သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယဆႏၵျပပြဲ ေသဆံုးသူ အနည္းဆုံး ၂၃ ဦးရွိ


ေထာင္ႏွင့္ခ်ီသည့္ အိႏၵိယႏုိင္ငံသားမ်ား ပါဝင္ဆင္ႏႊဲေနသည့္ ဆႏၵျပပြဲ ျမင္ကြင္း။ (ဒီဇင္ဘာ ၂၁၊ ၂၀၁၉)

(Zawgyi / Unicode)

ဆႏၵျပပြဲေတြ မလုပ္ၾကဖုိ႔ အစုိးရက တားျမစ္ေနတဲ့ၾကားကပဲ အျငင္းပြားဖြယ္ အိႏၵိယႏုိင္ငံရဲ႕ ႏုိင္ငံသားဥပေဒသစ္ကုိ ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြ တနဂၤေႏြေန႔က ဆက္လက္ျပဳလုပ္ခဲ့ၾကပါတယ္။

သူတုိ႔ကုိဆန္႔က်င္တဲ့ ဥပေဒလုိ႔ မြတ္စလင္ေတြက ႐ႈျမင္ေနတဲ့ အဲဒီ ႏုိင္ငံသားျဖစ္ခြင့္ရွိေရးဆုိင္ရာ ဥပေဒမူၾကမ္းကုိ အိႏၵိယလႊတ္ေတာ္က အတည္ျပဳေပးခဲ့ၿပီးတဲ့ေနာက္ သီတင္းႏွစ္ပတ္နီးပါးၾကာ ျပဳလုပ္လာခဲ့တဲ့ အၾကမ္းဖက္ ဆႏၵျပပြဲေတြအတြင္း အနည္းဆုံး လူ ၂၃ ဦး ေသဆုံးခဲ့ၿပီး ျဖစ္ပါတယ္။

၀န္ႀကီးခ်ဳပ္ Narendra Modi ကလည္း သူ႔ရဲ႕ အမ်ဳိးသားေရး၀ါဒီ Bharatiya Janata ပါတီ BJP ပါတီ၀င္ေတြနဲ႔ လူထုစည္းေ၀းပြဲတခု ျပဳလုပ္ခဲ့တာမွာ ဥပေဒသစ္ကုိ ခုခံကာကြယ္ ေျပာၾကားခဲ့ၿပီး အစုိးရက ျပ႒ာန္းလုိက္တဲ့ ဥပေဒကုိ ႏုိင္ငံသားတုိင္းက ေလးစားလုိက္နာၾကဖုိ႔ တုိက္တြန္းခဲ့ပါတယ္။

အသစ္ျပ႒ာန္းလုိက္တဲ့ ႏုိင္ငံသားဥပေဒအရ မြတ္စလင္အမ်ားစု ေနထုိင္တဲ့ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္ႏုိင္ငံေတြမွာ ရွိေနစဥ္အတြင္း သူတုိ႔အေပၚ ဘာသာေရးအရ ႏွိပ္ကြပ္မႈေတြ ရွိခဲ့ေၾကာင္း သက္ေသအေထာက္အထား ျပႏုိင္ရင္ ဟိႏၵဴ၊ ခရစ္ယာန္နဲ႔ တျခား လူနည္းစု ဘာသာ၀င္ေတြ အေနနဲ႔ ႏုိင္ငံသားအျဖစ္ ေလွ်ာက္ထားခြင့္ရွိမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဥပေဒသစ္က မြတ္စလင္ေတြကုိ ထည့္သြင္း ေဖာ္ျပထားျခင္း မရွိပါဘူး။

အလိမ္အညာေတြ၊ အေၾကာက္တရားေတြ ျပန္႔ပြားေအာင္ လုပ္ေနသူေတြအေနနဲ႔ သူ႔ရဲ႕ အတိတ္ကလုပ္ရပ္ေတြကုိ ျပန္ၾကည့္ၾကေစလုိေၾကာင္း၊ တကယ္လုိ႔ အဲဒီ လုပ္ရပ္ေတြထဲမွာ ခြဲျခားဆက္ဆံတယ္ဆုိတဲ့ အေထာက္အထား ေတြ႔ခဲ့ရင္ ကမၻာကုိ ခ်ျပလုိက္ၾကပါလုိ႔ ၀န္ႀကီးခ်ဳပ္ Modi က လူထုစည္းေ၀းပြဲအတြင္း ေျပာၾကားခဲ့ပါတယ္။

-------------------------------

(Unicode)

အိန္ဒိယဆန္ဒပြပွဲ သေဆုံးသူ ၂၀ ကျော်ပြီ

ဆန္ဒပြပွဲတွေ မလုပ်ကြဖို့ အစိုးရက တားမြစ်နေတဲ့ကြားကပဲ အငြင်းပွားဖွယ် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံသားဥပဒေသစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တနင်္ဂနွေနေ့က ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

သူတို့ကိုဆန့်ကျင်တဲ့ ဥပဒေလို့ မွတ်စလင်တွေက ရှုမြင်နေတဲ့ အဲဒီ နိုင်ငံသားဖြစ်ခွင့်ရှိရေးဆိုင်ရာ ဥပဒေမူကြမ်းကို အိန္ဒိယလွှတ်တော်က အတည်ပြုပေးခဲ့ပြီးတဲ့နောက် သီတင်းနှစ်ပတ်နီးပါးကြာ ပြုလုပ်လာခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Narendra Modi ကလည်း သူ့ရဲ့ အမျိုးသားရေးဝါဒီ Bharatiya Janata ပါတီ BJP ပါတီဝင်တွေနဲ့ လူထုစည်းဝေးပွဲတခု ပြုလုပ်ခဲ့တာမှာ ဥပဒေသစ်ကို ခုခံကာကွယ် ပြောကြားခဲ့ပြီး အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကို နိုင်ငံသားတိုင်းက လေးစားလိုက်နာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံသားဥပဒေအရ မွတ်စလင်အများစု နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာ ရှိနေစဉ်အတွင်း သူတို့အပေါ် ဘာသာရေးအရ နှိပ်ကွပ်မှုတွေ ရှိခဲ့ကြောင်း သက်သေအထောက်အထား ပြနိုင်ရင် ဟိန္ဒူ၊ ခရစ်ယာန်နဲ့ တခြား လူနည်းစု ဘာသာဝင်တွေ အနေနဲ့ နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေသစ်က မွတ်စလင်တွေကို ထည့်သွင်း ဖော်ပြထားခြင်း မရှိပါဘူး။

အလိမ်အညာတွေ၊ အကြောက်တရားတွေ ပြန့်ပွားအောင် လုပ်နေသူတွေအနေနဲ့ သူ့ရဲ့ အတိတ်ကလုပ်ရပ်တွေကို ပြန်ကြည့်ကြစေလိုကြောင်း၊ တကယ်လို့ အဲဒီ လုပ်ရပ်တွေထဲမှာ ခွဲခြားဆက်ဆံတယ်ဆိုတဲ့ အထောက်အထား တွေ့ခဲ့ရင် ကမ္ဘာကို ချပြလိုက်ကြပါလို့ ဝန်ကြီးချုပ် Modi က လူထုစည်းဝေးပွဲအတွင်း ပြောကြားခဲ့ပါတယ်။

အိႏၵိယဆႏၵျပပြဲ ေသဆံုးသူ အနည္းဆုံး ၂၃ ဦးရွိ
please wait

No media source currently available

0:00 0:01:15 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG