သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump အမႈ ေရွ႕သီတင္းပတ္အတြင္း အထက္လႊတ္ေတာ္ၾကားနာမည္


အထက္လႊတ္ေတာ္မွာ တရားစစ္ေဆးမယ္လုိ႔ အထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ Mitch McConnell က သတင္းေထာက္ေတြကို ေျပာ။

(Zawgyi / Unicode)

သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ကို အေရးယူဖို႔ ေအာက္လႊတ္ေတာ္က စြဲခ်က္တင္ထားတဲ့အေပၚ လာမယ့္သီတင္းပတ္ အေစာပိုင္း မွာ စၿပီး အထက္လႊတ္ေတာ္မွာ တရားစစ္ေဆးမယ္လုိ႔ အထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ Mitch McConnell က အဂၤါေန႔မွာ ေျပာပါတယ္။

ဒီမိုကရက္ထိန္းခ်ဳပ္ထားတဲ့ ေအာက္လႊတ္ေတာ္ကေန ရီပတ္ဘလီကန္ထိန္းခ်ဳပ္ထားတဲ့ အထက္လႊတ္ေတာ္ဆီ စြဲခ်က္ေတြကို ေပးပို႔လိုက္ၿပီဆိုတာနဲ႔ တရားစစ္ေဆးမႈကို စတင္ရမွာပါ။ စြဲခ်က္ေတြ အထက္လႊတ္ေတာ္ဆီ ေပးပို႔ေရး ဗုဒၶဟူးေန႔က်ရင္ ေအာက္ လႊတ္ေတာ္မွာ မဲခြဲဆံုးျဖတ္မယ္လုိ႔ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi က ေျပာပါတယ္။

ေအာက္လႊတ္ေတာ္ ဒီမုိကရက္ေတြနဲ႔ အဂၤါေန႔က သီးျခား ေတြ႔ဆံု ေဆြးေႏြးၿပီးတဲ့ေနာက္ သိပ္မၾကာခင္မွာပဲ မစၥစ္ Pelosi က အဲဒီ လိုေၾကညာတာပါ။ အာဏာအလြဲသံုးစားလုပ္မႈ၊ ကြန္ဂရက္လႊတ္ေတာ္ရဲ႕ လုပ္ငန္းေတြကို ေႏွာင့္ယွက္မႈနဲ႔ သမၼတကိုစြဲခ်က္တင္ဖို႔ ေအာက္လႊတ္ေတာ္မွာ မဲခြဲဆံုးျဖတ္အၿပီး တလနီးပါးအၾကာမွာမွ အခုလိုေၾကညာတာလည္းျဖစ္ပါတယ္။

တရားစစ္ေဆးမႈမွာ ဆြဲခ်ေရွ႕ေနေတြလို ပါဝင္ၾကမယ့္ မန္ေနဂ်ာလို႔ေခၚတဲ့ ေအာက္လႊတ္ေတာ္အမတ္စာရင္းနဲ႔ ပတ္သက္လို႔လည္း ဗုဒၶဟူးေန႔မွာပဲ မဲခြဲဆံုးျဖတ္မယ္လုိ႔ မစၥစ္ Pelosi ကေျပာပါတယ္။

သမၼတထရမ့္ပ္မွာ အျပစ္ရွိတယ္ဆုိၿပီး ရာထူးကေနဖယ္ရွားဖို႔အတြက္ဆိုရင္ အထက္လႊတ္ေတာ္အမတ္ အေယာက္ ၁၀၀ ထဲက သံုးပံုႏွစ္ပံု ေထာက္ခံဖို႔လိုပါတယ္။ ဒီမိုကရက္အထက္လႊတ္ေတာ္အမတ္ ၄၇ ေယာက္လံုးက သမၼတကိုဖယ္ရွားေရး ေထာက္ခံမဲ ေပးတယ္ဆိုရင္ေတာင္မွ ရီပတ္ဘလီကန္ အထက္လႊတ္ေတာ္အမတ္ ၂၀ ထက္မနည္းကပါ ေထာက္ခံဖို႔လိုတာပါ။

ဒါေပမယ့္ လက္ရွိအခ်ိန္ထိကေတာ့ ရီပတ္ဘလီကန္ အထက္လႊတ္ေတာ္အမတ္ ဘယ္သူကမွ သမၼတကို အေရးယူၿပီး ရာထူးက ဖယ္ရွားဖို႔ ေထာက္ခံမယ္လုိ႔ေျပာထားတာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


...................

သမ္မတ Trump အမှု ရှေ့သီတင်းပတ်အတွင်း အထက်လွှတ်တော်ကြားနာမည်

(Unicode)

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို အရေးယူဖို့ အောက်လွှတ်တော်က စွဲချက်တင်ထားတဲ့အပေါ် လာမယ့်သီတင်းပတ် အစောပိုင်း မှာ စပြီး အထက်လွှတ်တော်မှာ တရားစစ်ဆေးမယ်လို့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က အင်္ဂါနေ့မှာ ပြောပါတယ်။

ဒီမိုကရက်ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်ကနေ ရီပတ်ဘလီကန်ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်ဆီ စွဲချက်တွေကို ပေးပို့လိုက်ပြီဆိုတာနဲ့ တရားစစ်ဆေးမှုကို စတင်ရမှာပါ။ စွဲချက်တွေ အထက်လွှတ်တော်ဆီ ပေးပို့ရေး ဗုဒ္ဓဟူးနေ့ကျရင် အောက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က ပြောပါတယ်။

အောက်လွှတ်တော် ဒီမိုကရက်တွေနဲ့ အင်္ဂါနေ့က သီးခြား တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ မစ္စစ် Pelosi က အဲဒီ လိုကြေညာတာပါ။ အာဏာအလွဲသုံးစားလုပ်မှု၊ ကွန်ဂရက်လွှတ်တော်ရဲ့ လုပ်ငန်းတွေကို နှောင့်ယှက်မှုနဲ့ သမ္မတကိုစွဲချက်တင်ဖို့ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်အပြီး တလနီးပါးအကြာမှာမှ အခုလိုကြေညာတာလည်းဖြစ်ပါတယ်။

တရားစစ်ဆေးမှုမှာ ဆွဲချရှေ့နေတွေလို ပါဝင်ကြမယ့် မန်နေဂျာလို့ခေါ်တဲ့ အောက်လွှတ်တော်အမတ်စာရင်းနဲ့ ပတ်သက်လို့လည်း ဗုဒ္ဓဟူးနေ့မှာပဲ မဲခွဲဆုံးဖြတ်မယ်လို့ မစ္စစ် Pelosi ကပြောပါတယ်။

သမ္မတထရမ့်ပ်မှာ အပြစ်ရှိတယ်ဆိုပြီး ရာထူးကနေဖယ်ရှားဖို့အတွက်ဆိုရင် အထက်လွှတ်တော်အမတ် အယောက် ၁၀၀ ထဲက သုံးပုံနှစ်ပုံ ထောက်ခံဖို့လိုပါတယ်။ ဒီမိုကရက်အထက်လွှတ်တော်အမတ် ၄၇ ယောက်လုံးက သမ္မတကိုဖယ်ရှားရေး ထောက်ခံမဲ ပေးတယ်ဆိုရင်တောင်မှ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ၂၀ ထက်မနည်းကပါ ထောက်ခံဖို့လိုတာပါ။

ဒါပေမယ့် လက်ရှိအချိန်ထိကတော့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဘယ်သူကမှ သမ္မတကို အရေးယူပြီး ရာထူးက ဖယ်ရှားဖို့ ထောက်ခံမယ်လို့ပြောထားတာ မရှိသေးပါဘူး။

XS
SM
MD
LG