သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယဆႏၵျပမႈ ႏွိမ္နင္း လူ ၆ ဦးထက္မနည္း ေသဆံုး


အိႏၵိယႏုိင္ငံသားျဖစ္ခြင့္ ဥပေဒမူၾကမ္းကို ဆန္႔က်င္ ဆႏၵျပေနသူမ်ား။

(Zawgyi / Unicode)

အိႏၵိယႏိုင္ငံမွာ ႏိုင္ငံသားျဖစ္ခြင့္ ဥပေဒမူၾကမ္းအသစ္ကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြ ျပင္းျပင္းထန္ထန္ ဆက္တိုက္ျဖစ္ေပၚေနၿပီး ဒီကေန႔အထိ ေသဆုံးသူ ၆ ဦးရွိၿပီလို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ေဒသတြင္း မတည္ၿငိမ္တဲ့ အေျခအေနေတြကို ထိန္းခ်ဳပ္ဖို႔ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားသလို ညမထြက္ရအမိန႔္လည္း ထုတ္ျပန္ထားပါတယ္။

အာသံျပည္နယ္ Guwahati ၿမိဳ႕မွာ အေျခအေနေတြ ဆက္လက္တင္းမာေနသလို လုံၿခဳံေရးကိုလည္း တင္းက်ပ္ထားပါတယ္။ ဒီကေန႔ တနဂၤေႏြ Guwahati ၿမိဳ႕ဆႏၵျပပြဲေတြမွာ လူ ၅၀၀၀ ေက်ာ္ပါဝင္ခဲ့ၿပီး အာသံျပည္နယ္ အဓြန႔္ရွည္ပါေစလို႔ ေရးထားတဲ့ စာတန္းေတြကိုင္ သီခ်င္းေတြသီဆို ဆႏၵျပခဲ့ၾကတာပါ။

ေအာက္လႊတ္ေတာ္က တနလၤာေန႔မွာ အတည္ျပဳလိုက္တဲ့ ႏိုင္ငံသားျဖစ္ခြင့္ ဥပေဒမူၾကမ္းသစ္ကို အိႏၵိယ အထက္လႊတ္ေတာ္က ေထာက္ခံမဲ ၁၂၅ မဲ၊ ကန႔္ကြက္မဲ ၁၀၅ မဲနဲ႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကပဲ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

ဒီ ႏိုင္ငံသားျဖစ္ခြင့္ ဥပေဒသစ္အရ ဘာသာေရးဖိႏွိပ္မႈေတြေၾကာင့္ ပါကစၥတန္၊ အာဖဂန္နစၥတန္နဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံေတြကေန အိႏၵိယကို ၂၀၁၄ ဒီဇင္ဘာ ၃၁ ရက္မတိုင္ခင္ ထြက္ေျပးဝင္ေရာက္လာသူ မြတ္စလင္ဘာသာဝင္ မဟုတ္သူေတြသာ အက်ဳံးဝင္မွာ ျဖစ္ပါတယ္။

ဒီမူၾကမ္းကို အိႏၵိယသမၼတက လက္မွတ္ေရးထိုးၿပီးရင္ေတာ့ ဥပေဒအျဖစ္ တရားဝင္ အတည္ျဖစ္လာမွာပါ။ ႏိုင္ငံသားျဖစ္ခြင့္ ဥပေဒမူၾကမ္းကိုေတာ့ ၿပီးခဲ့တဲ့ ေမလမွာ ျပန္ၿပီးအေရြးခံခဲ့ရတဲ့ ဝန္ႀကီးခ်ဳပ္ Narendra Modi ရဲ႕ ဟိႏၵဴလက္ဝဲဝါဒီအစိုးရက ဦးေဆာင္ တင္သြြင္းခဲ့တာပါ။

ဝန္ႀကီးခ်ဳပ္ Narendra Modi ရဲ႕ ဟိႏၵဴ အမ်ိဳးသားေရး မူဝါဒကို အသားေပးထားတဲ့ ဒီဥပေဒၾကမ္းက အိႏၵိယမွာရွိတဲ့ မြတ္စလင္ သန္း ၂၀၀ ေလာက္ကို ခြဲျခားဖိႏွိပ္ ဆက္ဆံရာေရာက္တယ္လို႔ အတိုက္အခံေတြ၊ အစၥလာမၼစ္ အဖြဲ႔ေတြနဲ႔ လက္ယာစြန္းေတြက စြပ္စြဲေျပာဆိုပါတယ္။ ဝန္ႀကီးခ်ဳပ္ Modi ကေတာ့ ဒီစြပ္စြဲခ်က္ေတြကို ျငင္းဆန္ပါတယ္။

--------------------------------

(Unicode)

အိန္ဒိယဆန္ဒပြမှု နှိမ်နင်း လူ ၆ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် ဥပဒေမူကြမ်းအသစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြင်းပြင်းထန်ထန် ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒီကနေ့အထိ သေဆုံးသူ ၆ ဦးရှိပြီလို့ အာဏာပိုင်တွေကပြောပါတယ်။

ဒေသတွင်း မတည်ငြိမ်တဲ့ အခြေအနေတွေကို ထိန်းချုပ်ဖို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားပါတယ်။

အာသံပြည်နယ် Guwahati မြို့မှာ အခြေအနေတွေ ဆက်လက်တင်းမာနေသလို လုံခြုံရေးကိုလည်း တင်းကျပ်ထားပါတယ်။ ဒီကနေ့ တနင်္ဂနွေ Guwahati မြို့ဆန္ဒပြပွဲတွေမှာ လူ ၅၀၀၀ ကျော်ပါဝင်ခဲ့ပြီး အာသံပြည်နယ် အဓွန့်ရှည်ပါစေလို့ ရေးထားတဲ့ စာတန်းတွေကိုင် သီချင်းတွေသီဆို ဆန္ဒပြခဲ့ကြတာပါ။

အောက်လွှတ်တော်က တနင်္လာနေ့မှာ အတည်ပြုလိုက်တဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေမူကြမ်းသစ်ကို အိန္ဒိယ အထက်လွှတ်တော်က ထောက်ခံမဲ ၁၂၅ မဲ၊ ကန့်ကွက်မဲ ၁၀၅ မဲနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီ နိုင်ငံသားဖြစ်ခွင့် ဥပဒေသစ်အရ ဘာသာရေးဖိနှိပ်မှုတွေကြောင့် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ အိန္ဒိယကို ၂၀၁၄ ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် ထွက်ပြေးဝင်ရောက်လာသူ မွတ်စလင်ဘာသာဝင် မဟုတ်သူတွေသာ အကျုံးဝင်မှာ ဖြစ်ပါတယ်။

ဒီမူကြမ်းကို အိန္ဒိယသမ္မတက လက်မှတ်ရေးထိုးပြီးရင်တော့ ဥပဒေအဖြစ် တရားဝင် အတည်ဖြစ်လာမှာပါ။ နိုင်ငံသားဖြစ်ခွင့် ဥပဒေမူကြမ်းကိုတော့ ပြီးခဲ့တဲ့ မေလမှာ ပြန်ပြီးအရွေးခံခဲ့ရတဲ့ ဝန်ကြီးချုပ် Narendra Modi ရဲ့ ဟိန္ဒူလက်ဝဲဝါဒီအစိုးရက ဦးဆောင် တင်သွင်းခဲ့တာပါ။

ဝန်ကြီးချုပ် Narendra Modi ရဲ့ ဟိန္ဒူ အမျိုးသားရေး မူဝါဒကို အသားပေးထားတဲ့ ဒီဥပဒေကြမ်းက အိန္ဒိယမှာရှိတဲ့ မွတ်စလင် သန်း ၂၀၀ လောက်ကို ခွဲခြားဖိနှိပ် ဆက်ဆံရာရောက်တယ်လို့ အတိုက်အခံတွေ၊ အစ္စလာမ္မစ် အဖွဲ့တွေနဲ့ လက်ယာစွန်းတွေက စွပ်စွဲပြောဆိုပါတယ်။ ဝန်ကြီးချုပ် Modi ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG