သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဆန္ဒပြပွဲ ရဲပစ်ခတ်လို့ သေဆုံးမှုရှိ


အိန္ဒိယ ဆန္ဒပြပွဲ
အိန္ဒိယ ဆန္ဒပြပွဲ

(Zawgyi/Unicode)

အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေမူကြမ်း အပေါ် အိန္ဒိယနိုင်ငံတဝှမ်း မကျေမနပ်ဆန္ဒပြပွဲတွေ ဆက်တိုက်ပေါ်ပေါက်နေပြီး ဆန္ဒပြပွဲတွေကို ရဲကနှိမ်နှင်းတာမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတယောက်က ကြာသပတေးနေ့ကပြောပါတယ်။

သေဆုံးသူ ၂ ဦးက အိန္ဒိယ တောင်ပိုင်း Mangalore မြို့ဆန္ဒပြပွဲတွေ အတွင်း ရဲက ပစ်ခတ်ခဲ့တာပါ။ Mangalore မြို့မှာ အခု ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို ကျောင်းတွေနဲ့ စားသောက်ဆိုင်တွေ လည်းပိတ်ထားရပါတယ်။ ပဋိပက္ခတွေ အတွင်း ဒဏ်ရာရသူ နောက်ထပ် ၄ ယောက်ကို Mangalore မြို့ဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ ဒေသန္တရ ဆရာဝန်တဦး ကပြောပါတယ်။

Uttar Pradesh မြို့မှာ ဒဏ်ရာရသူ တဦးလည်း ဆေးရုံမှာသေဆုံးတယ်လို့ ဆေးရုံသတင်း ရင်းမြစ်က AFP သတင်းဌာနကို ပြောပေမဲ့ ဒါကိုတော့ ရဲက အတည်မပြုပါဘူး။ ချီတက် ဆန္ဒပြသူ ၂၀၀ လောက်ကို ရဲက မျက်ရည်ယိုဗုံးသုံး ဖြိုခွဲဖို့ ကြိုးစားပြီးနောက် ဆန္ဒပြလူအုပ်ကြီးက ရပ်တန့်ဖို့ငြင်းဆန်တဲ့ အတွက် ရဲက သေနတ်နဲ့ ပစ်တာလို့လည်း သူကပြောပါတယ်။ Uttar Pradesh, Gujaratနဲ့ Karnataka ပြည်နယ်တွေမှာလည်း ရဲနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေဖြစ်ခဲ့ပါတယ်။

ဒီနိုင်ငံသားဖြစ်ခွင့်ဥပေဒသစ်အရ ဘာသာရေးဖိနှိပ်မှုတွေကြောင့် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ အိန္ဒိယကို တရားမဝင် ဝင်ရောက်လာသူ မွတ်ဆလင် မဟုတ်သူတွေသာ အကြုံးဝင်မှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Narendra Modi ရဲ့ ဟိန္ဒူ အမျိုးသားရေး မူဝါဒကို အသားပေးထားတဲ့ ဒီဥပဒေကြမ်းက အိန္ဒိယမှာရှိတဲ့ မွတ်ဆလင် သန်း ၂၀၀ လောက်ကို ခွဲခြားဖိနှိပ် ဆက်ဆံရာရောက်တယ်လို့ အတိုက်အခံတွေ၊ အစ္စလမ်မစ် အဖွဲ့တွေ နဲ့ လက်ယာစွန်းတွေက စွပ်စွဲပြောဆိုပါတယ်။ ဝန်ကြီးချုပ် Modi ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ပါတယ်။

အိန္ဒိယ ဆန္ဒပြပွဲ ရဲပစ်ခတ်လို့ သေဆုံးမှုရှိ
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်


...................

အိန်ဒိယ ဆန်ဒပွပှဲ ရဲပဈခတျလို့ သဆေုံးမှုရှိ

(Unicode)





ဆက်စပ်သတင်းများ ...

XS
SM
MD
LG