သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းအတွက် အိန္ဒိယ အိမ် ၂၀၀ ကျော်လှူဒါန်း


အမေရိကန်ဒေါ်လာ ၂၅ သန်း တန်ဖိုးရှိမယ့် ငါးနှစ်ကြာ အထောက်အကူပေးရေး အစီအစဉ်ဖြစ်တဲ့ RSDP ခေါ် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်အရ အိန္ဒိယနိုင်ငံက ဆောက်လုပ်ပေးမယ်လို့ သဘောတူထားတဲ့ နေအိမ်အလုံးပေါင်း ၂၅၀ အနက် ကျန်ရှိနေတဲ့ နေအိမ်ပေါင်း ၂၀၀ ကျော်ကို မြန်မာနိုင်ငံကို ဒီကနေ့ အင်္ဂါနေ့မှာ လွှဲပြောင်းအပ်နှံပေးမယ်လို့ အိန္ဒိယက ပြောပါတယ်။ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖန်တီးနိုင်ဖို့ ရေရှည်ခံမယ့်အဖြေရှာရာမှာ ရှေ့ပြေးအစီအစဉ်အရ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကျေးရွာ ၃ ရွာတို့မှာ ဆောက်လုပ်ပေးထားတဲ့ နေအိမ် ၂၅၀ ကို အခုလို ပေးအပ်မှာ ဖြစ်ပါတယ်။

နေအိမ် ၂၅၀ လုံးကို ဆောက်လုပ်ပြီးစီးပြီဖြစ်ပြီး ၂၀၁၈ ဒီဇင်ဘာလက မြန်မာနိုင်ငံကို ရောက်ရှိစဉ် အိန္ဒိယသမ္မတ Shri Ram Nath Kobind က မြန်မာနိုင်ငံ ၄ ရက်ကြာ ခရီးစဉ်အတွင်း ပထမအလုံးပေါင်း ၅၀ ကို လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ကျန်ရှိတဲ့နေအိမ်တွေကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Saruabh Kumar က ဒီကနေ့ အင်္ဂါနေ့မှာ လွှဲပြောင်းပေးဖို့ ရှိပါတယ်။ ဒီအခမ်းအနားကို မြန်မာဝန်ကြီးတွေ တက်ရောက်ဖို့ ရှိပါတယ်။ ဒီနေအိမ်တွေဟာ မြေငလျင်ဒဏ်နဲ့ ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံနိုင်ရည်ရှိတဲ့အပြင် သံချေးမတက်ဘဲ ရေစိုဒဏ်ကိုလည်း ခံနိုင်မှာဖြစ်ပါတယ်။

ဒီစီမံကိန်းကို အိန္ဒိယကော်မတီတို့ဖြစ်တဲ့ Hindustan Prefab Limited - Enartech Limited တို့က တာဝန်ယူ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ နှောင်းပိုင်းက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်ကို အိန္ဒိယက လက်မှတ်ရေးထိုးခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ အိုးအိမ်မဲ့ဖြစ်နေကြသူတွေအတွက် နေအိမ်တွေဆောက်လုပ်ပေးရာမှာ ကူညီဖို့ ပါဝင်ပါတယ ်။ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော်တို့ဟာ ၂၀၁၇ သြဂုတ်လက မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

ရခိုင်မြောက်ပိုင်းအတွက် အိန္ဒိယ အိမ် ၂၀၀ ကျော်လှူဒါန်း
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG