သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယဆႏၵျပပြဲ ေသဆံုးရသူ ဦးေရပိုမ်ားလာ


Jama Masijd ဗလီတြင္ ဆႏၵျပသူမ်ား စုေ၀း

(Zawgyi/Unicode)

အိႏိၵယႏိုင္ငံမွာ မၾကာေသးခင္က ျပဌာန္းလိုက္တဲ့ ႏုိင္ငံသားျဖစ္မႈဆိုင္ရာ ဥပေဒသစ္အေပၚ ကန္႔ကြက္ဆႏၵျပပြဲေတြကို ရဲတပ္ဖြဲ႔က ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ ေသဆံုးသူ ၁၄ ေယာက္ရွိသြားၿပီျဖစ္ၿပီး ဖမ္းဆီးခံထားရသူ ၄,၀၀၀ ေက်ာ္ရွိပါၿပီ။

ပိုႀကီးထြားလာေနတဲ့ ဆႏၵျပပြဲေတြ ရပ္သြားေအာင္ ႀကိဳးစားတဲ့အေနနဲ႔ နယူးေဒလီၿမိဳ႕ေတာ္ တခ်ဳိ႕ေနရာေတြနဲ႔ တျခား ၿမိဳ႕ႀကီးေတြ မွာ လူထုစုေဝးပြဲေတြ မလုပ္ရဘူးလို႔ ရဲတပ္ဖြဲ႔က ပိတ္ပင္ထားတာ ေသာၾကာေန႔က သံုးရက္ေျမာက္သြားၿပီျဖစ္သလို အင္တာနက္ ဆက္သြယ္ေရးေတြကိုလည္း ျဖတ္ေတာက္ထားပါတယ္။

ေသာၾကာေန႔ ဝတ္ျပဳဆုေတာင္းပြဲေတြ ၿပီးတဲ့ေနာက္ အိႏိၵယႏုိင္ငံမွာ အႀကီးဆံုး ဗလီတခုျဖစ္တဲ့ နယူးေဒလီၿမိဳ႕ေတာ္က Jama Masijd ဗလီတြင္းနဲ႔ အျပင္က ေလွကားထစ္ေတြမွာ လူ ေထာင္ေပါင္းမ်ားစြာ ရပ္ၿပီး ဆႏၵျပၾကပါတယ္။

ဆႏၵျပသူေတြဟာ အိႏိၵယ အလံေတြကို ေဝွ႔ယမ္းၿပီး အစိုးရဆန္႔က်င္ေရး၊ ႏုိင္ငံသားျဖစ္မႈဥပေဒကို ဆန္႔က်င္ေရး ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ၾကပါတယ္။ ဒီဥပေဒဟာ မြတ္ဆလင္ကို ေဘးဖယ္ထုတ္ၿပီး အိႏိၵယႏုိင္ငံရဲ႕ ဘာသာေရးနဲ႔ကင္းလြတ္တဲ့ အေျခခံဥပေဒကို ၿခိမ္းေျခာက္ေနၿပီး ေတာ့ ဟိႏိၵဴႏုိင္ငံတခု ျဖစ္လာေအာင္ လုပ္တာလို႔ ေဝဖန္သူေတြက ေျပာပါတယ္။

ေသာၾကာေန႔ကပဲ နယူးေဒလီၿမိဳ႕ေတာ္က Jamia Millia Islamia တကၠသိုလ္အျပင္ဘက္မွာ လူ ၁၀,၀၀၀ ေလာက္ စုေဝး ဆႏၵျပ ပါတယ္။ အဲဒီတကၠသိုလ္မွာ ၿပီးခဲ့တဲ့သီတင္းပတ္ကုန္က ရဲတပ္ဖြဲ႔နဲ႔ ဆႏၵျပေက်ာင္းသားေတြၾကား ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့တာပါ။ ရဲ တပ္ဖြဲ႔က အင္အားအလြန္အကၽြံ သံုးတာေၾကာင့္ ေက်ာင္းသားအေတာ္မ်ားမ်ားကုိ ေဆး႐ံုပို႔လိုက္ရတယ္လုိ႔ ေက်ာင္းသားေတြက ေျပာပါတယ္။

အိႏၵိယဆႏၵျပပြဲ ေသဆံုးရသူ ဦးေရပိုမ်ားလာ
please wait

No media source currently available

0:00 0:00:58 0:00
တိုက္႐ိုက္ လင့္ခ္


...................

(Unicode)

အိန္ဒိယနိုင်ငံမှာ မကြာသေးခင်က ပြဌာန်းလိုက်တဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေသစ်အပေါ် ကန့်ကွက်ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းတာကြောင့် သေဆုံးသူ ၁၄ ယောက်ရှိသွားပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူ ၄,၀၀၀ ကျော်ရှိပါပြီ။

ပိုကြီးထွားလာနေတဲ့ ဆန္ဒပြပွဲတွေ ရပ်သွားအောင် ကြိုးစားတဲ့အနေနဲ့ နယူးဒေလီမြို့တော် တချို့နေရာတွေနဲ့ တခြား မြို့ကြီးတွေ မှာ လူထုစုဝေးပွဲတွေ မလုပ်ရဘူးလို့ ရဲတပ်ဖွဲ့က ပိတ်ပင်ထားတာ သောကြာနေ့က သုံးရက်မြောက်သွားပြီဖြစ်သလို အင်တာနက် ဆက်သွယ်ရေးတွေကိုလည်း ဖြတ်တောက်ထားပါတယ်။

သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲတွေ ပြီးတဲ့နောက် အိန္ဒိယနိုင်ငံမှာ အကြီးဆုံး ဗလီတခုဖြစ်တဲ့ နယူးဒေလီမြို့တော်က Jama Masijd ဗလီတွင်းနဲ့ အပြင်က လှေကားထစ်တွေမှာ လူ ထောင်ပေါင်းများစွာ ရပ်ပြီး ဆန္ဒပြကြပါတယ်။

ဆန္ဒပြသူတွေဟာ အိန္ဒိယ အလံတွေကို ဝှေ့ယမ်းပြီး အစိုးရဆန့်ကျင်ရေး၊ နိုင်ငံသားဖြစ်မှုဥပဒေကို ဆန့်ကျင်ရေး ကြွေးကြော်သံတွေ အော်ဟစ်ကြပါတယ်။ ဒီဥပဒေဟာ မွတ်ဆလင်ကို ဘေးဖယ်ထုတ်ပြီး အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးနဲ့ကင်းလွတ်တဲ့ အခြေခံဥပဒေကို ခြိမ်းခြောက်နေပြီး တော့ ဟိန္ဒိူနိုင်ငံတခု ဖြစ်လာအောင် လုပ်တာလို့ ဝေဖန်သူတွေက ပြောပါတယ်။

သောကြာနေ့ကပဲ နယူးဒေလီမြို့တော်က Jamia Millia Islamia တက္ကသိုလ်အပြင်ဘက်မှာ လူ ၁၀,၀၀၀ လောက် စုဝေး ဆန္ဒပြ ပါတယ်။ အဲဒီတက္ကသိုလ်မှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြကျောင်းသားတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။ ရဲ တပ်ဖွဲ့က အင်အားအလွန်အကျွံ သုံးတာကြောင့် ကျောင်းသားအတော်များများကို ဆေးရုံပို့လိုက်ရတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

XS
SM
MD
LG