သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္သမၼတအေရးယူေရး ထြက္ဆိုသူ ၂ ဦး ရာထူးကဖယ္ခံရ


ဒုဗုိလ္မွဴးႀကီး Alexander Vindman. (ႏုိဝင္ဘာ ၁၉၊ ၂၀၁၉)

(Zawgyi / Unicode)

အေမရိကန္သမၼတ Donald Trump အေပၚ အေရးယူ အျပစ္ေပးဖို႔အတြက္ ၾကားနာစစ္ေဆးမႈေတြမွာ ထြက္ဆုိခဲ့တဲ့ အေမရိကန္အစုိးရ တာ၀န္ရွိသူ ၂ ေယာက္ကို သမၼတ Trump က ေသာၾကာေန႔မွာ ရာထူးကေန ထုတ္ပယ္လိုက္ပါတယ္။

အထက္လႊတ္ေတာ္က သမၼတ Trump ကို အျပစ္မရွိေၾကာင္း တရားေသလႊတ္ေပးလိုက္ၿပီး ၂ ရက္အၾကာမွာ သမၼတ Trump ဘက္က လုပ္ေဆာင္လိုက္တာ ျဖစ္ပါတယ္။

ပထမထုတ္ပယ္ခံလိုက္ရတဲ့သူကေတာ့ အမ်ိဳးသားလုံၿခဳံေရး ကိစၥၥရပ္ေတြမွာ အႀကံေပးတဦးျဖစ္တဲ့ ဒုဗုိလ္မွဴးႀကီး Alexander Vindman ျဖစ္ပါတယ္။

Vindman ကို ေသာၾကာေန႔က အိမ္ျဖဴေတာ္ကေန ထြက္သြားဖို႔ ေျပာၾကားလိုက္ၿပီး အေစာင့္အၾကပ္ေတြနဲ႔ အျပင္ကို ပို႔ေဆာင္ခဲ့ေၾကာင္း၊ အခုလို ထုတ္ပယ္ခံရတာဟာ အမွန္တရားကို ေျပာတဲ့အတြက္ လက္တုံ႔ျပန္ခံရတာျဖစ္တယ္လို႔ Vindman ရဲ႕ ေရွ႕ေနက ေျပာပါတယ္။

ဒါ့အျပင္ Vindman ရဲ႕ အႁမႊာညီအစ္ကို ေတာ္စပ္သူ Yevgeney Vindman ကိုလည္း အိမ္ျဖဴေတာ္ေရွ႕ေန အျဖစ္ကေန ႏုတ္ထြက္ေပးဖို႔ ေသာၾကာေန႔မွာ ေျပာၾကားခဲ့ၿပီး သူတုိ႔ ၂ ေယာက္စလုံးကို အေမရိကန္စစ္ဘက္ကို ျပန္ၿပီး တာ၀န္ေပးလိုက္တယ္လို႔ အေမရိကန္စစ္ဘက္က ေျပာပါတယ္။

ဒုတိယထုတ္ခံရတဲ့ တေယာက္ကေတာ့ ဥေရာပသမဂၢဆုိင္ရာ အေမရိကန္သံအမတ္ Gordon Sondland ျဖစ္ပါတယ္။ သူ႔ကို ဥေရာပသမဂၢဆုိင္ရာ အေမရိကန္သံအမတ္ တာ၀န္ကေန ခ်က္ခ်င္း႐ုပ္သိမ္းၿပီး ျပန္ေခၚလိုက္ေၾကာင္း Gordon Sondland က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

Vindman ကို အခုလို ထုတ္ပယ္လိုက္တာဟာ သမၼတ Trump ဘက္က ေျပာင္ေျပာင္းတင္းတင္း လက္တုံ႔ျပန္လိုက္တာျဖစ္ၿပီး သမၼတ Trump ဟာ အမွန္တရားကို ေၾကာက္ရြံ႕တယ္ဆုိတာကို ျပသလိုက္တာျဖစ္တယ္လို႔ ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပလိုစီက ေျပာလိုက္ပါတယ္။

-------------------------------

(Unicode)

ကန်သမ္မတအရေးယူရေး ထွက်ဆိုသူ ၂ ဦး ရာထူးကဖယ်ခံရ

အမေရိကန်သမ္မတ Donald Trump အပေါ် အရေးယူ အပြစ်ပေးဖို့အတွက် ကြားနာစစ်ဆေးမှုတွေမှာ ထွက်ဆိုခဲ့တဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူ ၂ ယောက်ကို သမ္မတ Trump က သောကြာနေ့မှာ ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

အထက်လွှတ်တော်က သမ္မတ Trump ကို အပြစ်မရှိကြောင်း တရားသေလွှတ်ပေးလိုက်ပြီး ၂ ရက်အကြာမှာ သမ္မတ Trump ဘက်က လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

ပထမထုတ်ပယ်ခံလိုက်ရတဲ့သူကတော့ အမျိုးသားလုံခြုံရေး ကိစ္စ္စရပ်တွေမှာ အကြံပေးတဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး Alexander Vindman ဖြစ်ပါတယ်။

Vindman ကို သောကြာနေ့က အိမ်ဖြူတော်ကနေ ထွက်သွားဖို့ ပြောကြားလိုက်ပြီး အစောင့်အကြပ်တွေနဲ့ အပြင်ကို ပို့ဆောင်ခဲ့ကြောင်း၊ အခုလို ထုတ်ပယ်ခံရတာဟာ အမှန်တရားကို ပြောတဲ့အတွက် လက်တုံ့ပြန်ခံရတာဖြစ်တယ်လို့ Vindman ရဲ့ ရှေ့နေက ပြောပါတယ်။

ဒါ့အပြင် Vindman ရဲ့ အမြွှာညီအစ်ကို တော်စပ်သူ Yevgeney Vindman ကိုလည်း အိမ်ဖြူတော်ရှေ့နေ အဖြစ်ကနေ နုတ်ထွက်ပေးဖို့ သောကြာနေ့မှာ ပြောကြားခဲ့ပြီး သူတို့ ၂ ယောက်စလုံးကို အမေရိကန်စစ်ဘက်ကို ပြန်ပြီး တာဝန်ပေးလိုက်တယ်လို့ အမေရိကန်စစ်ဘက်က ပြောပါတယ်။

ဒုတိယထုတ်ခံရတဲ့ တယောက်ကတော့ ဥရောပသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Gordon Sondland ဖြစ်ပါတယ်။ သူ့ကို ဥရောပသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် တာဝန်ကနေ ချက်ချင်းရုပ်သိမ်းပြီး ပြန်ခေါ်လိုက်ကြောင်း Gordon Sondland က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Vindman ကို အခုလို ထုတ်ပယ်လိုက်တာဟာ သမ္မတ Trump ဘက်က ပြောင်ပြောင်းတင်းတင်း လက်တုံ့ပြန်လိုက်တာဖြစ်ပြီး သမ္မတ Trump ဟာ အမှန်တရားကို ကြောက်ရွံ့တယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ပြောလိုက်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG