သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ကိုတရားစွဲဆိုရာမှာ တရားလိုအဖြစ် ဆောင်ရွက်မယ့်သူ ၇ ဦး ရွေးချယ်


အမေရိကန် သမ္မတ Donald Trump ကို တရားစွဲဆိုထားတဲ့ အမှု အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးတဲ့အခါ အောက်လွှတ်တော် ကိုယ်စား တရားလိုအဖြစ် ဆောင်ရွက်ဖို့ အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi က ရွေးချယ်ထားသူ ၇ ဦးကို အောက်လွှတ်တော်မှာ မနေ့ ဗုဒ္ဓဟူးနေ့က မဲခွဲ အတည်ပြုပေးလိုက်ပါပြီ။

အဲဒါနဲ့ တပါတည်းမှာဘဲ သမ္မတ အပေါ် တင်ထားတဲ့ စွဲချက် ၂ ခုကိုလည်း အထက်လွှတ်တော်ကို ပို့လိုက်ပြီ ဖြစ်ပါတယ်။

ဒီမိုကရက်ပါတီဝင် အများစုရှိတဲ့ အောက်လွှတ်တော်က အောက်လွှတ်တော် ကိုယ်စား တရားလိုအဖြစ် ဆောင်ရွက်ကြမယ့် သူတွေကို အဆိုပြုထားတဲ့ ဥပဒေမူကြမ်းကိုတော့ ပါတီလိုင်း အတိုင်း မဲခွဲ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က အဲဒီ ဥပဒေမူကြမ်းကို လက်မှတ်ထိုးပြီး အတည်ပြုပေးလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့နှောင်းပိုင်း ရွေးချယ်ခံရသူ ကိုယ်စားလှယ် ၇ ဦးဟာ သမ္မတအပေါ် တင်ထားတဲ့ စွဲချက် ၂ ခုကို ကိုင်ပြီး အစဉ်အလာအတိုင်း လွှတ်တော်အဆောက်အဦးရဲ့ တဘက်မှာရှိတဲ့ အထက်လွှတ်တော်ရှိရာကို လူကိုယ်တိုင် သွားပေးကြမှာ ဖြစ်ပါတယ်။ ကြားနာ စစ်ဆေးမှုတွေကိုတော့ ရှေ့သီတင်းပတ် အတွင်း စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မီတီဥက္ကဌ Adam Schiff နဲ့ အောက်လွှတ်တော် တရားရေးကော်မီတီ ဥက္ကဌ Jerry Nadler တို့ အပါအဝင် ဒီအမှုကို ဦးဆောင် တရားစွဲကြမယ့် ဒီမိုကရက်ပါတီဝင် ကိုယ်စားလှယ် ၇ ဦးကို အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi က ဗုဒ္ဓဟူးနေ့မှာဘဲ ရွေးချယ်ခဲ့တာပါ။
အဖွဲ့ဝင်အဖြစ် ပါဝင်သူ တခြားပုဂ္ဂိုလ်တွေကတော့ Sylvia Garcia ၊ Hakeem Jeffries ၊ Zoe Lofgren ၊ Jason Crow နဲ့ Val Demings တို့ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

သမ်မတ Trump ကိုတရားစှဲဆိုရာမှာ တရားလိုအဖွဈ ဆောငျရှကျမယ့ျသူ ၇ ဦး ရှေးခယြျ




အောကျလှှတျတောျ ထောကျလှမျးရေး ကောျမီတီဥက်ကဌ Adam Schiff နဲ့ အောကျလှှတျတောျ တရားရေးကောျမီတီ ဥက်ကဌ Jerry Nadler တို့ အပါအဝငျ ဒီအမှုကို ဦးဆောငျ တရားစှဲကွမယ့ျ ဒီမိုကရကျပါတီဝငျ ကိုယျစားလှယျ ၇ ဦးကို အောကျလှှတျတောျဥက်ကဌ Nancy Pelosi က ဗုဒ်ဓဟူးနေ့မှာဘဲ ရှေးခယြျခဲ့တာပါ။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG