သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လႊတ္ေတာ္ဥကၠ႒ သမၼတမိန္႔ခြန္း ဆုတ္ၿဖဲမႈ ဥပေဒခ်ဳိးေဖာက္မႈအျဖစ္ Trump စြပ္စဲြ


သမၼတ Trump ႏုိင္ငံေတာ္အေျချပမိန္႔ခြန္း ေျပာၾကားစဥ္၊ ေဖေဖာ္၀ါရီ ၄၊ ၂၀၂၀

အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္မွာ သမၼတ Donald Trump ႏုိင္ငံေတာ္အေျချပမိန္႔ခြန္း ေျပာၾကားစဥ္မွာ မိန္႔ခြန္းစာရြက္ မိတၳဴကုိ လႊတ္ေတာ္ဥကၠ႒ Nancy Pelosi က ဆုတ္ၿဖဲခဲ့တာဟာ ဥပေဒခ်ဳိးေဖာက္တဲ့ လုပ္ရပ္အျဖစ္ သမၼတကေျပာလုိက္ပါတယ္။

အဂၤါေန႔ညက မိန္႔ခြန္းအဆုံးသတ္ခ်ိန္မွာ မိန္႔ခြန္းစာရြက္မိတၳဴကုိ လႊတ္ေတာ္ဥကၠ႒ ဆုတ္ၿဖဲခဲ့တာကုိ တုိက္႐ုိက္ထုတ္လႊင့္ျပသေနတဲ့ ႐ုပ္ျမင္သံၾကားမွာ ေတြ႔ျမင္ခဲ့ၾကရတဲ့ လုပ္ရပ္ဟာ တုိင္းျပည္ကုိ ေလးစားမႈကင္းမဲ့ရာေရာက္ၿပီး၊ ျပင္းျပင္းထန္ထန္ ဥပေဒခ်ဳိးေဖာက္တဲ့ လုပ္ရပ္အျဖစ္ သမၼတက ေသာၾကာေန႔မွာ သတင္းေထာက္ေတြကုိ ေျပာလုိက္တာပါ။

သမၼတ Trump ရဲ႕ ရီပတ္ဘလစ္ကန္ပါတီက ေအာက္လႊတ္ေတာ္အမတ္ Matt Gaetz ကလည္း ျပည္ေထာင္စုအစုိးရက ျပဌာန္းထားတဲ့ ဥပေဒတရပ္ကုိ ခ်ဳိးေဖာက္ရာ ေရာက္ေကာင္းေရာက္ႏုိင္တဲ့ က်င့္၀တ္ေဖာက္ဖ်က္မႈနဲ႔ တုိင္ၾကားထားပါတယ္။

ဥပေဒအရ အစုိးရရဲ႕ မွတ္တမ္းမွတ္ရာေတြကုိ ဖ်က္ဆီးတာမ်ဳိး လုပ္ခြင့္မရွိပါဘူး။ ဒါေပမဲ့လည္း အေမရိကန္ ျပည္ေထာင္စုမွာရွိတဲ့ တရား႐ုံး တခုခုက အတည္ျပဳ မွတ္တမ္းတင္ထားတဲ့ အေထာက္အထားမ်ဳိးေတြ ျဖစ္မွသာ သတ္မွတ္ခ်က္နဲ႔ အက်ဳံး၀င္ေလ့ရွိပါတယ္။

လတ္တေလာမွာေတာ့ သမၼတရဲ႕ ႏုိင္ငံေတာ္အေျချပမိန္႔ခြန္းကုိ လႊတ္ေတာ္ဥကၠ႒က ဆုတ္ၿဖဲခဲ့တာဟာ ဥပေဒနဲ႔ ၿငိစြန္းမႈ ရွိ-မရွိ ဆုိတာကေတာ့ ဥပေဒပညာရွင္ေတြၾကား အျငင္းပြားစရာေတြလည္း ႀကံဳေနရတာပါ။

အတုိက္အခံ ဒီမုိကရက္ေတြ အမ်ားစုနဲ႔ ထိန္းခ်ဳပ္ထားတဲ့ ေအာက္လႊတ္ေတာ္က သမၼတ Trump အေပၚ ၿပီးခဲ့တဲ့ႏွစ္ထဲမွာပဲ တရားစဲြဖုိ႔ ဆုံးျဖတ္လုိက္ၿပီးေနာက္မွာပဲ ၂ ဘက္အၾကား တင္းမာမႈေတြ ႀကီးထြားလာေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


လႊတ္ေတာ္ဥကၠ႒ သမၼတမိန္႔ခြန္း ဆုတ္ၿဖဲမႈ ဥပေဒခ်ဳိးေဖာက္မႈအျဖစ္ Trump စြပ္စဲြ

[Unicode Version]

အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ သမ္မတ Donald Trump နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ်မှာ မိန့်ခွန်းစာရွက် မိတ္ထူကို လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က ဆုတ်ဖြဲခဲ့တာဟာ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်အဖြစ် သမ္မတကပြောလိုက်ပါတယ်။

အင်္ဂါနေ့ညက မိန့်ခွန်းအဆုံးသတ်ချိန်မှာ မိန့်ခွန်းစာရွက်မိတ္ထူကို လွှတ်တော်ဥက္ကဋ္ဌ ဆုတ်ဖြဲခဲ့တာကို တိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့ ရုပ်မြင်သံကြားမှာ တွေ့မြင်ခဲ့ကြရတဲ့ လုပ်ရပ်ဟာ တိုင်းပြည်ကို လေးစားမှုကင်းမဲ့ရာရောက်ပြီး၊ ပြင်းပြင်းထန်ထန် ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်အဖြစ် သမ္မတက သောကြာနေ့မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

သမ္မတ Trump ရဲ့ ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်အမတ် Matt Gaetz ကလည်း ပြည်ထောင်စုအစိုးရက ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို ချိုးဖောက်ရာ ရောက်ကောင်းရောက်နိုင်တဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ တိုင်ကြားထားပါတယ်။

ဥပဒေအရ အစိုးရရဲ့ မှတ်တမ်းမှတ်ရာတွေကို ဖျက်ဆီးတာမျိုး လုပ်ခွင့်မရှိပါဘူး။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ တရားရုံး တခုခုက အတည်ပြု မှတ်တမ်းတင်ထားတဲ့ အထောက်အထားမျိုးတွေ ဖြစ်မှသာ သတ်မှတ်ချက်နဲ့ အကျုံးဝင်လေ့ရှိပါတယ်။

လတ်တလောမှာတော့ သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းကို လွှတ်တော်ဥက္ကဋ္ဌက ဆုတ်ဖြဲခဲ့တာဟာ ဥပဒေနဲ့ ငြိစွန်းမှု ရှိ-မရှိ ဆိုတာကတော့ ဥပဒေပညာရှင်တွေကြား အငြင်းပွားစရာတွေလည်း ကြုံနေရတာပါ။

အတိုက်အခံ ဒီမိုကရက်တွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က သမ္မတ Trump အပေါ် ပြီးခဲ့တဲ့နှစ်ထဲမှာပဲ တရားစွဲဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာပဲ ၂ ဘက်အကြား တင်းမာမှုတွေ ကြီးထွားလာနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG