သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားဖြစ်မှုဥပဒေသစ် ကန့်ကွက်ပွဲ အိန္ဒိယမှာ ပြင်းထန်ဆဲ


(Zawgyi/Unicode)

အိန္ဒိယ နိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေက မွတ်ဆလင်တွေကို အိန္ဒိယ နိုင်ငံသား ဖြစ်ရေးကို တားဆီးထားတဲ့ ဥပဒေသစ်ကို နိုင်ငံတဝန်းမှာ အင်္ဂါနေ့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ မြို့တော် နယူးဒေလီမှာတော့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ထိပ်တိုက်တွေ့ခဲ့ကြပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးခဲ့သလို တဘက်နဲ့ တဘက် ကျောက်ခဲတွေနဲ့လည်း ပစ်ပေါက်ခဲ့ကြပါတယ်။

မွတ်ဆလင် အများစု ဖြစ်တဲ့ ဘင်္ဂလားဒေရှ့်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ကနေ တရားမဝင် ဝင်ရောက်လာကြတဲ့ ဟိန္ဒူ၊ ခရစ်ယာန်နဲ့ တခြား ဘာသာရေး အရ လူနည်းစု ဖြစ်နေကြသူတွေ အတွက်တော့ အခု ဥပဒေသစ် အရ နိုင်ငံသား ဖြစ်ရေး ပိုပြီး မြန်ဆန်သွားစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဥပဒေထဲမှာ မွတ်ဆလင်တွေ အကြုံးမဝင်တာကြောင့် နိုင်ငံတဝန်း ဆန့်ကျင် ဆန္ဒပြပွဲတွေ မတည်ငြိမ်မှုတွေ ပေါ်ပေါက် ခဲ့တာပါ။ နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေ ပြင်ဆင်ချက် အက်ကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာဘဲ လွှတ်တော် ၂ ရပ်လုံးမှာ ထောက်ခံမဲ အပြတ်အသတ်နဲ့ အတည်ပြုခဲ့တာပါ။

အိန္ဒိယ နိုင်ငံရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းက ဟိန္ဒူဘာသာဝင်တွေ ဖြစ်ပြီး မွတ်ဆလင်က ၁၄ ရာခိုင်နှုန်း ရှိတာကြောင့် မွတ်ဆလင် ဦးရေး သန်း ၂၀၀ နဲ့ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ မွတ်ဆလင် လူဦးရေ အများဆုံး နိုင်ငံတခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက နယူးဒေလီမြို့တော်က Jamia Millia Islamia တက္ကသိုလ်မှာ ရဲတပ်ဖွဲ့က ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ထွက်လာပြီးနောက်ပိုင်း အစိုးရကို ဆန္ဒပြသူတွေ ပိုပြီး ဒေါသ ထွက်ခဲ့ကြတာပါ။

တက္ကသိုလ်ဝင်းထဲကို ရဲတပ်ဖွဲ့က ဝင်ရောက်ပြီး ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲ့ လူစုခွဲတာမှာ အနည်းဆုံး လူ ၁၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖဲ့ွက ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်က လိမ်ညာပြောဆိုတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောဆိုထားပါတယ်။ ဝန်ကြီးချုပ် Narendra Modi ကတော့ အခု ဥပဒေသစ်က လူသားချင်း စာနာထောက်ထားမှု အခြေခံနဲ့ ဆောင်ရွက်တာလို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)





XS
SM
MD
LG