ဒုက္ခသည်တွေအတွက် အိန္ဒိယအစိုးရ အိမ်ယာအကူအညီ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွါထွက်သွားသူတွေ မြန်မာနိုင်ငံဘက် ပြန်လာတဲ့အခါနေထိုင်ဖို့အတွက် အသင့်ဆောက်လုပ်ပြီးသား အိမ်ခြေ ၂၅၀ ကို အိန္ဒိယအစိုးရက ရခိုင်ပြည်နယ် မောင်တောမှာ မြန်မာအစိုးရကို မနေ့က ပေးအပ်ခဲ့ပါတယ်။ ဒီအကူအညီတွေဟာ ဒုက္ခသည်အားလုံးအတွက်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုက္ခသည်တွေရဲ့ အမြင်သဘောထားတွေနဲ့ Reuters သတင်းတပုဒ်ကို အခြေခံပြီး ကိုအောင်အောင်တင်ပြထားပါတယ်။