သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတထရမ့္ပ္ ဥပေဒအက်ဳိးေဆာင္အဖြဲ႔ ထင္ရွားသူမ်ားပါဝင္ 


သမၼတ Trump နဲ႔ Harvard တကၠသုိလ္က ဥပေဒပါေမာကၡေဟာင္း Alan Dershowitz

(Zawgyi/Unicode)

သမၼတ Donald Trump ကုိ ေအာက္လႊတ္ေတာ္က တရားစြဲဆုိထားတဲ့ အမႈကုိ ေရွ႕သီတင္းပတ္အတြင္း အထက္လႊတ္ေတာ္မွာ ၾကားနာတဲ့အခါ သူ႔ဘက္က ခုခံထြက္ဆုိေပးမယ့္ ဥပေဒအက်ဳိးေဆာင္အဖြဲ႔ထဲမွာ Harvard တကၠသုိလ္က ဥပေဒပါေမာကၡေဟာင္း Alan Dershowitz နဲ႔ သမၼတေဟာင္း Bill Clinton ရဲ႕ Whitewater အမႈကုိ စုံစမ္း စစ္ေဆးခဲ့တဲ့ သီးျခားလြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးမွဴးေဟာင္း Ken Starr တုိ႔ ၂ ဦးပါ ပါ၀င္မွာ ျဖစ္ပါတယ္။

သမၼတရဲ႕ ဥပေဒအႀကံေပးအဖြဲ႔ထဲမွာ ဖေလာ္ရီဒါျပည္နယ္ ေရွ႕ေနခ်ဳပ္လည္းျဖစ္၊ သမၼတ Trump နဲ႔ ရင္းႏွီးတဲ့ မိတ္ေဆြတဦးလည္းျဖစ္တဲ့ Pam Bondi လည္း ပါ၀င္ပါမယ္။

သမၼတရဲ႕ ဥပေဒအက်ဳိးေဆာင္အဖြဲ႔ထဲမွာ သူပါ၀င္ေၾကာင္း Alan Dershowitz က ေသာၾကာေန႔မွာ အတည္ျပဳေျပာၾကားလုိက္ၿပီး သမၼတကုိ တရားစြဲထားတဲ့ကိစၥနဲ႔ ရာထူးက ဖယ္ရွားေရး စြဲဆိုခ်က္ေတြကုိ ဖြဲ႔စည္းပုံအေျခခံဥပေဒနဲ႔အညီ အထက္လႊတ္ေတာ္မွာ ထြက္ဆုိသြားမယ္လုိ႔ ေျပာပါတယ္။

ဖြဲ႔စည္းပုံဆုိင္ရာ အေရးကိစၥေတြနဲ႔ပတ္သက္လာရင္ ပါေမာကၡ Dershowitz ဟာ ပါတီအစြဲ ရွိသူတဦးမဟုတ္သလုိ၊ သမၼတ Bill Clinton ကုိ တရားစြဲတဲ့အခ်ိန္တုန္းကလည္း ကန္႔ကြက္ခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ Hillary Clinton ကုိ မဲေပးခဲ့သူ ျဖစ္ပါတယ္။

အိမ္ျဖဴေတာ္အႀကံေပး Pat Cipollone နဲ႔ သမၼတ Trump ရဲ႕ ကုိယ္ပုိင္ေရွ႕ေန Jay Sekulow တုိ႔ ၂ ဦးက သမၼတရဲ႕ ဥပေဒအက်ဳိးေဆာင္အဖြဲ႔ကုိ ဦးေဆာင္သြားမယ္လုိ႔ ေမွ်ာ္လင့္ရပါတယ္။ တျခား ဥပေဒအက်ဳိးေဆာင္အဖြဲ႔၀င္ေတြကေတာ့ Robert Mueller ရဲ႕ ရုရွားအေရးစုံစမ္းစစ္ေဆးမႈကိစၥမွာ သမၼတရဲ႕ ဥပေဒအက်ဳိးေဆာင္အဖြဲ႔၀င္အျဖစ္ ပါ၀င္ခဲ့သူ Jane Raskin နဲ႔ Whitewater စုံစမ္း စစ္ေဆးေရးအဖြဲ႔မွာ ပါ၀င္ခဲ့သူ Robert Ray တုိ႔ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

သမ္မတထရမ့်ပ် ဥပဒေအကျိုးဆောင်အဖွဲ့ ထင်ရှားသူများပါဝင်

(Unicode)

သမ္မတ Donald Trump ကို အောက်လွှတ်တော်က တရားစွဲဆိုထားတဲ့ အမှုကို ရှေ့သီတင်းပတ်အတွင်း အထက်လွှတ်တော်မှာ ကြားနာတဲ့အခါ သူ့ဘက်က ခုခံထွက်ဆိုပေးမယ့် ဥပဒေအကျိုးဆောင်အဖွဲ့ထဲမှာ Harvard တက္ကသိုလ်က ဥပဒေပါမောက္ခဟောင်း Alan Dershowitz နဲ့ သမ္မတဟောင်း Bill Clinton ရဲ့ Whitewater အမှုကို စုံစမ်း စစ်ဆေးခဲ့တဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးမှူးဟောင်း Ken Starr တို့ ၂ ဦးပါ ပါဝင်မှာ ဖြစ်ပါတယ်။

သမ္မတရဲ့ ဥပဒေအကြံပေးအဖွဲ့ထဲမှာ ဖလော်ရီဒါပြည်နယ် ရှေ့နေချုပ်လည်းဖြစ်၊ သမ္မတ Trump နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတဦးလည်းဖြစ်တဲ့ Pam Bondi လည်း ပါဝင်ပါမယ်။

သမ္မတရဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ထဲမှာ သူပါဝင်ကြောင်း Alan Dershowitz က သောကြာနေ့မှာ အတည်ပြုပြောကြားလိုက်ပြီး သမ္မတကို တရားစွဲထားတဲ့ကိစ္စနဲ့ ရာထူးက ဖယ်ရှားရေး စွဲဆိုချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အထက်လွှတ်တော်မှာ ထွက်ဆိုသွားမယ်လို့ ပြောပါတယ်။

ဖွဲ့စည်းပုံဆိုင်ရာ အရေးကိစ္စတွေနဲ့ပတ်သက်လာရင် ပါမောက္ခ Dershowitz ဟာ ပါတီအစွဲ ရှိသူတဦးမဟုတ်သလို၊ သမ္မတ Bill Clinton ကို တရားစွဲတဲ့အချိန်တုန်းကလည်း ကန့်ကွက်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ Hillary Clinton ကို မဲပေးခဲ့သူ ဖြစ်ပါတယ်။

အိမ်ဖြူတော်အကြံပေး Pat Cipollone နဲ့ သမ္မတ Trump ရဲ့ ကိုယ်ပိုင်ရှေ့နေ Jay Sekulow တို့ ၂ ဦးက သမ္မတရဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ကို ဦးဆောင်သွားမယ်လို့ မျှော်လင့်ရပါတယ်။ တခြား ဥပဒေအကျိုးဆောင်အဖွဲ့ဝင်တွေကတော့ Robert Mueller ရဲ့ ရုရှားအရေးစုံစမ်းစစ်ဆေးမှုကိစ္စမှာ သမ္မတရဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ Jane Raskin နဲ့ Whitewater စုံစမ်း စစ်ဆေးရေးအဖွဲ့မှာ ပါဝင်ခဲ့သူ Robert Ray တို့ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG