သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယမွာ ႏုိင္ငံသားဥပေဒကုိ ဆႏၵျပေနခ်ိန္ တည္ၿငိမ္မႈရွိဖုိ႔ ၀န္ႀကီးခ်ဳပ္ေတာင္းဆုိ


၀န္ႀကီးခ်ဳပ္ Narendra Modi (သတင္းဓါတ္ပံု-ဇြန္လ ၊၂၀၁၉)

(Zawgyi/Unicode)

အိႏၵိယ ႏုိင္ငံရဲ႕ ႏုိင္ငံသားျဖစ္မႈဆိုင္ရာ ဥပေဒသစ္ကို ဆန္႔က်င္ ဆႏၵျပပြဲေတြ ျဖစ္ေနခ်ိန္မွာဘဲ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ရွိၾကဖို႔ ၀န္ႀကီးခ်ဳပ္ Narendra Modi က ပန္ၾကားလိုက္ပါတယ္။ အိႏၵိယရဲ႕ ႏုိင္ငံသား ျဖစ္မႈဆိုင္ရာ ဥပေဒဟာ ဆိုရင္ ၀န္ႀကီးခ်ဳပ္ မိုဒီရဲ႕ Bharatiya Janata ပါတီရဲ႕ မြတ္ဆလင္ေတြကို ဆန္႔က်င္ၿပီး ဟိႏၵဴ ဦးစားေပးေရး အစီအစဥ္ တစိတ္တပိုင္း ျဖစ္တယ္လို႔ ေ၀ဖန္ခံေနရတာ ျဖစ္ပါတယ္။ Mumbai, Chennai , Bengaluru တို႔က ေကာလိပ္ ေက်ာင္းသားေတြ တနလာၤေန႔က လမ္းေပၚထြက္ ဆႏၵျပၾကပါတယ္။

ၿမိဳ႕ေတာ္ နယူးေဒလီက တကၠသိုလ္ တခုထဲကို ရဲတပ္ဖြဲ႔က အင္အားသံုး ၀င္ေရာက္ခဲ႔ၿပီး မ်က္ရည္ယိုဗံုးနဲ႔ ၿဖိဳခြဲတာေၾကာင့္ ဒါဇင္နဲ႔ခ်ီတဲ႔ ေက်ာင္းသားေတြ ဒဏ္ရာရခဲ႔ၿပီး ေနာက္တေန႔မွာဘဲ ေကာလိပ္ေက်ာင္းသားေတြ ဆႏၵျပၾကတာပါ။ အခု ဥပေဒသစ္ေၾကာင့္ ေဒသတြင္းမွာ ေသာင္းနဲ႔ခ်ီတဲ႔ ဟိႏၵဴေရႊ႕ေျပာင္းေတြကို အေျခခ်ခြင့္ေပးမယ့္ အေရး စိုးရိမ္ခ်က္နဲ႔ ႏုိင္ငံ အေရွ႕ေျမာက္ပိုင္း ျပည္နယ္ေတြမွာ ဆႏၵျပသူမႈေတြ ျပင္းထန္ေနတာနဲ႔ အတူဘဲ အတိုက္အခံ ပါတီ ေခါင္းေဆာင္ေတြက ျပည္နယ္ အေတာ္မ်ားမ်ားမွာ ဆႏၵျပပြဲေတြ လုပ္ေနၾကပါတယ္။

အခု အိႏၵိယရဲ႕ ႏုိင္ငံသား ျဖစ္ခြင့္ ဥပေဒအရ အာဖဂန္နစၥတန္၊ ဘဂၤလားေဒရွ္႕၊ ပါကစၥတန္တို႔မွာ ဘာသာေရး အရ လူနည္းစု ျဖစ္ၿပီး ဖိႏွိပ္မႈနဲ႔ ရင္ဆိုင္ေနရတဲ႔ ဟိႏၵဴ၊ ဆစ္ခ္၊ ခရစ္ယာန္ ဘာသာ၀င္ေတြ အိႏၵိယ ႏုိင္ငံသား လုပ္ငန္းစဥ္ ပိုၿပီး ျမန္ဆန္သြားေစမွာ ျဖစ္ေပမယ့္ မြတ္ဆလင္ေတြ ေတာ့ မပါပါဘူး။

အိႏၵိယ အစိုးရကေတာ့ ဘာသာေရး အရ ဘက္လိုက္တာ မဟုတ္ဘူးလို႔ ျငင္းဆိုၿပီး အစၥလာမ္ တိုင္းျပည္ေတြမွာ မြတ္ဆလင္ေတြက လူနည္းစု မဟုတ္တာေၾကာင့္ အခုလို ခ်န္လွပ္ရတာ ျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

အိန္ဒိယမှာ နိုင်ငံသားဥပဒေကို ဆန္ဒပြနေချိန် တည်ငြိမ်မှုရှိဖို့ ဝန်ကြီးချုပ်တောင်းဆို

(Unicode)

အိန္ဒိယ နိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေသစ်ကို ဆန့်ကျင် ဆန္ဒပြပွဲတွေ ဖြစ်နေချိန်မှာဘဲ ငြိမ်းငြိမ်းချမ်းချမ်း ရှိကြဖို့ ဝန်ကြီးချုပ် Narendra Modi က ပန်ကြားလိုက်ပါတယ်။ အိန္ဒိယရဲ့ နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေဟာ ဆိုရင် ဝန်ကြီးချုပ် မိုဒီရဲ့ Bharatiya Janata ပါတီရဲ့ မွတ်ဆလင်တွေကို ဆန့်ကျင်ပြီး ဟိန္ဒူ ဦးစားပေးရေး အစီအစဉ် တစိတ်တပိုင်း ဖြစ်တယ်လို့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ Mumbai, Chennai , Bengaluru တို့က ကောလိပ် ကျောင်းသားတွေ တနလာၤနေ့က လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။

မြို့တော် နယူးဒေလီက တက္ကသိုလ် တခုထဲကို ရဲတပ်ဖွဲ့က အင်အားသုံး ဝင်ရောက်ခဲ့ပြီး မျက်ရည်ယိုဗုံးနဲ့ ဖြိုခွဲတာကြောင့် ဒါဇင်နဲ့ချီတဲ့ ကျောင်းသားတွေ ဒဏ်ရာရခဲ့ပြီး နောက်တနေ့မှာဘဲ ကောလိပ်ကျောင်းသားတွေ ဆန္ဒပြကြတာပါ။ အခု ဥပဒေသစ်ကြောင့် ဒေသတွင်းမှာ သောင်းနဲ့ချီတဲ့ ဟိန္ဒူရွှေ့ပြောင်းတွေကို အခြေချခွင့်ပေးမယ့် အရေး စိုးရိမ်ချက်နဲ့ နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ ဆန္ဒပြသူမှုတွေ ပြင်းထန်နေတာနဲ့ အတူဘဲ အတိုက်အခံ ပါတီ ခေါင်းဆောင်တွေက ပြည်နယ် အတော်များများမှာ ဆန္ဒပြပွဲတွေ လုပ်နေကြပါတယ်။

အခု အိန္ဒိယရဲ့ နိုင်ငံသား ဖြစ်ခွင့် ဥပဒေအရ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေရှ့်၊ ပါကစ္စတန်တို့မှာ ဘာသာရေး အရ လူနည်းစု ဖြစ်ပြီး ဖိနှိပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဟိန္ဒူ၊ ဆစ်ခ်၊ ခရစ်ယာန် ဘာသာဝင်တွေ အိန္ဒိယ နိုင်ငံသား လုပ်ငန်းစဉ် ပိုပြီး မြန်ဆန်သွားစေမှာ ဖြစ်ပေမယ့် မွတ်ဆလင်တွေ တော့ မပါပါဘူး။

အိန္ဒိယ အစိုးရကတော့ ဘာသာရေး အရ ဘက်လိုက်တာ မဟုတ်ဘူးလို့ ငြင်းဆိုပြီး အစ္စလာမ် တိုင်းပြည်တွေမှာ မွတ်ဆလင်တွေက လူနည်းစု မဟုတ်တာကြောင့် အခုလို ချန်လှပ်ရတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG