယသတင္းမီဒီယာေတြမွာ ေဖာ္ျပပါတယ္။

အိႏၵိယေရတပ္ဦးစီးခ်ဳပ္ Karambir Singh ဟာ ေနျပည္ေတာ္မွာရွိတဲ့ စစ္သင္တန္းေက်ာင္းကုိ သြားေရာက္ လည္ပတ္တာအျပင္ ရန္ကုန္က ျမန္မာ့ေရတပ္ သေဘၤာက်င္းကုိလည္း သြားေရာက္လည္ပတ္မယ္ဖုိ႔ ရွိတယ္လုိ႔ ဆုိပါတယ္

ေဒသတြင္း လုံၿခံဳေရးနဲ႔ ဖြ႔ံၿဖိဳးေရးအစီအစဥ္ေတြကုိ ေဖာ္ေဆာင္ေနတဲ့ အိႏၵိယအစုိးရရဲ႕ မူ၀ါဒေတြနဲ႔အညီ အိႏၵိယဟာ စစ္ေတြ ေရနက္စီမံကိန္းကုိလည္း တည္ေဆာက္ေနၿပီး အဲဒီမွာ အထူးစီးပြားေရးဇုံ တည္ေဆာက္ဖုိ႔လည္း ရွိေနပါတယ္။

စစ္ေတြေရနက္စီမံကိန္းဟာ အိႏၵိယက အေကာင္အထည္ေဖာ္ေနတဲ့ ကုလားဒန္ျမစ္ ဘက္စုံဖြံ႔ၿဖိဳးတုိးတက္ေရးစီမံကိန္းရဲ႕ တစိတ္ အေဒသလည္းျဖစ္တဲ့အျပင္ ဒီစီမံကိန္းၿပီးဆုံးသြားရင္ ျမန္မာႏုိင္ငံ၊ ရခုိင္ျပည္နယ္ၿမိဳ႕ေတာ္ စစ္ေတြဆိပ္ကမ္းကေန အိႏၵိယနဲ႔ ေရေၾကာင္းအရ တုိက္ရုိက္ ဆက္သြယ္ေပးမွာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ ျပည္ပႏုိင္ငံေတြက လာေရာက္ ရင္းႏွီးျမဳပ္ႏွံၾကတဲ့အထဲ အိႏၵိယဟာ နံပတ္ ၁၁ မွာ ရွိေနၿပီး ရင္းႏွီးျမဳပ္ႏွံတဲ့ ေငြေၾကးပမာဏကေတာ့ အေမရိကန္ေဒၚလာ ၇၆၃ သန္းခြဲေက်ာ္ ရွိိပါတယ္။

အိႏၵိယ ေရတပ္ဦးစီးခ်ဳပ္ ျမန္မာခရီးစဥ္ စတင္
please wait

No media source currently available

0:00 0:01:28 0:00
တိုက္႐ိုက္ လင့္ခ္


..................

အိန္ဒိယ ရေတပ်ဦးစီးချုပ် မြန်မာခရီးစဉ် စတင်

(Unicode)

အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား ရေကြောင်းဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးဖို့ အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Karambir Singh ဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၁၇ ကနေ ၂၀ ရက်နေ့အထိ ၄ ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေပါတယ်။

အိန္ဒိယနဲ့ မြန်မာအကြား ရေကြောင်းနယ်နိမိတ် ၇၂၅ ကီလိုမီတာ ထိစပ်မှုရှိနေတာကြောင့် အရှေ့တောင် အာရှဒေသနဲ့ ရေကြောင်းအရ ဆက်သွယ်ရေးမှာ အိန္ဒိယအတွက် မြန်မာဟာ အရေးပါတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့အာရှက နိုင်ငံတွေနဲ့ စီးပွားရေးအရ လက်တွဲ ဆောင်ရွက်ရေးမှာ မြန်မာဟာ အိန္ဒိယအတွက် ထွက်ပေါက်နိုင်ငံလည်း ဖြစ်နေတာပါ။

ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းတို့အပြင် တခြား အဆင်မြင့် အစိုးရအရာရှိတွေနဲ့လည်း တွေ့ဆုံမယ့်အကြောင်း အိန္ဒိယရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။

အိန္ဒိယနဲ့ မြန်မာရေတပ်ဝန်ထမ်းတွေအကြား ပုံမှန် တွေ့ဆုံဆွေးနွေးတာ၊ ရေကြောင်းဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးတွဲဆောင်ရွက်ရေးနဲ့ ဆိပ်ကမ်းတွေ အပြန်အလှန် သွားရောက် လည်ပတ်ရေးတို့အတွက် လုပ်ငန်းအဖွဲ့စည်းဝေးပွဲ ကျင်းပတာ၊ ပူးတွဲ ကင်းလှည့်တာ၊ ပူးတွဲ စစ်ရေးလေ့ကျင့်တာ၊ သင်တန်းတွေ ပူးတွဲကျင်းပတာနဲ့ ရေကြောင်းနယ်နိမိတ် တိုင်းထွာရေးဆိုင်ရာ ကိစ္စတွေကို ပူးတွဲ လုပ်ဆောင်တွေ ပုံမှန် ကျင်းပလေ့ရှိကြောင်း အိန္ဒိယရေတပ်အရာရှိပြောတာကို ကိုးကားပြီး အိန္ဒိယသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

အိန္ဒိယရေတပ်ဦးစီးချုပ် Karambir Singh ဟာ နေပြည်တော်မှာရှိတဲ့ စစ်သင်တန်းကျောင်းကို သွားရောက် လည်ပတ်တာအပြင် ရန်ကုန်က မြန်မာ့ရေတပ် သင်္ဘောကျင်းကိုလည်း သွားရောက်လည်ပတ်မယ်ဖို့ ရှိတယ်လို့ ဆိုပါတယ်

ဒေသတွင်း လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ဖော်ဆောင်နေတဲ့ အိန္ဒိယအစိုးရရဲ့ မူဝါဒတွေနဲ့အညီ အိန္ဒိယဟာ စစ်တွေ ရေနက်စီမံကိန်းကိုလည်း တည်ဆောက်နေပြီး အဲဒီမှာ အထူးစီးပွားရေးဇုံ တည်ဆောက်ဖို့လည်း ရှိနေပါတယ်။

စစ်တွေရေနက်စီမံကိန်းဟာ အိန္ဒိယက အကောင်အထည်ဖော်နေတဲ့ ကုလားဒန်မြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ တစိတ် အဒေသလည်းဖြစ်တဲ့အပြင် ဒီစီမံကိန်းပြီးဆုံးသွားရင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေဆိပ်ကမ်းကနေ အိန္ဒိယနဲ့ ရေကြောင်းအရ တိုက်ရိုက် ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံတွေက လာရောက် ရင်းနှီးမြုပ်နှံကြတဲ့အထဲ အိန္ဒိယဟာ နံပတ် ၁၁ မှာ ရှိနေပြီး ရင်းနှီးမြုပ်နှံတဲ့ ငွေကြေးပမာဏကတော့ အမေရိကန်ဒေါ်လာ ၇၆၃ သန်းခွဲကျော် ရှိပါတယ်။

XS
SM
MD
LG