သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမႈႏိုင္တဲ႔ သမၼတ Trump ေအာင္ပြဲခံ


(Zawgyi/Unicode)

အေမရိကန္သမၼတ Donald Trump ကုိ ရာထူးကဖယ္ရွားႏုိင္ေရး စဲြခ်က္ေတြအတြက္ အျပစ္မရွိေၾကာင္း အထက္လႊတ္ေတာ္က မဲခဲြဆုံးျဖတ္ခဲ့ၿပီး ေနာက္တေန႔ျဖစ္တဲ့ ၾကာသပေတးေန႔မွာပဲ သမၼတက အိမ္ျဖဴေတာ္မွာ ေအာင္ပဲြခံခဲ့ပါတယ္။

“ဘ၀မွာ အမွားလုပ္ခဲ့တာေတြ ရွိခဲ့ပါတယ္။ အမွားေတြ လုပ္ခဲ့ဖူးတာကုိ ၀န္ခံေပမယ့္ တမင္သက္သက္ လုပ္ခဲ့တာ မဟုတ္ေၾကာင္းနဲ႔ ဒါကုိလည္း အခုရလဒ္က သက္ေသျပေနတယ္” ဆုိၿပီး Trump ကုိ တရားေသလႊတ္လုိက္ၿပီဆုိတဲ့ မ်က္ႏွာဖုံးသတင္းပါတဲ့ Washington Post သတင္းစာကုိ ျပသရင္း သမၼတ Trump ကေျပာလုိက္တာပါ။

သူ႔ရဲ႕ ဥပေဒအက်ဳိးေဆာင္ အဖဲြ႔၀င္ေတြအျပင္ အစုိးရအဖဲြ႔၀င္တခ်ဳိ႕၊ ရီပတ္ဘလစ္ကန္ လႊတ္ေတာ္အမတ္ေတြနဲ႔ အိမ္ျဖဴေတာ္ ၀န္ထမ္းေတြ အမ်ားစုပါတဲ့ အခမ္းအနား တက္ေရာက္လာသူေတြကေတာ့ ၆၃ မိနစ္ၾကာ သမၼတက စကားေျပာေနခ်ိန္မွာ မၾကာခဏဆုိသလုိ လက္ခုပ္တီး အားေပးခဲ့ၾကပါတယ္။ တရားစဲြတယ္ဆုိတဲ့ စကားလုံးဟာ အက်ည္းတန္လြန္းေပမဲ့ တရားေသလႊတ္လုိက္တယ္ဆုိတဲ့ စကားလုံးကေတာ့ အင္မတန္မွ လွပတဲ့စကားလုံး အျဖစ္နဲ႔လည္း သမၼတက မွတ္ခ်က္ေပးခဲ့တာပါ။

သမၼတအေပၚ စဲြခ်က္ ၂ ခုအနက္ တခုျဖစ္တဲ့ အာဏာအလဲြသုံးစားမႈအတြက္ အထက္လႊတ္ေတာ္မွာ အျပစ္ရွိေၾကာင္း ေထာက္ခံမဲေပးခဲ့တဲ့ တစ္ဦးတည္းေသာ ရီပတ္ဘလစ္ကန္ ကုိယ္စားလွယ္ Mitt Romney ကုိေတာ့ သမၼတက ေ၀ဖန္ခဲ့ပါတယ္။ သမၼတေလာင္းအျဖစ္ ယွဥ္ၿပိဳင္ခဲ့ဖူးေပမဲ့ ေအာင္ျမင္မႈမရခဲ့သူ၊ ဘာသာေရးကုိ အသုံးခ်သူတဦးအျဖစ္နဲ႔လည္း Mormon ဘာသာ၀င္ အထက္လႊတ္ေတာ္အမတ္ Romney ကုိ ထုိးႏွက္ေ၀ဖန္ခဲ့တာပါ။

သမၼတကုိ တရားစဲြခဲ့တဲ့ အတုိက္အခံဒီမုိကရက္ေတြ အမ်ားစုနဲ႔ ထိန္းခ်ဳပ္ထားတဲ့ ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi ကေတာ့ သမၼတအေနနဲ႔ သူျဖစ္ေစခ်င္သလုိ ျဖစ္ခဲ့ေပမဲ့ တရားစဲြခံရတဲ့ သမၼတတဦးအျဖစ္ ထာ၀ရ မွတ္တမ္း၀င္ သြားၿပီျဖစ္ေၾကာင္း အိမ္ျဖဴေတာ္က အခမ္းအနား မတုိင္ခင္မွာပဲ ေျပာဆုိထားပါတယ္။

သမၼတ Trump အျပစ္မရွိေၾကာင္း အထက္လႊတ္ေတာ္ဆံုးျဖတ္
please wait

No media source currently available

0:00 0:03:54 0:00
အမႈႏိုင္တဲ႔ သမၼတ Trump ေအာင္ပြဲခံ
please wait

No media source currently available

0:00 0:01:39 0:00
တိုက္႐ိုက္ လင့္ခ္


..........................

အမှုနိုင်တဲ့ သမ္မတ Trump အောင်ပွဲခံ

(Unicode)

အမေရိကန်သမ္မတ Donald Trump ကို ရာထူးကဖယ်ရှားနိုင်ရေး စွဲချက်တွေအတွက် အပြစ်မရှိကြောင်း အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာပဲ သမ္မတက အိမ်ဖြူတော်မှာ အောင်ပွဲခံခဲ့ပါတယ်။

“ဘဝမှာ အမှားလုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အမှားတွေ လုပ်ခဲ့ဖူးတာကို ဝန်ခံပေမယ့် တမင်သက်သက် လုပ်ခဲ့တာ မဟုတ်ကြောင်းနဲ့ ဒါကိုလည်း အခုရလဒ်က သက်သေပြနေတယ်” ဆိုပြီး Trump ကို တရားသေလွှတ်လိုက်ပြီဆိုတဲ့ မျက်နှာဖုံးသတင်းပါတဲ့ Washington Post သတင်းစာကို ပြသရင်း သမ္မတ Trump ကပြောလိုက်တာပါ။

သူ့ရဲ့ ဥပဒေအကျိုးဆောင် အဖွဲ့ဝင်တွေအပြင် အစိုးရအဖွဲ့ဝင်တချို့၊ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေနဲ့ အိမ်ဖြူတော် ဝန်ထမ်းတွေ အများစုပါတဲ့ အခမ်းအနား တက်ရောက်လာသူတွေကတော့ ၆၃ မိနစ်ကြာ သမ္မတက စကားပြောနေချိန်မှာ မကြာခဏဆိုသလို လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။ တရားစွဲတယ်ဆိုတဲ့ စကားလုံးဟာ အကျည်းတန်လွန်းပေမဲ့ တရားသေလွှတ်လိုက်တယ်ဆိုတဲ့ စကားလုံးကတော့ အင်မတန်မှ လှပတဲ့စကားလုံး အဖြစ်နဲ့လည်း သမ္မတက မှတ်ချက်ပေးခဲ့တာပါ။ သမ္မတအပေါ် စွဲချက် ၂ ခုအနက် တခုဖြစ်တဲ့ အာဏာအလွဲသုံးစားမှုအတွက် အထက်လွှတ်တော်မှာ အပြစ်ရှိကြောင်း ထောက်ခံမဲပေးခဲ့တဲ့ တစ်ဦးတည်းသော ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Mitt Romney ကိုတော့ သမ္မတက ဝေဖန်ခဲ့ပါတယ်။

သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ဖူးပေမဲ့ အောင်မြင်မှုမရခဲ့သူ၊ ဘာသာရေးကို အသုံးချသူတဦးအဖြစ်နဲ့လည်း Mormon ဘာသာဝင် အထက်လွှတ်တော်အမတ် Romney ကို ထိုးနှက်ဝေဖန်ခဲ့တာပါ။ သမ္မတကို တရားစွဲခဲ့တဲ့ အတိုက်အခံဒီမိုကရက်တွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကတော့ သမ္မတအနေနဲ့ သူဖြစ်စေချင်သလို ဖြစ်ခဲ့ပေမဲ့ တရားစွဲခံရတဲ့ သမ္မတတဦးအဖြစ် ထာဝရ မှတ်တမ်းဝင် သွားပြီဖြစ်ကြောင်း အိမ်ဖြူတော်က အခမ်းအနား မတိုင်ခင်မှာပဲ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG