သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံျခားအကူအညီေပးမႈ ၂၁% ေလွ်ာ႔ခ်ဖို႔ သမၼတ Trump အဆိုျပဳ


သမၼတ Trump

(Zawgyi/Unicode)

အေမရိကန္ သမၼတ Donald Trump အစိုးရက အေမရိကန္ ျပည္ေထာင္စုကေန ျပည္ပ နုိင္ငံေတြကို ေပးအပ္ေနတဲ႔ အကူအညီကို ၂၁ ရာခိုင္ႏႈန္းထိ အႀကီးအက်ယ္ ေလွ်ာ့ခ် ျဖတ္ေတာက္ဖို႔ အဆိုျပဳထားပါတယ္။

၂၀၂၀ ဘ႑ာေရးႏွစ္ အတြက္ ေဒၚလာ ၅၅ ဒသမ ၇ ဘီလ်ံ ဥပေဒျပဳခ်က္နဲ႔ ႏိႈ္င္းယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ သမၼတ Trump အစိုးရက ေဒၚလာ ၄၄ ဒသမ ၁ ဘီလ်ံသာ အသံုးစာရိတ္ အဆိုျပဳလုိက္တာ ျဖစ္ပါတယ္။ အိမ္ျဖဴေတာ္က အသံုးစာရိတ္ စီမံခန္႔ခြဲမႈဆိုင္ရာရံုးရဲ႕ ယာယီ ညႊန္ၾကားေရးမွဴး Russ Vought ကေတာ့ ႏုိင္ငံရပ္ျခား အကူအညီ အေထာက္အပံ႔ကို ဘယ္လို ေပးမလဲ ဆိုတာကို အေမရိကန္ အေနနဲ႔ ျပန္လည္ စဥ္းစား သံုးသပ္ရမယ့္ အခ်ိန္လို႔ ေျပာဆိုလုိက္ပါတယ္။

“မိုဇမ္းဘစ္မွာ Bob Dylan ရဲ႕ ရုပ္ထု ဒါမွမဟုတ္လည္း ပါကစၥတန္က NASA အာကာသ စခန္း၊ အာဖဂန္နစၥတန္က ကြ်မ္းက်င္အဆင့္ ခရစ္ကက္ အသင္းတို႔လိုမ်ိဳးမွာ ေငြေၾကး သံုးစြဲေနတာေတြကေန ေျပာင္းလဲဖို႔ လိုအပ္ပါတယ္လို႔ ေျပာဆိုသြားတာပါ။”

သမၼတရဲ႕ အသံုးစာရိတ္ အဆိုျပဳခ်က္ကိုေတာ့ လႊတ္ေတာ္ အမတ္ေတြက အတည္ျပဳေပးဖို႔ လို္အပ္ပါတယ္။ ေအာက္လႊတ္ေတာ္ ႏုိင္ငံျခား ဆက္ဆံေရး ေကာ္မတီ ဥကၠဌ လႊတ္ေတာ္ အမတ္ Eliot Engle ကေတာ့ သမၼတရဲ႕ အစိုးရ အသံုးစာရိတ္ အဆိုျပဳခ်က္ လႊတ္ေတာ္ကို ေရာက္လာတဲ႔ အခါမွာ ေနာက္ဆံုး ေရာက္သြားမယ့္ ေနရာ အျဖစ္ ရည္ညႊန္းၿပီး အမိႈက္ပံုး တခု ဓာတ္ပံုကို တြစ္တာ လူမႈကြန္ရက္မွာ တင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........................

နိုင်ငံခြားအကူအညီပေးမှု ၂၁% လျှော့ချဖို့ သမ္မတ Trump အဆိုပြု

(Unicode)

အမေရိကန် သမ္မတ Donald Trump အစိုးရက အမေရိကန် ပြည်ထောင်စုကနေ ပြည်ပ နိုင်ငံတွေကို ပေးအပ်နေတဲ့ အကူအညီကို ၂၁ ရာခိုင်နှုန်းထိ အကြီးအကျယ် လျှော့ချ ဖြတ်တောက်ဖို့ အဆိုပြုထားပါတယ်။ ၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် ဒေါ်လာ ၅၅ ဒသမ ၇ ဘီလျံ ဥပဒေပြုချက်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ သမ္မတ Trump အစိုးရက ဒေါ်လာ ၄၄ ဒသမ ၁ ဘီလျံသာ အသုံးစာရိတ် အဆိုပြုလိုက်တာ ဖြစ်ပါတယ်။ အိမ်ဖြူတော်က အသုံးစာရိတ် စီမံခန့်ခွဲမှုဆိုင်ရာရုံးရဲ့ ယာယီ ညွှန်ကြားရေးမှူး Russ Vought ကတော့ နိုင်ငံရပ်ခြား အကူအညီ အထောက်အပံ့ကို ဘယ်လို ပေးမလဲ ဆိုတာကို အမေရိကန် အနေနဲ့ ပြန်လည် စဉ်းစား သုံးသပ်ရမယ့် အချိန်လို့ ပြောဆိုလိုက်ပါတယ်။

“မိုဇမ်းဘစ်မှာ Bob Dylan ရဲ့ ရုပ်ထု ဒါမှမဟုတ်လည်း ပါကစ္စတန်က NASA အာကာသ စခန်း၊ အာဖဂန်နစ္စတန်က ကျွမ်းကျင်အဆင့် ခရစ်ကက် အသင်းတို့လိုမျိုးမှာ ငွေကြေး သုံးစွဲနေတာတွေကနေ ပြောင်းလဲဖို့ လိုအပ်ပါတယ်လို့ ပြောဆိုသွားတာပါ။”

သမ္မတရဲ့ အသုံးစာရိတ် အဆိုပြုချက်ကိုတော့ လွှတ်တော် အမတ်တွေက အတည်ပြုပေးဖို့ လိုအပ်ပါတယ်။ အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ လွှတ်တော် အမတ် Eliot Engle ကတော့ သမ္မတရဲ့ အစိုးရ အသုံးစာရိတ် အဆိုပြုချက် လွှတ်တော်ကို ရောက်လာတဲ့ အခါမှာ နောက်ဆုံး ရောက်သွားမယ့် နေရာ အဖြစ် ရည်ညွှန်းပြီး အမှိုက်ပုံး တခု ဓာတ်ပုံကို တွစ်တာ လူမှုကွန်ရက်မှာ တင်ထားပါတယ်။

XS
SM
MD
LG