သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump အိႏိၵယသြားမည္


၂၀၁၉ စက္တင္ဘာလ တုန္းက အိႏိၵယ၀န္ႀကီးခ်ဳပ္ Narendra Modi ႏွင့္ ကန္သမၼတ Trump ေတြ႔ဆံုစဥ္

(Zawgyi/Unicode)

အေမရိကန္သမၼတ Donald Trump ဟာ အခုလေႏွာင္းပုိင္းမွာ အိႏၵိယႏုိင္ငံကုိ တရား၀င္ သြားေရာက္မယ့္အေၾကာင္း သမၼတ အိမ္ျဖဴေတာ္က တနလၤာေန႔မွာ ေၾကညာလုိက္ပါတယ္။ ခရီးစဥ္အတြင္း ကုန္သြယ္ေရးနဲ႔ ကာကြယ္ေရးကိစၥရပ္ေတြ အပါအ၀င္ ႏွစ္ႏုိင္ငံ သေဘာတူ စာခ်ဳပ္ေတြကုိ ခ်ဳပ္ဆုိၾကဖုိ႔ ရွိေနပါတယ္။

သမၼတ Trump ရဲ႕ ပထမဆုံးအႀကိမ္ အိႏၵိယခရီးစဥ္အေပၚ ေဒသခံေတြက ဘယ္လုိ အျမင္ သေဘာထားေတြ ရွိၾကသလဲဆုိတဲ့ ရုိက္တာသတင္းကုိ အေျခခံၿပီး ကုိေဇာ္၀င္းလႈိင္က တင္ျပေပးထားပါတယ္။

သမၼတ Donald Trump ဟာ အိႏၵိယ၀န္ႀကီးခ်ဳပ္ Narendra Modi ရဲ႕ ဖိတ္ၾကားခ်က္အရ ေဖာ္၀ါရီလ ၂၄ ကေန ၂၅ ရက္အထိ အိႏၵိယႏုိင္ငံကုိ ၂ ရက္ၾကာ သြားေရာက္ လည္ပတ္မွာ ျဖစ္ပါတယ္။ ဒါဟာ သမၼတ Trump ၂၀၁၇ ခုႏွစ္မွာ သမၼတအျဖစ္ စတင္ တာ၀န္ထမ္းေဆာင္တဲ့အခ်ိန္ကစလုိ႔ အိႏၵိယကုိ ပထမဆုံးအႀကိမ္ သြားေရာက္မယ့္ ခရီးစဥ္ျဖစ္ပါတယ္။

ဒီခရီးစဥ္အတြင္း အေမရိကန္နဲ႔ အိႏၵိယအၾကားက ကုန္သြယ္ေရးဆုိင္ရာ သေဘာတူညီခ်က္ေတြကုိ အၿပီးသတ္ လက္မွတ္ေရးထုိးၾကမွာ ျဖစ္ပါတယ္။ အိႏၵိယကုိေပးထားတဲ့ GSP အေမရိကန္ျပည္ေထာင္စု ရဲ႕ ကုန္သြယ္ေရးအထူးအခြင့္အေရးကုိ အေမရိကန္က မႏွစ္က ျပန္ရုပ္သိမ္းလုိက္တဲ့ ဆုံးျဖတ္ခ်က္ကုိ ျပန္ျပင္ေပးဖုိ႔ အိႏၵိယက လုိလားေနပါတယ္။ အဲဒီ ဆုံးျဖတ္ခ်က္ေၾကာင့္ အိႏၵိယကုန္ပစၥည္းတန္ဖုိး အေမရိကန္ေဒၚလာ ၅.၆ ဘီလီယံ ထိခုိက္ခဲ့တယ္လုိ႔ ဆုိပါတယ္။

ဒါ့အျပင္ ဒီခရီးစဥ္အတြင္းမွာဘဲ အေမရိကန္က အိႏၵိယကုိ စစ္လက္နက္ပစၥည္းေတြ ေရာင္းခ်မယ့္ သေဘာတူညီခ်က္ကုိလည္း အၿပီးသတ္ လုပ္ေဆာင္ၾကဖုိ႔ ရွိေနပါတယ္။ သမၼတ Trump အိႏၵိယကုိသြားေရာက္မယ့္ ခရီးစဥ္ကုိ မေၾကညာခင္ ရက္ပုိင္းအလုိမွာဘဲ အိႏၵိယကုိ ေလေၾကာင္းကာကြယ္ေရးစနစ္ ေရာင္းခ်ဖုိ႔ အေမရိကန္ႏုိင္ငံျခားေရးဌာနက ခြင့္ျပဳေပးလုိက္ၿပီး ျဖစ္ပါတယ္။

ဒီခရီးစဥ္အတြင္း သမၼတ Trump ဟာ နယူးေဒလီၿမိဳ႕နဲ႔ Gujarat ျပည္နယ္၊ Ahmedabad ၿမိဳ႕တုိ႔ကုိ သြားေရာက္မွာ ျဖစ္ပါတယ္။

Gujarat ျပည္နယ္ဟာ ၀န္ႀကီးခ်ဳပ္ Narendra Modi ျပည္နယ္၀န္ႀကီးခ်ဳပ္အျဖစ္ ၂၀၀၁ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အထိ သက္တမ္း ၃ ႀကိမ္ တာ၀န္ထမ္းေဆာင္ခဲ့တဲ့ ေနရာျဖစ္တာေၾကာင့္ ၀န္ႀကီးခ်ဳပ္ Modi က ျပည္နယ္ၿမိဳ႕ေတာ္ Ahmedabad ကုိ ဖိတ္ၾကားျခင္းဟာ သမၼတ Trump ကုိ သူ႔နယ္ေျမကုိ ေခၚျပတာလည္း ျဖစ္ပါတယ္။

Ahmedabad ၿမိဳ႕မွာ Motera အားကစားကြင္းအသစ္ဖြင့္ပြဲကုိ ေခါင္းေဆာင္ ၂ ဦး တက္ေရာက္ၾကမွာျဖစ္တာေၾကာင့္ သမၼတ Trump ေရာက္လာတဲ့အခါ က်ဴးေက်ာ္ရပ္ကြက္ေတြကုိ မျမင္ရေအာင္ ေငြေၾကးအမ်ားအျပား အကုန္အက်ခံၿပီး အဲဒီ အားကစားရုံအသစ္၀န္းက်င္မွာ တံတုိင္းေတြ တည္ေဆာက္ေနပါတယ္။

ဒါေပမယ့္ အခုလုိ တံတုိင္းေဆာက္ၿပီး ေငြေၾကးအေျမာက္အမ်ား အကုန္အက်ခံေနမယ့္အစား ဆင္းရဲႏြမ္းပါးသူေတြအတြက္ ဒီေငြေတြကုိ အသုံးခ်သင့္တယ္လုိ႔ Ahmedabad ၿမိ႕ခံတဦးျဖစ္သူ Parvat Saranya က ေျပာပါတယ္။

“အစုိးရအေနနဲ႔ ေငြေတြကုိ ဆင္းရဲႏြမ္းပါးတဲ့သူေတြအတြက္ အက်ဳိးျဖစ္ေစေအာင္ အသုံးခ်သင့္ပါတယ္။ ရူပီးေထာင္ေပါင္းမ်ားစြာ အကုန္အက်ခံၿပီး ဒီအုတ္တံတုိင္းေဆာက္ဖုိ႔ အလုပ္သမားေတြ ငွားၿပီးခုိင္းရတဲ့ ရည္ရြယ္ခ်က္က ဘာလဲ။ က်ေနာ္တုိ႔ဟာ ဆင္းရဲသားေတြပါ၊ ဒီတံတုိင္းနားမွာ အစက က်ေနာ့္စီးပြားလုပ္ငန္းရွိခဲ့ပါတယ္၊ ဒါေပမယ့္ အခုေတာ့ အပိတ္ခံလုိက္ရပါၿပီ။”

အိႏၵိယအစုိးရ အဆင့္ျမင့္ အရာရွိတဦးကေတာ့ ဒီတံတုိင္းကုိ လုံၿခံဳေရးအရ တည္ေဆာက္တာျဖစ္ၿပီး က်ဴးေက်ာ္ရပ္ကြက္ေတြကုိ မေတြ႔ေစလုိတဲ့အတြက္ မဟုတ္ဘူးလုိ႔ ေျပာပါတယ္။

ဒါေပမယ့္ ဒီအုတ္တံတုိင္းကုိေဆာက္ေနတဲ့ ကန္ထရုိက္သမားကေတာ့ အားကစားရုံအသစ္ကုိ သမၼတ Trump သြားတဲ့အခါ က်ဴးေက်ာ္ရပ္ကြက္ကုိ မျမင္ေစလုိတဲ့အတြက္ ေဆာက္ေနျခင္းျဖစ္ေၾကာင္း ရုိက္တာသတင္းဌာနကုိ ေျပာၾကားခဲ့ပါတယ္။

ဘယ္လုိ အေၾကာင္းေၾကာင့္ဘဲျဖစ္ျဖစ္ မီတာ ၄၀၀ ရွည္လ်ားၿပီး ၇ ေပျမင့္တဲ့ ဒီတံတုိင္းႀကီး ေဆာက္လုိက္တာေၾကာင့္ သမၼတ Trump အေနနဲ႔ အနီးနားမွာရွိတဲ့ က်ဴးေက်ာ္ရပ္ကြက္ကုိ ျမင္ႏုိင္စရာ အေၾကာင္းမရွိေတာ့ပါဘူး။

Ahmedabad ၿမိဳ႕ေတာ္၀န္ Bijal Patel ကေတာ့ ေခါင္းေဆာင္ ၂ ဦးလာမယ့္ အားကစားကြင္းအတြင္း အတတ္ႏုိင္ဆုံး လူမ်ားမ်ားဆန္႔ႏုိင္ေအာင္ စီစဥ္ေဆာင္ရြက္ေနေၾကာင္း ေျပာပါတယ္။

“ဒီကြင္းထဲကုိ လူေပါင္း တသိန္းေက်ာ္ ေရာက္လာၾကမယ္လုိ႔ က်မတုိ႔ ေမွ်ာ္လင့္ထားပါတယ္။ တကယ္္လုိ႔ တက္မယ့္သူ အဲဒီထက္မ်ားမယ္ဆုိရင္ ထုိင္ခုံေနရာ စီစဥ္ေပးႏုိင္ဖုိ႔ က်မတုိ႔ ႀကိဳတင္ ျပင္ဆင္ထားပါတယ္။”

Ahmedabad ၿမိဳ႕က ျပတုိက္လမ္းျပတဦးျဖစ္သူ Pratimaben Vohra ကေတာ့ သမၼတ Trump သူတုိ႔ၿမိဳ႕ကုိ လာမယ့္အတြက္ ၀မ္းသာေၾကာင္း ေျပာပါတယ္။

“သမၼတ Donald Trump လာမယ္ဆုိလုိ႔ က်မတုိ႔ အရမ္း၀မ္းသာပါတယ္။ သူ႔ကုိ က်မတုိ႔ဒီမွာလုပ္တဲ့ ရုိးရာ လည္စည္းပု၀ါပတ္ခုိင္းၿပီး ေႏြးေထြးစြာ ႀကိဳဆုိၾကမွာပါ။ သူဒီကုိေရာက္လာတဲ့အခ်ိန္မွာ ဘာသာေပါင္းစုံပါတဲ့ ဆုေတာင္းပြဲတခုလုပ္ၿပီး သမၼတ Trump လည္း အဲဒီ ဆုေတာင္းပြဲကုိ တက္မွာပါ။”

Ahmedabad ၿမိဳ႕က အားကစားကြင္းအသစ္ဖြင့္ပြဲ အခမ္းအနားကုိေတာ့ Gujarat လုိ Kem Chho Trump - How Are you, Trump လုိ႔ အဓိပၸါယ္ရတဲ့ အမည္ေပးထားတယ္လုိ႔ ဆုိပါတယ္။ ဒါဟာ ၀န္ႀကီးခ်ဳပ္ Narendra Modi ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလတုန္းက အေမရိကန္ႏုိင္ငံ Texas ျပည္နယ္က Houston ၿမိဳ႕ကုိ ေရာက္ရွိစဥ္ Howdy Modi လုိ႔ ႏႈတ္ဆက္ၿပီး ႀကီးက်ယ္ ခမ္းနားစြာ ႀကိဳဆုိခဲ့တဲ့အတုိင္း သမၼတ Trump ကုိလည္း ခမ္းနားႀကီးက်ယ္စြာ ျပန္လည္ ႀကိဳဆုိေပးတာ ျဖစ္ပါတယ္။

သမၼတ Trump အိႏိၵယသြားမည္
please wait

No media source currently available

0:00 0:04:21 0:00
တိုက္႐ိုက္ လင့္ခ္


.................

သမ္မတ Trump အိန္ဒိယသွားမည်

(Unicode)

အမေရိကန်သမ္မတ Donald Trump ဟာ အခုလနှောင်းပိုင်းမှာ အိန္ဒိယနိုင်ငံကို တရားဝင် သွားရောက်မယ့်အကြောင်း သမ္မတ အိမ်ဖြူတော်က တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။ ခရီးစဉ်အတွင်း ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးကိစ္စရပ်တွေ အပါအဝင် နှစ်နိုင်ငံ သဘောတူ စာချုပ်တွေကို ချုပ်ဆိုကြဖို့ ရှိနေပါတယ်။ သမ္မတ Trump ရဲ့ ပထမဆုံးအကြိမ် အိန္ဒိယခရီးစဉ်အပေါ် ဒေသခံတွေက ဘယ်လို အမြင် သဘောထားတွေ ရှိကြသလဲဆိုတဲ့ ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

သမ္မတ Donald Trump ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဖိတ်ကြားချက်အရ ဖော်ဝါရီလ ၂၄ ကနေ ၂၅ ရက်အထိ အိန္ဒိယနိုင်ငံကို ၂ ရက်ကြာ သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတ Trump ၂၀၁၇ ခုနှစ်မှာ သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်တဲ့အချိန်ကစလို့ အိန္ဒိယကို ပထမဆုံးအကြိမ် သွားရောက်မယ့် ခရီးစဉ်ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း အမေရိကန်နဲ့ အိန္ဒိယအကြားက ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေကို အပြီးသတ် လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ အိန္ဒိယကိုပေးထားတဲ့ GSP အမေရိကန်ပြည်ထောင်စု ရဲ့ ကုန်သွယ်ရေးအထူးအခွင့်အရေးကို အမေရိကန်က မနှစ်က ပြန်ရုပ်သိမ်းလိုက်တဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးဖို့ အိန္ဒိယက လိုလားနေပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကြောင့် အိန္ဒိယကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီခရီးစဉ်အတွင်းမှာဘဲ အမေရိကန်က အိန္ဒိယကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချမယ့် သဘောတူညီချက်ကိုလည်း အပြီးသတ် လုပ်ဆောင်ကြဖို့ ရှိနေပါတယ်။ သမ္မတ Trump အိန္ဒိယကိုသွားရောက်မယ့် ခရီးစဉ်ကို မကြေညာခင် ရက်ပိုင်းအလိုမှာဘဲ အိန္ဒိယကို လေကြောင်းကာကွယ်ရေးစနစ် ရောင်းချဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ခွင့်ပြုပေးလိုက်ပြီး ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း သမ္မတ Trump ဟာ နယူးဒေလီမြို့နဲ့ Gujarat ပြည်နယ်၊ Ahmedabad မြို့တို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

Gujarat ပြည်နယ်ဟာ ဝန်ကြီးချုပ် Narendra Modi ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ၂၀၀၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ သက်တမ်း ၃ ကြိမ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာဖြစ်တာကြောင့် ဝန်ကြီးချုပ် Modi က ပြည်နယ်မြို့တော် Ahmedabad ကို ဖိတ်ကြားခြင်းဟာ သမ္မတ Trump ကို သူ့နယ်မြေကို ခေါ်ပြတာလည်း ဖြစ်ပါတယ်။

Ahmedabad မြို့မှာ Motera အားကစားကွင်းအသစ်ဖွင့်ပွဲကို ခေါင်းဆောင် ၂ ဦး တက်ရောက်ကြမှာဖြစ်တာကြောင့် သမ္မတ Trump ရောက်လာတဲ့အခါ ကျူးကျော်ရပ်ကွက်တွေကို မမြင်ရအောင် ငွေကြေးအများအပြား အကုန်အကျခံပြီး အဲဒီ အားကစားရုံအသစ်ဝန်းကျင်မှာ တံတိုင်းတွေ တည်ဆောက်နေပါတယ်။

ဒါပေမယ့် အခုလို တံတိုင်းဆောက်ပြီး ငွေကြေးအမြောက်အများ အကုန်အကျခံနေမယ့်အစား ဆင်းရဲနွမ်းပါးသူတွေအတွက် ဒီငွေတွေကို အသုံးချသင့်တယ်လို့ Ahmedabad မြိ့ခံတဦးဖြစ်သူ Parvat Saranya က ပြောပါတယ်။

“အစိုးရအနေနဲ့ ငွေတွေကို ဆင်းရဲနွမ်းပါးတဲ့သူတွေအတွက် အကျိုးဖြစ်စေအောင် အသုံးချသင့်ပါတယ်။ ရူပီးထောင်ပေါင်းများစွာ အကုန်အကျခံပြီး ဒီအုတ်တံတိုင်းဆောက်ဖို့ အလုပ်သမားတွေ ငှားပြီးခိုင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ကျနော်တို့ဟာ ဆင်းရဲသားတွေပါ၊ ဒီတံတိုင်းနားမှာ အစက ကျနော့်စီးပွားလုပ်ငန်းရှိခဲ့ပါတယ်၊ ဒါပေမယ့် အခုတော့ အပိတ်ခံလိုက်ရပါပြီ။”

အိန္ဒိယအစိုးရ အဆင့်မြင့် အရာရှိတဦးကတော့ ဒီတံတိုင်းကို လုံခြုံရေးအရ တည်ဆောက်တာဖြစ်ပြီး ကျူးကျော်ရပ်ကွက်တွေကို မတွေ့စေလိုတဲ့အတွက် မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ဒီအုတ်တံတိုင်းကိုဆောက်နေတဲ့ ကန်ထရိုက်သမားကတော့ အားကစားရုံအသစ်ကို သမ္မတ Trump သွားတဲ့အခါ ကျူးကျော်ရပ်ကွက်ကို မမြင်စေလိုတဲ့အတွက် ဆောက်နေခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဘယ်လို အကြောင်းကြောင့်ဘဲဖြစ်ဖြစ် မီတာ ၄၀၀ ရှည်လျားပြီး ၇ ပေမြင့်တဲ့ ဒီတံတိုင်းကြီး ဆောက်လိုက်တာကြောင့် သမ္မတ Trump အနေနဲ့ အနီးနားမှာရှိတဲ့ ကျူးကျော်ရပ်ကွက်ကို မြင်နိုင်စရာ အကြောင်းမရှိတော့ပါဘူး။

Ahmedabad မြို့တော်ဝန် Bijal Patel ကတော့ ခေါင်းဆောင် ၂ ဦးလာမယ့် အားကစားကွင်းအတွင်း အတတ်နိုင်ဆုံး လူများများဆန့်နိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း ပြောပါတယ်။

“ဒီကွင်းထဲကို လူပေါင်း တသိန်းကျော် ရောက်လာကြမယ်လို့ ကျမတို့ မျှော်လင့်ထားပါတယ်။ တကယ်လို့ တက်မယ့်သူ အဲဒီထက်များမယ်ဆိုရင် ထိုင်ခုံနေရာ စီစဉ်ပေးနိုင်ဖို့ ကျမတို့ ကြိုတင် ပြင်ဆင်ထားပါတယ်။”

Ahmedabad မြို့က ပြတိုက်လမ်းပြတဦးဖြစ်သူ Pratimaben Vohra ကတော့ သမ္မတ Trump သူတို့မြို့ကို လာမယ့်အတွက် ဝမ်းသာကြောင်း ပြောပါတယ်။

“သမ္မတ Donald Trump လာမယ်ဆိုလို့ ကျမတို့ အရမ်းဝမ်းသာပါတယ်။ သူ့ကို ကျမတို့ဒီမှာလုပ်တဲ့ ရိုးရာ လည်စည်းပုဝါပတ်ခိုင်းပြီး နွေးထွေးစွာ ကြိုဆိုကြမှာပါ။ သူဒီကိုရောက်လာတဲ့အချိန်မှာ ဘာသာပေါင်းစုံပါတဲ့ ဆုတောင်းပွဲတခုလုပ်ပြီး သမ္မတ Trump လည်း အဲဒီ ဆုတောင်းပွဲကို တက်မှာပါ။”

Ahmedabad မြို့က အားကစားကွင်းအသစ်ဖွင့်ပွဲ အခမ်းအနားကိုတော့ Gujarat လို Kem Chho Trump - How Are you, Trump လို့ အဓိပ္ပါယ်ရတဲ့ အမည်ပေးထားတယ်လို့ ဆိုပါတယ်။

ဒါဟာ ဝန်ကြီးချုပ် Narendra Modi ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက အမေရိကန်နိုင်ငံ Texas ပြည်နယ်က Houston မြို့ကို ရောက်ရှိစဉ် Howdy Modi လို့ နှုတ်ဆက်ပြီး ကြီးကျယ် ခမ်းနားစွာ ကြိုဆိုခဲ့တဲ့အတိုင်း သမ္မတ Trump ကိုလည်း ခမ်းနားကြီးကျယ်စွာ ပြန်လည် ကြိုဆိုပေးတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG