သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယဆႏၵျပပြဲ မြတ္စလင္အမ်ဳိးသမီးေတြ တက္ႂကြ


အိႏၵိယ ႏုိင္ငံသားျဖစ္ခြင့္ ဥပေဒကုိ ဆန္႔က်င္ဆႏၵျပပြဲအတြင္း ပါဝင္ေနသည့္ အမ်ဳိးသမီးမ်ား။ (ဒီဇင္ဘာ ၂၂၊ ၂၀၁၉)

(Zawgyi / Unicode)

အိမ္နီးခ်င္းႏုိင္ငံေတြက ဝင္ေရာက္လာသူ လူနည္းစုေတြကို ႏုိင္ငံသားအျဖစ္ ခြင့္ျပဳေရးကိစၥမွာ ဘာသာေရးအရ ခြဲျခားမႈရွိေနတယ္ဆိုတဲ့ အစိုးရဥပေဒသစ္ကို ဆန္႔က်င္ ကန္႔ကြက္ေနၾကတဲ့ သူေတြထဲမွာ အမ်ဳိးသမီးေတြလည္း တက္တက္ႂကြႂကြ ပါဝင္ေနၾကပါတယ္။

မြတ္စလင္ေတြမွအပ က်န္တဲ့ဘာသာဝင္ေတြကုိသာ ႏုိင္ငံသားအျဖစ္ လက္ခံတာဟာ တရားမွ်တမႈ မရွိဘူးလို႔ နယူးေဒလီၿမဳိ႕ Jamia Millia အစၥလာမ္တကၠသိုလ္ ေက်ာင္းသူတဦးက ေျပာပါတယ္။

အနက္ေရာင္ဝတ္စုံ ၿခဳံထားတဲ့ အဆုိပါေက်ာင္းသူက အစုိးရရဲ႕ ဒီလုပ္ရပ္ဟာ အိႏိၵယႏိုင္ငံရဲ႕ အေျခခံအေဆာက္အဦကို ဖ်က္ဆီးေနတယ္လို႔လည္း ဆိုပါတယ္။

ဆႏၵျပပြဲမွာ မြတ္စလင္အမ်ဳိးသမီး အမ်ားအျပား ပါဝင္ျခင္းဟာ ထူးျခားမႈတရပ္ျဖစ္ၿပီး အစဥ္အလာအားျဖင့္ ဒီအမ်ဳိးသမီးေတြဟာ လူစုလူေဝးကို ေရွာင္ၾကဥ္ၿပီး အိမ္တြင္းမွာသာ ေနေလ့ရွိတာပါ။

အိႏိၵယရဲ႕ ဥပေဒသစ္က သူတို႔ကို ဒုတိယတန္းစား ႏိုင္ငံသားအဆင့္ကို က်ေရာက္ေစမယ္ဆိုတဲ့ စိုးရိမ္စိတ္ေၾကာင့္ သူတို႔ အခုလို လမ္းေပၚထြက္ ဆႏၵျပလာတာ ျဖစ္ပါတယ္။

ေခါင္းစည္းပုဝါၿခဳံထားတဲ့ တကၠသိုလ္ေက်ာင္းသူ အမ်ားအျပားဟာ ဒီဆႏၵျပပြဲ စတင္ျဖစ္ပြားခ်ိန္ကစၿပီး အမ်ဳိးသားေတြနဲ႔အတူ ရင္ေဘာင္တန္း ပါဝင္ခဲ့တာျဖစ္ၿပီး အနည္းဆုံး ေက်ာင္းသူ ေက်ာင္းသား ၂၀၀ ေလာက္ ထိခုိက္ဒဏ္ရာရခဲ့ၿပီ ျဖစ္ေပမယ့္ ရဲေတြကေတာ့ သူတို႔ဟာ အင္အားကို မသုံးမျဖစ္တဲ့ အေျခအေနမွာ သုံးလုိက္ရတာ ျဖစ္တယ္လုိ႔ ေျပာပါတယ္။

----------------------------------

(Unicode)

အိန္ဒိယဆန္ဒပြပွဲ မွတ်စလင်အမျိုးသမီးတွေ တက်ကြွ

အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်လာသူ လူနည်းစုတွေကို နိုင်ငံသားအဖြစ် ခွင့်ပြုရေးကိစ္စမှာ ဘာသာရေးအရ ခွဲခြားမှုရှိနေတယ်ဆိုတဲ့ အစိုးရဥပဒေသစ်ကို ဆန့်ကျင် ကန့်ကွက်နေကြတဲ့ သူတွေထဲမှာ အမျိုးသမီးတွေလည်း တက်တက်ကြွကြွ ပါဝင်နေကြပါတယ်။

မွတ်စလင်တွေမှအပ ကျန်တဲ့ဘာသာဝင်တွေကိုသာ နိုင်ငံသားအဖြစ် လက်ခံတာဟာ တရားမျှတမှု မရှိဘူးလို့ နယူးဒေလီမြို့ Jamia Millia အစ္စလာမ်တက္ကသိုလ် ကျောင်းသူတဦးက ပြောပါတယ်။

အနက်ရောင်ဝတ်စုံ ခြုံထားတဲ့ အဆိုပါကျောင်းသူက အစိုးရရဲ့ ဒီလုပ်ရပ်ဟာ အိန္ဒိယနိုင်ငံရဲ့ အခြေခံအဆောက်အဦကို ဖျက်ဆီးနေတယ်လို့လည်း ဆိုပါတယ်။

ဆန္ဒပြပွဲမှာ မွတ်စလင်အမျိုးသမီး အများအပြား ပါဝင်ခြင်းဟာ ထူးခြားမှုတရပ်ဖြစ်ပြီး အစဉ်အလာအားဖြင့် ဒီအမျိုးသမီးတွေဟာ လူစုလူဝေးကို ရှောင်ကြဉ်ပြီး အိမ်တွင်းမှာသာ နေလေ့ရှိတာပါ။

အိန္ဒိယရဲ့ ဥပဒေသစ်က သူတို့ကို ဒုတိယတန်းစား နိုင်ငံသားအဆင့်ကို ကျရောက်စေမယ်ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် သူတို့ အခုလို လမ်းပေါ်ထွက် ဆန္ဒပြလာတာ ဖြစ်ပါတယ်။

ခေါင်းစည်းပုဝါခြုံထားတဲ့ တက္ကသိုလ်ကျောင်းသူ အများအပြားဟာ ဒီဆန္ဒပြပွဲ စတင်ဖြစ်ပွားချိန်ကစပြီး အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်း ပါဝင်ခဲ့တာဖြစ်ပြီး အနည်းဆုံး ကျောင်းသူ ကျောင်းသား ၂၀၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပြီ ဖြစ်ပေမယ့် ရဲတွေကတော့ သူတို့ဟာ အင်အားကို မသုံးမဖြစ်တဲ့ အခြေအနေမှာ သုံးလိုက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG