သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-အိႏၵိယ မဟာဗ်ဴဟာအေရး ေဆြးေႏြး


အိႏၵိယႏိုင္ငံမွာ ႏိုင္ငံသားျဖစ္မႈဆိုင္ရာ ဥပေဒသစ္ အေပၚ ဆႏၵျပကန႔္ကြက္ပြဲေတြ အျပင္းအထန္ ျဖစ္ေနခ်ိန္မွာပဲ အေမရိကန္နဲ႔ အိႏၵိယ အဆင့္ျမင့္ တာဝန္ရွိသူေတြ ဗုဒၶဟူးေန႔က ေတြ႕ဆုံေဆြးေႏြးၾကပါတယ္။

သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ အစိုးရဟာ တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံမွာ မြတ္စလင္နဲ႔ တျခားလူနည္းစုေတြ အေပၚ ဖိႏွိပ္မႈေတြကို အျပင္းအထန္ ေဝဖန္ေျပာဆို ထားေပမယ့္ အိႏၵိယႏိုင္ငံရဲ႕ အျငင္းပြားဖြယ္ အခုဥပေဒသစ္နဲ႔ ပတ္သက္လို႔ ႏႈတ္ဆိတ္ေနဆဲပါ။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo နဲ႔ ကာကြယ္ေရးဝန္ႀကီး Mark Esper တို႔ဟာ အိႏၵိယဘက္က အလားတူ တာဝန္ရွိ ပုဂၢိဳလ္ေတြနဲ႔ မဟာဗ်ဴဟာနဲ႔ လုံၿခဳံေရးဆိုင္ရာ ေဆြးေႏြးၾကတာပါ။

တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈ ႀကီးထြားလာေနတာကို တန္ျပန္ဖို႔ သမၼတထရမ့္ပ္ အစိုးရက သူတို႔ရဲ႕ မဟာဗ်ဴဟာကို တြန္းအားေပး လုပ္ေဆာင္ေရး ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar ၊ ကာကြယ္ေရးဝန္ႀကီး Rajnath Singh တို႔နဲ႔ ေဆြးေႏြးပြဲေတြဟာ အေမရိကန္နဲ႔ အိႏၵိယအၾကား အထူးအေရးပါတဲ့ မဟာဗ်ဴေျမာက္ မိတ္ဘက္ဆက္ဆံေရး အလ်င္အျမန္ တိုးတက္လာတာကို ထင္ဟပ္ေနတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက ေျပာပါတယ္။

အိႏၵိယမွာ မၾကာေသးခင္က ျပဌာန္းလိုက္တဲ့ ႏိုင္ငံသားျဖစ္မႈဆိုင္ရာဥပေဒဟာ အိႏၵိယႏိုင္ငံရဲ႕ မြတ္စလင္လူဦးေရ သန္း ၂၀၀ ကို ေဘးဖယ္ထုတ္ဖို႔ ဟိႏၵိူအမ်ိဳးသားေရးဝါဒီ ဝန္ႀကီးခ်ဳပ္ Narenda Modi ဦးေဆာင္တဲ့အစိုးရရဲ႕ ေနာက္ဆုံးထြက္လာတဲ့ ႀကိဳးပမ္း ခ်က္ျဖစ္ၿပီး ဘာသာေရးကင္းလြတ္တဲ့ အေျခခံဥပေဒကို ခ်ိဳးေဖာက္တာျဖစ္တယ္လို႔ ေဝဖန္သူေတြက ေျပာထားပါတယ္။

ကန္-အိႏၵိယ မဟာဗ်ဴဟာအေရး ေဆြးေႏြး
please wait

No media source currently available

0:00 0:01:11 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

ကန်-အိန္ဒိယ မဟာဗျူဟာအရေး ဆွေးနွေး

အိန္ဒိယနိုင်ငံမှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေသစ် အပေါ် ဆန္ဒပြကန့်ကွက်ပွဲတွေ အပြင်းအထန် ဖြစ်နေချိန်မှာပဲ အမေရိကန်နဲ့ အိန္ဒိယ အဆင့်မြင့် တာဝန်ရှိသူတွေ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးကြပါတယ်။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အစိုးရဟာ တရုတ်နဲ့ မြန်မာနိုင်ငံမှာ မွတ်စလင်နဲ့ တခြားလူနည်းစုတွေ အပေါ် ဖိနှိပ်မှုတွေကို အပြင်းအထန် ဝေဖန်ပြောဆို ထားပေမယ့် အိန္ဒိယနိုင်ငံရဲ့ အငြင်းပွားဖွယ် အခုဥပဒေသစ်နဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေဆဲပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ကာကွယ်ရေးဝန်ကြီး Mark Esper တို့ဟာ အိန္ဒိယဘက်က အလားတူ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ မဟာဗျူဟာနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးကြတာပါ။

တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာနေတာကို တန်ပြန်ဖို့ သမ္မတထရမ့်ပ် အစိုးရက သူတို့ရဲ့ မဟာဗျူဟာကို တွန်းအားပေး လုပ်ဆောင်ရေး ကြိုးပမ်းနေတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar ၊ ကာကွယ်ရေးဝန်ကြီး Rajnath Singh တို့နဲ့ ဆွေးနွေးပွဲတွေဟာ အမေရိကန်နဲ့ အိန္ဒိယအကြား အထူးအရေးပါတဲ့ မဟာဗျူမြောက် မိတ်ဘက်ဆက်ဆံရေး အလျင်အမြန် တိုးတက်လာတာကို ထင်ဟပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

အိန္ဒိယမှာ မကြာသေးခင်က ပြဌာန်းလိုက်တဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေဟာ အိန္ဒိယနိုင်ငံရဲ့ မွတ်စလင်လူဦးရေ သန်း ၂၀၀ ကို ဘေးဖယ်ထုတ်ဖို့ ဟိန္ဒိူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် Narenda Modi ဦးဆောင်တဲ့အစိုးရရဲ့ နောက်ဆုံးထွက်လာတဲ့ ကြိုးပမ်း ချက်ဖြစ်ပြီး ဘာသာရေးကင်းလွတ်တဲ့ အခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG