သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ ႏိုင္ငံေတာ္အေျချပမိန္႔ခြန္း စီးပြားေရးတိုးတက္မႈ ဦးစားေပးေျပာ


သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ ႏိုင္ငံေတာ္အေျချပမိန္႔ခြန္းေျပာ

(Zawgyi/Unicode)

အေမရိကန္ႏုိင္္ငံဟာ ယုတ္ေလ်ာ့က်ဆင္းေနၿပီဆိုတဲ့ အေတြးခံစားခ်က္ကို သူ႔အစိုးရသက္တမ္း သံုးႏွစ္အတြင္း ေပ်ာက္ သြားေအာင္လုပ္ႏုိင္ခဲ့တယ္လုိ႔ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ကေျပာပါတယ္။ ဒါ့အျပင္ အေမရိကန္ရဲ႕ အနာဂတ္ပန္းတိုုင္ကို ေမွးမွိန္ ေသးသိမ္ေစတာမ်ဳိးကိုလည္း လက္မခံဘူးလို႔ ေျပာပါတယ္။

သူ႔ရဲ႕သမၼတ သက္တမ္းအတြင္း သံုးႀကိမ္ေျမာက္အျဖစ္ အဂၤါေန႔ ဝါရွင္တန္ဒီစီစံေတာ္ခ်ိန္ ညဘက္က ကြန္ဂရက္လႊတ္ေတာ္ မွာေျပာတဲ့ ႏုိင္ငံေတာ္အေျချပမိန္႔ခြန္းထဲမွာ သမၼတထရမ့္ပ္က အဲဒီလိုေျပာသြားတာပါ။

သမၼတအေပၚ တရားစြဲဆိုထားတာကို ရီပတ္ဘလီကန္ပါတီ ထိန္းခ်ဳပ္ထားတဲ့ အထက္လႊတ္ေတာ္မွာ မဲခြဲဆံုးျဖတ္မယ့္ရက္ မတိုင္ခင္ တရက္မွာပဲ အထက္ ေအာက္ လႊတ္ေတာ္ႏွစ္ရပ္ေပါင္း ကြန္ဂရက္လႊတ္ေတာ္မွာ သမၼတထရမ့္ပ္ ႏုိ္င္ငံေတာ္အေျချပ မိန္႔ခြန္း ေျပာတာပါ။ ဒါ့အျပင္ ၂၀၂၀ ျပည့္ သမၼတေရြးေကာက္ပြဲအတြက္ မဲဆြယ္ စည္း႐ံုးမႈေတြ အၿပိဳင္အဆိုင္ လုပ္ေနၾကတဲ့ အခ်ိန္ နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။

တနာရီခြဲနီးပါးၾကာတဲ့ မိန္႔ခြန္းထဲမွာ အမ်ားအားျဖင့္ ေျပာသြားတာကေတာ့ သူ႔သမၼတသက္တမ္းအတြင္း အေမရိကန္စီးပြားေရး ဘယ္ေလာက္ေတာင္ တိုးတက္ေကာင္းမြန္လာေနၿပီဆိုိတဲ့ အေၾကာင္းပါပဲ။

ကုန္သြယ္ေရးအျငင္းပြားမႈဆိုုင္ရာ ေဆြးေႏြးပြဲေတြ မွာ ေအာင္ျမင္မႈေတြ ရခဲ့တာ၊ စစ္ဘက္အင္အားကို ျပန္ၿပီး တိုးခ်ဲ႕တည္ေဆာက္တာ၊ အာဖရိကႏြယ္ဖြား အေမရိကန္ႏုိင္ငံသားေတြ နဲ႔ တျခားလူနည္းစုေတြၾကားမွာ အလုပ္လက္မဲ့ႏႈန္း ေလ်ာ့သြားတာ စတ့ဲအခ်က္ေတြကို သမၼတက ေထာက္ျပ ေျပာဆိုသြားပါ တယ္။ “က်ေနာ္တို႔ဟာ သိပ္မၾကာခင္ကာလတံုးက ေတြးၾကည့္လုိ႔ေတာင္မရတဲ့ ႏႈန္းနဲ႔ ေရွ႕ဆက္တိုးတက္ေနၿပီး ဘယ္ေတာ့မွ ေနာက္ျပန္လွည့္ေတာ့မွာ မဟုတ္ဘူး” လို႔ သမၼတထရမ့္ပ္က ေျပာပါတယ္။

#SOTU #VOASOTU

တိုက္႐ိုက္ လင့္ခ္

...........................

သမ္မတ နိုင်ငံတော်အခြေပြမိန့်ခွန်း စီးပွားရေးတိုးတက်မှု ဦးစားပေးပြော

(Unicode)

အမေရိကန်နိုင်ငံဟာ ယုတ်လျော့ကျဆင်းနေပြီဆိုတဲ့ အတွေးခံစားချက်ကို သူ့အစိုးရသက်တမ်း သုံးနှစ်အတွင်း ပျောက် သွားအောင်လုပ်နိုင်ခဲ့တယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကပြောပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ အနာဂတ်ပန်းတိုင်ကို မှေးမှိန် သေးသိမ်စေတာမျိုးကိုလည်း လက်မခံဘူးလို့ ပြောပါတယ်။

သူ့ရဲ့သမ္မတသက်တမ်းအတွင်း သုံးကြိမ်မြောက်အဖြစ် အင်္ဂါနေ့ ဝါရှင်တန်ဒီစီစံတော်ချိန် ညဘက်က ကွန်ဂရက်လွှတ်တော် မှာပြောတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းထဲမှာ သမ္မတထရမ့်ပ်က အဲဒီလိုပြောသွားတာပါ။

သမ္မတအပေါ် တရားစွဲဆိုထားတာကို ရီပတ်ဘလီကန်ပါတီ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ့်ရက် မတိုင်ခင် တရက်မှာပဲ အထက် အောက် လွှတ်တော်နှစ်ရပ်ပေါင်း ကွန်ဂရက်လွှတ်တော်မှာ သမ္မတထရမ့်ပ် နိုင်ငံတော်အခြေပြ မိန့်ခွန်း ပြောတာပါ။ ဒါ့အပြင် ၂၀၂၀ ပြည့် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုတွေ အပြိုင်အဆိုင် လုပ်နေကြတဲ့ အချိန် နဲ့လည်း တိုက်ဆိုင်နေပါတယ်။

တနာရီခွဲနီးပါးကြာတဲ့ မိန့်ခွန်းထဲမှာ အများအားဖြင့် ပြောသွားတာကတော့ သူ့သမ္မတသက်တမ်းအတွင်း အမေရိကန်စီးပွားရေး ဘယ်လောက်တောင် တိုးတက်ကောင်းမွန်လာနေပြီဆိုတဲ့ အကြောင်းပါပဲ။

ကုန်သွယ်ရေးအငြင်းပွားမှုဆိုင်ရာ ဆွေးနွေးပွဲတွေ မှာ အောင်မြင်မှုတွေ ရခဲ့တာ၊ စစ်ဘက်အင်အားကို ပြန်ပြီး တိုးချဲ့တည်ဆောက်တာ၊ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ နဲ့ တခြားလူနည်းစုတွေကြားမှာ အလုပ်လက်မဲ့နှုန်း လျော့သွားတာ စတဲ့အချက်တွေကို သမ္မတက ထောက်ပြ ပြောဆိုသွားပါ တယ်။ “ကျနော်တို့ဟာ သိပ်မကြာခင်ကာလတုံးက တွေးကြည့်လို့တောင်မရတဲ့ နှုန်းနဲ့ ရှေ့ဆက်တိုးတက်နေပြီး ဘယ်တော့မှ နောက်ပြန်လှည့်တော့မှာ မဟုတ်ဘူး” လို့ သမ္မတထရမ့်ပ်က ပြောပါတယ်။

#SOTU #VOASOTU

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG