သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump အေပၚ စြဲဆုိခ်က္ေတြ ကန္အထက္လႊတ္ေတာ္မွာ စတင္ၾကားနာ


(Zawgyi / Unicode)

သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္အေပၚ တရားစြဲဆိုထားတာကို အထက္လႊတ္ေတာ္မွာ ၾကားနာစစ္ေဆးဖို႔ အဂၤါေန႔က စတင္ လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။ သမၼတအာဏာကို အလြဲသံုးစားလုပ္မႈ၊ လႊတ္ေတာ္ရဲ႕လုပ္ငန္းေတြကို ဟန္႔တားေႏွာင့္ယွက္မႈဆိုတဲ့ စြဲခ်က္ႏွစ္ခုကို သမၼတက က်ဴးလြန္ထားသလားဆိုတာ ၾကားနာစစ္ေဆးဖို႔ စတင္လုပ္ေဆာင္တာျဖစ္ၿပီး ဒါဟာ အေမရိကန္ သမိုင္း မွာ သံုးႀကိမ္ေျမာက္ပဲရွိေသးတဲ့ ၾကားနာစစ္ေဆးမႈျဖစ္ပါတယ္။

အထက္လႊတ္ေတာ္ ရီပတ္ဘလီကန္လူမ်ားစုေခါင္းေဆာင္ Mitch McConnell အဆိုျပဳထားတဲ့ အခ်ိန္ဇယားနဲ႔ သတ္မွတ္ခ်က္ ေဘာင္ေတြဟာ ၾကားနာစစ္ေဆးမႈ ေရွ႕ဆက္လုပ္ေဆာင္ဖို႔ မွ်တတဲ့နည္းလမ္းတခုျဖစ္တယ္လုိ႔ သမၼတထရမ့္ပ္ရဲ႕ ဥပေဒအက်ဳိး ေဆာင္အဖြဲ႔အႀကီးအကဲ Pat Cipollone ကေျပာပါတယ္။

သမၼတဟာ မွားယြင္းလုပ္ေဆာင္ထားတာ ဘာမွကိုမရွိတာေၾကာင့္ စြဲခ်က္ႏွစ္ခုအတြက္ အျပစ္မရွိဘူးဆိုတဲ့ရလဒ္ ထြက္လာေစ မယ့္နည္းလမ္းျဖစ္တယ္လို႔လည္း ေရွ႕ေန Cipollone ကဆိုပါတယ္။

ၾကားနာစစ္ေဆးပြဲစတင္ခ်ိန္မွာေတာ့ ဗုဒၶဟူးေန႔ကေန စေနေန႔အထိ တရက္ကို ၁၂ နာရီၾကာလုပ္မယ့္ အစီအစဥ္ကို မစၥတာ McConnell က ျပန္႐ုပ္သိမ္းသြားပါတယ္။ အဲဒီအစား တရက္ကို ၈ နာရီၾကာ ၾကားနာစစ္ေဆးဖို႔ ျပန္တင္တာပါ။ ေအာက္လႊတ္ေတာ္ကလႊတ္ထားတဲ့ တရားလိုေတြလို လုုပ္ေဆာင္ၾကမယ့္ မန္ေနဂ်ာေတြက တရက္ကို ၈ နာရီၾကာ သံုးရက္ တင္ျပရမွာျဖစ္ၿပီး အဲဒီေနာက္ သမၼတထရမ့္ပ္ရဲ႕ေရွ႕ေနေတြက အလားတူ တရက္ ၈ နာရီၾကာ သံုးရက္ ေခ်ပေျပာဆိုၾကရမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

သမ္မတ Trump အပေါ် စွဲဆိုချက်တွေ ကန်အထက်လွှတ်တော်မှာ စတင်ကြားနာ

(Unicode)

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်အပေါ် တရားစွဲဆိုထားတာကို အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးဖို့ အင်္ဂါနေ့က စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ သမ္မတအာဏာကို အလွဲသုံးစားလုပ်မှု၊ လွှတ်တော်ရဲ့လုပ်ငန်းတွေကို ဟန့်တားနှောင့်ယှက်မှုဆိုတဲ့ စွဲချက်နှစ်ခုကို သမ္မတက ကျူးလွန်ထားသလားဆိုတာ ကြားနာစစ်ဆေးဖို့ စတင်လုပ်ဆောင်တာဖြစ်ပြီး ဒါဟာ အမေရိကန် သမိုင်း မှာ သုံးကြိမ်မြောက်ပဲရှိသေးတဲ့ ကြားနာစစ်ဆေးမှုဖြစ်ပါတယ်။

အထက်လွှတ်တော် ရီပတ်ဘလီကန်လူများစုခေါင်းဆောင် Mitch McConnell အဆိုပြုထားတဲ့ အချိန်ဇယားနဲ့ သတ်မှတ်ချက် ဘောင်တွေဟာ ကြားနာစစ်ဆေးမှု ရှေ့ဆက်လုပ်ဆောင်ဖို့ မျှတတဲ့နည်းလမ်းတခုဖြစ်တယ်လို့ သမ္မတထရမ့်ပ်ရဲ့ ဥပဒေအကျိုး ဆောင်အဖွဲ့အကြီးအကဲ Pat Cipollone ကပြောပါတယ်။

သမ္မတဟာ မှားယွင်းလုပ်ဆောင်ထားတာ ဘာမှကိုမရှိတာကြောင့် စွဲချက်နှစ်ခုအတွက် အပြစ်မရှိဘူးဆိုတဲ့ရလဒ် ထွက်လာစေ မယ့်နည်းလမ်းဖြစ်တယ်လို့လည်း ရှေ့နေ Cipollone ကဆိုပါတယ်။

ကြားနာစစ်ဆေးပွဲစတင်ချိန်မှာတော့ ဗုဒ္ဓဟူးနေ့ကနေ စနေနေ့အထိ တရက်ကို ၁၂ နာရီကြာလုပ်မယ့် အစီအစဉ်ကို မစ္စတာ McConnell က ပြန်ရုပ်သိမ်းသွားပါတယ်။ အဲဒီအစား တရက်ကို ၈ နာရီကြာ ကြားနာစစ်ဆေးဖို့ ပြန်တင်တာပါ။ အောက်လွှတ်တော်ကလွှတ်ထားတဲ့ တရားလိုတွေလို လုပ်ဆောင်ကြမယ့် မန်နေဂျာတွေက တရက်ကို ၈ နာရီကြာ သုံးရက် တင်ပြရမှာဖြစ်ပြီး အဲဒီနောက် သမ္မတထရမ့်ပ်ရဲ့ရှေ့နေတွေက အလားတူ တရက် ၈ နာရီကြာ သုံးရက် ချေပပြောဆိုကြရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG